Friday, March 21, 2014

Myanmar Youth Media Club 20 Mar 2014

MYMC - MYMHOT



Posted: 20 Mar 2014 08:01 PM PDT
Why Should We Write Journal

ကျွန်တော်တို့ လူမျိုးတွေက Diary တွေ၊ Journal တွေရေးလေ့ မရှိတဲ့ သူတွေပါ။ ဒီဆောင်းပါးမှာ ဂျာနယ်တွေ ဘာလို့ရေး သင့်သလဲ၊ ဘယ်လို စရေးသင့် သလဲ ဆိုတာကို ဖော်ပြ ပေးသွားပါမယ်။
ပထမဆုံး Diary နဲ့ Journal နဲ့ဘာကွာ သလဲ ဆိုတာက စပါမယ်။
ယေဘူယျ အားဖြင့် ၂ခုစလုံးက သင့်အတွက် မှတ်တမ်း၊ မှတ်ရာ အဖြစ် အသုံးပြု ပါတယ်။ ဒိုင်ယာရီက တစ်နေ့တာမှာ ဘာတွေ လုပ်ခဲ့သလဲ၊ သင့်ရဲ့ ခံစားချက်၊ အထူးသဖြင့် အနှုတ်သဘော ဆောင်တဲ့ ခံစားချက် စ တာတွေကို စာစီကုံး ထားတာပါ။ ဂျာနယ်ကတော့ သင့်တစ်ရက်တာမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ၊ သင့်ရဲ့ အတွေ့အကြုံ၊ ဘာတွေ လေ့ လာ သိရှိခဲ့ သလဲ ဆိုတာ တွေကို ချရေးတာပါ။ informative booklets အချက်အလက် စာအုပ်ကလေး လို့ဆိုလို့ ရပြီး ပိုပြီး စနစ်ကျ ပါတယ်။ ဂျာနယ် စာအုပ် ရှိခဲ့ရင် ဘာတွေ အကျိုးရှိ မလဲ။



စာမှန်မှန် ရေးခြင်းက သင့်ရဲ့ စိတ်ကျန်းမားရေးကို ကောင်းမွန် စေပါတယ်။ ဘ၀ရဲ့ မွန်းကျပ်မှု တွေကို စာနဲ့ ရေးပြီး ဖွင့်ဟခြင်းက စိတ်ချရတဲ့၊ လုံခြုံမှု ရှိတဲ့ နည်းနာ တစ်ရပ်ပါ။ ဒါပေမယ့် စာအုပ်ကိုတော့ သူများမမြင်အောင် သိမ်းဆည်းဖို့ မမေ့ပါနဲ့။ တော်တော်များများ ကတော့ ဂျာနယ်ကို ကိုယ်နဲ့ မကွာ ယူဆောင် သွားတတ် ပါတယ်။ ခရီးသွားရင်း ရထားပေါ်မှာ၊ လေဆိပ်မှာ စောင့်ဆိုင်းရင်း ဂျာနယ် ရေးရတာ အရသာ တစ်မျိုး ရှိ ပါတယ်။ တစ်ရက်ကို ၁၅-၂၀ မိနစ်လောက် အကုန်ခံပြီး သင်တွေ့ကြုံ ရတဲ့ အဖြစ်အပျက် ၃-၄ခုကို ရေးချကြည့်ပါ။ ကင်ဆာလို ဝေဒနာမျိုး ခံ စားနေ ရတဲ့ သူတွေတောင် ဒီလို ရေးချလိုက်ရင် သူတို့ ခံစားရ တာတွေ သက်သာ သွားပါတယ်တဲ့။ ဒါကြောင့် စိတ်ပညာ ရှင်တွေက သူတို့ရဲ့ လူနာတွေကို ဂျာနယ်ရေးဖို့ တိုက်တွန်း တတ်ကြပါတယ်။

