Wednesday, April 18, 2012

မလေးရှားနိုင်ငံသား အလုပ်ရှင်တို့၏ အိမ်ဖော်၊ အိမ်အကူ အလုပ်သမား များအပေါ် မတရားပြုခြင်းနှင့် နှိပ်စက် ညှဉ်းပမ်း မှုများ


by Nyolinn Htun on Tuesday, April 17, 2012 at 6:15pm 


(မလေးရှား နိုင်ငံ အခြေစိုက် Women Aid’s Organization (WAO) မှ စုဆောင်းပြုစုထားသော အိမ်ဖော်တို့၏ ညှင်းပမ်း နှိပ်စက်ခံ ဘ၀များနှင့် အလုပ်ရှင် မလေးရှားလူမျိုးတို့၏ သဘောထားများကို Friend Ever မှ မှီငြမ်း ဘာသာပြန် ထားခြင်းဖြစ်ပါသည်။ မိမိတို့ မြန်မာ လူမျိုးတို့၏ ဘ၀များ ထပ်မံ မနိမ့်ကျ နိုင်စေရန်အတွက် မိမိတို့ တတ်နိုင်သမျှ ၀ိုင်းဝန်းဆောင်ရွက်ကြပါရန်လည်း အလေးအနက် တိုက်တွန်းအပ်ပါသည်။)

မလေးရှားသည် ပြည်ပ အလုပ်သမားများအပေါ် လူသားမဆန်စွာ မတရားပြုမှုများသည် နေ့စဉ်နှင့်အမျှ ပိုမို ဆိုးဝါးလျက်ရှိပါသည်။ အဆိုးဝါး ဆုံးမှာ အိမ်ဖော် အလုပ်သမား များအပေါ် ယင်းတို့၏ ရက်စက်စွာ ဆက်ဆံမှုများသည် အလွန် ဆိုးဝါးလျက် ရှိသည်ဟု၊ WAO (Women’s Aid Organization) မှ လေ့လာတွေ့ရှိရသည်။ မလေးရှားသည် ပြည်ပမှလာရောက်သော အိမ်ဖော်အလုပ်သမများအပေါ် မတရားညှဉ်းပမ်းနှိပ် စက်မှုသည် အခြားနိုင်ငံများထက် ပိုမို ဆိုးဝါးလျက်ရှိပါသည်။ အိမ်ဖော် အလုပ်သမားတို့၏ အလုပ်လုပ်ကိုင်ရသော လုပ်ငန်းခွင်သည် အလုပ်ရှင် နှင့် အိမ်တစ်အိမ်တည်းတွင် နေထိုင်ရခြင်း၊ ယင်းတို့အတွက် ကာကွယ်ပေးထားသော ထိရောက်သော ဥပဒေကို မလေးရှား အစိုးရမှ မထုတ်ပြန်ထားခြင်း၊ ဥပဒေမှာ အလုပ်သမားကို ကာကွယ်ခြင်းထက် မလေးရှားနိုင်ငံသား အလုပ်ရှင်များကို ကာကွယ်ပေးထားခြင်း၊ အိမ်ဖော် အလုပ်သမားများသည် အခြားအလုပ်သမားများနှင့်မတူပဲ အလုပ်လုပ်ရသော နေရာတွင် လုပ်ဖော်ကိုင်ဖက် မရှိခြင်း စသည်တို့ကြောင့် ပိုမို၍ ညှဉ်းပမ်းနှိပ်စက် မှုကို ခံစားရပါသည်။

ထို့အပြင် မလေးရှား အစိုးရပိုင်း ဆိုင်ရာ ပြည်တွင်း အစိုးရဆိုင်ရာ အလုပ်သမား ဌာနတို့၏ ပေါ်လစီများက အိမ်ဖော် အလုပ်သမားများအရေးနှင့် အလုပ်ရှင်တို့၏ ညှဉ်းပမ်းနှိပ်စက်မှုတို့ကို ကာကွယ်ပေးနေသကဲ့သို့ရှိပါသည်။ WAO မှ လေ့လာတွေ့ရှိချက်အရ အလုပ်ရှင်များ၏ အိမ်ဖော် အလုပ်သမားတို့အပေါ် မတရားပြုမှုများကို များစွာတွေ့ရှိရသည်။

