Monday, March 10, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၁၀-၃)

သစ်ထူးလွင်


Posted: 10 Mar 2014 05:01 AM PDT
အစိုးရ ၀န်ကြီးဌာနတွေအနေနဲ့ သတင်းထုတ်ပြန်ရေးမှာ အားနည်းနေသလို မြန်မာ စာနယ်ဇင်း သမားတွေအနေနဲ့လည်း  စာနယ်ဇင်း အတတ်ပညာနဲ့ ကျင့်ဝတ်တိုးတက်အောင်လုပ်ဖို့ လိုသေးတယ်လို့ အစိုးရ ပြန်ကြားရေး ၀န်ကြီးဌာနက  ပြောကြားလိုက်ပါတယ်။ လွတ်လပ်တဲ့ စာနယ်ဇင်းတွေရဲ့ စိန်ခေါ်မှု ခေါင်းစဉ်နဲ့  ရန်ကုန်မှာ ဒီနေ့ကျင်းပတဲ့  အပြည်ပြည်ဆိုင်ရာ မီဒီယာညီလာခံမှာ  ပြန်ကြားရေး ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးရဲထွဋ်က အခုလို ပြောဆိုလိုက်တာပါ။
Posted: 10 Mar 2014 04:42 AM PDT
ရန်ကုန် မဇ္ဈိမ။ ။ အရှေ့ဒဂုံမြို့နယ်တွင် တတိယနှစ် ကွန်ပျူတာ ကျောင်းသူတစ်ဦးကို မော်တော်ယာဉ် တစ်စီးက ဝင်တိုက်မိမှုတစ်ခု မတ်လ ၉ ရက် ၇နာရီကျော်က ဖြစ်ပွားခဲ့သည်။ (၉)ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းအတိုင်း အနောက်မှ အရှေ့သို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသည့် ယာဉ်အမှတ်၊ အမျိုးအစား မသိ ယာဉ်က ဆုပြည့်စုံ အမျိုးသမီး သီးသန့်ဘောဒါဆောင်ရှေ့အရောက် ဝဲဘက်လမ်းစပ်တွင် လမ်းလျှောက်နေသည့် ကွန်ပျူတာ ကျောင်းသူကို
Posted: 10 Mar 2014 04:16 AM PDT
ရန်ကုန်၊ မတ် ၉ ရန်ကုန်မြို့တော်တွင် မောင်းနှင်နေသည့် နယ်လိုင်စင် အငှားယာဉ် (TAXI) များကို ဖမ်းဆီးရာတွင် ယာဉ်မောင်းလိုင်စင် မပါဘဲ မောင်းနှင်မှု ပုဒ်မ (၁၅/၆၄) ဖြင့် အရေးယူခံရကြောင်း အငှားယာဉ် ကုမ္ပဏီ အချို့ထံမှ သိရသည်။ နယ်လုပ်ငန်း လိုင်စင်ဖြင့် မောင်းနှင်ခြင်းကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်သော်လည်း အမှတ် ၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးသို့ ဒဏ်ငွေ သွားရောက် ပေးဆောင်ရာတွင် ယာဉ်မောင်း လိုင်စင်မဲ့ဖြင့်
Posted: 10 Mar 2014 04:14 AM PDT
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်နေရာ ၂ ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားတွေဟာ လုပ်အားခလစာနဲ့ ပတ်သက်ပြီး မကျေနပ်လို့ ဆန္ဒပြခဲ့ကြပါတယ်။ ဖူးခက်မြို့ ပါတောင်ရပ်ကွက်နဲ့ မခိုရပ်ကွက် ၂ ခုထဲက ပန်နဆွန် ဆောက်လုပ်ရေးကုမ္ပဏီပိုင်  ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ ဒီနေ့ မနက်ပိုင်းက မြန်မာ အလုပ်သမား ၃၀၀ ကျော် ဆန္ဒပြခဲ့ကြတာပါ။ လုပ်အားခ ရှင်းမပေးတာ၊ စာချုပ်ထဲပါတဲ့
Posted: 10 Mar 2014 04:13 AM PDT
