Friday, March 7, 2014

ပြည်ပရောက် မြန်မာပြည်သားများအတွက် သတင်းကောင်း


  မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ၀မ်းမြောက်စရာသတင်း ရှိပါတယ်။ မြန်မာသံရုံးမှ ယခင်သက်တမ်း ၃ နှစ် သက်တမ်းကို ယခု သက်တမ်း ၅ နှစ်အထိ တိုးမြင့် ပေးလိုက်ပါပြီ။
ထို့အပြင် သက်တမ်းတိုးခ၊ နိုင်ငံကူးလက်မှတ် အသစ်လျှောက်ခများကို လျှော့ချလိုက်ပါပြီ။ အမေရိကနိုင်ငံမှာ နိုင်ငံကူးလက်မှတ် အသစ်ထုတ်ပေးခ၊ သက်တမ်းတိုးခကို ယခင် ဒေါ်လာ ၁၀၀ မှ ယခု ဒေါ်လာ ၂၅ အဖြစ် လျှော့ချပြောင်းလဲ သတ်မှတ်လိုက်ပါပြီ။

ယခင် စာအုပ်အသစ်လျှောက်ပါက မြန်မာနိုင်ငံကို တဆင့်လျှောက်လွှားပို့ကာ မြန်မာပြည်မှ ချပေးမှသာ စာအုပ်အသစ် ရရှိနိုင်ခဲ့ပါတယ်။ အခုတော့ မြန်မာသံရုံးမှ စာအုပ်ထုတ်ပေးနေပါပြီ။ လျှောက်လွှာများကိုလဲ အချိန်တိုတိုအတွင်း အမြန်ဆုံးဖြေရှင်းပေးနေပါတယ်။ ရက်ပိုင်းအနည်းငယ်အတွင်း စာအုပ်ရရှိမှာ ဖြစ်ပါတယ်။

စာအုပ်အဟောင်းမှာ လက်ရှိ ဗီဇာမရှိတော့ရင်လဲ သံရုံးမှ မသိမ်းဆည်းဘဲ စာအုပ်အသစ်နဲ့အတူ ပြန်ပေးပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ်ကို အခက်အခဲများကြားမှ သစ္စာရှိရှိ ကိုင်ဆောင်နေသေးသူများ ယခုအချိန်သည် မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ပြုံးနိုင်တဲ့အချိန် ဖြစ်ပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားများ လုပ်ငန်းကိုင်ငန်း အဆင်ပြေရ်ျ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...