Tuesday, March 4, 2014

"အပျိုရည် အဖျက်ခံလိုက်ရတဲ့ တောင်သမန်"

"အပျိုရည် အဖျက်ခံလိုက်ရတဲ့ တောင်သမန်"
=======================
ကျွန်တော်တို့ မန်းလေးမြို့ကြီးက မင်းနေပြည်တော်ဖြစ်ခဲ့တာနဲ့ အညီ လည်စရာပတ်စရာ သမိုင်းဝင်နေရာတွေဟာ လွန်စွာမှပေါများပါတယ်။ အဲ့ဒီထဲမှာမှ မြန်မာသိ ကမ္ဘာသိ သမိုင်းဝင်ရှေးဟောင်း ဦးပိန်တံတားကြီး
လည်း တစ်ခုအပါအ၀င်ပါပဲ။ မန်းလေးကို လာရောက်လည်ပတ်
ကြတဲ့သူတိုင်း မသွားမဖြစ်သွားကြတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ အထူးသဖြင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်တဲ့
နေရာတစ်ခုဆိုမမှားပါဘူး။ မန်းလေးကိုလာရောက်လည်ပတ်တဲ့သူတိုင်း ဦးပိန်တံတားကိုမရောက်ခဲ့ဘူးဆိုရင် မပြည့်စုံဘူးလို့ ဆိုရလောက်အောင်
ပါပဲ။

၁၂၁၁ ခုနှစ် ကုန်ဘောင်ခေတ် ပုဂံမင်းလက်ထက်မှာ မြို့စားရေး မောင်ပိန်
တည်ခဲ့တဲ့ ဦးပိန်တံတားကြီးဟာ ယနေ့အခါမှာဆိုရင် နှစ်ပေါင်း ၁၆၀ ကျော်တိုင်ခဲ့ပါပြီ။ မြန်မာ့ယဉ်ကျေးမှုရှေးဟောင်းအမွေအနှစ်
တစ်ခုဖြစ်သလို ကမ္ဘာကျော်ရှေးဟောင်း သစ်သားတံတားလည်း
ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အရှည်းလျားဆုံးကျွန်းသစ်သားတံတားကြီး
ဆိုပြီး ကမ္ဘာအရပ်ရပ်က နိုင်ငံခြားခရီးသွားတွေ လာရောက်လည်ပတ် မှတ်တမ်းတင်ကြတဲ့ ရှေးဟောင်းသမိုင်းဝင်နေရာတစ်ခုပါ။ မြန်မာ
ဗိသုကာပညာရှင်များက မြန်မာ့ဆောက်လုပ်ရေးအတတ်ဖြင့် မြန်မာမှု
စစ်စစ် တံတားကြီးအဖြစ် ဦးပိန်တံတားကြီးဟာ အမရပူရ ရှေးဟောင်း
မြို့တော်၏ အမှတ်သင်္ကေတဖြစ်သလို မြန်မာနိုင်ငံသားအားလုံး
အတွက် ဂုဏ်ယူစရာ နေရာတစ်ခုလည်းဖြစ်ပါတယ်။

ဦးပိန်တံတား တည်ရှိတဲ့ တောင်သမန်အင်းကြီးဟာလည်း နွေ၊မိုး၊ဆောင်း ဥတုသုံးရာသီလုံး သဘာဝအလှတရားများနဲ့ ပြည့်စုံတဲ့နေရာလေး
တစ်ခုပါ။ မိုးရာသီ ဆိုရင် ဧရာဝတီမြစ်ရေတက်ချိန်မှာ ရေများဝင်ရောက်ပြီး အင်းတစ်ခုလုံးရေအပြည့်နဲ့ ဦးပိန်တံတားကြီး ဟာလှပလို့နေပါတယ်။ အင်းထဲမှာရေဆင်းချိုးကြ၊ ငါးမျှားကြ ငှက်လေစီးကြနဲ့ တကယ့်ကို
ပျော်စရာပါ။ အင်းရေပြင်ပေါ်မှ ဖြတ်ပြီးတိုက်ခက်လာတဲ့ လေနုအေးလေး
ကို ရူရှိုက်ပြီး တံတားကြီးပေါ် လမ်းလျှောက်ရတဲ့အရသာ ဘာနဲ့မှကိုလဲ
လို့မရအောင်ပါပဲ။ ဆောင်းရာသီမှာဆိုရင်လည်း ရေအနည်းငယ်သာ
ကျန်တော့ပြီး လယ်ယာစိုက်ပျိုးကြတဲ့ စိုက်ခင်းလေးတွေနဲ့ ငွေနှင်းမှုန်
အောက်မှာ လှချင်တိုင်းလှနေပါတော့တယ်။

