သစ်ထူးလွင် သတင်းစုစည်းမှု (၃-၂)
သစ်ထူးလွင် |
- ဘန်ကောက်ပိတ်ဆို့မှု စစ်ဆင်ရေး အဆုံးသတ်မည်ဟု ထိုင်းအစိုးရ ဆန့်ကျင်ရေးဆန္ဒပြခေါင်းဆောင် ကြေညာ
- တရုတ်နိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် ၂၉ ဦး သေဆုံး
- မန္တလေးခရိုင် မြို့နယ် နှစ်ခုတွင် စစ်သုံးကျည်ကာ ပုံစံဝတ်စုံများနှင့် တိုက်ခိုက်ရေး ပစ္စည်းများတွေ့
- ပြည်ပအလုပ်အကိုင်ပြပွဲတွင် အိမ်အကူ အများဆုံးခေါ်ယူ
- ပွဲမဝင်ခင် ကြိုပြင်ရမယ့် ကျန်းမာရေးအသိ
- အမျိုးသမီးတစ်ဦးထံမှ သိန်း ၅၀၀ ခန့်တန်ကြေးရှိ စိတ်ကြွဆေးများ ဖမ်းဆီးရမိ
- အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရမှုအတွက် ညီအစ်ကိုနှစ်ဦးကို အမှုဖွင့်
- ရခိုင်က MSF လုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းထားမည်
- တိုက်ကြီးမြို့နယ်တွင် ခရီးသည်တင်ယာဉ်မှ လမ်းဘေးသစ်ပင်ကို တိုက်မိ၍ (၁)ဦးသေ၊(၁၉)ဦးဒဏ်ရာရ
- မတ္တရာမှာ တောင်သူတွေ ထွန်တုံးတိုက်ပွဲ ဆင်နွှဲ
- လယ်တီသိမ် ရွှေ့မှာကို ကန့်ကွက် ဆန္ဒပြ
- အိန္ဒိယမြန်မာ နယ်စပ်ကုန်သွယ်ရေး ပိတ်ထား
- မတ်လ(၂)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ
- မတ်လ(၂)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ
- ဖေဖော်ဝါရီလ(၂၇)ရက်နေ့ ထုတ် ပြည်မြန်မာသတင်း ဂျာနယ် အမှတ် - ၉၁၁
- ဖေဖော်ဝါရီလ(၂၆)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပရေးရာ ဂျာနယ် အမှတ် - ၄၇၇
Posted: 02 Mar 2014 02:26 AM PST
ထိုင်းအစိုးရ ဆန့်ကျင်ရေးဆန္ဒပြခေါင်းဆောင် ဆူထေ့ပ် တောင်းဆုပန်က
ဇန်န၀ါရီ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ ဘန်ကောက်ပိတ်ဆို့မှု စစ်ဆင်ရေးကို မတ်လ ၃
ရက်နေ့မှာ အဆုံးသတ်မယ်လို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ညက ကြေညာလိုက်ပါတယ်။
ပိတ်ဆို့ ဆန္ဒပြမှု သပိတ်စခန်းတွေ အားလုံးက ဆန္ဒပြသူတွေက လုမ်ဗနီပန်းခြံကို
ရွှေ့ပြောင်းဆုတ်ခွာမှာ ဖြစ်ပြီး အနာဂတ်မှာ လုပ်မယ့် လှုပ်ရှားမှု
အားလုံးကိုလည်း လုမ်ဗနီ ပန်းခြံကိုေ
|
Posted: 02 Mar 2014 02:23 AM PST
တရုတ်ထိပ်တန်း လုံခြုံရေးအရာရှိ မန့်ကျန်းကျိုးဟာ
တရုတ်အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရဲ့ မြို့တော် ကူမင်းမြို့ဘူတာရုံ
အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရခဲ့တဲ့ အရပ်သားတွေနဲ့
သေဆုံးသူတွေရဲ့ မိသားစုဝင်တွေ ဆီကို မတ်လ ၂ ရက်နေ့ မနက်က သွားရောက်
လည်ပတ်ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီရဲ့ နိုင်ငံရေး နဲ့ တရားရေးကော်မရှင်
ခေါင်းဆောင် မန်က ကူမင်းမြို့ကို မနက် ၅ နာရီခွဲမှာ ရောက်လာပြီး
|
Posted: 02 Mar 2014 02:11 AM PST
မန္တလေး၊ မတ် ၁
မန္တလေးမြို့တော် ချမ်းအေးသာစံ မြို့နယ် အနောက် အပ်ချုပ်ဝင်း ရပ်ကွက်နှင့်
ချမ်းမြသာစည် မြို့နယ်တို့တွင် နေထိုင်သော လူခြောက်ဦးထံမှ ဖေဖော်ဝါရီလ ၂၈
ရက်နှင့် မတ်လ ၁ ရက်နေ့တို့တွင် စတီးပြားများ ထည့်သွင်း၍ ဓား၊ လှံ
အကာအကွယ်ဖြင့် အထူး ပြုလုပ်ထားသည့် စစ်သုံးကျည်ကာ ပုံစံဝတ်စုံ ၁၄ စုံနှင့်
