Author: lubo601 |
7:50 PM |
|
အမျိုးသားရေးဆိုတဲ့စကား လူတိုင်းပြောလို့ ရပါတယ်။ ငွေရှိမှအမျိုးသားရေးစကား ပြောလို့
ရတာမဟုတ်သလို ဂုဏ်ငွေကြေးပြည့်စုံမှရယ်မဟ
ုတ် ဆင်းရဲချမ်းသာမရွေး အလွယ်တကူပြောနိုင်တဲ့
စကားပါ။ အမျိုးသားရေးစကားပြောဖို့အတ
ွက်
အလွှာတန်းစားခွဲမထားပါ။ သို့သော်... အပြော လွယ်သလောက် လုပ်ရသိပ်ခက်တဲ့
စကားစုမှာ အမျိုးသားရေးဆိုတဲ့ စကားထိပ်ဆုံးက ရှိနေမယ်လို့ ထင်ပါတယ
်။ မိမိကိုယ်တိုင် အမျိုးသားရေးဝါဒီစစ်စစ်တစ်ယောက် ခံယူချင်ပေမဲ့ လိုက်နာရမဲ့ အခြားအချက်ပေါင်းများစွာ စောင့်ထိန်းရမဲ့ အမျိုးသားရေးသမားတစ်ယောက်ရဲ့ ကျင့်ဝတ်တွေ မိမိကိုယ်တိုင် သေသေချာချာမလိုက်နာနိုင်တဲ့
အားနည်းချက်တွေ ရှိနေမှာကိုဝန်ခံမိပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ မိမိဟာ
သာမန်အဆင့်မျှသာရှိတဲ့ အမျိုးသားရေး နားလည်ရုံလောက်ဟု
မိမိကိုယ်ကိုယ်သတ်မှတ်ပါတယ်။
အဲ့ဒီတော့ သိပ်ပြီးအဆင့်မြင့်တဲ့ အမျိုးသားရေးစကားတွေ
စာဖတ်၊အလွတ်ကျက်ပြီးပြောရင်လူတတ်ကြီးလုပ်ရာကျပါမယ်။အဲ့ဒီတော့သိပ်အမြင့်ကြီးတွေ ပြောပြီး လုပ်ရပ်နဲ့ စောင့်ထိန်းရမဲ့ကျင့်ဝတ်တွေ ဖောက်ဖျက်ရင် အမျိုးသားရေးသမား မဟုတ်တော့ဘဲ
အမျိုးညစ်တစ်ဦးလည်း ဖြစ်သွားနိုင်တာ သတိပြုစရာပါ။ ဘာလို့ဒီစကားပြောရလည်းဆိုတော့
အမျိုးသားရေးသမားတစ်ယောက်ရဲ့ စိတ်ဓါတ်က ဖြူစင်သန့်ရှင်းသလို၊ အတွေးခေါ်ပိုင်းတွေမှာပါ
ဖြတ်လတ်သန်စွမ်းနေပြီး၊ ရဲရင့်မှုရှိတာတွေ၊ စကားတစ်ခုသုံးနှုန်းပုံတွေ တစ်ချက်မှလွဲချော်ပုံမရှိဟု
မိမိယုံကြည်သည်။ မည်သို့ဆိုသော်... ဥပမာ အမျိုးသားခေါင်ဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းပါ။ ဒီနေ့ထိ ဗိုလ်ချုပ်ကဲ့သို့သော
ပုဂ္ဂိုလ်မိမိမတွေ့ဖူးပါ။ ဗိုလ်ချုပ်စကားရိုင်းသည်ဟု သတ်မှတ်ရ
နိုင်ပါတယ်။ ဒါပေမဲ့... ရိုင်းပြီးမှန်တယ်။ ရိုင်းပြီးယုတ်မာတဲ့စကားမပါပါ။ ထို့ကြောင့် ကျွန်တော်
အမျိုးသားရေးနဲ့ ပတ်သတ်လာရင် ဗိုလ်ချုပ်ကိုစံပြုထားပါတယ်။ ဒါ့ကြောင့်... အမျိုးချစ်တဲ့ညီအစ်ကိုများဗိုလ်ချုပ်စိတ်ဓါတ်မရှိရင်တောင်ဗိုလ်ချုပ်ပြောခဲ့တဲ့မိန့်ခွန်းစာအုပ်တွေ ပြန်ရှာဖတ်ကြပါ။ စာကိုအလွတ်ကျက်ရွတ်ပြရုံမဖတ်ကြဘဲ မိမိအတွေးနဲ့ ပြန်စဉ်းစားတွေခေါ်ကြည့်ရင်