နွေအခါမှာဆိုရင်တော့ တောင်သမန်အင်းဟာ ရေလုံးဝမရှိတော့ဘဲ စိမ်းစိုနေတဲ့ ကိုင်းခင်း၊ ယာခင်းတွေကြားမှာ ဦးပိန်တံတားဟာ နုပျိုစွာ
လှပနေပါတော့တယ်။ ကျွန်တော်တို့ငယ်ငယ်ကတော့ ပူပြင်းတဲ့နွေရာသီ
မှာ စနေ၊ တနင်္ဂနွေတိုင်း မိသားစုနဲ့အတူထမင်းချိုင့်တွေထုတ်ပြီး
တောင်သမန်ကန်စောင်းက မယ်ဇယ်ပင်ရိပ်တွေမှာ ဖျာတွေခင်းပြီး
ထမင်းတွေစားကြ၊ တံတားကြီးအပေါ်တက်ပြီးဆော့ကြ မောလာရင် မယ်ဇယ်ပင်တွေအောက်မှာ အိပ်ကြနဲ့ တကယ့်ကိုပျော်ရွှင်စရာ မမေ့နိုင်စရာတွေပါပဲ။

ပူပြင်းလှတဲ့ အညာနွေရာသီမှာတော့ တောင်သမန်ဟာ ကျွန်တ်ာတို့
မန်းလေးသားတွေအတွက်တော့ အပူရှောင်ရန် အိုအေစစ်နေရာလေး
တစ်ခုပါပဲ။ ဒီလို နွေမိုးဆောင်း သုံးရာသီလုံး သဘာဝ အလှတရား
များနဲ့ ပြည့်စုံနေတာကြောင့် တောင်သမန်ကို "သုံးပန်လှ တောင်သမန်" လိုတင်စားခေါ်ဝေါ်ခဲ့ကြတာပါ။

ဒေသခံပြည်သူတွေအတွက်လည်း မိုးရာသီရေရှိတဲ့ အချိန်ဆို ငှက်လှေလှော်ကြ၊ ငါးဖမ်းလုပ်ငန်းလုပ်ကြ၊ ဆောင်းနဲ့နွေရာသီမှာတော့ သီးနှံတွေစိုက်ပျိုးကြ၊ ခရီးသွားဧည့်သည်တွေကို လက်မှုအနုပညာ ပစ္စည်းလေးတွေရောင်းကြနဲ့ တောင်သမန်ဟာ ဒေသခံပြည်သူတွေအတွက်တော့ ထမင်းအိုးကြီးပါပဲ။

ဒီလို နွေမိုးဆောင်း သဘာဝအလှတရားများနဲ့ နုပျိုလှပနေတဲ့
တောင်သမန် သမီးပျိုလေးဟာ ဟာလွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း
ကစပြီး ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စီးပွားရေးသမား
တွေနဲ့ စဉ်းစားအသိဥာဏ်မရှိတဲ့ အုပ်ချုပ်သူအာဏာပိုင်တွေရဲ့ အဓမ္မအကျင့်ခံရပြီး အပျိုရေပျက်သွားခဲ့ရပါပြီ။ မိုးရာသီ ဧရာဝတီ
မြစ်ရေတိုးတဲ့အချိန်မှာသာ ရေရှိတဲ့ တောင်သမန် အင်းကြီးဟာ အခုချိန်မှာတော့ ရေပြန်ကျတဲ့အချိန်မှာ ရေပြန်မကျသွားအောင်
ရေထိန်းတံခါးကြီးတေက်ပြီး ဆယ့်နှစ်လရာသီလုံး ရေတွေရှိအောင်
လုပ်ပြီး ငါးမွေးတဲ့ ငါးမွေးကန်ကြီးဖြစ်သွားပါပြီ။ ရေသေကန်ကြီး
ဖြစ်သွားတဲ့အတွက် အမှိုက်သရိုက်များနဲ့ ညစ်ပက်နေပါတော့တယ်။

