Monday, April 23, 2012

ယနေ့လူငယ် နောင်ဝယ် .


7Day News Journal

အတွဲ (၁၀)၊ အမှတ်(၂၁)


ဘရီ
(၁)
    အဆိုအမိန့် တစ်ခုကြားဖူးပါတယ်။
    ““နိုင်ငံတစ်နိုင်ငံရဲ့ အနာ ဂတ်ကို သိချင်ရင် အဲဒီ့နိုင်ငံမှာ ရှိတဲ့ လူငယ်တွေ ယနေ့ဘာတွေ လုပ်နေသလဲဆိုတာကို ကြည့်ပြီး ပြောနိုင်ပါတယ်”” တဲ့။



(၂)
 ၂၉ ဇူလိုင်-၂၀၁၁ (သော ကြာ)နေ့ နံနက်စောစော လက် ဖက်ရည်ဆိုင်ထိုင်ပါတယ်။ ကျွန်တော့်ရဲ့ အတွေးက ယမန်နေ့ကကန်ခဲ့သော မြန်မာ-အိုမန် ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအကျော့
ဘောလုံးပြိုင်ပွဲသတင်းကို ဂျာနယ်ဝယ်မဖတ်သေးဘဲ လက်ဖက်ရည်ဆိုင်ထိုင်ရင် သိရမှာပဲဆိုတဲ့ အတွေးနဲ့ပါ။ ထင်တဲ့အတိုင်းပါပဲ။ မကြာမီအခြားဝိုင်းမှ တက္ကစီသမားများနဲ့ သွားကြည့်သော ပရိသတ်များရော၊ဆိုင်ပိုင်ရှင်ပါ မြန်မာဘောလုံးပွဲသတင်းကို အော်ကြီးဟစ်ကျယ် ပြောဆိုနေကြပါတယ်။ ကျွန်တော်ကတော့ စီအင်န်အင်န် နားထောင် နေသလို သဘောထားပြီး နားစွင့် နေတာပေါ့။ သူတို့ဟာ သတင်း ထောက်တွေမဟုတ်ပေမယ့် သူ တို့ရဲ့ အစီအစဉ်တင်ဆက်နေမှု ဟာ ကျွန်တော်ကိုယ်တိုင် သွား ကြည့်ရသလို မျက်လုံးထဲ ကွက် ကွက်ကွင်းကွင်း မြင်ယောင်နေပါ တယ်။ သုံးသပ်ချက်တွေ၊ ဝေဖန် ချက်တွေ၊ ကွင်းအတွင်း ပရိသတ် များရဲ့ အခြေအနေ၊ ကွင်းအပြင် ပရိသတ်များအခြေအနေ၊ နောက် ဆုံးကွင်းနားက အရက်ဆိုင်များရဲ့ အခြေအနေတွေအားလုံးကို တစ် ထိုင်တည်းသိရပါတယ်။ တစ်နည်း အားဖြင့် ဂျာနယ်မှာ မပါဝင်နိုင်တဲ့ အကြောင်းအရာတွေကို စုံစုံလင် လင်သိရပါတယ်။
    ဒီလိုနဲ့ ပြောနေလိုက်တာ တက္ကစီသမားပြောတဲ့ စကား ကြောင့် ယနေ့ခေတ်လူငယ်များ အကြောင်း အတွေးပွားစရာ ဖြစ်လာရပါတယ်။ တက္ကစီသမား ပြောတာနော်။ ကျွန်တော်ပြောတာမ