ကလေး၊ မတ် ၁ အိန္ဒိယ လူမှုအဖွဲ့အစည်းများက ရက်ရှည် ပိတ်ထားခဲ့သော အိန္ဒိယ-မြန်မာ နယ်စပ် ကုန်သွယ်လမ်းကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှစ၍ ပြန်လည် ဖွင့်လှစ်ခဲ့လျှင် အိန္ဒိယဘက်မှ စိတ်ကြိုက် ဈေးကစားနိုင်ပြီး မြန်မာကုန်သည်များ အရှုံးပေါ်လာနိုင်ကြောင်း နယ်စပ်ဒေသရှိ ကုန်သည်များမှ သုံးသပ်ပြောဆိုသည်။ “ကျွန်တော်တို့ဘက်က ကုန်တွေ အလုံးအရင်းနဲ့ သူတို့ဘက်ကို ဝင်သွားမှာဆိုတော့ သူတို့ဘက်က စိတ်ကြိုက်ေ
Posted: 10 Mar 2014 04:09 AM PDT
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်ပိုင် ပင်လယ်ပြင်တွင် ငါးခိုးဖမ်းသည့် မြန်မာနိုင်ငံသားပိုင် ကမ်းဝေးငါးဖမ်းစက်လှေ နှစ်စီးကို တနင်္သာရီရေတပ်စခန်းဌာနချုပ်က မတ်လ ၇ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ ကျွန်းစုမြို့နယ်ပိုင် ဒုံးကျွန်း၏ အရှေ့တောင်ဘက် တစ်မိုင်ခန့်အကွာ မြန်မာ့ပင်လယ်ရေပြင်ပိုင်နက်တွင် မတ်လ ၇ ရက် ည ၉ နာရီခန့်က တပ်မတော်ရေမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အဆိုပါနေရာသည်
Posted: 10 Mar 2014 04:07 AM PDT
ယူကရိန်းနိုင်ငံအနောက်ပိုင်း လေတပ်အခြေစိုက်စခန်းမှာ လက်နက်အပြည့် တပ်ဆင်ထားတဲ့ ရုရှားတိုက်လေယာဉ်တွေ ရောက်ရှိနေတာနဲ့ပတ်သက်ပြီး ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းတွေကို ယူကရိန်းစစ်တပ်က မတ်လ ၉ ရက်နေ့မှာ ဖြန့်ချိလိုက်ပါတယ်။ ဒီဗွီဒီယိုမှာ အီဗာနိုဖရန်ကို့စ်ဒေသ လေတပ်အခြေစိုက်စခန်းကနေ ရုရှလုပ် မစ်တွမ်တီနိုင်း တိုက်လေယာဉ်တွေ အဆင်းအတက် လုပ်နေပုံကို တွေ့ရပါတယ်။ ကရိုင်းမီယားဒေသကို ယူကရိန်းတပ်တွေ စေလွှတ်ဖို့
Posted: 10 Mar 2014 04:02 AM PDT
မော်ဒယ်လ် ကောင်းမြတ်ဟိန်း သေဆုံးမှု စီအိုင်ဒီ ကိုင်တွယ်ရာ တရားခံပေါ်ပေါက်ရန်နီးစပ်ပြီဖြစ်ကြောင်း စီအိုင်ဒီမှ အဆင့်မြင့် အရာရှိကြီး တစ်ဦးက ထုတ်ဖော်ပြောကြား လိုက်သည်။ ယင်းကဲ့သို့ တရားခံ ပေါ်ပေါက်ရန်နီးစပ်လာမှုကို စီအိုင်ဒီ မှ အဆင့်မြင့် အရာရှိက''ဆရာဝန်ဆေးစစ်ချက်ထွက်လာပြီး စီအိုင်ဒီ က ကိုင်တွယ်စစ်ဆေးနေတယ်။ ဒီအမှုက တိမ်မယောင်နဲ့နက်ပေ မယ့် သေဆုံးမှုရဲ့အဓိကတရားခံသဲလွန်စကို ရထားပါပြီ။ မကြာခင် မှာ
Posted: 10 Mar 2014 03:57 AM PDT
မန္တလေး၊ မတ် ၉ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် ညပိုင်းအချိန် ကုန်တင် စက်လှေ၊ သင်္ဘောများရှိ ပစ္စည်းများကို လူအုပ်စုတစ်စုက ဓားပြဆန်ဆန် တုတ်၊ ဓား၊ လေးခွများဖြင့် ပစ္စည်းလုယူမှုများ ပြုလုပ်နေသူ ၁၈ ဦးကို မတ်လ ၇ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ဖမ်းဆီးရမိပြီး အခြားအမှုများ ကျူးလွန်ခြင်းရှိ မရှိ စုံစမ်း စစ်ဆေးလျက်ရှိကာ မသင်္ကာမှုဖြင့် အရေးယူ ဆောင်ရွက်လျက်
Posted: 10 Mar 2014 03:55 AM PDT
