ဗိုလ်ချုပ်ပြောတဲ.အောင်ဆန်းအကြောင်း (၃)
by Tharchit Zaw on Saturday, April 14, 2012 at 7:05pm
ကျွန်တော်၏မိခင်ဘခင်နှစ်ဦးစလုံးမှာဥာဏ်ကောင်းသောအမျိုးဖြစ်လေသည်၊
ကျွန်တော်၏ဘခင်သည်ရှေ့နေစာမေးပွဲတွင်ဗမာတပြည်လုံးတတိယစွဲခဲ.လေ
သည်၊ကျွန်တော်တို.ညီအကိုအားလုံးလည်းဥာဏ်ကောင်းကြ၏၊
သို.သောဒုတိယအကိုကြီးကားစာသင်အထူးပျင်းလှရ်ျအခြားညီအကိုကဲ.သို.ပေါက်
ပေါက်ရောက်ရောက်ပညာမတတ်ပေ၊ကျွန်တော်၏အကိုများ၊ဝမ်းကွဲညီအကိုများ
ဦးလေးများမှာမိမိတို.ဆိုင်ရာကျောင်းစာမေးပွဲတွင်ထိပ်တန်းကျကျအောင်မြင်ကြ
သူချည်းဖြစ်လေသည်၊ကျွန်တော်၏မိဘများသည်ပညာကိုလည်းအထူးလိုလားကြသည်၊
ကျွန်တော်၏အကိုများကို၅နှစ်သားအရွယ်မှစရ်ျကျောင်းထားခဲ.လေသည်၊ကျွန်တော်
တယောက်သာအငယ်ဆုံးဖြစ်ရ်ျအလိုလိုက်ထားသဖြင်.အသက်ရှစ်နှစ်ရောက်မှသာ
လျှင်ကျောင်းစနေရပေသည်၊ကျွန်တော်ကျောင်းနေလာရင်းပြောရဦးမည်၊ကျွန်တော်.
အထက်အကိုအောင်သန်းအားအသက်၁၁နှစ်ခန်.တွင်ရှင်ပြုလေသည်၊ထိုအခါကိုအောင်
သန်းသည်မြန်မာ ၆တန်းတွင်ရှိသည်၊ကျွန်တော်.မှာအသက် ၈နှစ်ထဲရောက်သော်လည်း
ကျောင်းမနေရသေးချေ၊
ရှင်ပြုအခမ်းအနားဖြင်.အကိုအောင်သန်းတို.ရှင်လောင်းဆင်သည်.အခါကျွန်တော်လဲ
ရှင်လောင်းဖြစ်ချင်သဖြင်.မိခင်အားပူဆာသေးသည်၊ထိုအခါမိခင်ကရှင်လောင်းလုပ်
တဲ.သူသည်စာတတ်မှဖြစ်မည်ဟုပြောသဖြင်.ကျောင်းနေပါတော.မည်ဟုဂတိပေး
ကာထိုတွင်မှကျောင်းစနေဖြစ်သည်၊တန်းကျော်တက်ခဲ.ရသဖြင်.၄နှစ်နှင်.၁၀တန်း
အောင်မြင်သည်၊အင်္ဂလိပ် မြန်မာသတ္တမတန်းစာမေးပွဲတွင်ဗမာတနိုင်ငံလုံးနဝမ
စွဲခဲ.ရ်ျအထက်တန်းစကောလားရှစ်ရခဲ.သည်၊
ဗုဒ္ဓဘာသာကျောင်းနှင်.အမျိုးသားကျောင်းများတွင်ပထမစွဲခဲ.ရ်ျဦးရွေုခိုဆုကိုရရှိခဲ.ပြီး
နောက်ရန်ကုန်တက္ကသိုလ်တွင် ၆နှစ်ခွဲမျှနေခဲ.သည်၊နိုင်ငံရေးစိတ်သန်မှုကြောင်.ကျောင်း
စာများကိုမလေ.ကျင်.သဖြင်. ဘီအေအတန်းအထိအောင်ရုံသာအောင်ခဲ.သည်၊
ဘီအေအထက်တန်းနှစ်တွင်ကျောင်းသားသပိတ်ခေါင်းဆောင်တဦးဖြစ်ရ်ျအလုပ်ရှုပ်သဖြင်.