ဟုတ်ဘူး။ ““...အထူးသဖြင့်တော့ ရပ်ကွက်ထဲက အသက် ၂၀၊ ၃၀ ဗရုတ်သုတ်ခလူငယ်တွေ အားလုံးလိုလိုက အ ရက်တွေမူးပြီး လာကြည့်ကြတော့ တော်တော်ဆိုးသွားတာပေါ့...”” သူပြောတာတွေကတော့ အများကြီးပါ။ ဒီဘောလုံးပွဲကိစ္စဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် ပွဲပျက်သွားတဲ့ ကိစ္စတစ်ခုဆိုတာထက် ဒီဖြစ်ရပ်ရဲ့နောက်ကွယ်မှာ သတိထားစရာ တော်တော်များများ ရှိနေပါတယ်။ နိုင်ငံတကာ အလယ်မှာ ““မြန်မာ”” ဆိုတဲ့ လက္ခဏာကို အရောင်မှိန် စေပါတယ်။ ပွဲကြည့်ပရိသတ်အ ချို့ရဲ့ လူကြီးလူကောင်းမဆန်မှု၊ ရိုင်းစိုင်းမှုဟာ မြန်မာဆိုတာ ဒီလို ပါလားဆိုပြီး နိုင်ငံတကာက ယူ ဆသွားဖွယ်ရာ ရှိပါတယ်။
    လူငယ်တွေ ရိုင်းစိုင်းကုန်ကြ ပြီလား။ အရက်သမား လူရမ်း ကားတွေ ဖြစ်ကုန်တဲ့ လူငယ်တွေ များနေကြပြီလား။ သူတို့ရဲ့ အ ချိန်တွေကို ရပ်ကွက်ထဲမှာ ဘယ် လိုဖြတ်သန်းနေပါသလဲ။ လက် ဖက်ရည်ဆိုင်မှာလား၊ ဘီယာဆိုင် မှာလား၊ ရှိုးပွဲတွေမှာလား၊ နိုက် ကလပ်၊ ဒေးကလပ်တွေမှာလား။ တစ်နိုင်ငံလုံးမှာ ဘယ်လောက်ရာ ခိုင်နှုန်းအထိ ရှိနေပြီလဲ။သူတို့ ဟာ ဒီအတိုင်းဖြတ်သန်းသွားလျှင် နောင်တစ်ချိန်မှာ “လူကြီး” ဖြစ်ပါ့မလား။ နိုင်ငံ့တာဝန်ကို ပခုံးပြောင်းထမ်းဆောင်နိုင်ပါ့မလား။ နိုင်ငံတကာနှင့် ရင်ပေါင်တန်း၍ စီးပွားရေး
လုပ်ငန်းများကို လုပ်ဆောင်နိုင်ပါ့မလား။
    ယနေ့ခေတ်သည် ပညာ ခေတ်ဖြစ်ရာ ပညာနောက်ကျ လျှင် နိုင်ငံပါ နောက်ကျသွားလိမ့် မည်။ ပညာဆိုသည်မှာလည်း ဤ လူငယ်ဘ၀၌ နေ့နေ့ညည သဲကြီး မဲကြီး လုပ်နိုင်ပါမှ တန်ကာကျ ပေမည်။ အဘယ့်ကြောင့်ဆိုသော် ယနေ့ခေတ်သည် နည်းပညာတိုး တက်ပြောင်းလဲမှုက မြန်ဆန်လွန်း သောကြောင့် ဖြစ်သည်။ ထို့ပြင် ကျွန်တော်တို့နိုင်ငံသည် ဒေသ တွင်းနိုင်ငံများနှင့် ယှဉ်လျှင်ပင် ဖွံ့ ဖြိုးမှုနောက်ကျနေသေးသည်ဖြစ် ရာ ပို၍ ကြိုးစားရန်လိုပေသည်။ ယနေ့ မြန်မာနိုင်ငံတွင် ပညာသင် ယူလိုစိတ်ရှိပါက အခွင့်အလမ်း ပေါင်း မြောက်မြားစွာ ပေါ်ပေါက် နေပေပြီ။ လူငယ်များသည် ““ဘီ ယာ သောက်ပြီး ဂီတာခေါက်”” နေရတော့မည့်အချိန် မဟုတ် တော့ပေ။ လူငယ်ဘ၀အချိန်များ သည် နွေဦးကာလသစ်ရွက်များ ကြေသလို စက္ကန့်တိုင်း တဖြုတ် ဖြုတ်ကြေကျနေသည်။ ဘာပညာ မှ မည်မည်ရရ မတတ်လိုက်ဘဲ လူငယ်ဘ၀ ကုန်ဆုံးသွားလျှင် အရှုံးကြီး ရှုံးပေတော့မည်။