မလေးရှားရှိ (၂) သန်းကျော် ပမာဏရှိသော ရွှေ့ပြောင်း အလုပ်သမားများအနက် ၁၆၀,၀၀၀ ကျော်မှာ အိမ်ဖော်နှင့် အိမ်အကူ လုပ်ငန်းကို လုပ်ကိုင်နေကြသည်။ WAO သည် မလေးရှားနိုင်ငံရှိ ပြည်ပမှ လာရောက်လုပ်ကိုင်ရသော အိမ်ဖော်နှင့် အိမ်အကူ အလုပ်သမား တို့အပေါ် အလုပ်ရှင်များမှ ဆက်ဆံမှုကို အသေးစိတ် လေ့လာခဲ့ရာ အလုပ်ရှင်တို့၏ မတရားညှဉ်းပမ်းနှိပ်စက်မှုများကို ပုံစံမျိုးစုံ လေ့လာတွေ့ရှိရပါသည်။ မလေးရှား နိုင်ငံသား အလုပ်ရှင်တို့၏ အိမ်ဖော်နှင့် အိမ်အကူ အလုပ်သမားများအပေါ် လူမဆန်သော နှိပ်စက်မှုများမှာ စိတ်ပိုင်း ဆိုင်ရာ နှိပ်စက်မှု၊ ရုပ်ပိုင်း ဆိုင်ရာ နှိပ်စက်မှု၊ ပါးရိုက်ခြင်း၊ နားရင်းအုပ်ခြင်း၊ ရိုက်နှက်ခြင်း၊ ဆွဲလိမ်ခြင်း စသည့် လူမဆန်သော နှိပ်စက်မှုများကို ခံစားကြရပါသည်။ သူတို့သည် တစ်နေ့ တစ်နေ့ အလွန်အချိန်ကြာကြာ အလုပ်လုပ်ကြရသည်။ နေ့စဉ် မနက် ၅ နာရီ အိပ်ရာမှ ထကြရပီး၊ ညဥ့်နက်သန်းခေါင်အထိ အလုပ်လုပ်ကြရပါသည်။ မလေးရှားတွင် လုပ်ကိုင်ကြရသော အိမ်ဖော်နှင့် အိမ်အကူတို့၏ ဘ၀မှာ အလွန်သနားစရာ ကောင်းလှပါသည်။ အစားအစာကောင်းမွန်စွာ မစားရ၍ အဟာရချို့တဲ့ခြင်း၊ အိမ်ရှင်များအတွက် ကောင်းမွန်စွာ ချက်ပြုတ်ပေးရသော်လည်း၊ သူ့တို့အတွက်မှာ ဆိုးဝါးသော ဈေးပေါသော၊ သူတို့စား၍ မကုန်သော၊ မကောင်းသော အစာများကို ကျွေးမွေးခြင်း စသည်ထိ လူမဆန်စွာပြုခံကြရသည်။ အစာကို ၀လင်စွာမစားရ။ ထို့အပြင် အိမ်ဖော်နှင့် အိမ်အကူ အလုပ်သမားတို့သည် ပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံခွင့်မရခြင်း၊ သူငယ်ချင်း အပေါင်း အသင်းများနှင့်တွေ့ချိန် စကားပြောချိန်မရခြင်း၊ အလွန်ဆိုးဝါးသော ခြိမ်းခြောက်မှုများအဖြစ် ဥပမာ.. ညအချိန် တောထဲသို့ ကားဖြင့် ပို့ဆောင်၍ တစ်ယောက်တည်း ထားပစ်ခဲ့ခြင်း (တစ်ညလုံးပစ်ထားခြင်း)၊ ကြမ်းတမ်းစွာ ဆိုးဝါးစွာ ခြိမ်းခြောက်ခြင်း၊ စသည်တို့ဖြင့် များစွာသော လူမဆန်မှုများကို ခံစားရပါသည်။ အနည်းဆုံး ၂ နှစ် အိမ်တစ်အိမ် တည်းနေကာ မနက် မိုးမလင်းခင်မှ စ၍ ညဥ့်နက်သန်းခေါင်ထိ အလုပ်လုပ် ကိုင်ရသော အိမ်ဖော်နှင့် အိမ်အကူအလုပ်သမား များအပေါ် မလေးရှားအလုပ်ရှင်များမှ ထပ်ဆင့်၍ လူသားမဆန်ရိုင်းစိုင်းစွာ ညှဉ်းပမ်းနှိပ် စက်ကြသည်။