ရန်ကုန် မဇ္ဈိမ။ ။ မြန်မာနိုင်ငံရှိ ဝိတိုရိယ ဆေးရုံနှင့် အမေရိကန်နိုင်ငံ Alliance for Smiles အဖွဲ့တို့ ပူးပေါင်း၍ နုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို ခွဲစိတ်ကုသရန် စီစဉ်ရာတွင် လာရောက်စာရင်းပေးသူ၏ ၇၅% နှုန်းကို ခွဲစိတ်ပေးမည်ဖြစ်သည်ဟု ဝိတိုရိယဆေးရုံက မတ်လ ၁ဝ ရက်တွင် ပြောကြားသည်။ မတ်လ ၁ဝ ရက် ဝိတိုရိယဆေးရုံတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝိတိုရိဆေးရုံ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာအေးအေးစန်းက
Posted: 09 Mar 2014 11:57 PM PDT
ဗီယက်နမ်နိုင်ငံ ဖူကို့ခ်ျကျွန်းနားမှာ ဆီကွက်တွေနဲ့အတူ သံသယဖြစ်ဖွယ် အပိုင်းအစတွေကို တွေ့ခဲ့ပြီးတဲ့နောက် လူ ၂၃၉ ယောက် တင်ဆောင်ထားပြီး ပျံသန်းရင်း ပျောက်ဆုံးနေဆဲ မလေးရှားလေကြောင်းလိုင်းပိုင် လေယာဉ်ကို နိုင်ငံအတော်များများက မတ် ၁၀ ရက်နေ့ထိ ဆက်လက်ရှာဖွေနေပါတယ်။ ဘိုးရင်း 777-200 လေယာဉ်ပျောက်ဆုံးမှုကို ရှာဖွေစုံစမ်းနေတဲ့ အရာရှိတွေကတော့ လေယာဉ်ဟာ ပျံသန်းနေဆဲမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားခဲ့တယ်လို့
Posted: 09 Mar 2014 11:20 PM PDT
''တပ်မတော်နဲ့ အရပ်ဘက် နိုင်ငံရေး အင်အား စုတို့ရဲ့ အဓိက ကွာဟတဲ့ ပြဿနာပဲ။ ဘာလို့လဲ ဆိုတော့ တစ်ချိန်လုံးသူက ရန်သူကို လှည့်စားဖို့၊ လက်ဦးမှုယူဖို့၊ တိုက်ဖို့ဆိုပြီး လေ့ကျင့် သင်ကြားထားတဲ့ ပုဂ္ဂိုလ်တွေဟာ နိုင်ငံရေးမှာ ပါဝင်ပတ်သက်လာတဲ့ အခါကျတော့ သူတို့ရဲ့ နိုင်ငံရေး သဘောထား၊ အယူအဆ၊ ဆုံးဖြတ်ချက်ကို မှန်မှန် ကန်ကန်သိဖို့ဆိုတာ ထိတွေ့ဆက်ဆံမှုများလာမှသာ အကဲ ခတ်နိုင်လိမ့်မယ်''ဟု ဆိုသည်။ ကာချုပ်အရွေ့သည်ြ
Posted: 09 Mar 2014 11:24 PM PDT
ကနေဦးအနေဖြင့် ''လက်ရှိမြန်မာ့တပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂ဝ၁၅ ခုနှစ်အလွန် မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် သမ္မတ သို့မဟုတ် ဒုတိယသမ္မတ ဖြစ်လာနိုင်ပါသလား''ဟု မေးခွန်းထုတ်မည်ဆိုပါက နှင်းမှုန်ကြားတွင် ပျံသန်းနေသည့် လင်းယုန်ငှက်တစ်ကောင်ကို မျှော်ကြည့်ရသလို ဖြစ် ပေလိမ့်မည်။ မှုန်မှုန်ဝါးဝါးနှင့် မသဲမကွဲနိုင်လှသည်။ သို့သော် အမေး ရှိလျှင် အဖြေရှိပါသည်။
Posted: 09 Mar 2014 11:12 PM PDT
ရန်ကုန်၊ မတ် ၉ လှိုင်သာယာမြို့နယ် အောင်ဇေယျ ကြိုးတံတားအဆင်း (၁) ထိပ် မှတ်တိုင်အနီးတွင် မတ်လ ၉ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ ခန့်က ကုန်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်ရာမှ အရှိန်မထိန်းနိုင်ဘဲ ၁၂ ဘီးယာဉ်နှင့် တိုက်မိကာ ကုန်တင်ယာဉ် တိမ်းမှောက်စဉ် အငှားယာဉ်ကို ပိမိခဲ့ရာမှ အငှားယာဉ်မှ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး လေးဦးမှာ ဒဏ်ရာ ပြင်းထန် ကြောင်း လှိုင်သာယာမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