မန်းလေးစက်မှုဇုံက ရေဆိုးများဝင်ရောက်မှုကြောင့်လည်း ရေများ
ညစ်ညမ်းပြီး အနံအသတ်များမကောင်းတော့ပဲ ရေသိုးနံ့ ငါးညှီနံ့တွေနဲ့ စိတ်ပျက်စရာကောင်းသွားပါတော့တယ်။ လူသားတွေရဲ့ အသိဥာဏ် အမျော်အမြင်ကင်းမဲ့စွာပြုလုပ်လိုက်ချင်းကြောင့် တောင်သမန်ဟာ ရုပ်ဆိုးအကြည်းတန်သွားခဲ့ရပါပြီ။

အရင်က ခြင်ထောင်ထောင်မအိပ်ရတဲ့ တောင်သမန်ဒေသဟာ အခုဆို
ခြင်တွေပေါများလာပါလို့ ခြင်ထောင်နဲ့အိပ်နေရတယ်လို့ ဒေသခံတွေ
ကပြောကြပါတယ်။

တနှစ်ပတ်လုံးရေရှိနေတဲ့အတွက်ကြောင့် နှစ်ပေါင်း တစ်ရာခြောက်ဆယ်
ကျော် သတ်တမ်းရှိတဲ့ သစ်သားတိုင်တွေဟာ အောက်ခြေများဆွေး
လာပြီး တံတားကြီးဟာ တစ်စတစ်စနဲ့ ယိုယွင်းပျက်စီးလာပါပြီ။ ဒီလိုပုံမျိုးနဲ့ဆိုရင်တော့ ဒီတံတားကြီးရဲ့သက်တမ်းဟာ အလွန်
တိုတောင်းသွားပြီး လာမယ့်ဆယ်စုနှစ်အနည်းငယ်အတွင်း ပျောက်ကွယ်
ဖို့ပဲရှိပါတော့တယ်။

တနှစ် တနှစ် အင်းလေလံကြေးကရရှိတဲ့ ငွေမျက်နှာ တစ်ခုတည်း
ကြည့်ပြီး အသိဥာဏ်မဲ့စွာလုပ်ဆောင်မှုကြောင့် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်တစ်ခု ပျက်စီးပျောက်ကွယ်တော့မယ့်
အခြေအနေကိုရင်ဆိုင်နေရပါပြီ။

ဦးပိန်တံတားဟာ စစ်အစိုးရလက်ထက် မှာ အုပ်ချုပ်သူလူကြီးမင်းများရဲ့ ဖျက်စီးချင်းကို အကြိမ်ကြိမ် ခံခဲ့ရတာပါ။ ဦးပိန်တံတားကြီးကို စတည်ကည်းက အပေါ်ပိုင်းထွက်နေတဲ့ တိုင်တွေဟာ အတိုအရှည်
မညီပါဘူး။

ဒါကို မန်းလေးတိုင်းမှူး ဗိုလ်ချုပ်ရဲမြင့် လက်ထက်မှာ အစွန်းထွက်နေတဲ့ တိုင်တွေကို အတိုအရှည်ညီအောင်လို့ဆိုပြီးတော့ ရွှေဥာဏ်တော်စူး
ရောက်ကာ လွှနဲ့ဖျက်ပစ်တော်မှုခဲ့ပါတယ်။ အံသြကုန်နိုင်ဖွယ်မရှိပါပဲဗျာ။

စစ်အစိုးရလက်ထက် လူကြီးမင်းများရဲ့ ဒီလိုမျိုး အသိဥာဏ်မဲ့စွာ
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်လက်ရာတွေကို ဖျက်ဆီးပြစ်တာဟာ အဆန်းတော့မဟုတ်တော့ပါဘူး။ စစ်ကိုင်းမြို့ရဲ့ ထင်ရှားတဲ့ နေရာတစ်ခု
ဖြစ်သော ထုံးဖြူဖြူနဲ့အလွန်ကြည်ညိုသပ္ပာယ်စရာကောင်းတဲ့
ကောင်းမှုတော်စေတီကြီး ကိုတောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ယတြာခြေသလို ဘာလိုဘာလိုနဲ့ ရွှေရောင်သုတ်လိုက်ဆိုပြီး သုတ်လိုက်လို့ ဒေသခံတွေရော မြန်မာတစ်နိုင်ငံလုံးကပြည်သူတွေပါ ရင်ထုမနာဖြစ်ခဲ့ရရှာပါတယ်။