အိမ်ဖော်နှင့် အိမ်အကူ အလုပ်သမား တို့အပေါ် နှိပ်စက်သည့် အမှုများစွာ ရှိသော်လည်း မလေးရှား အစိုးရနှင့် သူ့နိုင်ငံသားတို့ကို မည်သည့် မတ ရားမှု လုပ်သည်ဖြစ်စေ၊ အကာအကွယ်ပေးသော ပြည်တွင်း သတင်းစာ များမှလည်း ဇူလိုင်လ ၁၉၉၇ မှ သြဂုတ်လ ၁၉၉၈ ထိ၊ အိမ်ဖော်တို့ အပေါ် အလုပ်ရှင်မှ ကျူးလွန်သော အမှု ၁၉-မှုသာရှိကြောင်း ဖော်ပြခဲ့သည်။ ထို့သို့ဆိုလျှင်လည်း အနည်းဆုံး ၃-လတွင် တမှုနှုန်းဖြစ်ပါသည်။ ထိုအမှုများတွင် ပြင်းစွာ ဒဏ်ရာရအောင် ရိုက်နှက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားမှု၊ မုဒိမ်းမှု၊ မုဒိမ်းကျင့်ရန် ကြိုးပမ်းအနိုင်ကျင့်မှု၊ အခန်းကျဉ်းအတွင်း ရက်များစွာလှောင်ပိတ်ထားမှု (နှစ်မှု)၊ လုပ်ခလစာမပေးခြင်း (၇-မှု) စသည့် အလုပ်ရှင်တို့၏ အလွန်ဆိုးဝါးစွာ လူမဆန် စွာ နှိပ်စက်မှု မျိုးစုံပါဝင်သည်။ ယင်းမှာ အစိုးရ သတင်းစာမှ ထုတ်ပြန်ခြင်းဖြစ်ပြီး၊ လူအခွင့်အရေးအဖွဲ့များ၏ လေ့လာတွေ့ရှိချက်မှာ ဤ ထက် အဆပေါင်းများစွာ ပိုပါသည်။ တချို့သည် လစာကာလ ကြာရှည်စွာမရ၍ တောင်းခြင်းကြောင့် ရိုက်နှက်ခံရပါသည်။ အချို့အိမ်ဖော်နှင့် အိမ်အကူတို့မှာ အလုပ်ရှင်သာမက အလုပ်အေးဂျင့်များ၏ မတရားညှဉ်းပမ်း လူမဆန်မှု များကိုပါ ခံကြရသည်။

အိမ်ဖော်နှင့် အိမ်အကူ အလုပ်သမားတို့သည် အောက်ဖော်ပြပါ အချက်များကြောင့် မလေးရှား နိုင်ငံသား အလုပ်ရှင်တို့၏ မတရားမှုများကို ခံ ကြရသည်။

- ဝေးကွာသောပြည်ပနိုင်ငံများမှ မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်းများနှင့်ခွဲခွာ၍ လာရောက်လုပ်ကိုင်ရပီး၊ လုပ်ငန်းခွင်တွင်လည်း လုပ်ဖော်ကိုင် ဖက်မရှိ၊ အထီးကျန်ခြင်း။ သူတို့သည် အလုပ်ရှင်၏ အိမ်ထဲတွင်သာ နေကြရပြီး၊ ပြင်ပပတ်ဝန်းကျင်နှင့် ဆက်သွယ်ခွင့်မရကြ။ ဆက်သွယ်ချိန် မရကြ။ သူတို့ထံရောက်ရှိသောစာများ ထိန်းချုပ်ခံရခြင်း၊ ဖုန်းပြောဆိုခြင်းများကို ပိတ်ပင်တားဆီးခြင်း။ ဘာသာစကား အခက်များကြောင့် နားလည်မှုလွဲခြင်းနှင့် လူမျိုးဘာသာမတူ၍ အတွေးအခေါ် ခံစားချက်ကွာဟခြင်း စသည်တို့က ပိုမို၍အထီးကျန်ဆန်စေခြင်း။

