Tuesday, March 11, 2014

"ကျွန်တော်နူင့် အိမ်အိုကြီးး"



"ဘယ်လို အဲဒီအိမ်ကြီးက သရဲခြောက်တယ် ဟုတ်လား"
"ဟုတ်တယ်.. ခင်ဗျားက သူရဲ တစ္စေတွေ စိတ်ဝင်စားတယ်လို့ ကြားဖူးလို့ပါ""ဒီအကြောင်းတော့ ဘယ်သူမှ ပြန်မပြောပါနဲ့ဗျာ.. ကျွန်တော်တို့ လင်မယားက တချိန်က ဒီအိမ်ကြီးမှာ အလုပ် လုပ်ခဲ့ကြတာ"

"စိတ်ဝင်စားစရာပဲ .. ကျွန်တော်က ဒီမြို့လေးကို အလည်လာတာဆိုတော့ အချိန်သိပ်မရဘူးဖြစ်နေတယ်ဗျာ.."နောက်ပြီး ကျွန်တော်တည်းခိုတဲ့ နေရာနဲ့လည်း အတော်လှမ်းနေတယ်"
"ဒါဆိုဒီလိုလုပ်ပါ.. ကျွန်တော်တို့အိမ်မှာလိုက်တည်းပါလား.. တရက်နူစ်ရက်တော့ရပါတယ်"

"အေးဗျာ ခုလိုကူညီတာကျေးဇူးတင်ပါတယ်.. ကျွန်တော်စဉ်းစားလိုက်အုံးမယ်"
"ကောင်းပီလေ ခင်ဗျားသဘောပါ.. အော်.. ဒါနဲ့ ခင်ဗျားလာမယ်ဆိုရင် ညဘက်လာဗျ.. ကျုပ်တို့လင်မယားနူစ်ယောက်စလုံး နေဘက်ဆိုတခြားမှာ အလုပ်သွားလုပ်ကြလို့ပါ"

ရသည့် သီတင်းကတော့ သိချင်တဲ့သူစိတ်ကိုလက်ယပ်ခေါ်ငင်လျက်ရှိခြေပြီ။ ဒီမြို့လေးကိုလာခဲ့တာလည်း စာရေးဖို့မဟုတ်ပေမဲ့ .. ရေးစရာစိတ်ကူးကောင်းတခုခု ရလိမ့်နိုးနဲ့ထွက်လာခဲ့တာပင်။ ကိစ္စမရှိပါဘူးလေ အိမ်ကိုနောက်တရက်နူစ်ရက်လောက်မှ ပြန်ဖြစ်မယ်လို့ ဖုန်းဆက်ရင်ရတာပါပဲ။

ခြံဝကို ရောက်တယ်ဆိုရင်ပဲ "ငုဝါမြိုင်"ဆိုတဲ့ ဆိုင်းဘုတ်ကြီးတခုက အထင်းသား။ ဒါ ဟိုလူပြောတဲ့ခြံပါပဲ..။ လိမ္မော်ပင်အတော်များများဝန်းရံနေတဲ့ အိမ်ကြီးရဲ့ ခပ်ဝေးဝေးတနေရာမှာ အိမ်ကလေးတလုံး.. အိမ်ကြီးကတော့ လူနေပုံမရပါ။ လေတိုက်သံကလွဲရင် ထူးထူးခြားခြားတိတ်စိတ်နေတဲ့ ခြံကျယ်ကြီးထဲ တရွေ့ရွေ့ဝင်လာမိရင်း နောက်ကျောမလုံနဲ့ ခံစားမူမျိုးကိုလည်း ခံစားနေ၏။

အိမ်လေးနားရောက်လာတော့ လူရိပ်လူခြေမတွေ့..
"ဗျို့ .. ကိုတင်မောင် ကိုတင်မောင်"
"ဖတ်"
ရုတ်တရတ် နောက်ကျောကို ဖတ်ခနဲ့ပုတ်လိုက်တဲ့ အထိအတွေ့ကြောင့် အော်မိမလိုဖြစ်သွားတဲ့ နူတ်ခမ်းတွေကို အချိန်မှီဘရိတ်အုတ်လိုက်ရင်း အနောက်လှည့်မိတော့
ဘယ်အချိန်ကရောက်နေလဲမသိတဲ့ ကိုတင်မောင်..
"ခင်ဗျား ရောက်လာပြီကိုး"
"ဟုတ်တယ်ဗျ.. ခုလေးတင်ပဲ ..နေပါအုံး ကျွန်တော် ခုလေးတင်ဒီကဖြတ်လာတာ ခင်ဗျားကို မတွေ့မိပါဘူး"
"ဘယ်တွေ့မလဲ ကျွန်တော်က အပင်တွေကြားမှာဗျ ပေါင်းရှင်းနေတာ"

