Monday, April 9, 2012

မိန်းမတွေဘာကြောင့်လိမ်ရသလဲ?..





"မိန်းမတွေဘာကြောင့်လိမ်ရသလဲ?.... ”အဖြူရောင် မုသားများ နောက်ဆက်တွဲကို မိန်းကလေးအမြင်ဖြင့်ပြောပြထာခြင်းဖြစ်ပါတယ်။

မြစ်စောင့်နတ် က သစ်ခုတ်သမား ၏ ရိုးသားမှုကို
ဂုဏ်ပြုသောအားဖြင့် မိန်းမသုံးယောက်လုံး ကိုပေးပြီး တစ်သက်စာ စားမကုန်သော
စည်းစိမ်တို့ကို ပါပေးလိုက်ပြီး နှစ်များစွာကြာလာသောအခါ ……
သစ်ခုတ်သမား ၏ မိန်းမတွင် ကိုယ်ဝန်ရှိလာသည်။ထိုအခါ မိန်းမက မြစ်ကမ်းနဘေး
သို့ ယောင်္ကျားဖြစ်သူကိုခေါ်လာပြီး လမ်းလျှောက်စေသည်။
ထို့နောက် ယောင်္ကျားကို ရေထဲသို့ပြုတ်ကျသွားအောင်တွန်းချလိုက်လေသည်။
ပြန်ပေါ်မလာတဲ့အဆုံး.. မိန်းမလဲ ပြင်းထန်စွာငိုကြွေးလေ၏… ထိုအခါ
မြစ်စောင့်နတ် ရုတ်တရက်ပေါ်လာပြီး..
မြစ်စောင့်နတ် -ဘာကြောင့် များငိုနေရတာလဲ အသင်လူသား
မိန်းမ – ကျွန်ုပ်၏လူ့လောကသို့မရောက်သေးသောကလေးငယ် (ကိုယ်ဝန်)အတွက်
တန်ဖိုးကြီးမားသောအရာတစ်ခု ရေထဲပြုတ်ကျ.. ပျောက်ဆုံးသွားပါတယ်။
ထိုအရာမရှိလျှင် ကျွန်ုပ်၏ကလေးငယ်မှာ အသက်ရှင်သော်လည်း
သေနေမည့်လူတစ်ယောက်လိုသိမ်ငယ်နေရမှာပါ
ဟုအမှန်အတိုင်းဖြေလိုက်တော့ မြစ်စောင့်နတ်လဲ ကိုယ်ရောင်ဖျောက်ပြီး ..
(၁)ခဏအကြာ ပိုက်ဆံထုပ်ပိုက်ပြီး ပြန်ရောက်လာကာ
မြစ်စောင့်နတ် – ဒါသင် ရှာနေတာလား ?
မိန်းမ – (ခေါင်းကိုခါရမ်းပြီး) မဟုတ်ပါမလိုချင်ပါဘူး။
(၂)ထိုအခါ မြစ်စောင့်နတ် လဲ ရွှေချောင်းတို့ကိုပြပြီး
မြစ်စောင့်နတ် – ဒါရော သင်ပျောက်သွားတာလား?
မိန်းမ – (သည်းထန်စွာငိုကြွေးလျှက်)မဟုတ်ပါမလိုချင်ပါဘူး။
(၃) မြစ်စောင့်နတ်လဲ အရင်အခေါက်များထက်ပိုသည့်ရိုးသားဂုဏ်ကိုသိချင်လို့(၅)ကြိမ်တိုင်စမ်းသပ်မှုပြုမည်ဟုစဉ်းစားလိုက်သည်။
တစ်သက်စားမကုန်သောကျေက်သံပတ္တမြားတို့ကို ပြပြီး
မြစ်စောင့်နတ် – ဒါရော သင်ပျောက်သွားတဲ့အရာလား?
မိန်းမ – (အငိုတိတ်လျှက်ရှိုက်ကာ ရှိုက်ကာ)မဟုတ်သေးပါဘူး ။
(၄)ထိုကြောင့် မြစ်စောင့်နတ် လဲ ရုပ်ဆင်းလှပအရည်အချင်းပြည့်ဝသောနတ်ယောင်္ကျားကိုပြပြီး
မြစ်စောင့်နတ် – ဒါရော သင်ပျောက်ဆုံးသွားတာလား?