- တိကျသေချာသော အလုပ်သမား ဥပဒေ ဆိုင်ရာ ခေါ်စာနှင့် ကန်ထရိုက် စာချုပ်များ မရှိခြင်း၊ ရှိသော်လည်း ထိရောက်စွာ ကာကွယ်မှုမရခြင်း၊ အိမ်ဖော်နှင့် အိမ်အကူအလုပ်သမများကို အလုပ်ရှင်နှင့်အများက အဆင့်နိမ့်သော သူများအဖြစ် သတ်မှတ်၍ ခွဲခြား ဆက်ဆံခံရခြင်း၊ အခြား အလုပ်သမားများ ကဲ့သို့ သတ်သတ်မှတ်မှတ် အလုပ်အကိုင် တစ်မျိုးကိုသာ လုပ်ကိုင်ရခြင်း မဟုတ်ဘဲ အလုပ်ရှင် (အိမ်ရှင်) ၏ ခိုင်းစေမှုမှန်သမျှ ကို လုပ်ကိုင်ပေးရခြင်း၊ ငြင်းဆန်ခွင့် မရှိခြင်း၊ မလေးရှား အလုပ်အကိုင် ဥပဒေကလည်း အလုပ်ရှင်ကို အကာအကွယ်များစွာ ပေးထားခြင်း။

- မလေးရှားတို့သည် ပြည်ပမှ လာရောက် လုပ်ကိုင်သူများကို ယင်းတို့ထက် အဆင့်အတန်း နိမ့်ကျသည်ဟု သတ်မှတ်သည့်အပြင် ခွဲခြားဆက် ဆံခြင်း၊ စော်ကားမိုက်ရိုင်းမှုများပြုလုပ်ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း စသည်တို့ကို ပြုကြခြင်း၊ အလုပ်သမားတို့မှာ လူတစ်ဦးကဲ့သို့ပင် ဆက်ဆံ မှုမရခြင်း၊ လူသားတစ်ဦးအဖြစ် စာနာလေးစားမှုမရခြင်း။

မလေးရှား သတင်းစာများမှ မလေးရှား နိုင်ငံသားတို့၏ အိမ်ဖော်နှင့် အိမ်အကူတို့နှင့်ပတ်သက်သည့် ယင်းတို့၏ အခက်ခဲများကို တင်ပြရန် ဖိတ် ခေါ်ခဲ့ရာ အောက်ပါအတိုင်း ပြန်ကြားခဲ့ကြသည်။ (နံပါတ်စဉ်အလိုက် တပ်ထားသည့်အချက်များသည် မလေးရှား အလုပ်ရှင်များမှ ယင်းတို့၏ အိမ်ဖော်၊ အိမ်အကူများနှင့်ပတ်သက်၍ သတင်းစာသို့ တင်ပြချက်များဖြစ်ပါသည်။)

၁။ အိမ်ဖော်နှင့် အိမ်အကူတို့သည် အလုပ်စပြီး မကြာမီတွင် ထွက်ပြေးကြသည်။

မလေးသတင်းစာများက ယင်းအချက်နှင့်ပတ်သက်၍ အလုပ်သမား တို့၏ အလုပ်ရှင်အပေါ် အခွင့်အရေးယူမှုများ၊ မယုံကြည်ရမှုများကို ယင်း တို့နိုင်ငံသား အလုပ်ရှင်များ တင်ပြသည့်အတိုင်း လေ့လာ စမ်းစစ်မှုမရှိဘဲ ပြစ်တင် ဖော်ပြခဲ့သည်။ တချို့က အလုပ်သမားတို့သည် ပျင်းရိ ကြောင်း၊ အလုပ်မလုပ် လိုကြောင်း ပြောခဲ့သည်။ သို့အတွက်ကြောင့် ထွက်ပြေးကြကြောင်း ပြောခဲ့ပြီး၊ ယင်းတို့၏ အပြုအမူ လုပ်ဆောင် ဆက်ဆံမှုများကိုမူ မဖော်ပြဘဲ ယင်းတို့ သဘောထား ကောင်းလျက်နှင့် ထွက်ပြေးကြသည်ဟု စွပ်စွဲခဲ့သည်။

၂။ အိမ်ဖော်များသည် ယောက်ျားလေး မိတ်ဆွေများစွာ ရှိသည်သာမက အခြားနေရာများတွင် သွားအိပ်ကြ၍ ရောဂါဖြစ်ပွားကြသည်။

