Sunday, April 8, 2012

ပြည်သူ့လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီ၊ တစ်သီးပုဂ္ဂလနှင့် အတိုက်အခံပါတီများမှ လွတ်တော်ကိုယ်စာလှယ်များ ၁၀၂ ဦးအထိ ရှိလာ

by General Knowledge on Sunday, April 8, 2012 at 5:29am ·
Sunday, 08 April 2012 01:23

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်း အဝေး၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အား တွေ့ရစဉ်


ပြည်သူ့လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်များ အပါအ၀င် တစ်သီးပုဂ္ဂလနှင့် အတိုက်အခံပါတီများမှ လွှတ်တော် ကိုယ်စားလှယ်များ ၁၀၂ ဦး ရှိလာပြီဖြစ်ပြီး တစ်သီးပုဂ္ဂလ အပါအ၀င် အတိုက်အခံ ပါတီများ ပူးပေါင်းကာ ပြည်ထောင်စုဝန်ကြီးများအား စွပ်စွဲပြစ်တင်ချက်ကို တင်သွင်းနိုင်ရန် ပြည်သူ့လွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များထဲမှ ခြောက်ဦးသာ ပူးပေါင်းပါဝင်ရန်လိုတော့ကြောင်း သိရှိရသည်။ 


လက်ရှိ ပြည်သူ့လွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၂၂၀ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦး၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် အတိုက်အခံပါတီများမှ လွှတ်တော် ကိုယ်စားလှယ် ၆၄ ဦး ရှိနေသည်ဖြစ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၃၇ ဦးက ပြည်သူ့ လွှတ်တော်ထဲသို့ ရောက်ရှိလာမည်ဖြစ်ရာ ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ် စုစုပေါင်း ၄၃၂ ဦး ရှိမည် ဖြစ်ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၂၂၀ ဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦး စုစုပေါင်း ၃၃၀ ဦးကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း အရေအတွက် ၄၃၂ ဦးထဲမှ နှုတ်ပါက ပြည်သူ့လွှတ်တော်ထဲတွင် တစ်သီးပုဂ္ဂလနှင့် အတိုက်အခံအင်အား ၁၀၂ ဦး ကျန်ရှိမည်ဖြစ်သည်။

ပြည်ထောင်စု ၀န်ကြီးတစ်ဦးအပေါ် စွပ်စွဲပြစ်တင်လိုပါက ပြည်ထောင်စုလွှတ်တော်တွင် ပါဝင်သော လွှတ်တော်နှစ်ရပ်မှ လွှတ်တော် တစ်ရပ်ရပ်၏ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး လေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး မိမိတို့၏ စွပ်စွဲချက်ကို သက်ဆိုင်ရာလွှတ်တော်အကြီးအမှူးထံ တင်ပြရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၁(ခ)အရ သိရသည်။

လွှတ်တော်တစ်ရပ်ရပ်၏ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး လေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး မိမိတို့၏ စွပ်စွဲချက်ကို သက်ဆိုင်ရာလွှတ်တော်အကြီးအမှူးထံ တင်ပြရမည်ဟု ပြဋ္ဌာန်း ထားသောကြောင့် စွပ်စွဲချက်ကို သက်ဆိုင်ရာလွှတ်တော် အကြီးအမှူးထံတင်ပြရန် လွှတ်တော်ကိုယ်စားလှယ် ၁၀၈ ဦး လက်မှတ်ရေးထိုးရမည် . . .

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းအရေအတွက် ၄၃၂ ဦး ရှိသည်ဖြစ်ရာ လေးပုံတစ်ပုံ ဆိုပါက ၁၀၈ ဦး ရှိမည်ဖြစ်ပါသည်။

လွှတ်တော်တစ်ရပ်ရပ်၏ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ဦးရေအနက် အနည်းဆုံး လေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး မိမိတို့၏ စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော်အကြီးအမှူးထံ တင်ပြရမည်ဟု ပြဋ္ဌာန်းထားသောကြောင့် စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော်အကြီးအမှူးထံ တင်ပြရန် လွှတ်တော်ကိုယ်စားလှယ် ၁၀၈ ဦး လက်မှတ်ရေးထိုးရမည် ဖြစ်ပါသည်။

ပြည်သူ့လွှတ်တော်ထဲတွင် တစ်သီးပုဂ္ဂလနှင့် အတိုက်အခံ အင်အား ၁၀၂ ဦးသာ ရှိသောကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များထဲမှ ခြောက်ဦးက တစ်သီးပုဂ္ဂလအပါအ၀င် အတိုက်အခံပါတီများနှင့် ပူးပေါင်းပါက ပြည်သူ့လွှတ်တော်တွင် ပြည်ထောင်စုဝန်ကြီးများအား စွပ်စွဲချက်ကို သက်ဆိုင်ရာလွှတ်တော်အကြီးအမှူးထံ တင်ပြနိုင်သည်ကို တွေ့ရသည်။

ထို့ပြင် စွပ်စွဲချက်ကို သက်ဆိုင်ရာလွှတ်တော်၏ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး သုံးပုံနှစ်ပုံ က ထောက်ခံမှသာ ဆက်လက်အရေးယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လွှတ်တော်တစ်ရပ်ရပ်က စွပ်စွဲချက်ကို အရေးယူဆောင်ရွက်ရန် ထောက်ခံလျှင် အခြားလွှတ်တော်တစ်ရပ်က ယင်းစွပ်စွဲချက်ကို အဖွဲ့ဖွဲ့၍ စုံစမ်းစစ်ဆေးရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၇၁ (ဂ)နှင့်(ဃ)တွင် ပြဋ္ဌာန်းထားချက်အရ သိရသည်။

ပြည်ထောင်စုဝန်ကြီး တစ်ဦးအပေါ် စွပ်စွဲပြစ်တင်မှုသည် မှန်ကန်၍ စွပ်စွဲခံရသူသည် ပြည်ထောင်စု ၀န်ကြီးရာထူးတွင် ဆက်လက် တာဝန်ထမ်းဆောင်စေရန်မသင့်ကြောင်း စုံစမ်းစစ်ဆေးသည့်လွှတ်တော်က ဆုံးဖြတ်တင်ပြလျှင် နိုင်ငံတော်သမ္မတက စွပ်စွဲပြစ်တင်ခြင်း ခံရသည့် ပြည်ထောင်စုဝန်ကြီးအား တာဝန်မှရပ်စဲရမည်ဖြစ်ကြောင်း၊ စွပ်စွဲပြစ်တင်မှုသည် မမှန်ကန်ကြောင်း စုံစမ်း စစ်ဆေးသည့်လွှတ်တော်က ဆုံးဖြတ်ပါက ထိုသို့ ဆုံးဖြတ်ကြောင်း သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာ ပျက်ပြားခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် ပြည်ထောင်စုဝန်ကြီး၏ အရည်အချင်းပျက်ယွင်းခြင်း၊ ဥပဒေအရ ပေးအပ်ထားသောတာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်းစသည့်အကြောင်း တစ်ရပ်ရပ်ဖြင့် ပြည်ထောင်စုဝန်ကြီး တစ်ဦးဦးအား စွပ်စွဲပြစ်တင်နိုင်ကြောင်း သိရသည်။    

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...