ညီအစ်ကိုတို့အနေနဲ့ စစ်မှန်တဲ့မျိုးချစ်စစ်စစ်ဖြစ်လာမှာ အသေချာပါပဲ။ (အကြံပြုတာပါ)
အဲ့ဒီတော့ ... မျိုးချစ်စိတ်ဓါတ်ဆိုတာဘာလည်းလို့
ဆိုတော့ မျိုးချစ်စိတ်ဓါတ်ရဲ့ ပင်မအရင်းခံ အခြေခံက ကိုယ့်အမျိုး
ကိုယ်မယုတ်မိအောင် ပထမတည်ဆောက်ထားနိုင်တာ မျိုးချစ်စိတ်ရဲ့ အခြေခံပါပဲ။
ဒါငါ့လူမျိုး၊ ငါ့အမျိုးတွေကွ။ ငါဘယ်တော့မှ ငါ့အမျိုးကို
ဘယ်လိုအကြောင်းရာကြောင့်
ဖြစ်ပါစေ။ ငါ့အမျိုးကို ငါ့အသက်သေချင်သေပါစေ။ ငါ့ရဲ့ အသွေးသားခန္ဓာ ပျက်ချင်ပျက်သွားပါစေ။
ငါဘယ်တော့မှ ငါ့အမျိုးအပေါ် အမိန့်ကြောင့်၊ အာဏာကြောင့်၊ နီးရာဓါးကြောက်ရပါတယ်ဆိုတဲ့
ပုံစံမျိုး ကြုံလာခဲ့ရင်တောင် မယုတ်ဘူးဆိုတဲ့သတ္တိမွေးနိုင်တာ
ပထမဆုံးခြေလှမ်းထဲက မျိုးချစ်စိတ်ပဲ။ အဲ့ဒီမျိုးချစ်စိတ်ကနေ
အခြေခံရသွားပြီဆိုရင် ကိုယ့်လူမျိုးဆိုတာ တန်ဖိုးထားတတ်တဲ့ စိတ်ပါလာပြီ။
ငါ့လူမျိုး ဗမာတစ်ခုထဲ ကြည့်လို့မရပါဘူး။ တိုင်းရင်းသားတွေ
ပါ ငါ့လူမျိုးအနေနဲ့ ထည့်တွက်ရပါမယ်။ လွတ်လပ်ရေးရတာ ဗမာတစ်ခုထဲလုပ်ခဲ့လို့ လွတ်လပ်ရေးရခဲ့တာမှမဟုတ်ဘဲ။ တိုင်းရင်းသားတွေ ဗမာတွေ အကုန်စုစုစည်းစည်းတိုက်ခဲ့လို့
အင်္ဂလိပ်၊ ဖက်ဆစ်ကျွန်ဘ၀ကလွတ်ခဲ့တာကို မေ့ထားလို့မရဘူး။ အဲ့ဒီတော့ ... ဗမာဆိုတဲ့စိတ်လေးပါ ဖျောက်ပြီး ငါ့တို့ တိုင်းရင်းသားလူမျိုးဆိုတဲ့
အသိနဲ့ပါ အမျိုးသားရေး စုစည်းတဲ့အနေနဲ့ ငါ့လူမျိုး၊ ငါ့တိုင်းရင်းသား
ငါတို့တန်ဖိုးထားရမယ် ဆိုတဲ့ စိတ်ပါ ထည့်သွင်းရတော့မယ်။ ငါ့လူမျိုးတင်မက
ငါတို့တိုင်းရင်းသားတွေအပေါ် ငါတို့မယုတ်မာဘူး။ မရက်စက်ဘူး။ ငါ့လူမျိုး၊ ငါ့တိုင်းရင်းသားတွေ ငါတို့တန်ဖိုးထားတတ်ရမယ်။ ငါ့လူမျိုးတိုင်းရင်းသားတွေ (ပြည်ထောင်စုခေါ်မှာပေါ့) လူနေမှုအဆင့်တွေ၊ ပညာရေးအဆင့်တွေ
မြင့်မားလာမှ ငါတို့တိုင်းပြည် သာယာမျှတတဲ့ နိုင်ငံ၊ တိုးတက်တဲ့နိုင်ငံကို ရောက်မယ်။ ဒီစကားက
ပေါက်လွတ်ပဲစားပြောနေတာမဟုတ်ဘူး။ ဆရာကြီးလုပ်နေတာလည်းမဟုတ်ဘူး။ အမျိုးသားရေး
ဆိုတဲ့ စိတ်ဓါတ်အစစ်မှန်ကို ပြောပြတာ။ အမျိုးသားရေးလမ်းစဉ်မှန်သမျှ ဖြတ်လမ်းက လုပ်ရင်