မိန်းမ – (မေ့မြော……..အသက်ရှူရပ်မတတ်ခံစားရကာ) မဟုတ်မမှန်ကြောင်းပြန်ဖြေတယ်။
(၅)ဒါနဲ့ မြစ်စောင့်နတ် လဲ မိန်းမရဲ့ ရိုးသားပုံကို လေးစားသွားပြီး
နောက်ဆုံးအနေဖြင့် သူ၏ယောင်္ကျားအစစ်သစ်ခုတ်သမားကိုသာပြပြီး
မြစ်စောင့်နတ် – ဒါရော သင်ပျောက်ဆုံးသွားလို့ ပြန်လိုချင်တာလား?
မိန်းမ – (တိတ်ဆိတ်ငြိမ်သက်စွာ စဉ်းစားပြီးမှ) မဟုတ်ရပါ … ဟုတ်မှန်သည့် အရာကိုလည်း မြစ်စောင့်နတ် လုံးဝမရှာနိုင်တော့ပါ ကျွန်ုပ်ဆုတောင်းမှသာဖြစ်ပါတော့မည် ဟုငြင်းဆိုလိုက်လေသည်။
ထို့ကြောင့် မြစ်စောင့်နတ်လဲ နားမလည်နိုင်သောအတွေးဖြင့် တအံတသြလည်း ရှိကာ .
“သင် လိမ်ပေသည် မမှန်စကားကိုဆိုသောကြောင့် အသင့်ကိုအပြစ်ပေးရမည် ” ဟု ဒေါသနှင့်ပြောသော်

မိန်းမ က “ခွင့်လွှတ်ပါ.. အရှင် နတ်မင်းကြီး … ကျွန်ုပ် ဘယ်နှစ်ခါ လိမ်ပြောမိလို့ပါလဲ အရှင်နတ်မင်းကြီး? “ ဟုမေးလိုက်သည်။
မြစ်စောင့်နတ်- “ ဘာ …သင်၏နောက်ဆုံး(၅)ကြိမ်မြောက်..စကားတစ်ခွန်းမှာမုသားအပြည့်ဖြစ်တယ် ထပ်လိမ်ချင်သေးတာလား ? “
မိန်းမ - “ နတ်မင်းကြီး အကျိုးကျေးဇူးတိုးပွားစေရန်အတွက်သာ နတ်မင်း၏မေးခွန်းတိုင်းကို မုသားဆိုခဲ့ပါတယ် ခွင့်လွှတ်ပေးပါ”
မြစ်စောင့်နတ်- ဘယ်လိုမျိုးလဲ သေချာစွာရှင်းပြမှ အပြစ်မှချမ်းသာပေးမည် ။
မိန်းမ - ကောင်းပါပြီ ..< < (၁)ကြိမ်မြောက်မုသားစကား > >မြစ်ထဲမှငွေထုပ်များကိုလိုချင်ပါသော်လည်း ရေစိုပျက်စီးနေသောသည်ကတစ်ကြောင်း…မိမိယောင်္ကျားကိုပြန်လိုချင်သည်ကတစ်ကြောင်း တို့ကြောင့်
မဟုတ်ပါမလိုချင်ပါ ဟု လိမ်ခဲ့ရပါတယ်။
..< < (၂)ကြိမ်မြောက်မုသားစကား > >ရွှေချောင်းများကို မိမိစိတ်အရလိုချင်ပါသော်လည်း အားကိုးရာ…မိမိယောင်္ကျားကိုပြန်လိုချင်သောကြောင့်လောဘကနိုင်သွားပြီး
မဟုတ်ပါမလိုချင်ပါ ဟု ထပ်လိမ်ခဲ့ရပါတယ်။