(၃)
 တစ်ခါက လူငယ် နှစ် ယောက်စကားပြောနေတာ ကြား ရဖူးသည်။ ပုံစံတွေက ယနေ့မြင် တွေ့နေကျ ပုံစံတွေပါ။ ဆံပင် ဆေးဆိုးပြီး ကောက်ထားကာ နားကပ်ဝတ်ထားပြီး လက်မောင်း တွင်လည်း ဆေးမင်ကြောင်အ ပြည့် ထိုးထားသည်။ နှစ်ယောက် စလုံးပိန်ချုံးကာ စတီးဆွဲကြိုးကို လည်းဝတ်ထားကြသည်။ မျက် တွင်းတွေကလည်း ညိုလို့။ သူတို့
ပြောတဲ့စကားကို ကြားပြီး ကျွန် တော့်စိတ်ထဲမှာ ပထမဆုံး မှတ် ချက်ချလိုက်နာက ““ရိုင်းလိုက် တာ”” လို့။ နားထောင်ကြည့်ပါဦး။ ““...အဲဒီ့ဘဲကြီးက ဘာေ-ာက်
လုပ်တွေ လုပ်လဲမသိဘူး။ ကိုယ်တွေသွားရင် ဘီယာ အမုန်းတိုက်တယ်။ ရေလည်လျှံတဲ့ ဘဲကြီး  ..”” ဒီလိုစကားမျိုး ကျွန်တော် ကတော့ဒီတစ်ခါပဲ ကြားဖူးတယ်။ အခြားအကြောင်းအရာ တော်တော်များများလည်း ပြောနေကြသေးတယ်။ ဘယ်ကောင်မလေးကို ဖန်လျှင်ရနိုင်ကြောင်း၊ ဘယ်နေ့ ဘာရှိုးပွဲရှိကြောင်း၊ ဘယ်ဘီယာဆိုင်
မှာ ပရိုမိုးရှင်းလုပ်နေကြောင်း၊ဘယ်နေရာမှာ အသစ်ကလေးတွေ ရောက်နေကြောင်း၊ ဘယ်ကောင့်ကို ကြည့်မရကြောင်း ...စသဖြင့် ကောင်းတဲ့အကြောင်း
အရာ တစ်ခုမှ မပါဘဲ အရည်မရ၊ အဖတ်မရ စကားလုံး၊ သေးနုပ်သိမ်ဖျဉ်းသော စကားလုံးများချည်းသာ။ နောက်ဆုံးပြောလိုက်တဲ့စကားကတော့ ““မင်းမနက်
ဖြန်ကျောင်းလာမှာလား”” တဲ့။
    ကျွန်တော်က သူတို့ကို ကလေကချေအကောင်တွေ အောက်မေ့နေတာ။ လက်စသတ်တော့ကျောင်းသားတွေကိုး။ ကျွန်တော်ကတော့ သူတို့ကို စိတ်ထဲကနေပြီး
နာမည်ပေးလိုက်ပါတယ်။ ဘာကျောင်းသားလဲ။ ““ဘုရားစူး ကျောင်းသား၊ မိုးကြိုးပစ် ကျောင်းသား”” လို့။