Why Should We Write Journal

သင့်ရဲ့ တီထွင်ဖန်တီးမှု ဥာဏ်ကို တိုးတက် စေပါတယ်။ ရှုပ်ထွေးတဲ့ ကိစ္စတွေကို ရေးချလိုက် တာက ပိုပြီး နားလည် စေပါတယ်။ အရေးကြီးတဲ့ အချက် တွေကို မမေ့လျော့အောင်၊ အကြံဥာဏ် သစ်တွေ ထပ်ထွက် လာအောင် ကူညီပေး ပါတယ်။ ဒါတင်မက ကိုယ့်အတွေ့အကြုံ တွေကို ချ ရေးလိုက်တဲ့ အခါ ဒီအတွေ့အကြုံ တွေကနေ တဆင့် ဘယ်လို ဆက်ပြီး တိုးတက်အောင် လုပ်မလဲ ဆိုတဲ့ လမ်းစတွေ ရစေပါတယ်။ တချို့ အ ခွင့်အလမ်း တွေက ဒီတိုင်း ပထမဆုံး အကြိမ် ကြည့်တဲ့ အခါ မမြင်တတ် ပါဘူး။ ပင့်ကူက သူ့ရဲ့အိမ်ကို တစ်ဆင့်ချင်း၊ တစ်မျှင်ချင်း ဆောက် သွားသလို သင့်ရဲ့ အကြံတွေကို ဆက်စပ် စဉ်းစားတတ် စေပါတယ်။ တကယ်လို့ သင့်မှာ ဖန်တီးဥာဏ် မပေါ် သေးဘူး ဆိုရင်တောင်မှ သင့် အမှားတွေကို နောက်တစ်ကြိမ် ထပ်မလုပ် မိအောင် ကာကွယ် ပေးနိုင်ပါတယ်။ သင့်ရဲ့ အကျင့်၊ အပြုအမူ တွေကို စောင့်ကြည့် ပေးမယ့်သူ တစ် ယောက် ရထားသလို ပဲပေါ့။

Why Should We Write Journal

ကဲဒီအကျိုး ကျေးဇူးတွေကြောင့် ဂျာနယ် ရေးမယ်ဆိုတဲ့ စိတ်ဖြစ်လာပြီ ဆိုရင် ဘယ်မှာ ရေးကြမလဲ။ ကိုယ့်လက်နဲ့ ချရေးရ တာကို ပိုအားရ တယ်ဆိုရင် ရှေးရိုးနည်း စာအုပ်ကို သုံးလို့ ရပါတယ်။ စာရေးသူ ကိုယ်တိုင် ကတော့ စာအုပ်နဲ့ ရေးရတာကို ပိုသဘော ကျပါတယ်။ စာအုပ်မှာ ပုံတွေရော၊ ကိုယ်နှစ်သက်တဲ့ စာသားတွေ၊ ရုပ်ပုံတွေ ဖြတ်ညပ်ကပ် ရတာ အရသာ တစ်မျိုးပါ။ ဒါပေမယ့် ရန်သူမျိုး ငါးပါး ရန်ကိုတော့ သတိ ထားပေါ့။ မြန်မာ လူမျိုးတွေရဲ့ အကျင့်တစ်ခုက မိဘနဲ့ သားသမီး ကြားမှာ ကိုယ်ပိုင် space မရှိတာကြောင့် ကိုယ့်သားသမီး တစ်ခုခု ကုပ်ရေး နေပြီ ဆိုရင် စပ်စု တတ်ကြ ပါတယ်။ ဒါတော့ သတိထား ရမယ့် အချက်ပါ။ ရိုးရိုးစာအုပ်မှာ မရေးချင်ဘူး ဆိုရင် Journal စာအုပ်လေး တွေရှိ ပါတယ်။ ၂၁ရာစု နည်းပညာခေတ်၊ ဖုန်းကို လက်က မချတဲ့ခေတ် ဆိုတော့ app တွေသုံးလို့လည်း ရပါတယ်။ Penzu, Day One, RedNote Book စတဲ့ app တွေသုံးလို့ ရပါတယ်။  Evernote၊ Google Keep စတာတွေ အပြင် အရိုးရှင်းဆုံး file နဲ့ရေးပြီး သိမ်းတာမျိုး လုပ်လို့ ရပေမယ့် ဂျာနယ်သာ တကယ် ရေးမယ် ဆိုရင် စာအုပ်မှာ ရေးတာကမှ အကောင်းဆုံး ဆိုတာ မမေ့ပါနဲ့။
Why Should We Write Journal

Images from lifehacker. Source from lifehacker.com


Author

Arr Luu

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...