Sunday, April 22, 2012

အပူကြောင့်ဖြစ်တတ်သော ကျန်းမာရေးအန္တရာယ်များ


ရာသီဥတုက တဖြည်းဖြည်းပူပြင်းလာပါတယ်။ ခြောက်သွေ့တဲ့ နွေရာသီမှာ လူတွေကို အန္တရာယ်ပေးနိုင်တာက မီးဘေးအန္တရာယ်ဖြစ်ပါတယ်။ ဒီမီးဘေးလိုပဲ နောက်ထပ်လူတွေကို ဒုက္ခပေးနိုင်တဲ့ ပြဿနာတစ်ရပ်ရှိပါသေးတယ်။ အဲ့ဒါက အပူရှိန်ပြင်းထန်လွန်ကဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဝေဒနာ (Heat Injury) ဖြစ်ပါတယ်။

Heat Injuries

ပတ်ဝန်းကျင်အပူရှိန် ပြင်းထန်လွန်ကဲလာပြီဆိုလျှင် အမျိုးမျိုးသော ဝေဒနာများဖြစ်ပေါ်လေ့ရှီပါတယ်။ အဲ့ဒီဝေဒနာများကို အဆင့်လိုက်ပိုင်းခြားဖော်ပြပေးချင်ပါတယ်။ ဒီဝေဒနာတွေအားလုံးဟာ အပူလွန်ကဲလို့ဖြစ်တာချည်းပါပဲ။

(၁) အပူကြောင့် ဖောယောင်လာခြင်း - အင်မတန်ပြင်းထန်တဲ့အပူချိန်နဲ့ထိတွေ့ပြီးရင် လက်၊ခြေ၊ ခြေကျင်းဝတ် စတာတွေ ဖောယောင်ခြင်း ဖြစ်ပေါ်လာတတ်ပါတယ်။


(၂) အပူကြောင့်ကြွက်တတ်ခြင်း- ကြွက်တက်ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း တို့ဖြစ်လာတတ်ပါတယ်။

(၃)အပူကြောင့် အသက်ရှုမြန်ကာ သတိလစ်ခြင်း - အပူရှိန်ပြင်းထန်လွန်းတဲ့အခါ အလွန်အကျွံ့အသက်ရှုပြီး ခြေဖျားလက်ဖျားတွေ ကွေးကုပ်ကပ်လာတာမျိုးဖြစ်တတ်ပါတယ်။

(၄) အပူကြောင့် မူးဝေ သတိလစ်ခြင်း- ကြက်သီးမွှေးညှင်းထခြင်း၊ မူးဝေအော့အန်ခြင်းနဲ့ သတိလစ်ခြင်းတို့ဖြစ်ပေါ်နိုင်ပါတယ်။

(၅)လေသင်တုန်းဖြတ်ခြင်း (Heat Stroke)- အပူဒဏ်ပြင်းထန်လွန်းတာကို ခံနိုင်ရည်အားနည်းတဲ့ လူကြီး၊ ကလေးငယ်တွေမှာ ဖြစ်တတ်ပါတယ်။ အန္တရာယ်အကြီးဆုံးဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်သွား၇င် ဒီအပူရှိန်ကြောင့်ဖြစ်တဲ့ ဝေဒနာများ ဖြစ်ပေါ်လာနိုင်ပါတယ်။ လူ့ခန္ဓာကိုယ်မှာ အဓိက အပူကို လျော့ကျစေနိုင်တဲ့ ဖြစ်စဉ်ကတော့ ချွေးထွက်၊ ချွေးပြန်ခြင်းပဲ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အပူချိန်ဟာ ၃၅ ဒီဂရီ စင်တီဂရိတ်လိုနေရာမှာ ရှိနေရင်တောင် ခန္ဓာကိုယ်ရဲ့ အပူရှိန်ကို လျှော့ချတဲ့ နည်းလမ်းကချွေးကနေ အငွေ့ပျံပြီး အရေပြားမှတစ်ဆင့် အပူလျှော့ချပေးတာဟာ ၇၅% အထိရှိပြီး Convection လို့ခေါ်တဲ့ အပူစီးကူးနည်းနဲ့ လျော့ကျသွားတာက ၁၅% အထိရှိနိုင်ပါတယ်။  

ဘယ်သူတွေမှာ အန္တရာယ်ရှိသလဲ?