(၄)
    တစ်ဆက်တည်းမှာပဲ ကျွန် တော်ဟာ တစ်ချိန်က ရန်ကုန် တက္ကသိုလ်ကျောင်းသားကြီးတွေ အကြောင်း စိတ်ထဲမှာ တရေးရေး ပြန်မြင်ယောင်လာပါတယ်။ တစ် ချိန်ကဆိုတာ လွန်ခဲ့သော ဆယ် စုနှစ်တစ်ခုလောက်ဆီကပါ။ ကျွန် တော်ဟာ ထိုကျောင်းသားကြီး များနဲ့ နှစ်နှစ်၊ သုံးနှစ် အတူတကွ နေထိုင်ခဲ့ဖူးပါတတ်။ သူတို့က ရန်ကုန်တက္ကသိုလ် နောက်ဆုံး အသုတ် ကျောင်းသားတွေပေါ့။“ကျောင်းသားကြီး”လို့ ရေးရတာ ဟာ သူတို့ဟာ တကယ့်ကို လူ ကောင်ထွားထွား ကြီးကြီးမားမား နှင့် လူကြီးပုံစံတွေ ပေါက် နေလို့ပါပဲ။ သူတို့တုန်းက ကျောင်းတွေပိတ်လိုက်၊ ဖွင့်လိုက်နဲ့မို့ ရွာပြန်လိုက်၊ ကျောင်းပြန်တက်လိုက် နဲ့ ရန်ကုန်နဲ့နယ် လူးလာခေါက် ပြန်လုပ်နေကြရတာပေါ့။ သူတို့ တစ်ယောက်ချင်းစီမှာ အများဆုံး ပိုင်ဆိုင်ကြတာက သူတို့ဘာသာ နဲ့ဆိုင်တဲ့ စာအုပ်တွေ။ အဲဒီစာ အုပ်တွေဟာ အခန်းပြည့်နီးပါး နေရာယူထားကြတယ်။ ညနေ ၆ နာရီ၊ ၇ နာရီလောက်မှာ သူတို့နဲ့ ပုံမှန်လက်ဖက်ရည်ဆိုင် ထိုင်ဖြစ် တယ်။ သူတို့သောက်တာ ရိုးရိုး လက်ဖက်ရည်တစ်ခွက်။ သူတို့ ပြောတာတွေက ယနေ့ဆရာသင် လိုက်တဲ့ သင်ခန်းစာအပေါ် ဆွေး နွေးချက်၊ ယနေ့ထွက် သတင်းစာ မှာပါတဲ့ သတင်းများအကြောင်း၊ အသစ်ထွက် စာအုပ်များအကြောင်း၊ ဘယ်မဂဇင်းထဲက ဘယ်ဆရာ ရေးတဲ့ ဘယ်ဆောင်းပါး ကောင်း ကြောင်း၊ ရေးဆွဲနေသော ဖွဲ့စည်း ပုံအခြေခံ ဥပဒေအကြောင်း၊ နိုင်ငံ တကာသတင်းများအကြောင်း၊ သူ တို့ရွာကအကြောင်းတွေ စသဖြင့် နားထောင်လို့ မ၀သော ဗဟုသုတ ရဖွယ်ရာအကြောင်း တွေချည်းပါ။
    ထိုစဉ်က ကျွန်တော်သည် ဆယ်ကျော်သက် အရွယ်သာသာ ဖြစ်၍ သူတို့က လမ်းညွှန်၊ ဆုံးမ မှုများ အမြဲလုပ်သည်။ အကျိုးနှင့် အကြောင်းနှင့်၊ သာဓကနှင့် ယုတ္တိ ရှိရှိ ဆိုဆုံးမသည်ဖြစ်၍ နာယူရန် လွယ်သည်။ တကယ်တော့လူငယ် ဆိုသည်မှာ ““ဒါမလုပ်နဲ့”ဆိုလျှင် ပို ၍ လုပ်ချင်ကြသည်မဟုတ်လား။ အကျိုးအကြောင်းနဲ့မှ နာယူကြမှာပါ။
    နောက်တစ်ချက်က သူတို့သည် ကျွန်တော့်အဖို့ ဘယ်လို ကြည့်ကြည့် လေးစားအားကျလောက်ဖွယ်ရာ ကျောင်းသားကြီးများဖြစ်နေ၍ သူတို့၏ ဆိုဆုံးမမှုလမ်းညွှန်
မှုများကို တလေးတစား တန်ဖိုးထားမိပါသည်။
    ယခုမူ သူတို့အားလုံးနီးပါးသည် မာစတာဘွဲ့များကိုယ်စီကိုယ်ငဖြင့် ဥပဒေအရာရှိ၊ အရာရှိငယ်များ၊ တက္ကသိုလ်ဆရာ၊ အောင်မြင်သော အင်္ဂလိပ်စာပြဆရာ၊အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင်၊ အစိုးရအရာရှိ များအဖြစ် ဘ၀ကို အဆင့်အတန်းမြင့်မြင့်၊ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေကြပေပြီ။

