Sunday, April 22, 2012

အမေရိကန်မောင်းသူမဲ့လေယာဉ်နှင့် ပုံစံတူ အီရန် စတင်တည်ဆောက်


by General Knowledge on Monday, April 23, 2012 at 8:07am

“သူတို့လေယာဉ်ကို ကျွန်တော်တို့ နည်းပညာပိုင်းအရ စိမ့်ဝင်ထိုးဖောက် အတုယူမှာကို အမေရိကန်က သတိထားနေရပါလိမ့်မယ်”

Posted on 04 /23 /2012 - 12:39 AM

အမေရိကန် စစ်ဘက်မှ အီရန်မြေတွင် လက်လွတ်ခံလိုက်ရသော မောင်းသူမဲ့ ထောက်လှမ်းရေးလေယာဉ်ကို ယခုအခါ အီရန်က ပုံတူ ဒီဇိုင်းထုတ် အသစ်ဖန်တီးနေကြောင်း သိရသည်။

အီရန်သည် ပြီးခဲ့သည့်နှစ်က ၎င်းတို့ လက်ဝယ်ပိုင်ပိုင် ရရှိခဲ့သည့် အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ် RQ-170 အား ပုံစံတူ အသစ်တစ်ခု တည်ဆောက်မှုကို စတင်နေပြီဟု အီရန်စစ်ဘက် အာဏာပိုင်များက ပြောကြားခဲ့သည်။


“သူတို့လေယာဉ်ကို ကျွန်တော်တို့ နည်းပညာပိုင်းအရ စိမ့်ဝင်ထိုးဖောက် အတုယူမှာကို အမေရိကန်က သတိထားနေရပါလိမ့်မယ်” ဟု ဗိုလ်ချုပ် အေမာအလီ ဟာဂျစ်ဇာဒါးက ပြောကြားခဲ့သည်။ ၎င်းသည် စစ်ဘက်ဆိုင်ရာ လေကြောင်းဌာန အကြီးအကဲလည်း ဖြစ်သည်။

(အီရန်က ရရှိသွားသည့် အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေးလေယာဉ်)

RQ-170 ကင်းထောက် လေယာဉ်ကို ဆုံးရှုံးခဲ့ပြီဟု အမေရိကန်က ဝန်ခံခဲ့သည့်နောက် ဒီဇင်ဘာလက အီရန် အစိုးရပိုင် ရုပ်မြင်သံကြားသည် ထိခိုက်ပျက်စီးမှု မရှိသည့် လေယာဉ်အား ပြသခဲ့သည်။

တီဟီရန် အခြေစိုက် အီရန်အစိုးရသည် လေယာဉ်ကို အမေရိကန် စစ်ဘက်က မထိန်းချုပ်နိုင်အောင် အီလက်ထရောနစ် စစ်လက်နက် တစ်မျိုးဖြင့် ပစ်ချခဲ့ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်ကမူ လေယာဉ်အား လက်လွှတ်ခဲ့ရခြင်းသည် စက်ချွတ်ယွင်း ဖောက်ပြန် သွားမှုကြောင့်သာ ဖြစ်ကြောင်း ဆိုသည်။

ဟာဂျစ်ဇာဒါးက “ကျွန်တော်တို့ရဲ့ ကျွမ်းကျင်သူတွေက လေယာဉ်ရဲ့ အစိတ်အပိုင်းတွေ အကြောင်းရော၊ လုပ်ငန်းဆောင်ရွက်ပုံတွေ အကြောင်းကိုပါ အပြည့်အဝ နားလည်ထားပါပြီ” ဟု ပြောဆိုသွားသည်။

အမေရိကန်သည် အီရန်အစိုးရအား လေယာဉ်ကို ပြန်ပေးရန် တောင်းဆိုခဲ့ဖူးသော်လည်း အီရန်က ငြင်းဆိုပြီး အမေရိကန် လေယာဉ်တစ်စင်း အီရန်၏ လေပိုင်နက်အတွင်း ကျူးကျော်လာမှုကို တောင်းပန်သင့်ကြောင်း တုံ့ပြန်သွားခဲ့သည်။

Source: BBC

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...