အိမ်လေးထဲဝင်လာတော့ ဘာပစ္စည်းမှ မယ်မယ်ရမရှိပါ.. လင်မယားနူစ်ယောက်ထဲပြီးတော့ ညဘက်အိပ်ရုံသာ အိပ်ကြလို့ ဖြစ်ပေလိမ့်မည်။

"ကဲ.. နားပါအုံး ခင်ဗျားက ဒီမှာအိပ်.. ကျုပ်တို့လင်မယားက အခန်းထဲမှာအိပ်မယ် ဖြစ်တယ်မှတ်လား.."
"ဖြစ်ပါတယ်ဗျာ.. ကျုပ်က တကိုယ်ရေတကာရပဲ""ခင်ဗျား မိန်းမရော မမြင်ပါလားဗျ.. လာပါလိမ့်မယ် သူက ဟိုအိမ်ကြီးမှာ သန့်ရှင်းရေးသွားလုပ်နေတယ် ခနနေရင် လာပါလိမ့်မယ်"

ခနနေတော့ ကိုတင်မောင်ရဲ့ဇနီးပြန်ရောက်လာပြီး ကျွန်တော့ကိုထမင်းခူးခပ်ကျွေးလေသည်။
"ကိုတင်မောင် ခင်ဗျားမိန်းမက ဟိုအိမ်ကြီးကို တယောက်ထဲသန့်ရှင်းရေးသွားလုပ်တာ မကြောက်ဘူးလား"
"သူက ဒီအိမ်မှာပဲကြီးလာတာဗျ.. သံယောဇဉ်လည်း ရှိပြီးသားဆိုတော့ မကြောက်တော့ပါဘူး.. တခါတလေ ကျွန်တော်ပါ လိုက်သွားတယ်'
"ထည့်စားနော်.. ထမင်းက မနက်ကချက်ခဲ့တာဆိုတော့ ချွေးနံ့တော့ နဲနဲထွက်ချင်နေပြီံ .. ခင်ဗျားကို အားနာပါတယ်ဗျာ.. နောက်နေ့တော့ ကောင်းကောင်းချက်ကျွေးပါ့မယ်"

"ရပါတယ်ဗျာ.. စားကောင်းပါတယ်"
စားကောင်းပါတယ် ပြောလိုက်ရပေမဲ့ တချက်တချက်ရတဲ့ ခပ်သိုးသိုးအနံ့က လည်ခြောင်းဝ ပျို့ချင်ချင်ဖြစ်နေရပီ ထမင်းတပန်းကန်ကို အမြန်ပင်လက်စ သိမ်းရလေသည်။

"ဂူးး.. ဂူးးး"
ဆိုးဆိုးရွားရွား ငှက်ဆိုးထိုးသံကြောင့် လန့်နိုးသွားပြီး တော်တော်နူင့်ပြန်အိပ်မရတော့။ မျက်လုံးတွေက အိမ်အိုကြီးဆီ အကြည့်ရောက်တယ် ဆိုရင်ပဲ တစုံတရာကိုတွေ့လိုက်ရလေ၏။ အိမ်အိုကြီးရဲ့ အပေါ်ထပ် လသာဆောင်မှာ မိန်းမသဏ္ဍန်တခု ဆံပင်တွေက အတော်အတန်ရှည်လျက်ရှိပြီး ဖြူလွှလွှအဝတ်အစားတွေနှုငိ့။ ကြည့်နေရင်းပင် သူကိုပြန်ကြည့်သလိုပင်ခံစားရပီး ရေငတ်သလိုဖြစ်လာလေသည်။

ခဏကြာတော့ ဖြူလွှလွှအရိပ်ပိုင်ရှင်က အိမ်ကြီးထဲသို့ တရွေ့ရွှေုဝင်ရောက်ပြောက်ကွယ်သွားခြေသည်။ အာရုံလင်းလု သုံးနာရီလောက်ထိ စန္တယားအသံခပ်တိုးတိုးက အိမ်ကြီးဆီမှ ပျံ့လွင့်နေပြီးတော့ မျက်လုံးများမှေးဆင်းလာလျက် ဘယ်အချိန်က အိပ်မေါကျသွားသည် မသိ.. သူလက်ကို တစုံတယောက်က လူပ်ငင်နိုးမူကြောင့် မျက်လုံးတွေဖွင့်ကြည့်လိုက်တော့ ဆံပင်ရှည်များနှုင့် မိန်းမပျိုတယောက်။
"ဒီမှာ ဒီမှာ.. ရှင်ဘာလို့ ဒီမှာ လာအိပ်နေတာလဲ"
"ခင်ဗျား.. ခင်ဗျား.. ဘယ်သူလဲ"
"ကျွန်မက ဒီခြံပိုင်ရှင်ရှင့် ဟိုအိမ်ကြီးမှာနေတယ်"
"ဗျာ..ဒါဆို ဒါဆို.. "
အိပ်ချင်စိတ်တွေတောင် ဘယ်ထွက်ပြေးသွားမသိ.. ဒါဆို ညက တွေ့ခဲ့တာ သူမပေါ့။
"ဒီမှာ ရှင်ဘာဖြစ်နေတာလဲ.. အူကြောင်ကြောင်နဲ့"
"ဒါဆို ခင် ခင်ဗျားက သူရဲမပေါ့ ဟုတ်လား"