သနပ်ခါးပါးကွက်ကြား ဆံရစ်ဝိုင်းလေးနဲ့ တောသူလုံမေလေးကို ဗစ်တိုးရီးယားကေညှပ်ပေးပြီး မိတ်ကပ်တွေ အတင်းလူးပေးလိုက်
သလို မြင်ရသူအပေါင်း နှမြောတသ ၀မ်းနည်းမဆုံး ဖြစ်ရပါတယ်။

ဒီလိုအုပ်ချုပ်သူတွေ ရဲ့ စဉ်းစားအတွေးအခေါ်မရှိလုပ်ရပ်တွေကြောင့်
မြန်မာပြည်ရဲ့ ရှေးဟောင်းအမွေအနှစ်တွေ သဘာဝသံယံဇာတ
တော်တော်များများဟာ ပျက်စီးယိုယွင်းပြီး တိမ်ကော ပျောက်ကွယ်
ကုန်တာ မရေတွက်နိုင်အောင်ပါပဲ။

ရှေးဟောင်းအမွေအနှစ် ဦးပိန်တံတားကြီးရဲ့ သဘာဝ အလှတရားကို မိုက်မိုက်မဲမဲ ဖျက်ဆီးမှုကြီးတစ်ခုကတော့ နှစ်ပေါင်းများစွာကြာလာလို့ ပျက်စီးယိုယွင်းနေတဲ့ တံတားကြီးရဲ့ တိုင်တွေနေရာမှာ ကွန်ကရစ်တိုင်
တွေနဲ့အစားထိုးလိုက်ပါတယ်တဲ့။ သေရောဗျာ။သဘာဝအတိုင်းနုပျို
လှပနေတဲ့ မိန်းမပျိုမျက်နှာလေးကို ဓားနဲ့မွှန်းလိုက်သလိုပဲ ရင်ထဲမှာ နာကျင်ခံစားသွားရပါတယ်။ အပြစ်ကင်းစွာ သဘာဝအတိုင်းလှနေတဲ့ ဦးပိန်တံတားကြီးဟာ သေရာပါ အမာရွတ်ကြီးစွဲထင်သွားခဲ့ပါပြီ။
ရှေးဟောင်းယဉ်ကျေးမှုလက်ရာကြီးကို ရက်ရက်စက်စက်ဖျက်စီး ပစ်ရက်တယ်ဗျာ။ ဘယ်လိုအသိဥာဏ်အတွေးအခေါ်မျိုးနဲ့ လုပ်လိုက်
သလဲလို့ ကိုယနေ့ထိစဉ်းစားလို့မရအောင်ပါပဲ။

ရှေးအစဉ်အဆက်ကလည်း ဒီတံတားကြီးဟာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီယိုယွင်းလို့ အကြိမ်ကြိမ်ပြုပြင်ခဲ့ရဘူးပါတယ်။ ဒါပေမယ့် ခေတ်
အဆက်ဆက် တာဝန်ရှိသူတွေဟာ ရှေးမှုမပျက်အောင်ထိန်းသိမ်းပြီး
ပြုပြင်ခဲ့ကြတာပါပဲ။ စစ်အစိုးရလက်ထက်ကြမှာ ဒီလိုမျိုး သဘာဝအလှ
ပျက်သွားအောင် လုပ်ပြစ်လိုက်ကြတာဟာ ဒီတံတားကြီးကို တည်ဆောင်
ခဲ့တဲ့ မြန်မာပညာရှင်တွေတောင် အားနာဖို့ကောင်းလှပါတယ်။

