Wednesday, March 5, 2014

ဓားအစား အားဖြစ်ပါစေ


ငယ်ငယ်တုန်းကဆို သားရယ် လူချစ်အောင် စကားပြောရတယ်လို့  အဖေက အမြဲမှာဖူးပါတယ်။ မိမိအသံလေးကြားလိုက်တာနဲ့  တဖက်လူက သနားသွား
စေနိုင်တဲ့ ချိုချိုသာသာ ပြားသကာလို စကားလေး ဆိုရတယ်လို့ လည်း ဆုံးမသွန်သင်ပါတယ်။

စကားဆိုတာ ပျားလိုသင်းတဲ့စကားရှိသလို မြားလိုခွင်းမယ့် စကားလည်းရှိတယ်။ ဓားလိုစင်းမယ့်စကားလည်းရှိတယ် စကားနဲ့သတ်လို့သေနိုင်တယ်။
ဒါကြောင့် သူ့စကား ကိုယ့်စကား ပြီးတော့ကြားစကား စကားအားလုံးသတိထား ဆိုပြီး ဆရာနန္ဒသိန်စံကလည်း ပြောဖူးတယ်မလား။

ကိုယ်က ဘယ်လောက် ကောင်းတာတွေ လုပ်ပေးနေနေ၊ အကူညီတွေ ဘယ်လောက်ပေးနေနေ စကားပြောမကောင်းရင် လေးစားကြည်ညိုမှုကို ထင်
သလောက် မရနိုင်ပါဘူး။ ဒါ့အပြင် စကားအပြောမတတ်ရင် ကိုယ်လုပ်ခဲ့တာတွေတောင် သဲထဲရေသွန် ဖြစ်သွားတတ်ပါသေးတယ်။

လူတစ်ယောက်အောင်မြင်ဖို့ ဆိုရင်လည်း စကားပြောကျွမ်းကျင်လိမ္မာဖို့ က အင်မတန်အရေးကြီးပါတယ်။ စကားလုံးတစ်လုံးရဲ့ တန်ဖိုးဟာ ဘ၀တစ်
ခုလောက်ထိ တန်ဖိုးကြီးမားတယ်လို့ လည်း ဆိုနိုင်ပါတယ်။ ခုခေတ်လူငယ်တွေတောင် ပြောနေကြတယ်မလား။ "မင်းရဲ့ ဂျယ်လီလို ပျော့အိနေတဲ့ စကား
လေးတစ်ခွန်းက ကိုယ့်ရင်ကို ခွဲမယ့် ဓားတစ်လက်များလားကွယ်" ဆိုတာမျိုးလေ။

အပြစ်များနေရင်တောင် အလျှောက်ကောင်းရင် အထောင်းတော့ သက်သာနိုင်တယ်ဆိုတာ သိထားပါ။ စကားကို နည်းနည်းနဲ့ ထိထိရောက်ရောက်ပြော
နိုင်လေ ကောင်းလေပါပဲ။ ပြောတဲ့စကားတိုင်း တန်ဖိုးရှိနိုင်အောင် ကြိုးစားဖို့ လိုပါတယ်။ ကိုယ်ပြောတဲ့ စကားက သူများအတွက် ဓားပြားတစ်လက်ဖြစ်မယ့်
အစား အားဆေးတစ်စက်၊ မြှာင်းတစ်စင်းအစား ပန်းတစ်ခင်းလောက်ပဲ တန်ဖိုးရှိရင်တောင် မိမိဟာ လူဖြစ်ကျိုးနပ်တာပါပဲ။

True Man

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...