Tuesday, March 18, 2014

Data Transfer လုပ်လို့ မရလို့ပါ

Data Transfer လုပ်လို့ မရလို့ပါ
................................

အမျိုးသမီး တစ်ယောက် ကွန်ပြူတာ အရောင်းပစ္စည်းဆိုင် ကိုလာပြီး အရောင်းဝန်ထမ်းအား ယခုလို ဒေါသတကြီး စကားပြောပါတယ်။

"ရှင်တို့ ကျမကို ဘယ်လို Laptop မျိုး ရောင်းလိုက်တာလဲ။ Data ကို အခြားကွန်ပြူတာတစ်လုံးကို Transfer လုပ်လို့မရဘူး"

ဒါနဲ့ အရောင်းဝန်ထမ်း အမျိုးသားက

"ဟုတ်။ ဒါဆို ကျနော့ရှေ့ မှာပဲ အမ ရဲ့  ကွန်ပြူတာ နှစ်လုံးကို ချပြီး လုပ်ပြ ကြည့်ပါလား" လို့ ပြောပါတယ်။ ဒါနဲ့ အမျိုးသမီးက သူ့ရဲ့ လုပ်ပုံလုပ်နည်း အဆင့် အောက်ပါအတိုင်း ပြုလုပ်ပြပါတယ်။

၁။ ပထမ Laptop အဟောင်းကို ဖွင့်ပါတယ်။ ပြီးတော့ မော့က်စ် ကြိုးတပ်ပြီး Right click နှိပ် Copy ကို နှိပ်ပါတယ်။

၂။ ပြီးတော့ အသစ်ဝယ်ထားတဲ့ Laptop ကို ဖွင့်ပြီး ပထမက တပ်ထားတဲ့ မော့က်စ်ကို ဖြုတ် Laptop အသစ်မှာ တပ်ပါတယ်။

၃။ ပြီးတော့ Right click နှိပ်ပြီး Paste လုပ်ပါတယ်။

အရောင်းဝန်ထမ်း ပါ ဂေါက်သွားရရှာသည်။

Ref: joke
အောင်ခမ်း (ရိုးရာလေး)

http://www.yoyarlay.com/book/152-natter/40291-how-to-trasfer-data

.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...