Posted: 09 Mar 2014 10:47 PM PDT
ရန်ကုန်၊ မတ် ၉ အိုဇုန်းလွှာ ပါးလွှာခြင်းကြောင့် အရှေ့တောင်အာရှ နိုင်ငံများသို့ ခရမ်းလွန်ရောင်ခြည် (UV radiation) ကျရောက်လျက် ရှိရာ မြန်မာနိုင်ငံတွင် တနင်္သာရီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းတို့ အပြင် မန္တလေးတိုင်း ဒေသကြီးတွင် မတ်လ ဒုတိယပတ် အတွင်း ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၁၂ အထက်ကိုေ
Posted: 09 Mar 2014 10:46 PM PDT
အသက်ခုနစ်ဆယ်အရွယ် အမျိုးသားကြီး တစ်ဦးက ဂင်းနစ်မှတ်တမ်း ၀င်နိုင်ရန် ၎င်း၏ ထူးခြား စွမ်းရည်များကို မတ်လ ၉ ရက်တွင် မီဒီယာများရှေ့၌ ပထမဆုံး အကြိမ် ထုတ်ဖော် ပြသခဲ့သည်။ မော်ကင်းထံမသီ မျိုးနွယ်စုဝင်(ဆလုံတိုင်းရင်းသား) ဖြစ်သော ဦးငြိမ်းချမ်းအောင်သည် ဂင်းနစ်စံချိန်တင်နိုင်ရန်အတွက် ၎င်း၏ စွမ်းရည်များအား ကမ္ဘာကသိစေရန် ရည်ရွယ်၍  ပြကွက် ၁၀ ကွက်ကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် တုလွတ်အောင်မြေကျောင်းတိုက်တွင်ြ
Posted: 09 Mar 2014 10:41 PM PDT
မုံရွာဈေးကွက်အတွင်း ရောင်းချသော ၀က်အူချောင်း(ဒေသအခေါ်) ၀က်အူတောင့်များတွင် အသားတုများ ထည့်သွင်းရောင်းချခဲ့သည့်နောက် ၀က်အူဆိုင်အချို့မှာ အာမခံစနစ်ဖြင့် ရောင်းချနေရကြောင်း ၀က်အူတောင့်ရောင်းချသူများက ပြောသည်။         ‘‘မုံရွာဈေးထဲက ၀က်အူတောင့်အချို့မှာ အသားတုတွေ ထည့်သွင်းရောင်းချလာတဲ့အတွက် ၀က်အူတောင့်လုပ်ငန်းရှင်အချို့ အာမခံစနစ်နဲ့ ရောင်းရတယ်။ ၀က်အဆီနဲ့ အသားတုရောစပ်ပြီး ရောင်းတဲ့အတွက်
Posted: 09 Mar 2014 10:25 PM PDT
ရန်ကုန် မတ် ၉ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ ညနေ ၅ နာရီတွင် နေပြည်တော် သမ္မတလယ်တောအိမ်၌ မိနစ် ၅ဝ ခန့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရ သည်။ ''နိုင်ငံတော်သမ္မတနဲ့ဒေါ်အောင် ဆန်းစုကြည်တို့ နိုင်ငံကောင်းရာ ကောင်းကျိုးအတွက် တွေ့ဆုံတာ ဖြစ်ပါတယ်''ဟုသမ္မတရုံးမှတာဝန် ရှိသူတစ်ဦးက ပြည်ထောင်စုနေ့စဉ် သို့
Posted: 09 Mar 2014 10:03 PM PDT
မော်လမြိုင်၊ မတ် ၉ ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ရှေးခေတ် မွန်ယဉ်ကျေးမှု အမွေအနှစ် လက်ရာများ တည်ရှိရာ ရှေးဟောင်းသမိုင်းဝင် ကော့ဂွန်းဂူသို့ နိုင်ငံခြားသား လာရောက်လည်ပတ်မှု ယမန်နှစ်ထက် ပိုများလာသည်ဟု ကော့ဂွန်းဂူ သဒ္ဓမ္မရတနာ ဓမ္မာရုံကျောင်း ဆရာတော်က မိန့်ကြားသည်။ ကော့ဂွန်းဂူသို့ လစဉ် နိုင်ငံခြားသား လာရောက်လည်ပတ်မှု တဖြည်းဖြည်း များပြားလာပြီး ယခုနှစ် ဇန်နဝါရီလမှ စပြီး တစ်လလျှင် နိုင်ငံပေါင်းစုံမှ နို
Posted: 09 Mar 2014 10:01 PM PDT