သောက်တလွဲတွေချည်းပဲ။ အခြေခံကိုယ်ခံအားမရှိဘဲ အမျိုးသားရေးစကားသေအောင်ပြော အဲ့ဒီလူရူးနေလို့ပဲ။
အဲ့ဒီတော့... ကျွန်တော်တို့နိုင်ငံမှာ အမျိုးသားရေးတွေ ရှေ့တန်းရောက်လာရင် သေချာတယ်ဗျာ။
အခုလိုမြန်မာပြည် အဆင်းရဲဆုံးနိုင်ငံ အလုပ်လက်မဲ့အပေါများဆုံးနိုင်ငံမဖြစ်ဘူး။ မြန်မာပြည်မှာ
အမျိုးသားရေး သေဆုံးသွားခဲ့ရတာ နှစ်ပေါင်း(၂၆)နှစ်။ပညာရေးတွေသေဆုံးသွားခဲ့ရတာ နှစ်ပေါင်း(၂၆)နှစ်။ကျန်းမာရေးတွေ၊လူနေမှုစနစ်တွေအကုန်သေဆုံးခဲရပြီးလူမွှေးမပြောင်ဗမာတွေ
ဖြစ်ခဲ့ရတာ နှစ်ပေါင်း(၂၆)နှစ်။ တိုင်းတစ်ပါးထွက်လို့ (ပတ်ပို့စ်)
ပြူးပြဲစစ်ခံရတာ ဗမာဆိုသူခိုးလိုလို ဂျပိုးလိုလို ဆက်ဆံခံခဲ့ရတာ
နှစ်ပေါင်း(၂၆)နှစ်။ ဗမာကို ဖာမလို့ခေါ်ခံရတာ၊ အိမ်ဖော်လာလုပ် တာလားလို့
မေးခံရတာ ဗမာတွေစစ်စစ်။ တစ်ချိန်ကအာရှမှာကျားဖြစ်ခဲ့တဲ့ မြန်မာ့ပညာရေး၊
အခုကျမှ အိမ်ဖော်အဆင့်တောင် မမှီလောက်အောင်ဖြစ်သွားတဲ့ ပညာရေးစနစ်။
လက်သင့်ရာစားတော်ခေါ် အရက်သမား ရွှေသေတ္တာပေါ်ထိုင်ရသလို ထွက်သမျှအကုန်ရောင်း
သယံဇာတပေါပြီးကုန်ချောမထုတ်နိုင်တဲ့ မြန်မာ့စီးပွားရေးစနစ်။ဆင်းရဲသားသာမန်မဖားနိုင်သူတွေ
နောက်ကျကျန် ဖားနိုင်ကပ်နိုင်သူတွေ ကြီးပွားရင်း ကြီးပွားပြီး၊ မွဲတဲ့သူ
ခွေးဖြစ်တဲ့ မိုနိုပိုလီဈေးကွက်။ ဆင်းရဲသား လက်လုပ်လက်စား
သားပျိုသမီးပျိုတွေ ဖာထွက်ခံမှ တစ်နေ့စာ
ဖူလုံတဲ့စနစ်။ ပန်းကောင်းတွေ ငွေစပွန်စာ ပေးပြီး ဖျက်ဆီးချင်သလိုဖျက်ဆီးခံနေရတဲ့စနစ်။ မရှိလို့ဖာခံစား ရဲကအချောင်ဝါးတဲ့စနစ်။ မြန်မာမိန်းကလေးတွေအတွက် အလုပ်ကိုင်ရှားပါးတဲ့
အခြေနေမှာ ပါမစ်ရတွေ ချုပ်ကြီးတွေ ထောင်ထားတဲ့ (KTV) မာဆတ်၊ နိုက်ကလပ်တွေ ပလူပျံလာတဲ့ မြန်မာ့ဖာဈေးကွက်။အမျိုးကောင်းသမီးတွေလုပ်ခလစာမလောက်ငှလို့ ဖြတ်လမ်းနည်းနဲ့ ငွေရှာဖို့ တရားဝင် (တရားမ၀င်တွေ) လုပ်ပေးထားတဲ့ မြန်မာ့ဖာလောကကြီး ဟီးနေအောင် ကမ္ဘာမှာကျော်ကော။(နိုင်ငံခြားသားတစ်ယောက်ဘီယာဆိုင်မှာမူးရင်းပြောသွားတဲ့စကား။
မြန်မာပြည်မှာ ဖာဈေးပေါလို့လာတာတဲ့) ထမထိုးမိရုံတမယ်။
နောက်ထပ်ထပ်ပြောသွားတာ ငါတို့ကဗမာမကြိုက်တယ်။ ဒူဘိုင်း၊ စင်္ကာပူ၊
တရုတ်(ဟောင်ကောင်)၊ ထိုင်း အဲ့ဒီမှာဆို ဗမာမပဲခေါ်တာတဲ့။ အဲ့ဒီညက