တိုက်ခိုက်ရေး ပစ္စည်းများ စစ်ဆေး တွေ့ရှိခဲ့ကြောင်း မန္တလေးခရိုင်
ရဲတပ်ဖွဲ့မှူး ရုံးမှ ဒုတိယရဲမှူးကြီး
|
Posted: 02 Mar 2014 02:03 AM PST
Myanmar
Info Tech တွင် မတ်လ ၁ ရက်မှ ၂ ရက်အထိ ကျင်းပသည့် အလုပ်အကိုင်ပြပွဲ၌
ပြည်ပအလုပ်အကိုင်အေဂျင်စီ အများစုပါဝင်ပြီး ပြည်ပမှ အလုပ်ခေါ်စာ
သုံးသောင်းကျော် ကမ်းလှမ်းခဲ့သည်။
အလုပ်ခေါ်စာများတွင် စင်ကာပူ၊ ထိုင်းနှင့် ဟောင်ကောင်တို့က အများဆုံး
ခေါ်ယူထားပြီး စင်ကာပူနှင့် ဟောင်ကောင်တို့က အိမ်အကူလုပ်သား အများစုကို
ခေါ်ယူကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သို့သော် ပြပွဲသို့ အလုပ်လာရောက်လျှောက်ထားသူအများ
|
Posted: 02 Mar 2014 01:29 AM PST
အလျှံညီးညီး ပူပြင်းတောက်လောင်သော နွေဦးရာသီ အစတွင် တက္ကသိုလ်ဝင်တန်း
စာမေးပွဲ ကျင်းပတော့မည်။ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူအားလုံး
နောက်ဆုံး ဆုံးဖြတ်ချက်ပေးမည့် စာမေးပွဲအတွက် စိုးရိမ်ပူပန်မူ အထွတ်အထိပ်
ရောက်ရှိနေပြီ။ သင်ခန်းစာများအတွက် တစ်နှစ်ပတ်လုံး ပြင်ဆင်ထားသလို
ကျန်းမာရေးအတွက် ကြိုတင်ပြင်ဆင် ရန်လည်း အရေးကြီးသည်။
စာမေးပွဲနီးမှ တစ်နှစ်လုံး ကြိုးစားထားပြီးသား ရလဒ်များကို ကျန်းမာရေး
|
Posted: 02 Mar 2014 01:24 AM PST
ရန်ကုန်၊ မဇ္ဈိမ ။ ။ ပုဇွန်တောင်မြို့နယ်တွင် အမျိုးသမီးတစ်ဦးထံမှ သိန်း
၅၀၀ နီးပါးတန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးဝါးများကို မတ်လ ၁ ရက်က
ဖမ်းဆီးမိသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
အဆိုပါ မူယစ်ဆေးဝါးများကို မူးယစ်တပ်ဖွဲ့မှ ရဲအုပ်ဇော်ဇော်နိုင်နှင့်အဖွဲ့က
နယ်မြေခံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ မွန်းလွဲ ၃ နာရီ အချိန်တွင်
စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
မူးယစ်ဖမ်းဆီးရေးအဖွဲ့သည် ကြိုတင်သတင်းအရ (၁၀)
|
Posted: 02 Mar 2014 01:22 AM PST
ရန်ကုန်၊ မဇ္ဈိမ ။ ။ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခံရမှုတွက်
ပြုမှုကျူးလွန်သူဟု ယူဆထားသူ ညီအစ်ကိုနှစ်ဦးကို အမှုဖွင့်
တိုင်တန်းထားသဖြင့် ထန်းတပင်မြို့နယ် တော်လတဲ့နယ်မြေရဲစခန်းက မတ်လ ၁
ရက်တွင် အမှုဖွင့် စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က
သတင်းထုတ်ပြန်ထားသည်။
အဆိုပါ အမှုကို တန်းတပင်မြို့နယ် ကျေးရွာတစ်ခုရှိ အသက် (၁၉)နှစ်အရွယ်
အမျိုးသမီးတစ်ဦးက အမှုဖွင့် တိုင်တန်းထားသည်။
အမှုမှာ ည ၉ နာရီအချိန်က
|
Posted: 01 Mar 2014 06:13 PM PST
နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF Holland (AZG) ရဲ့ရခိုင်ပြည်နယ်တွင်း
လုပ်ငန်းတွေကို ခေတ္တရပ်ဆိုင်းထားမယ်လို့ မြန်မာ နိုင်ငံ
ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။
ဘာ့ကြောင့် အဲဒီလို ရပ်ဆိုင်းထားတာလည်းဆိုတာကိုတော့ ကြေညာချက်မှာ
ပြောမထားပါဘူး။ တခြား တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေက MSF Holland (AZG)
ရဲ့လုပ်ငန်းတွေကိုတော့ ဆက်လက် ဆောင်ရွက်ခွင့်ပြုသွားမယ်လို့ ကြေညာချက်မှာ