(၅)
    တစ်ခါက လူငယ်လေးတစ်ယောက် တွေ့ဖူးပါတယ်။ ဆယ် တန်းကိုတဖုန်းဖုန်းကျနေတဲ့ လူငယ်လေးပေါ့။ သူဟာ အရက်တော် တော်သောက်ပါတယ်။ ဆယ် တန်းကျလို့ အရက်သောက်၊ အရက်သောက်လို့ ဆယ်တန်းကျ သံသရာလည်နေသူပေါ့။ တကယ် တော့ သူအရက် စသောက်ဖြစ် တာဟာ မိဘများရဲ့ အိမ်တွင်းရေး ကြောင့်ပါ။ ကာယကံရှင်ကတော့ မသိဘူး။ ဘေးက လူအနေနဲ့ အဲဒီ့ အိမ်တွင်းရေးဆိုတာ ဘာမှကြီး မားတဲ့ ကိစ္စမဟုတ်ပါဘူး။ စကား ထဲကို ထည့်ပြောနေစရာကိစ္စ မဟုတ်ပါဘူး။ အဲဒါကို အဆိုပါ လူငယ်လေးက ရေးကြီးခွင်ကျယ် လုပ်၊ ခံစားချက်တွေ ကြီးမား၊ အရေးကြီးတဲ့ ဆယ်တန်းကို မထီမဲ့မြင်လုပ်၊ အရက်သောက်၊ သောက်ရင်းနဲ့စွဲ၊ စွဲရာက စာမေး ပွဲကျ၊ စာမေးပွဲကျလို့ အရက် သောက်၊ အရက်သောက်ပြီး ဘာမဟုတ်တဲ့ အိမ်တွင်းရေးကို ထုတ်ဖော်။ သူဟာ သူ့ဘ၀ကို ပစ်စလက်ခတ် ရေစုန်မျှောနေခဲ့ တာ လေး၊ ငါးနှစ်တောင်ကြာပြီ။ တစ်နေ့ ကျွန်တော်နယ်ကို ပြန် ရောက်ခိုက် သူနဲ့အေးအေးဆေးဆေးတွေ့ဖြစ်တော့ သူတို့ အကျိုးအကြောင်းနဲ့လမ်းကြောင်းများအကြောင်း၊ ယုတ္တိရှိရှိ ပြောပြပါတယ်။ ပြောရင်းပြောရင်းနဲ့ ကျွန် တော်ကပဲ စည်းရုံးရေးကောင်း တာလားတော့မသိဘူး။ အဲဒီ့လူ ငယ်လေး မျက်ရည်ပိုးပိုးပေါက် ပေါက်ကိုကျတော့တာပဲ။ တကယ် က လူငယ်ဆိုတာ ပင်ကိုက ဖြူစင်တယ်။ ကောင်းမွန်ချင်ကြ တယ်။ ပညာရေးအောင်မြင်ချင် ကြတယ်။ အတွေးတစ်ချက်မှား သွားလျှင် ဘ၀ပါ ပျက်သွားနိုင် လောက်သည်။ အဲဒီမှာ ကျွန် တော် တစ်ခုသိလိုက်ရတာက ရပ်ထဲရွာထဲမှာ သူ့ကို ဘယ်သူမှ မဆုံးမကြပါလား ဆိုတာကိုပဲ။ ကျွန်တော်သူ့ကို နောက်ဆုံး အကြံ ပေးလိုက်ပါတယ်။ ပထမဆုံး မင်း အရက်ဖြတ်၊ နောက်ပြီးရင် မင်း မိဘကို အကျိုးအကြောင်းပြောပြီး နောက်နှစ် စည်းကမ်းကောင်းတဲ့ ဘော်ဒါတစ်ခုခုကို သွားနေပြီး ဆယ်တန်းပြန်ဖြေလို့။ ဒီကောင် လေးက ငွေရှိပါတယ်။ ဒါ့ကြောင့်ဒီပတ်ဝန်းကျင်က ခွာခိုင်းပြီး ကောင်းမွန်ရာနေရာကိုသွားဖို့ ပြောလိုက်တာပါ။ ပတ်ဝန်းကျင် ဆိုတာလည်း လူငယ်တွေအပေါ် မှာ ကြီးကြီးမားမား လွှမ်းမိုးမှုရှိ ပါတယ်။ စာကြိုးစားသော ပတ် ၀န်းကျင်ရောက်လျှင် စာကြိုးစား ဖို့ အခွင့်အလမ်းပွင့်သွားမှာပါ။