အသက်ကြီးတဲ့သူတွေ၊ ကလေးငယ်တွေနဲ့ နောက်အဓိက ပါနေတာကတော့ နေပူထဲမှာ အားကစားလုပ်ရတဲ့သူတွေဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ နေပူကျဲတဲထဲမှာ အလုပ်လုပ်နေရရှာတဲ့ ပန်းရံ၊ လက်သမား တို့လို အောက်ခြေအလုပ်သမားတွေ အများအပြားရှိနေတာကြောင့် သူတို့ကိုပါ အန္တရာယ်ရှိလာနိုင်ခြေရှိသော သူများထဲမှာ ထည့်သွင်းသတ်မှတ်ရမှာဖြစ်ပါတယ်။

ဘာကြောင့်အန္တရာယ်ရှိနေတာလဲ?
လူ့ခန္ဓာကိုယ်မှာ အပူရှိန်လွန်ကဲလာလျှင် လျှော့ချပစ်မယ့်နည်းလမ်းရှီပါတယ်။ အထက်က ဆိုခဲ့တဲ့ ချွေးပြန်ပြီး အငွေ့ပျံစေတဲ့နည်းလမ်းပါ။ လူ့ခန္ဓာကိုယ်ထဲကနေ အပူချိန်ကို ထိန်းပေးတဲ့ Thermostat ဟာ ဦးနှောက်ထဲမှာ တည်ရှိပါတယ်။ ချွေးပြန်ရင် ရေဓါတ်ပါမက ဆားဓါတ်တွေပါ ဆုံးရှုံးသွားပါတယ်။ အဲ့ဒီအခါမှာ လူဟာ မူးဝေတာ၊ နွမ်းနယ်တာတွေ ဖြစ်လာတတ်ပါတယ်။ အော့အန်ခြင်း၊ ကြွက်တက်ခြင်းတွေပါ ဖြစ်လာတတ်ပါတယ်။ ခန္ဓာကိုယ်အပူချိန် 38C to 40C မှာ Heat Exhaustion လို့ခေါ်တဲ့ အပူကြောင့် မူးဝေအော့အန် နွမ်းနယ်ခြင်းတွေပဲဖြစ်တတ်ပါတယ်။ အဲ့ဒီထက် ပိုဆိုးတာက လေသင်ဓုန်းဖြတ်တဲ့အဆင့် Heat Stroke ပဲဖြစ်ပါတယ်။ အဲ့ဒီအဆင့်မှာ ဦးနှောက်ထဲက ခန္ဓာကိုယ်အပူချိန်ကို ထိန်းသိမ်းပေးတဲ့ စံနစ်ကျဆုံးသွားပြီး လူ့တစ်ကိုယ်လုံးမှာ ချွေးမပြန်နိုင်တော့ဘဲ သတိလစ်လဲကျသွားပါတယ်။ စမ်းကြည့်၇င် တစ်ကိုယ်လုံးခြစ်ခြစ်တောက်ပူနေပြီး ကိုယ်တွင်း အပူချိန်ဟာ ၄ဝ ဒီဂရီစင်တီဂရိတ်ထက်မြင့်မားနေလေ့ရှိပါတယ်။ လက်ဖျားခြေဖျားတွေကို ကိုင်ကြည့်ရင် ချွေးလုံးဝ မပျံနိုင်တော့တာမို့ ခြောက်သွေ့နေတတ်ပါတယ်။  