ဒီလိုမျိုး အုပ်ချုပ်သူ လူကြီးမင်းများရဲ့ လုပ်ရပ်တွေ မြင်ရကြားရတော့ သီတဂူဆရာတော်ဘုရာကြီးဟောကြားခဲ့တဲ့ တရားတော်ထဲက မျောက်ကို ဥယျာဉ်မှူးခန့်ထားတဲ့ ပုံပြင်လေးသွားသတိရမိတယ်။ ပုံပြင်ထဲမှာ ဥယျာဉ်အလုပ်သမားမျောက်တွေက နေ့စဉ် ဥယျာဉ်ထဲမှာရှိတဲ့ ငှက်ပျောပင်တွေကို ရေလောင်းကြပါတယ်။ ဒါကို ဥယျာဉ်မှူးမျောက်က
မြင်တဲ့အခါ အဲ့ဒီလိုရေလောင်းတာထက် အပင်တွေပိုပြီး ရေ၀၀လင်လင်
သောက်ရအောင်ဆိုပြီး ရေးလောင်တဲ့အခါ တိုင်း အပင်တွေရဲ့
အမြစ်တွေကိုနှုတ်ပြီး တိုက်ရိုက်ရေလောင်းစေခဲ့ပါတယ်။ ဥယျာဉ်မှူးမျောက်ရဲ့ ပိုကောင်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာ နောက်ဆုံး ဥယျာဉ်ကြီးတစ်ခုလုံး ပျက်စီးသွားတော်မှု
ခဲ့ပါတယ်တဲ့။ ဒီလိုမျိုးဥယျာဉ်မှူးတွေ ကျွနှ်တော်တို့နိုင်ငံမှာ ဘယ်လောက်များနေပြီလည်းမသိတော့ပါဘူး။

ဦးပိန်တံတားကြီးရဲ့ ပျက်စီးယိုယွင်းသွားတဲ့တံတားတိုင်တွေကို ကွန်ကရစ်တိုင်တွေနဲ့ အစားထိုးစေခဲ့တဲ့ လူကြီးမင်းများကို ကျွန်တော်မေးချင်တာက ဒီလောက် တံတားတိုင် အနည်းငယ်လေးကို အစားထိုးလဲလှယ်ဖို့ ကျွန်တော်တို့နိုင်ငံမှာ ကျွန်းသစ်တွေ မရှိလောက်အောင်ရှားနေလို့လား။

ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံဟာ ကျွန်းသစ်အများဆုံးထွက်တဲ့ နိုင်ငံတစ်ခုပါ။ ဦးပိန်တံတား ဟာတိုင်ပေါင်း ဇရပ်အခန်းကတိုင်များအပါအ၀င်မှ
တိုင်ပေါင်း ၁၀၈၆ လုံးပဲရှိတာပါ။ နိုင်ငံခြားတင်ပို့ဖို့ ရန်ကုန်ဆိပ်ကမ်းမှာ
ပုံထားတဲ့ သစ်တစ်ပုံစာတောင်မရှိပါဘူး။ ဒီလိုတံတားမျိုး နောက်ထပ် အစင်း (၁၀၀၀) ထပ်ဆောက်တောင် ဆောက်နိုင်တဲ့ မြန်မာနိုင်ငံမှာ ဒီလို ရှေးဟောင်း အမွေအနှစ်သစ်သားတံတားကြီးရဲ့ ပျက်စီးသွားတဲ့ တိုင်တွေနေရာမှာ ကွန်ကရစ်တိုင်တွေနဲ့အစားထိုးလိုက်တာဟာ အလွန်တရာမှ အသိဥာဏ်ကင်းမဲ့ပြီး မိုက်မဲတဲ့လုပ်ရပ်လို့ပဲမြင်မိပါတယ်။

ကမ္ဘာလှည့်ခရီးသွားတွေ ဦးပိန်တံတားကို ကိုလာရောက်လည်ပတ်တာ
က ရေမရှိတဲ့တံတားကြီး ကျွန်းသစ်သားတိုင်တွေနဲ့လုပ်ထားတဲ့ သဘာဝ ရှေးဟောင်းတံတားကြီးဆိုပြီးလာ ရောက်လည်ပက်ကြတာပါ။
တောင်သမန်ရဲ့ သဘာဝအလှတွေကို လေ့လာခံစားချင်လို့ မှတ်တမ်း
တင်ချင်လို့ လာရောက်ကြတပါ ။ ဦးပိန်တံတားကို ကမ္ဘာကိုကြော်ငြာ
ခဲ့တဲ့ ခရီးသွားလမ်းညွန်စာအုပ်တိုင်းကို ကြည့်ကြည့်ပါ ရေအပြည့်နဲ့ ရိုက်ထားတဲ့ပုံ မရှိပါဘူး။ ဒီပုံတွေကို ကြည့်ပြီး လာရောက်လေ့လာ မှတ်တမ်းတင်ချင်တဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေကို လိမ်ညာရာ
ရောက်နေပါတော့တယ်။