ဘီအေစာမေးပွဲကိုတနှစ်မဖြေပဲနေခဲ.ရသည်၊နောက် ဘီအယ်လ်အတန်းကိုတက်ခဲ.သည်၊
အတန်းလည်းမှန်မှန်မတက်စာအုပ်လည်းမရှိမှတ်စုလည်းမထားစာလည်းမကြည်.မိမိ
စိတ်ထက်သန်ရာနိုင်ငံရေးကိုသာလိုက်စားသဖြင်.ဘီအယ်လ်ပထမနှစ်စာမေးပွဲရှုံးလေသည်၊
ဤ်သည်ကားကျွန်တော်.ဘဝတွင်ပထမဆုံးနှင်.နောက်ဆုံးကျရှုံးခြင်းပေတည်း၊ကျရှုံးသော်
လည်းဥပဒေရာဇဝင်ဖြစ်သောပထမမေးခွန်းတွင်ကျွန်တော်ပထမရခဲ.သည်။ဒုတိယဘီအေ
နှစ်တွင်နှစ်စေ.အောင်ကျွန်တော်မနေတော.၊ဥရောပတိုင်တွင်မြူးနစ်စာချုပ်မချုပ်ဆိုမီစစ်
ဖြစ်မတတ်အခြေအနေနှင်.ဗမာပြည်တွင်အဓိကရုန်းအခြေအနေများကိုထောက်ဆရ်ျတိုင်း
ပြည်အတွက်ကိုယ်ထိလက်ရောက်လုပ်ကိုင်ရန်ကျောင်းမှနှစ်ဝက်တွင်ထွက်ရ်ျသခင်ဘဝသို.
ပြောင်းလဲ.သည်၊
မြန်မာစာသင်ဘုန်းကြီးကျောင်းတွင်နေရစဉ်ကကျွန်တော်အထူးမပျော်ပိုက်သည်.အချက်တချက်
ရှိလေသည်၊ထိုအချက်မှာကစားခုန်စားခြင်း၊ကလေးဘာသာသစ်ပင်တက်၊ေ၇ကူး၊အလုပ်မျိုးပိတ်
ပင်ခြင်းပင်ဖြစ်သည်၊ဤအချက်တွင်ကျွန်တော်တို.မိဘများလည်းတသဘောတည်းလောက်ပင်
ရှိလေသည်၊
ကျွန်တော်တို.မှာသစ်ပင်တက်ခြင်း၊ရေကူးခြင်းစသောကိုယ်လက်ကျန်းမာကျင်လည်မှုကိုလေ.လာ
ခွင်.မရ၊သစ်ပင်တက်သည်ကိုမြင်လျှင်အဆိုအမြည်ခံရသည်၊ရေကူးသည်ကိုသိလျှင်အရိုက်ခံရသည်
ထို.ကြောင်.ယနေ.အထိကျွန်တော်.မှာဥာဏ်ပညာဖက်မှအခွင်.အလမ်းရခဲ.ရ်ျပေါက်မြောက်သလောက်
ကိုယ်လက်ကျန်းမာကျင်လည်ရေးတွင်အခွင်.အလမ်းမရခဲ.ရ်ျများစွာချို.ယွင်းနေပေသည်၊ရေနံကျောင်း
အမျိုးသားကျောင်းဖြစ်သည်.အတိုင်းဆင်းရဲသဖြင်.ကစားခုန်စားလေ.ကျင်.ရာနေရာ ကိ၇ိယာတန်ဆာပ
လာများမထားနိုင်ရ်ျပင်ဖြစ်သည်၊
(ဆက်ပါဦးမည်၊)
0 comments:
Post a Comment