လက္ခဏာများနှင့် ပြုစုနည်း

အပူကြောင့် နွမ်းနယ်ခြင်းကနေ မူးဝေအော့အန်ခြင်း၊ ကြွက်တက်ခြင်းတွေအထိ ဟာ အလွန်အမင်းစိုးရိမဖို့မလိုပေမယ့် ဂရုစိုက်ရမှာတော့ဖြစ်ပါတယ်။ အဲ့ဒီအဆင့်မှာ အရည်များများ တိုက်ပေးရပါတယ်။ အအေးများများ တိုက်ပေးရပါတယ်။ ရေချည်းသက်သက် တိုက်ရုံထက် အသင့်ဖော်စပ်ထားတဲ့ ဓါတ်ဆားထုပ်တွေလည်း အလွယ်တကူ ရနိုင်တာမို့ အဲ့ဒါမျိုးတွေကို ဖျော်ပြီး များများကြီးတိုက်ပေးရပါတယ်။ ပွယောင်းယောင်း အဝတ်အစား တွေ၊ လေဝင်လေထွက်ကောင်းမယ့် ချည်သားတွေကို ဝတ်ဆင်ပေးသင့်ပြီး လေအေးစပ်တပ်ထားတဲ့အခန်းထဲမှာ ထားရှိပေးရမှာဖြစ်ပါတယ်။ လေအေးစက်မရှိလျှင် ပန်ကာ ကို အသုံးပြုနိုင်ပါတယ်။ လေသင်ဓုန်းဖြတ်ခြင်းကတော့ အသက်အန္တရာယ်အထိရှိပါတယ်။ အဆင်မသင့်ရင် ကိုမာ (သတိပြန်လည်မလာတော့ခြင်း) အထိဖြစ်သွားနိုင်တာမို့ အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ အပူကြောင့် လေသင်ဓုန်းဖြတ်တယ်လို့ ယူဆရင် ချက်ခြင်း ခန္ဓာကိုယ်ပေါ်က တင်းကြပ်စည်းနှောင်ထားတဲ့ အင်္ကျီအဝတ်အစားမျိုးတွေကို ဖြေလျော့ပေးဖို့လိုအပ်ပါတယ်။ ပြီးရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး ပို့ဆောင်ပေးဖို့အရေးကြီးလှပါတယ်။ အရိပ်ထဲကို ချက်ခြင်းသယ်ဆောင်သွားပြီး ရေခဲရေမဟုတ်ဘဲ ရိုးရိုးရေကို ဖြန်းပေး၊ ရေပတ်တိုက်ပေးဖို့လိုပါတယ်။ ရေခဲကို သုံးချင်ရင် အပူဆုံးနေရာတွေဖြစ်တဲ့ ချိုင်းကြား၊ ပေါင်ကြားတို့မှာ ရေခဲဝတ်ထည့်ပေးနိုင်ပါတယ်။ ဆေးရုံမှာဆိုလျှင်တော့ဖြင့် Circulatory failure ရသွားတာမို့ အကြောဆေး (Intravenous fluid) ကိုရွေးချယ်လျှင် အေးမြတဲ့ Crystalloid ကိုရွေးချယ်သင့်တယ်လို့ ဆိုပါတယ်။ ဒီလေသင်ဓုန်းဖြတ်တာဟာအချိန်မီကုသမှု ခံယူလိုက်လျှင် တစ်နာရီ နှစ်နာရီအတွင်း ပြန်ကောင်းလာပေမယ့် ကုသမှုမခံယူမိလျှင် အသည်းပျက်စီးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ ကြွက်သားများ လောင်ကျွမ်းခြင်းကနေ လုံးဝ သတိလစ် အသက်ဆုံးရှုံးတဲ့ အထိ ဖြစ်စေနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ?

အထက်ပါေ၇းထားတဲ့ စာများကို ဖတ်မိရင် လေသင်ဓုန်းကော အပူကြောင့်ဖြစ်တဲ့ဝေဒနာအများစုဟာ ခန္ဓာကိုယ်က ပြင်ပအပူဒဏ်ကို မတွန်းလှန်နိုင်တဲ့အခါမှာ ဖြစ်တာကိုသတိထားမိမှာပါ။ ပြင်ပအပူဒဏ်ကို တွန်းလှန်ခြင်းနည်းက ချွေးပျံခြင်းပါ။ ဒါကြောင့် ရေနဲ့ ဆားဓါတ်ကုန်ခန်းမသွားအောင် အရည်မျာများ သောက်ပေးဖို့၊ ဓါတ်ဆားရည်များသောက်ပေးဖို့ လိုအပ်ပါတယ်။ နေပူထဲ သွားလာရင်လည်း နေပူရှိန်ပြင်းလွန်းတဲ့နေရာကို ရှောင်သင့်ပါတယ်။ မရှောင်နိုင်လျှင်လည်း ထီး၊ ဦးထုပ် စတာတွေကို သုံးသင့်ပါတယ်။ အဲ့ဒါမျိုးတွေမသုံးနိုင်လျှင်လည်း အဝတ်အစားကို အပူမစုပ်သော အရောင်ဖျော့ဖျော့ ပွပွ ချည်သားများကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ နေပူအောက်မှာ ကိုယ်လက်ပြင်းထန်စွာ လေ့ကျင့်ခန်းအားကစားလုပ်ခြင်းကို လုံးဝရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ နေပူထဲ လုပ်ရတဲ့အလုပ်သမားများအတွက်လည်း သက်ဆိုင်ရာ အလုပ်များမှာ ဓါတ်ဆားထုပ်များ ဆောင်ထား သင့်ပြီး အလုပ်သမားများကို ဝေငှပေးသင့်ပါတယ်။ ဒီလို အပူရှိန်ပြင်းထန်လွန်းတဲ့ကာလမှာ ဖြစ်တတ်တဲ့ အန္တရာယ်မျိုးကို ထိုကဲ့သို့ အန္တရာယ်ကြီးတဲ့နေရာမှာလုပ်နေရတဲ့အလုပ်သမားတွေကို ကာကွယ်နိုင်ဖို့ ပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းတို့ လုပ်ဆောင်သင့်ပါတယ်။By: Aung Hein        
နေ့စဉ်ရက်ဆက် နေပူချိန်တွေတက်ပြီး၊နေပူရှိန်မြင့်တက်နေတာဟာ အန္တရာယ်ရှိတဲ့ အဆင့်ကိုရောက်နေတာမို့ အပူဒဏ်ကို သတိပြုကြနေထိုင်ကြဖို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကလဲ နှိုးဆော်ထားပါတယ်
-- 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...