Wednesday, March 19, 2014

"ဆရာ၊ဆရာမများအတွက် “အထောက်အကူပြု အင်္ဂလိပ်စာ သင်ကြားမှုစနစ်” အခမဲ့သင်တန်းဖွင့်လှစ်ပို့ချပေးမည်"


CROWN Education Training Center မှ အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တွင်သင်ကြားနေသော ဆရာ၊ ဆရာမများအတွက် “အထောက်အကူပြု အင်္ဂလိပ်စာ သင်ကြားမှုစနစ်” အခမဲ့နွေရာသီသင်တန်းအား ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း CROWN Education တာဝန်ရှိသူတစ်ဦးမှပြောသည်။

ရည်ရွယ်ချက်မှာ ဆရာဆရာမများ မှားယွင်းလေ့ရှိသည့် အင်္ဂလိပ် ဘာသာစကားအသုံးအနှုန်းများ အားပြင် ဆင်ပေးလိုခြင်း၊ ကောင်းမွန် မှန်ကန်သော အခြေခံသင်ကြားရေးနည်းလမ်းများ အားမျှဝေပေးလိုခြင်း နှင့် သင်ကြားရေးဆိုင်ရာ ပြည်သူနီတိများ သိရှိစေလိုခြင်းဖြစ်ကြောင်း ပို့ချသင်ကြပေးမည့် ဆရာဦးထင်အောင် ကျော် B.A(Eng;), Dip in ELTM, M.A(EFL), TESOL Trainer and Founder of Teach English for Myanmar Foundation မှပြောကြားသည်၊၊

အဆိုပါသင်တန်းသို့ အစိုးရဝန်ထမ်းဆရာ၊ ဆရာမ မည်သည့်အသက်အရွယ် မဆိုလျှောက်ထားနိုင်ပြီး Basic and advanced English Syntax, 3-Dimension Grammar, Pronunciation Guide, Basic Teaching Principles, Common mistakes made by Myanmar teachers due to Grammar- Translation Methods, Civic Education for teachers တို့ကို ဝါရင့်အင်္ဂလိပ် စာနှင့်ဆရာဖြစ်သင်တန်းများ ပို့ချပေး နေသောဆရာဦးထင်အောင်ကျော်မှ သင်ကြားပို့ချပေးမည်ဖြစ်သည်။

သင်တန်းနေ့ မှာ အပတ်စဉ် ကြာသပတေး နှင့် သောကြာ၊ ညနေ (၃) နာရီမှ (၅) နာရီအထိ ဖြစ်ပြီး စုစုပေါင်းသင် တန်းချိန် နာရီ (၃ဝ) ကြာမြင့်မည်ဖြစ် သည်။

လျှောက်လွှာများကို မတ်လ (၂ဝ)ရက်နေ့ တွင် စတင်လာရောက် ထုတ်ယူနိုင်ပြီးမတ်လ (၃၁)ရက်နေ့ နောက်ဆုံး ထား၍ ပြန်လည်ပေးပို့ရ မည်ဖြစ်သည်။ ဆရာဆရာမဦးရေ ကန့် သတ်ထားသောကြောင့် ဦးရာစနစ်ဖြင့် အချိုးကျ စိစစ်ရွေးချယ်သွားမည်ကာအခမဲ့သင်တန်း ဖြစ်သောကြောင့် သင်တန်းကြေး၊ စာရွက်စာတန်းကြေး အပါအဝင် မည့်သည့်အခကြေးငွေမှ ပေးသွင်းရန်မလိုအပ်ကြောင်းသိရသည်၊၊

လျှောက်လွှာထုတ်ရန်နှင့်အသေးစိတ်သိရှိလိုပါက CROWN Education ၊ အမှတ်(၂၇ဝ)၊ပထမထပ်၊ ပြည်လမ်း၊မြေနီကုန်း၊ စမ်းချောင်း၊ ဒဂုံစင်တာ(၂)နှင့် ဓနလှိုင်တာဝါကြား၊ဖုန်း ဝ၁ ၅၂၇ ၈၃၈ ၊ ဝ၉ ၇၃၂ ၅၆၉၆၅ နှင့် ဝ၉ ၇၃၂ ၇၃၂ ၇၇ တို့တွင်စုံစမ်းမေးမြန်း နိုင်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...