Wednesday, March 19, 2014

မာလာဟင်း. ...


ကျနော့ အတွက်
အချစ်ဆိုတာ
ဘဝတစ်ခု ဟုတ်ဘူး
ကံစမ်းမဲ တစ်ခု ။



ကျနော့ အတွက်
အနု သုခုမပညာ ဆိုတာ
ဘဝတစ်ခု ဟုတ်ဘူး
ခံစားမှု ။

ကျနော့ အတွက်
ငွေကြေးဆိုတာ
ဘဝတစ်ခု ဟုတ်ဘူး
ရုပ်ဝတ္တု ။

ကျနော့ အတွက်
ပညာဆိုတာ
ဘဝတစ်ခု ဟုတ်ဘူး
သိရှိမှု ။

ကျနော့ အတွက်
ဂုဏ်ဒြပ်ဆိုတာ
ဘဝတစ်ခု ဟုတ်ဘူး
ရိုးသားမှု ။

ကျနော့ အတွက်
စည်းစိမ်ဆိုတာ
ဘဝတစ်ခု ဟုတ်ဘူး
လေပြေလေညှင်း တစ်ခု။

ကျနော့အတွက်
ဘဝဆိုတာ ဘဝတစ်ခု
အချစ်
အနုသုခုမ
ငွေကြေး
ပညာ
ဂုဏ်ဒြပ်
စည်းစိမ်
အားလုံးပါဝင်နေကြပြန်တယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...