(၆)
    မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော့်အနေဖြင့် “လူငယ့်အရေး၊ ပေါ့သေးသေးမဟုတ်” ဟုဆိုချင်ပါသည်။ ယနေ့ မြန်မာနိုင်ငံတွင်ပညာရေးကို ပြင်းပြင်းထန်ထန်လိုက်စားနေကြကုန်သော လူငယ်များရှိသကဲ့သို့ လမ်းဘေးမှာ ဂျလေဘီ လုပ်နေကြသူများလည်း ဒုနဲ့ဒေးနဲ့ရှိနေပါသည်။ အချိုးချ ကြည့်လျှင်  ဘယ်ရွေ့ ဘယ်မျှဟု တပ်အပ်မပြောနိုင်သော်လည်း သေချာတာကတော့ အချိုးမညီ မှာကတော့ သေချာပါသည်။ ဆို ကြပါစို့။ ခုနေအခါ ဤနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားများ သန်း နဲ့ချီဝင်လာပြီ။ ကမ္ဘာ့အဆင့်မီ ကုမ္ပဏီကြီးများ အောတိုက်ဝင် လာပြီ။ သူတို့က နိုင်ငံခြားဘာ သာ စကားကျွမ်းကျင်သော၊ နည်း ပညာကျွမ်းကျင်သော လူငယ်များ ““ရသလောက်”” လိုချင်သည်။ လစာကလည်း နိုင်ငံခြားသွားလုပ် တာထက်များသည်။ ဤသို့ဆိုပါ လျှင် လူငယ်များအနေဖြင့် အ ဆင်သင့်ဖြစ်နေပြီလားဟု မိမိ ကိုယ်ကို ပြန်မေးကြည့်စေလိုပါ သည်။
    ယခုတွင်လည်း ပညာတတ် ပါက ကြီးမားသော အခွင့်အလမ်း မြောက်မြားစွာ ပေါ်ထွန်းနေပါ သည်။ “ပညာတတ်ပါက”ဆိုသည် မှာ အမှန်တကယ်တတ်ခြင်းကို ဆိုလိုပါသည်။
    ထို့ကြောင့် ယနေ့လူငယ် နောင်ဝယ်...။ မိမိ၏ ရွေးချယ် မှုအတိုင်းသာ။                ။

Ref: http://www.7daynewsjournal.com/article/%E1%80%9A%E1%80%B1%E1%80%94%E1%82%94%E1%80%9C%E1%80%B0%E1%80%84%E1%80%9A%E1%80%B9-%E1%80%B1%E1%80%94%E1%80%AC%E1%80%84%E1%80%B9%E1%81%80%E1%80%9A%E1%80%B9

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...