အသားတွေဇတ်ဇတ်တုန်ခဲ့ရတယ်။ (ကြာခဲ့ပါပြီ)
အမျိုးသားရေးဆိုတော့ ကျွန်တော်အသေလဲထောက်ခံခဲ့တဲ့ အထဲမှာပါခဲ့ပါတယ်။ ကျွန်တော်တို့
အမျိုးသားရေးမှာ မူလဇစ်မြစ် အခြေခံလူနေမှု၊ စီးပွားရေး၊ ပညာရေး၊ ဘာသာရေး အတော်ကို
ဖိနှိပ်ခံခဲရတာတွေ ဘယ်သူ့ကြောင့်ဆိုတာ ငြင်းလို့မရနိုင်တဲ့ အတိုင်းတာတွေ။ ကျွန်တော်တို့နိုင်ငံရဲ့
ပညာရေးစနစ် ချွတ်ခြုံကျသွားခဲ့တာ ပညာရေးတစ်ခုထဲ ချွတ်ခြုံကျသွားခဲ့တာမဟုတ်ဘူး။ ကျွန်တော်တို့ ပြည်သူတွေရဲ့ အကျင့်စာရိတ္တတွေပါ ချွတ်ခြုံကျသွားတာ။ တချို့လူတွေက ပညာရေးချွတ်ခြုံကျနေတယ်ပဲမြင်တာ။
စာရိတ္တပိုင်း ကိုယ်ကျင့်တရားပိုင်း အဲ့ဒီပညာရေးစနစ်ဖြို လှဲလိုက်တာနဲ့
နောက်ဆက်တွဲပါလာတာ။ ဘေးထွက်ဆိုးကျိုးလို့လည်း ခေါ်မှာပေါ့။
ကုန်ကုန်ပြောမယ်ဗျာ...။ အသုဘအိမ် သတင်းမေးသွားတာတောင် ဖိနပ်ခိုးခံရလို့
ခြေဗြောင်နဲ့
ပြန်လာရတာ။ ကားပေါ်တက်ရင် ခါးပိုက်နှိုက်သတိပြု
ဆိုတဲ့စာတန်းကြီး ချိပ်ထားရတာ။ တကယ်လည်း အနှိုက်ခံရဖူးပါတယ်။ သို့သော်...
အဲ့ဒီလူတွေအပြစ်မမြင်ဘူး။ မြန်မာပြည်ကလူတွေ
ဒီလိုဖြစ်အောင် ဒီလိုအတန်းစားဖြတ်လမ်းသမားတွေ ပေါ်လာအောင် ဖန်တီးပေးလိုက်တဲ့စနစ်ပဲ။
ကျွန်တော်ပြောခဲ့တာတွေမှာ ငပြိန်းများများထုတ်နိုင်လေ ... အာဏာရှင်တွေ သက်စိုးရှည်လေပဲ။
ဒီလိုနည်းကတော့ပုံသေနည်းပေါ့ဗျာ။ဒါပေမဲ့...တစ်ဘက်ကစနစ်ရဲ့ပုံသေကားချပ်ချမှုမှာ ဘေးထွက်ဆိုးကျိုးတွေ ဘွဲ့ရပညာမတတ်၊ သုံးစားမရ။ တစ်နေ့စာတစ်နေ့ရုန်း၊ နိုင်ငံရေးစိတ်ဝင်စားဖို့မပြောနဲ့ ထမင်းဝဖို့အရေးကြီးတယ် ဆိုတာတွေ ဖြစ်လာတယ်။ ဒီလိုဖြစ်အောင်လည်းစနစ်တကျဖန်တီးတယ် ဆိုတာ လူတိုင်းသိချင်မှသိမယ်။ အဲ့ဒီတော့ ဒါတွေမသိအောင် မမြင်အောင် ဖုံးထားပြီး ငါတို့နိုင်ငံ ရွှေနိုင်ငံဆိုတဲ့အသုံးနှုန်းတွေကြားမှာ မြန်မာပြည်သက်ကြီးပင်ပုဖြစ်ခဲ့ရသလို ရှိသမျှပြောင် လူမျိုးငတုံးအဆင့်ကမတတ်။ အမျိုးသားရေးစစ်စစ်ဆိုတာ အင်္ဂလိပ်ခေတ်က
မူဟောင်းတွေ ပြန်သယ်မလာစေ့ချင်ဘူး။ အမျိုးသားရေး လက်ကိုင်တုတ် ရာဇ၀င်မှာကျန်ချင်ရင်
ကိုယ့်သမိုင်းနဲ့ ကိုယ်ပါပဲ။
အပိုင်း(၄)ဆက်ရန်......
ဥယျာဉ်မှူး
၇.၃.၂၀၁၄
—
0 comments:
Post a Comment