စက်တင်ဘာ ၁၂ ရက်နေ့၊ ၁၉၉၇ ထုတ် New Straits Times သတင်းစာသို့ ပေးပို့သော အိမ်ဖော်အလုပ်ရှင် တစ်ဦး၏စာတွင် ယင်း၏ အိမ်ဖော် သည် ညအခါ အခြားယောက်ျားလေးများနှင့် ပြင်ပတွင် သွားအိပ်နေ၍ ရောဂါရလာပါက ယင်း၏ အိမ်သားများ ကူးစက်ခံရမည်ကို စိုးရိမ် ကြောင်း ရေးပို့ခဲ့သည်။ အလုပ်ရှင်များသည် ယင်းတို့၏အိမ်ဖော်များ အိမ်တွင်သာ နေ၍ တနေကုန်တညလုံး၊ အလုပ်ကို မရပ်မနား လုပ်စေလို ပြီး၊ အကယ်၍ အကြောင်းကိစ္စတခုခု၊ အရေးကြီး ကိစ္စတခုခုကြောင့် အလုပ်သမားက ပြင်ပသို့သွားရောက်ရသည်ကိုပင် ဤကဲ့သို့စွပ်စွဲမှုများ တွေ့ရှိရသည်။ သို့သော် အိမ်ဖော် အလုပ်အကိုင် အေးဂျင့် တဦးက ပြောဆိုသည်မှာ ယောက်ျားလေး မိတ်ဆွေထား၍ အိမ်ရှင်တို့မှ ရိုက်နှက် သည်ဆိုသည်မှာ လိမ်လည်ခြင်းဖြစ်ကြောင်း၊ အမှန်မှာ အိမ်ရှင်တို့၏ လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်မှုများကြောင့် ထွက်ပေါက်အနေနှင့် တ ချို့တလေသာ ယောက်ျားလေး မိတ်ဆွေထား လာရကြောင်း ပြောဆိုသည်။

၃။ အိမ်ဖော်များသည် မိမိတို့၏ လင်ယောက်ျားကို ခိုးယူကြသည်။

ဤအချက်မှာ အိမ်ဖော်များကို လိင်ပိုင်း ဆိုင်ရာ ကျင့်ဝတ်မရှိဟု အခြေအမြစ် မရှိစွာ စွပ်စွဲပြောဆိုခြင်းဖြစ်ပါသည်။ စက်တင်ဘာ ၁၂ ရက်နေ့၊ ၁၉၉၇ ထုတ် New Straits Times သတင်းစာတွင် ဖော်ပြခဲ့သော စာတစ်စောင်အရ အိမ်ဖော်သည် ယင်း၏ လင်ယောက်ျားနှင့် ဖောက်ပြန် ကြောင်း ပြောဆိုခဲ့သည်။ မေလ ၁၇ ရက်နေ့၊ ၁၉၉၈ The Sun သတင်းစာက အိမ်ရှင် လင်ယောက်ျားသည် ယခင် သူ၏ အိမ်ဖော်နှင့် လက် ထပ်သွားသည့် အမှု ၈- မှုရှိကြောင်း ဖော်ပြခဲ့သည်။ သို့သော် သတင်းစာတို့တွင် ဖော်ပြသည်နှင့် ဆန့်ကျင်စွာ၊ အိမ်ရှင်ယောက်ျားသည် အိမ်ဖော်ကို လိင်ပိုင်းဆိုင်ရာ မတရားအကြမ်းဖက်ခြင်း၊ ကြိုးပမ်းခြင်း၊ မုဒိန်းကျင့်ခြင်း၊ အချို့အမှုများတွင် ဆိုးဝါးစွာ ကျင့်ကြံခြင်းများ ပါဝင် သည်။ ထိုကဲ့သို့ သတင်းစာတွင် ဖော်ပြသည့်အမှုများမှာ မှန်ခဲ့သည် ဆိုစေကာမှု၊ အမှန်တကယ် အိမ်ရှင်ယောက်ျားနှင့် ယင်းတို့နှင့်ပတ်သက် သောယောက်ျားတို့၏ မတရားစော်ကားမှုကြောင့် ဒုက္ခရောက်၊ အသက်ဆုံးရှုံးရသော အိမ်ဖော်အလုပ်သမား တို့ အမှု အရေအတွက်မှာ အဆ ပေါင်း ထောင်နှင့်ချီ၍ရှိပါသည်။ (WAO)