< < (၃)ကြိမ်မြောက်မုသားစကား > >တစ်သက်စားမကုန်သောကျောက်သံပတ္တမြားတို့ကိုပေးသောအခါတွင်လဲ ရင်ထဲမှချမ်းသာပြီးရင်ချမ်းသာလိုသောလောဘစိတ်တို့ဖြင့်
လိုချင်ပါသည် အမှန်ပြောချင်သော်လည်း မိမိကိုယ်ဝန်မှမီးဖွားလာမည့်ကလေးငယ်၏ဖခင် ကိုတောင့်တသောစိတ်ကနိုင်သွားသောကြောင့်သာ မဟုတ်ပါ ဟု လိမ်ခဲ့ပါတယ်။
< < (၄)ကြိမ်မြောက်မုသားစကား > >အဆင်းရောအချင်းပါပြည့်စုံသည့်နတ်ယောင်္ကျားကိုပေးသောအခါတွင်လည်း လိုချင်စိတ်ဖြင့် မေ့မြောလုမတတ်ခံစားခဲ့ရသော်လဲ မတင်းတိမ်မရောင့်ရဲနိုင်သောစိတ်တို့ကအနိုင်ယူကာ မဟုတ်ပါဘူး ဟု အကြိမ်ကြိမ်လိမ်ခဲ့မိပါတယ်။
< < (၅)ကြိမ်မြောက်မုသားစကား > >နောက်ဆုံး မိမိယောင်္ကျာအစစ်ကို ပြန်လည်ပေးသော်လဲ အကယ်၍…….
. အမှန်အတိုင်း ဟုတ်ပါသည် ဟုဖြေသော် -
တစ်နည်းအားဖြင့် လုပ်ထုံးလုပ်စဉ်အတိုင်း ..အရှင်နတ်မင်းကြီး က ကျွန်ုပ်ကိုရွှေငွေစည်းစိမ်နှင့်နတ်ယောင်္ကျားကိုပါပေးပေလိမ့်မည် ။ အရင်ကလဲ….ကျွန်ုပ်၏ယောင်္ကျားမတွေးတတ်ခဲ့၍အရှင်နတ်မင်းကြီးပေးခဲ့သောမိန်းမသုံးယောက်စလုံးသိမ်းလာသောသင်ခန်းစာနှင့်သူ၏နောင်တတို့ကြောင့် ကျွန်ုပ် ကိုယ်ချင်းစာနာတတ်ပါသည်။ရှေ့ လူနောက်လူနှင့် အပြိုင်လူတို့အကြား မေတ္တာရေးအခက်ကြုံရမည် စိတ်ပင်ပန်းဆင်းရဲရမည်ကို ကျွန်ုပ်မလိုချင်ပါ။
နောက်တစ်နည်းအားဖြင့် - နတ်မင်းကြီးက ဆုလာဘ်တို့သာထပ်ပေးပြီး နတ်ယောင်္ကျားကိုမပေးခဲ့သည်ရှိသော်…
ကျွန်ုပ်၏ယောင်္ကျားသည် အချစ် ရိုးဂုဏ်နှင့် စည်စိမ်တို့ ကို အကြောင်းပြပြီး သစ္စာရှိသည်ဟု ကိုယ့်ဘက်ကိုယ်ယက်ကာ တွေးပြီး
အရင်နှစ်များကအတိုင်း ကျွန်ုပ်နှင့်ကလေးငယ်ကိုဥပေက္ခာပြုလျှက် အရှင်နတ်မင်းပေးသာ မိန်းမလှလေးများနှင့်သာ ပျော်နေပါလိမ့်ဦးမည်။
ထို့သို့ နာကျင်မှုကို မသိမသာ မခံစားလိုတော့ပါ။
နောက်ဆုံအနေဖြင့် - နတ်မင်းကြီးက မိမိယောင်္ကျားကိုသာပေးအပ်ခဲ့သည်ရှိသော်လည်း…..