"ဟင်း... ဒီပြသနာတွေပဲ ရှင်းရပေါင်းမနဲတော့ဘူး.. ရှင်ကိုတင်မောင်တို့ လင်မယားနဲ့ တွေ့လာပြီ ထင်တယ်"
"ဟုတ် ဟုတ်ပါတယ် ကျွန်တော်က သူဧည့်ပါ"

"ပြောရရင် ဇာတ်ကြောင်းရှည်တယ်.. ဒီလိုပါ.. ကိတင်မောင်တို့လင်မယားက ကျွန်မ အဖိုးအဖွားလက်ထပ်ထဲက ဒီအိမ်မှာ အလုပ် လုပ်ကြတယ်။ ကျွန်မ မိဘတွေမဆုံးခင် သူတို့လက်မယားလက်ထဲကို ကျွန်မကိုအပ်ခဲ့တာပါ။ တနေ့မှာ အိမ်ထဲကို ဓါးပြတွေ ဝင်ခဲ့တယ် အဲဒီမှာ လုံးထွေးသတ်ပုတ်ရင်း သူတို့လင်မယားကို သတ်သွားကြတယ် ဆိုပါတော့။ ဒါပေမဲ့ သူတို့ လင်မယားက ခုထိအောင် မကျွတ်နိုင်သေးဘူးလေ""တခါတရံ ခုလိုပဲ လူတွေကို ခေါ်လာတတ်ကြတယ်"

အပြန်လမ်းတလျောက် ပြန်လာခဲ့ပေမဲ့ ကြုံခဲ့တဲ့ အဖြစ်တွေကို မယုံနိုင်သလို ခံစားရတုန်း။ ပြန်ဖို့ ကားလက်မှတ်ဝယ်ပြီးပြီ ဗိုက်က ဟာနေတာကို အရင်ဖြည့်အုံးမှပါပဲ..။

"ဟာ.. ကိုလေး မပြန်သေးဘူးလား"
"အေးကွာ.. ကိစ္စလေးနည်းနည်းပေါ်လာလို့ ကြာသွားတာ"
"ဒါနဲ့ ကိုလေး ဟိုတနေ့က ငုဝါမြိုင် ခြံဘက်ကို မြင်းလှည်းငှားတာကြားလိုက်မိတယ် ဘာသွားလုပ်တာလဲဗျ"

"ဒါက ဒီလိုဟေး.."
ဖြစ်ကြောင်းကုန်စင်ကို ပါးစပ်အဟောင်းသားနဲ့ နားထောင်နေတဲ့ စားပွဲထိုးလေးက သူစကားအဆုံး ခပ်ပြုံြးုံပုးလုပ်ရင်း..
"အကိုလေး.. နန်းခင်နဲ့တွေ့ခဲ့ပြီကိုး
အဲဒီအိမ်ကြီးမှာ လူမနေတာ ဆယ်နူစ်ကျော်ကြာပီဗျ.. တနေ့ ဓါးပြတွေ ဝင်ခဲ့ကြတုန်းက အိမ်အလုပ်သမားနူစ်ယောက်နဲ့ နန်းခင်ကိုပါ သတ်သွားတာ။ နောက်ပိုင်း မကြာမကြာဆိုသလို ခြောက်နေတာ ဒီနေ့ထိပဲဆိုဘာတော့"
"ဟေ..."
ကျွန်တော်လက်ထဲက စားလက်စ ဇွန်းက ပန်းကန်ထဲ ဂွက်ခနဲ ပြုတ်ကျသွားတာကို ပြန်မကောက်မိတော့ ... ကျွန်တော့အတွက်တော့ ဒီမြို့ကလေးနဲ့ အိမ်အိုကြီးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေအားလုံး ဘယ်လိုမှ ဖြောက်ဖြတ်နိုင်လိမ့်မည် မဟုတ်တော့ပါ။

Dream.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...