၎။ သူမသည် မိမိတို့နိုင်ငံအောက် ယဉ်ကျေးမှုအဆင့်အတန်း များစွာနိမ့်ကျသောနိုင်ငံမှ လာသည်ဖြစ်၍ သူမ၏ အကျင့်စရိုက်တို့ကြောင့် မိမိ တို့အိမ်ထောင်ရေးဘ၀ ပျက်စီးနိုင်သည်။

မလေးရှားတွင် လုပ်ကိုင်နေသော အိမ်ဖော်နှင့် အိမ်အကူ အလုပ်သမား တို့မှာ အများအားဖြင့် အင်ဒိုနီးရှား (ယခု အင်ဒိုးနီးရှား အစိုးရမှ မလေးရှား သို့ အိမ်ဖော်အလုပ်သမား ပို့ခြင်းကို လုံးဝပိတ်ပင်ရပ်ဆိုင်းလိုက်ပါပြီ။) နှင့် ဖိလစ်ပိုင်တို့မှ ဖြစ်ကြသည်။ အိမ်ရှင်တို့မှာ ယင်းတို့၏ ကလေးများ မိမိတို့ ဘာသာစကားကို အင်ဒိုအသံ၊ ဖိလစ်ပိုင်အသံနှင့် ပြောကျင့်ရသွားမည်ကို စိုးရိမ်ကြောင်း တင်ပြခဲ့သည်။ ထို့ပြင် အိမ်ဖော်တို့၏ မူရင်း နိုင်ငံသည် မိမိတို့ထက် ယဉ်ကျေးမှုနိမ့်သဖြင့် မိမိတို့၏ ကလေးများ နိမ့်ကျသော ယဉ်ကျေးမှုများ လွှမ်းမိုးခံရမည်ကို စိုးရိမ်ကြောင်း၊ ကလေးနှင့် မိဘအကြား ကွာဟမှုများဖြစ်လာနိုင်ကြောင်း ပြောခဲ့သည်။ ယင်းတို့၏ အစိုးရပိုင်းများကလည်း ဤအချက်ကိုထောက်ခံ၍ အိမ်ဖော်များကို ပညာပေးမှု၊ လေ့ကျင့်ပေးမှုများပြုသင့်ကြောင်း အော်ခဲ့ကြသည်။ --------------

(သို့အတွက်ကြောင့် ယခုလက်ရှိ မလေးရှားတို့သည် အင်ဒိုနီးရှားနှင့် ကမ္ဗောဒီးယားနိုင်ငံတို့မှ အိမ်ဖော်နှင့်အိမ်အကူအလုပ်သမားများ ပို့ဆောင်ခြင်းကို ရပ်တန့်ခံလိုက်ရသည့်အတွက် မလေးရှားဝန်ကြီးချုပ်နာဂျစ်သည် မြန်မာနိုင်ငံမှ အိမ်ဖော် အလုပ်သမားများ ရရှိနိုင်ရေးအတွက် မြန်မာနိုင်ငံ လက်ရှိကြံ့ဖွံ့အစိုးရနှင့် ညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအပေါင်း အားလုံးတို့သည် တာဝန်သိသိဖြင့် ဤလုပ်ဆောင်မှုကို အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ကြစေလိုကြောင်း လေးစားစွာတိုက်တွန်းရင်း…. ဧပြီလ ၁၄ ရက် နေ့၊ ၂၀၁၂ ခုနှစ်ထုတ် The Star သတင်းစာမှ “မလေးအိမ်ရှင်တို့၏ ရက်စက်စွာသတ်ဖြတ်မှုကြောင့် သေဆုံးသွားခဲ့သော ကမ္ဗောဒီးယား နိုင်ငံသူ၊ အသက် ၂၄ နှစ်အရွယ်၊ Mey Sichan ၏ အမှုအသေးစိတ်ကို ထပ်မံစုံစမ်း၍ တင်ပြပေးသွားပါမည်။-----ဘာသာပြန်သူ) 
မှီငြမ်း......

http://www.wao.org.my/Migrant+Domestic+Workers_54_5_1.htm


http://mgpala.blogspot.com/2012/04/women-aids-organisation-wao-friend-ever.html မှ ကူးယူးဖော်ပြပါသည်။
မောင်ပါလ ..ဘလောက်ဂ်ဂါမှကူးယူဖော်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...