Friday, March 21, 2014

အမျိုးသမီးလစဉ်သုံးပစ္စည်းများနဲ့ ကင်ဆာရောဂါအန္တရာယ်


အိန္ဒိယနိုင်ငံ၊ ကာလကတ္တားရှိ Tata Cancer Hospital(ခေါ်)ကင်ဆာဆေးရုံ မှ အမျိုးသမီးများအတွက် ကျမ္မာရေးအသိပေးနှိုး ဆော်ထားချက်ကို မျှဝေလိုက်ပါရစေ။
အဲဒီဆေးရုံမှာ သားအိမ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာတို့ ဖြင့် လာရောက်ကုသမှု ခံနေကြတဲ့ အမျိုးသမီးဝေဒနာရှင်များကို ဆေးမှတ်တမ်းပြုစု၍ ရောဂါရာဇ၀င်ကို လေ့လာစမ်းစစ်တဲ့ အခါမှာ၊

ထိုကင်ဆာဝေဒနာသည်အများစု ဟာ ဓမ္မတာရာသီလာတဲ့အခါ pad(ခေါ်)လစဉ်သုံးပစ္စည်းကို အတွင်းခံဘောင်းဘီမှာ အချိန်ကြာမြင့်စွာထားပြီး၊ တော်တော်နဲ့  အသစ်လဲလေ့မရှိခဲ့ကြတာကို အဖြေရှာတွေ့ ခဲ့ပါတယ်။
ရာသီသွေးဆင်းတဲ့အခါ အတွင်းခံဘောင်းဘီမှာ ကပ်ထားတဲ့
pad(ခေါ်)လစဉ်သုံးပစ္စည်း က အပြင်အ၀တ်အထည်တွေကို မစွန်း ထင်းစေဖို
့စုပ်ယူထိန်းထားပေးလေ့ရှိပါတယ်။ pad တွေကို ဓာတုပစ္စည်းတွေနဲ
့ဖန်တီးပြုလုပ်ထားခြင်းကြောင့်သာ၊ အခုလို ရာသီသွေးရည်များနဲ့
့အစိုဓာတ်ကို အချိန်ကြာကြာ စုပ်ယူုထိန်းထားနိုင်တာပါ။ ဒါပေမယ့်
အချိန်တော်တော်ကြာ စုပ်ယူပြီးနောက် မှာတော့ pad မှာပါတဲ့
ဓာတုပစ္စည်းများပျက်ပြယ်ကာ အထဲမှာစုပ်ယူထိန်းပေးထားတဲ့သွေးပုပ်များကို
ဓာတ်ပြောင်းလဲစေပြီး၊ အနီရောင်မှ အစိမ်းရောင်မှိုဖြစ်သွားပါတော့တယ်။
ထိုမှိုများက ယောနိလမ်းကြောင်းမှတဆင့် သားအိမ်လမ်းကြောင်းနဲ့  ဆီးလမ်း
ကြောင်းတလျှောက် ပျံ့  နှံ့ သွားကာ၊ နောက်ဆုံးမှာတော့ ဆီးအိမ်နဲ့ 
သားအိမ်တို့  ကို ကင်ဆာဖြစ်လာစေပါတယ်။ ဒါ့ကြောင့် pad ကို
အတွင်းခံမှာအကြာကြီးမထားဘဲ ၅-နာရီကြာတိုင်း အသစ်လဲပေးပါလို့  Tata
Cancer Hospital ကအကြံပြုထားပါတယ်။ ၄င်း လစဉ်သုံးပစ္စည်းများသာမက၊ daily use(ခေါ်)နေ့ စဉ်သုံး ကပ်ခွာပစ္စည်း တွေကိုလည်း ၅-နာရီကြာသုံးပြီးတိုင်း
အသစ်လဲလှယ် ပေးသင့်ပါတယ်တဲ့။
၂၀၁၃ခုနှစ်၊ Tata Cancer Hospital ရဲ့  မှတ်တမ်းအရ၊ pad တစ်ခုတည်းကို
အချိန်ကြာကြာသုံးစွဲခဲ့ခြင်းကြောင့် ဖော်ပြပါ ကင် ဆာရောဂါများနဲ့ 
ကွယ်လွန်သူအမျိုးသမီးဦးရေမှာ ၂၀၁၃ခုနှစ်၊ စက်တင်ဘာလလယ်အထိ ၅၆ ဦးရှိနေပါပြီတဲ့။

ဒါကြောင့် အမျိုး သမီးထု တကိုယ်ရေးသန်
့ရှင်းကျမ္မာရေးအတွက် လွန်စွာအရေးကြီးလို့  ရှက်စရာလို့ မယူဆဘဲ၊
ဒီသတင်းကို မိမိရဲ့  မိတ်ဆွေ၊ အပေါင်းအသင်းများအား ကျယ်ကျယ်ပြန့် ပြန်
့မျှဝေအသိပေးပါလို့ ကင်ဆာဆေးရုံမှ ထပ်လောင်းအကြံပြုထားပါတယ်။

(ပေါက်ပေါက်…မျှဝေသည်)

(အမျိုး သမီးထု တကိုယ်ရေးသန်ရှင်းကျမ္မာရေးအတွက် လွန်စွာအရေးကြီးလို့  ရှက်စရာလို့ မယူဆဘဲ၊ ဒီသတင်းကို မိမိရဲ့  မိတ်ဆွေ၊ အပေါင်းအသင်းများအား ကျယ်ကျယ်ပြန့် ပြန်မျှဝေအသိပေးကြပါ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...