ခုလည်း တောင်သမန်တံတားကြီးရဲ့ ပျက်စီးယိုယွင်းမှုတွေကို ယဉ်ကျေးမှုဝန်ကြီးဌာနက ပြင်ဆင်ထိမ်းသိမ်းဖို့ လုပ်နေကြပါ တယ်လို့
သတင်းကြားရပါတယ်။ ကျွန်တော်ကတော့ နေ့စဉ်ဘုရားတနေရပါတယ်။ သစ်ပင်တွေ ရေပိုသောက်ရအောင် အမြစ်နှုတ်ပြီးရေလောင်းခိုင်းတဲ့ ဥယျာဉ်မှူးမျောက်လုပ်သလို ဦးပိန်တံတားကြီး ရေရှည်တည်တံ့
ခိုင်ခန့်အောင်ဆိုပြီး စေတနာတွေထားကာ သစ်သားတိုင်တွေအားလုံးကို ကွန်ကရစ်တိုင်တွေနဲ့ အစားထိုးလဲပစ်မှာ စိုးကြောက်နေမိပါတယ်။

ကမ္ဘာကျော် ရှေးဟောင်ယဉ်ကျေးမှု အမွေအနှစ်တစ်ခုထပ်မံ မပျက်စီး မပျောက်ကွယ်သွားရေးအတွက် တာဝန်ရှိလူကြီးမင်းများက အချိန်မှီအမြန်ဆုံး ထိမ်းသိမ်းကာကွယ်ပေးကြပါလို့ မေတ္တာရပ်ခံ
ချင်ပါတယ်။ "သုံးပန်လှ တောင်သမန်" တဖန်အပျိုရည်သွေးနိုင်စေဖို့ အားလုံးဝိုင်းဝန်း ကယ်တော်မှုကြပါလို့ အော်လိုက်ပါရစေတော့ . . .

ချစ်ခြင်းအားဖြင့် . . .
ကျော်ကြီး(MDY)
( ယနေ.ထုတ် Tomorrow သတင်းဂျာနယ်မှ )

copied from Kyaw zwar myint
ကျွန်တော်တို့ မန်းလေးမြို့ကြီးက မင်းနေပြည်တော်ဖြစ်ခဲ့တာနဲ့ အညီ လည်စရာပတ်စရာ သမိုင်းဝင်နေရာတွေဟာ လွန်စွာမှပေါများပါတယ်။ အဲ့ဒီထဲမှာမှ မြန်မာသိ ကမ္ဘာသိ သမိုင်းဝင်ရှေးဟောင်း ဦးပိန်တံတားကြီးလည်း တစ်ခုအပါအ၀င်ပါပဲ။ မန်းလေးကို လာရောက်လည်ပတ်
ကြတဲ့သူတိုင်းမသွားမဖြစ်သွားကြတဲ့ နေရာတစ်ခု လည်းဖြစ် ပါတယ်။ အထူးသဖြင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်တဲ့
နေရာတစ်ခုဆိုမမှားပါဘူး။ မန်းလေးကိုလာရောက်လည်ပတ်တဲ့သူတိုင်း ဦးပိန်တံတားကိုမရောက်ခဲ့ဘူးဆိုရင် မပြည့်စုံဘူးလို့ ဆိုရလောက်အောင်ပါပဲ။

၁၂၁၁ ခုနှစ် ကုန်ဘောင်ခေတ် ပုဂံမင်းလက်ထက်မှာ မြို့စားရေး မောင်ပိန်တည်ခဲ့တဲ့ ဦးပိန် တံတားကြီးဟာ ယနေ့အခါမှာဆိုရင် နှစ်ပေါင်း ၁၆၀ ကျော်တိုင်ခဲ့ပါပြီ။ မြန်မာ့ယဉ်ကျေးမှုရှေးဟောင်းအမွေအနှစ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...