Friday, March 21, 2014

ထိုင်းနိုင်ငံထုတ် အသားဖြူ ခရင်မ်ကိုးမျိုး မသုံးစွဲသင့်ကြောင်း FDA သတိပေး

ရန်ကုန်၊ မတ် ၂၀

ပြည်တွင်းအလှကုန် ဈေးကွက်အတွင်းရှိ တားမြစ် ဓာတုပစ္စည်းများ ပါဝင်နေသော ထိုင်းနိုင်ငံထုတ် အသားဖြူခရင်မ် တံဆိပ် ကိုးမျိုးကို သုံးစွဲရန် မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။

အလှကုန် ဈေးကွက်မှ မှတ်ပုံတင် မထားသော အသားဖြူခရင်မ် ပစ္စည်း ၂၁ မျိုးကို စစ်ဆေးခဲ့ရာ ကိုးမျိုးတွင် တားမြစ် ဓာတုပစ္စည်းများ ပါဝင်နေသည်ကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

တားမြစ်ခံထားရသော အလှကုန် တံဆိပ်များတွင် Mellano၊ Polla၊ Baschi နှင့် Nineteen Nano 19 တို့ ပါဝင်ပြီး ယင်းတံဆိပ်များထဲက အသားဖြူ ခရင်မ်အချို့ကို မသုံးစွဲသင့်ကြောင်း ကြေညာထားခြင်း ဖြစ်သည်။

ပြည်တွင်းအလှကုန် ဈေးကွက်တွင် ထိုင်းနိုင်ငံထုတ် အလှကုန်များသည် ရောင်းအား အကောင်းဆုံး ဖြစ်ပြီး ယင်းအလှကုန်များ အနက် အသားဖြူခရင်မ်မှာ ပိုရောင်းရကြောင်း အလှကုန် ဈေးကွက်ထံမှ စုံစမ်း သိရှိရသည်။

“အသားဖြူစေတဲ့ Whitening ပါတာကို ပိုမေးဝယ်ကြတယ်။ ဖြူချင်ကြတာ များတယ်လေ” ဟု သုဝဏ္ဏမြို့မှ အလှကုန်ဆိုင်ရှင် တစ်ဦးက ဆိုသည်။

အလှကုန် ပစ္စည်းများတွင် ပါဝင်ပစ္စည်း ဖော်ပြထားသော ပစ္စည်းနှင့် မဖော်ပြထားသော ပစ္စည်းဟူ၍ ရှိသည့်အတွက် FDA အသိအမှတ်ပြု လက်မှတ် ရထားသော အလှကုန်ကိုသာ အားကိုးရမည် ဖြစ်ကြောင်း၊ အသားဖြူ ခရင်မ်များတွင် ခဲ၊ ဟိုက်ဒရိုကွီနူံး၊ မာကျူရီနှင့် စတီးရွိုက်ဓာတ်များ ပါဝင်ပြီး ခန္ဓာကိုယ်အတွက် ဘေးဥပဒ် ဖြစ်စေကြောင်း အရေပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာကျော်ကျော်က The Voice သို့ ပြောကြားသည်။

ယင်းဓာတ်သတ္တုများကြောင့် ကျောက်ကပ် ပျက်စီးခြင်း၊ အဆုတ်နှင့် အသည်း ထိခိုက်ခြင်း၊ ကိုယ်တွင်းအင်္ဂါ ပျက်စီးခြင်း၊ အသားရောင် မညီညာခြင်း၊ ဆံချည်မျှင် သွေးကြော ပွခြင်းနှင့် ဆံပင်ကျွတ်ခြင်းတို့ ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

တားမြစ်ခံထားရသော အလှကုန် ပစ္စည်းများတွင် Mellano-Cream၊ Mellano-Night Cream၊ Mellano-Facial Nourishing Cream၊ Polla Gold - Super White Perfects Cream၊ Polla-Anti Melasma Cream (New Night Cream)၊ Polla Platinum၊ Crystal White Nourishing Face Cream၊ Baschi-Day Cream (Whitening Cream)၊ Baschi-Night Cream (Whitening Cream)၊ Nineteen Nano 19-Whitening Nano Night Repair တို့ ပါဝင်သည်။

The Voice Weekly

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...