“......................................”
ဆန်းစ လကလေးက
သူ့ ရဲ့  ဖျော့ တော့ တဲ့  ရောင်ခြည်ကလေးနဲ့ 
ကောင်းကင်ပေါ်ကို တက်လာတယ်။
နွေဦးလေညှင်း ရုတ်တရက် တိုက်လာပြီး
တောအုပ် သစ်ရွက်တွေကြားမှာ ကစားနေတယ်။
နာကျင်ခြင်း ဝေဒနာရဲ့  တိတ်ဆိတ်မှုထဲမှာ
နောက်ဆုံး စကားတွေကို
တုန့် ပြန်ဖလှယ် ကြဖို့  အချိန်ကလေးဟာ
ငြိမ်သက် တိတ်ဆိတ် သွားခဲ့ ပြီလေ။
ကြောက်ရွ့ံပြီး တိတ်ဆိတ်တဲ့  ဆည်းဆာရဲ့ 
ပြေးလွှားနေတဲ့  နာရီများကို ဖြတ်သန်းရင်း
ကိုယ့် ရဲ့  နောက်ဆုံးကို တိတ်ဆိတ်စွာ ကြည့် လာတယ်။
နေ၀င်ချိန် တောက်ပမှုလည်း
မှေးမှိန်ပေါ့ ။
ကိုယ့် အတွက် မင်းဖွင့် ပေးတဲ့  တံခါးဟာ
ဘယ်တော့ မှ ပိတ်သွားမှာ မဟုတ်ပါဘူး။
ကိုယ့် နားရွက်တွေကို မြေကြီးမှာ ကပ်ပြီး
မင်း အလာကို ကိုယ်စောင့် နေ မှာပေါ့ ။
အို နှုတ်ဆက်နေတဲ့  ကိုယ့်  နှလုံးသား
အထီးကျန် အဖော်မဲ့  တိတ်ဆိတ်မှု ထဲမှာ
သင့် ရဲ့  ကြီးမြတ်တဲ့  ၀ိညာဉ်က ချန်ထားခဲ့ တဲ့ 
သ၀ဏ်စကားကို နောက်ဆုံးမှာ ငါ ကြားခဲ့ ပြီလေ။
0 comments:
Post a Comment