ရန်ကုန်၊ မတ် ၉ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် နာယက ဆရာတော် အရှင်ဝီရသူ ပုံကို အသုံးပြုကာ တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးတွင် The Face of Buddhist Terror ဟူသည့် ဆောင်းပါးကို ရေးသားဖော်ပြခဲ့သူ တိုင်းမ်မဂ္ဂဇင်း ဆောင်းပါးရှင် မစ္စဟန်နာဘိခ်ျ၏ မြန်မာနိုင်ငံသို့ လာရောက်ခွင့် ဗီဇာ လျှောက်ထားမှုကို အစိုးရက ခွင့်မပြုကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။ ရန်ကုန်မြို့တွင် မတ်လ ၁၀
Posted: 09 Mar 2014 09:59 PM PDT
ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ထုတ် Mobile Guide Journal Issue 145 ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 
Posted: 09 Mar 2014 09:56 PM PDT
ဖေဖော်ဝါရီလ(၉)ရက်နေ့ ထုတ် Digital Life နည်းပညာဂျာနယ်၏ အတွဲ ၂ အမှတ် ၄၄ ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 
Posted: 09 Mar 2014 09:42 PM PDT
မြန်မာနိုင်ငံတွင် မတ်(၉)ရက်နေ့ ညနေ(၃း၄၁)နာရီ အချိန်မှာ တောမီး လောင်ကျွမ်း နေတဲ့ နေရာပေါင်း (၈၉၈) နေရာကို တွေ့ရှိ ထား ရန်ကုန်-မတ်၁၀ မြန်မာနိုင်ငံတွင် မတ်၉ရက်နေ့ ညနေ(၃း၄၁)နာရီအချိန်မှာ တောမီးလောင်ကျွမ်းနေတဲ့ နေရာပေါင်း (၈၉၈) နေရာကို တွေ့ရှိ ထားကြောင်း ဒေါက်တာထွန်းလွင် ဖေ့ဘွတ်စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။ ထိုပြင် ဆူမတြာကျွန်းကစတဲ့ မီးခိုးငွေ့တွေ (၈-၃-၂၀၁၄)ရက်နေ့မှာ ဂြိုဟ်တု တိုင်းတာချက်တွေ
Posted: 09 Mar 2014 09:15 PM PDT
EU ဥရောပသမဂ္ဂ ခရီးသွားနဲ့ ကုန်သွယ်ရေးကောင်စီ ရဲ့ ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ခရီးသွား လည်ပတ်ဖို့နေရာဆု မြန်မာနိုင်ငံကို ချီးမြှင့်မယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်း ကြီးထွားဖွံ့ဖြိုးလာနေတာ၊ အာရှတိုက်မှာသာမက ကမ္ဘာမှာပါ တမူထူးခြားကျော်ကြားတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေရှိရာ နေရာဒေသတွေကို ဆွဲဆောင်အားကောင်းတဲ့ လည်ပတ်ကြည့်ရှုစရာ ခရီးသွားနေရာတွေအဖြစ် ဖန်တီးနိုင်တာတွေကြောင့် ဆု
Posted: 09 Mar 2014 08:38 PM PDT
ရန်ကုန်၊ မတ် ၉ ကျန်းမာရေး ဝန်ကြီးဌာနက တရားဝင် ရောင်းချခွင့် ပြုထားသော အိုအိရှိ အာလူးကြော်နှင့် ထိုင်းနိုင်ငံထုတ် DeeDo အအေးဘူးများတွင် စားသုံးရန် မသင့်သော ဓာတုပစ္စည်းများ ပါဝင်နေသည်ကို သမဝါယမ ဝန်ကြီးဌာန လက်အောက်ရှိ ဓာတ်ခွဲခန်းတွင် စစ်ဆေး တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားသည်။ ဓာတ်ခွဲခန်း စစ်ဆေးချက်အရ အိုအိရှိတံဆိပ် အာလူးကြော် အတွင်း အက်စစ် ပမာဏ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...