Friday, March 21, 2014

ဟာသစုဗူး ၅


ကတုံးမ

ဟာသမင်းသားရဲ့ ကောင်မလေးက အရမ်းကို သ၀န်တိုတတ်ပါတယ်။ ဟာသမင်းသားဘယ်သွား သွား၊ ဘယ်လာလာ စိတ်မချတတ်သလို အမြဲတမ်းလည်း ကွယ်ရာမှာ တခြားမိန်းကလေးတွေနဲ့ခြေရှုပ်နေပြီလား လို့လဲ အမြဲသံသယဖြစ်တတ်ပါတယ်။


တစ်ရက်တော့ ဟာသမင်းသားက အိမ်ပြန်နောက်ကျပါတယ်။ ဒါနဲ့သူရဲ့ကောင်မလေးဖြစ်သူက ဟာသရဲ့ ကုတ်အင်္ကျီကိုအသည်းအသန်တောင်းပြီး မိန်းမဆံပင်တွေ့လို တွေ့ငြား ရှာပါတော့တယ်။

ဆံပင်ချည်တစ်မျှင်မှ မတွေ့လိုဟာသမင်းသားလေးက စိတ်အေးသက်သာသွားချိန်မှာ သူကောင်မလေးက သ၀န်တို တတ်သူပီပီ ဒေါသတကြီး ဆိုလိုက်တာက "ရှင် ကျွန်မကွယ်ရာမှာ ကတုံးမ တစ်ယောက်နဲ့ ဖောက်ပြန်နေတယ်မဟုတ် လား .."တဲ့။

ဘာရမလဲ မြန်မာကွ

အမေရိကနှ်သုတေသီတို့ အမေရိကန်နိုင်ငံမှ မြေကြီးကိုတူးသည်
၁၀ပေ ရောက်သောအခါကြေးနန်းကြိုးစကိုတွေ့သည်
အမေရိကန်နိုင်ငံသည် လွန်ခဲ့သောနှစ်တစ်ရာ ကတည်းကကြေးနန်းဆက်သွယ်ရေးထွန်းကားခဲ့သည် ဟုကြေညာလိုက်သည်။
ဂျပန်သုတေသီတို့ ဂျပန်နိုင်ငံမှ မြေကြီးကိုတူးသည်
၅ပေ ရောက်သောအခါကြေးနန်းကြိုးစကိုတွေ့သည်
ဂျပန်နိုင်ငံသည် လွန်ခဲ့သောနှစ်ငါးဆယ် ကတည်းကကြေးနန်းဆက်သွယ်ရေးထွန်းကားခဲ့သည် ဟုကြေညာလိုက်သည်။
မြန်မာသုတေသီတို့ မြန်မာနိုင်ငံမှ မြေကြီးကိုတူးသည်
၅ပေ ဘာမှမတွေ့၊ ၁၀ပေ ဘာမှမရှိ၊၁၅ပေ မတွေ့
မြန်မာနိုင်ငံသည်လွန်ခဲ့သောနှစ်တစ်ရာ့ငါးဆယ် ကတည်းက Wireless ဆက်သွယ်ရေးထွန်းကားခဲ့သည် ဟုကြေညာလိုက်သည်။ မှတ်ကရော

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...