ဖော်ပြထားပါတယ်။ နှစ်ဖက်
|
Posted: 01 Mar 2014 03:07 PM PST
ရန်ကုန်၊ မတ် ၁
၁.၃.၂၀၁၄ ရက်နေ့ ၁၃၃၀ အချိန်တွင် တိုက်ကြီးမြို့၊ တာခွကျေးရွာ၊
ရန်ကုန်ပြည်လမ်း မိုင်တိုင် အမှတ် ၄၄/၈နှင့် ၄၄/၇ တို့ကြားတွင်
မြောက်မှတောင်သို့ ယာဉ်မောင်းစိုးမင်းထိုက်(ဘ) ဦးစိုးမြင့်မြတ်၊
တိုက်ကြီးမြို့နေသူ မောင်းနှင်လာသည့် ဗ/---- Hilux အဖြူရောင်၊ တိုက်ကြီး -
ရန်ကုန်ခရီးသည်တင်ယာဉ်မှာ အရှိန်မထိမ်းနိုင်သဖြင့် လမ်းယာဘက်ဘေးရှိ
မလေးရှားပိတောက်ပင်အား ၀င်ရောက်တိုက်မိ ခဲ့ပါသည်။
|
Posted: 01 Mar 2014 02:53 PM PST
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် တံငါရွာက တောင်သူလယ်သမား
အသိမ်းခံထားရတဲ့ လယ်ယာမြေ ပြဿနာကို မဖြေရှင်းပေးတာကြောင့် လယ်သမား ၂၀၀
လောက်ဟာ သမဝါယမဝန်ကြီးဌာက သိမ်းယူထားတဲ့ လယ်မြေတွေမှာ ဒီနေ့
ဝင်ရောက်ထွန်ယက်ကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစပြီး သိမ်းထားတဲ့ လယ်မြေပြဿနာကို ဖြေရှင်းပေးဖို့
အဆင့်ဆင့်တင်ပြခဲ့ပေမယ့် ဖြေရှင်းပေးခြင်း မရှိတာကြောင့် အခုလို
ဝင်ရောက်ထွန်ယက်တာလို့ တံငါရွာကတောင်သူ ဦးမျိုးတင့်ကြေ
|
Posted: 01 Mar 2014 02:51 PM PST
လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း ဧရိယာ ထဲမှာ ပါတဲ့ တုံရွာ၊ ဆည်တည်း ၊
ဇီးတော နဲ့ ဝက်မှေး စတဲ့ ကျေးရွာ ၁၃ ရွာက လယ်သမား ၄၀ဝ ကျော်ဟာ လယ်တီ
သိမ်ကို ရွေ့ပြောင်း တော့မယ်လို့ အစိုးရက တရားဝင် ထုတ်ဖေါ် ပြောလိုက်ပြီးတဲ့
နောက်ပိုင်းမှာ စနေနေ့က ပထမဆုံး အကြိမ် ဆန္ဒပြ ခဲ့ ကြပါ တယ်။
ဒေသခံတွေ ကတော့ လယ်တီသိမ် မဖျက်စီးဖို့ အရေး တောင်းဆို နေပေမယ့် အစိုးရ
ကတော့ နိုင်ငံတော် ဩဝါဒ စရိယ ဆရာတော်တွေ အမိန့် အရ အရင်က
|
Posted: 01 Mar 2014 02:47 PM PST
ပြီးခဲ့တဲ့ ရက်ပိုင်းက အိန္ဒိယ မြန်မာ နယ်စပ် တမူး မိုရေးဒေသမှာ
အိန္ဒိယနိုင်ငံသား ပန်ချာပီ နှစ်ဦး အသတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အိန္ဒိယ
နိုင်ငံဘက်ခြမ်းမှာ လမ်းမပေါ်ထွက် ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ရပြီး နှစ်နိုင်ငံ
နယ်စပ် ကုန်သွယ်ရေး တွေလည်း ပိတ်ထားလိုက် ပါတယ်။
အခုဆိုရင် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးတွေ ပိတ်ထားတာ သီတင်း တပတ်ကျော်
ရှိနေပြီ ဖြစ်ပါတယ်။
နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးတွေ ကို အိန္ဒိယ အစိုးရက
|
Posted: 01 Mar 2014 02:33 PM PST
မတ်လ(၂)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 01 Mar 2014 02:31 PM PST
မတ်လ(၂)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 01 Mar 2014 02:26 PM PST
ဖေဖော်ဝါရီလ(၂၇)ရက်နေ့ ထုတ် ပြည်မြန်မာသတင်း ဂျာနယ် အမှတ် - ၉၁၁
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 01 Mar 2014 02:23 PM PST
ဖေဖော်ဝါရီလ(၂၆)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပရေးရာ ဂျာနယ် အမှတ် - ၄၇၇
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
|
0 comments:
Post a Comment