မြစ်ထဲကိုကန်ချခဲ့သော အပြစ်နှင့် ပြန်လည်ကယ်ဆယ်ပေးသောနတ်မင်းဆီမှ ဆုလာဘ်တို့ကို ထပ်မံလက်မခံခဲ့သော် ကျွန်ုပ်၏ ထုံအသော ရိုးဂုဏ်ကို မိမိ၏ယောင်္ကျားမှာ
ရန်ငြှိုးဖွဲ့ ပြန်လည်ရက်စက်မည်ကိုလည်း မခံစားနိုင်ပါ။
.. ထိုကြောင့် ဘေးကျပ်နံကျပ်တွေးရခက်လာပြီ
“မဟုတ်ပါ” ဟု လိမ်ဖြေလိုက်ရခြင်းဖြစ်ပါတယ် ”

ထိုအခါ မြစ်စောင့်နတ် လဲ လွန်စွာ ကျေနပ်ပြီး မိန်းမ၏ တွေးဆမှုနှင့် ရိုးသာမှုကိုသနားညှာတာစွာ
ဂုဏ်ပြုသောအားဖြင့် အလိုရှိသောဆုကိုတောင်းစေလေသည်.. ။ ။
မိန်းမ - “ မိမိ၏သစ်ခုတ်သမား ယောင်္ကျားကို မိမိတစ်ဦးတည်းသာလျှင်ပိုင်ဆိုင်ရပြီးနောက် သားသားမီးမီးတို့ဖြင့် ပျော်ရွှင်ချမ်းမြေ့ ရသော အနာဂတ်တွင် မတောင့်မတ မကြောင့်မကြနေရရန်အလို့ ငှာ အမြဲဖြည့် ဆည်းပေးနိုင်သော……. မြစ်စောင့်နတ်မင်းကြီး ဖြစ်နေပါစေ သတည်း….။”
မိန်းမ ၏ ဆုတောင်းအပြီးတွင် ….မြစ်စောင့်နတ်မင်းကြီးလည်း <<နတ်မင်းကြီး အကျိုးကျေးဇူးတိုးပွားစေရန်အတွက်သာ နတ်မင်း၏မေးခွန်းတိုင်းကို မုသားဆိုခဲ့ပါတယ် >>ဆိုသော
မိန်းမ၏နောက်ဆုံးလိမ်ခြင်းကို နားလည်သွားပြီး သူ့အကျိုးဆောင်ရွက်ချိန်ပင်မရတော့ဘဲ မိန်းမ ၏ဆန္ဒအတိုင်း တစ်ချိန်လုံးဖြည့်ဆည်းပေးနေရလေတော့သည်…..ထို့ကြောင့် ထိုအချိန်မှစပြီး.. ဘယ်မြစ်ကမ်းတွင်မှ ကိုယ်ယောင်ပြချိန်မရတော့သော မိန်းမ ၏လိုအင်အတိုင်း တစ်ချိန်လုံးဖြည့်ဆည်းပေးနေရသောမြစ်စောင့်နတ် ဖြစ်သွားပါတော့ သည်။
♥ ♥ ♥ ဤ ပုံပြင်လေး ၏ အဓိက ရည်ရွယ်ချက်ကလည်း ရှိပါတယ်….။
မိန်းမ တို့ ယေဘုယျအားဖြင့် လိမ်ပြောသည်ဆိုရာတွင် …………………..
လိမ်နေသည်ဟု အလိမ်ခံရသူ မသိလိုက်ပဲ ရှိကြသည်ကများပြီး …..
မိမိနှင့် အနာဂတ်အတွက်ကြိုတင်ကြံစည်စိတ်ကူးပြီးမှ ………
ဘယ်သူ့မှမထိခိုက်မနာကျင်စေလိုသောအတွေးတို့ဖြင့် သော်လည်းကောင်း ၊
မိမိကို ဂရုဏာသက် သနားစေလို၍သော်လည်းကောင်း ၊
သူတစ်ဘက်သားပျော်ရွှင်ချမ်းမြေ့စေလို၍သော်လည်းကောင်း၊
ဘေးကျပ်နံကျပ်အဖြေရှင်းရခက်သောအခါတွင် အများကောင်းစေလို၍သော်လည်းကောင်း၊
ရိုးသားစွာ လိမ်ခြင်း ဖြစ်ပါကြောင်း ….. “အဖြူရောင် မုသားတွေပါ “ ။ ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...