Wednesday, March 19, 2014

နေရာလွတ် ရှိပါတယ်

နေရာလွတ် ရှိပါတယ်
----------------------

လူတစ်ယောက် ကိုယ့်ကို ဂရုမစိုက်တာကို စိတ်ပင်ပန်းခံမနေပါနဲ့ ။ ပတ်ဝန်းကျင်မှာရှိတဲ့ အခြားသူတွေရဲ့ ဂရုစိုက်မှုကို သင် လက်
လွတ်သွားပါလိမ့်မယ်။ အကြောင်းအရာ တစ်ခုခုကို စိတ်အရမ်းနှစ်ထားလိုက်မိတဲ့အခါ ကျန်အရာတွေကို ဆုံးဖြတ်နိုင်မှု အားနည်း
သွားတတ်ပါတယ်။

ခံစားချက်တစ်ခုကြောင့် အလုပ်တစ်ခု ဖြစ်မလာနိုင်ပါဘူး။ လုပ်နေတဲ့ အလုပ်သာ ဆုံးရှုံးသွားနိုင်တဲ့ အခြေနေပါ။ သို့ သော် အလုပ်
လုပ်ရင်းနဲ့  ပျော်မွေ့ လာတဲ့ ခံစားချက်ကိုတော့ ရနိုင်ပါတယ်။ ဒီခံစားချက်သာ အပေါင်းလက္ခဏာ ဆောင်ပါတယ်။ မွန်းကျပ်နေတဲ့
စိတ်ကို ဦးတည်ချက် ပြောင်းပေးလိုက်တဲ့ သဘောပေါ့။

ပြောချင်တဲ့ သဘောက အရာတစ်ခုကို စိတ်က စွဲစွဲလန်းလန်း ဖြစ်နေတဲ့အချိန်မျိုးမှာ လုပ်သင့်တဲ့ အလုပ်တွေကို မေ့လျော့သွားတတ်
ပါတယ်။ ဒီနစ်မြောနေတဲ့ နေရာကနေ ရုန်းထွက်နိုင်ဖို့ အတွက် စိတ်ကို ဦးတည်ချက်လေး ပြောင်းလိုက်ပါ။ မတွယ်ထားသင့်တဲ့ လက်
တစ်စုံကို ကုတ်တွယ်ထားမိတဲ့အတွက် တွယ်သင့်တဲ့ လက်တစ်စုံဟာ နေရာလွတ်ဖြစ်နေမှာပေါ့။

ဘ၀မှာ လူတစ်ယောက်အတွက် နေရာတစ်နေရာဆိုတာ ရှိစမြဲပါ။ ကိုယ့်နေရာ ကိုယ်မယူဘဲ သူများနေရာ လုယူနေလို့ သာ မတည်မ
ငြိမ်ဖြစ်နေတာပါ။ မိမိနေရမယ့်နေရာ မိမိနေရင် နေရာလွတ်ဆိုတာ ဘယ်ရှိနိုင်ပါ့မလဲ။ ကိုယ်ထိုင်ဖို့ နေရာ ပေါပါလျက် သူများထိုင်နေ
တဲ့ နေရာကို မတ်တပ် ရပ်စောင့်နေတာဟာ အကျိုးမရှိတဲ့အပြင် လူကိုလည်း ပင်ပန်းစေပါလိမ့်မယ်။

@[100004504148522:2048:True Man]

လူတစ်ယောက် ကိုယ့်ကို ဂရုမစိုက်တာကို စိတ်ပင်ပန်းခံမနေပါနဲ့ ။ ပတ်ဝန်းကျင်မှာရှိတဲ့ အခြားသူတွေရဲ့ ဂရုစိုက်မှုကို သင် လက်လွတ်သွားပါလိမ့်မယ်။ အကြောင်းအရာ တစ်ခုခုကို စိတ်အရမ်းနှစ်ထားလိုက်မိတဲ့ အခါ ကျန်အရာတွေကို ဆုံးဖြတ်နိုင်မှု အားနည်းသွားတတ်ပါတယ်။

ခံစားချက်တစ်ခုကြောင့် အလုပ်တစ်ခု ဖြစ်မလာနိုင်ပါဘူး။ လုပ်နေတဲ့ အလုပ်သာ ဆုံးရှုံးသွားနိုင်တဲ့ အခြေနေပါ။ သို့ သော် အလုပ်
လုပ်ရင်းနဲ့  ပျော်မွေ့ လာတဲ့ ခံစားချက်ကိုတော့ ရနိုင်ပါတယ်။ ဒီခံစားချက်သာ အပေါင်းလက္ခဏာ ဆောင်ပါတယ်။ မွန်းကျပ်နေတဲ့စိတ်ကို ဦးတည်ချက် ပြောင်းပေးလိုက်တဲ့ သဘောပေါ့။

ပြောချင်တဲ့ သဘောက အရာတစ်ခုကို စိတ်က စွဲစွဲလန်းလန်း ဖြစ်နေတဲ့အချိန်မျိုးမှာ လုပ်သင့်တဲ့ အလုပ်တွေကို မေ့လျော့သွားတတ်ပါတယ်။ ဒီနစ်မြောနေတဲ့ နေရာကနေ ရုန်းထွက်နိုင်ဖို့ အတွက် စိတ်ကို ဦးတည်ချက်လေး ပြောင်းလိုက်ပါ။ မတွယ်ထားသင့်တဲ့ လက်တစ်စုံကို ကုတ်တွယ်ထားမိတဲ့အတွက် တွယ်သင့်တဲ့ လက်တစ်စုံဟာ နေရာလွတ်ဖြစ်နေမှာပေါ့။

ဘ၀မှာ လူတစ်ယောက်အတွက် နေရာတစ်နေရာဆိုတာ ရှိစမြဲပါ။ ကိုယ့်နေရာ ကိုယ်မယူဘဲ သူများနေရာ လုယူနေလို့ သာ မတည်မငြိမ်ဖြစ်နေတာပါ။ မိမိနေရမယ့်နေရာ မိမိနေရင် နေရာလွတ်ဆိုတာ ဘယ်ရှိနိုင်ပါ့မလဲ။ ကိုယ်ထိုင်ဖို့ နေရာ ပေါပါလျက် သူများထိုင်နေတဲ့ နေရာကို မတ်တပ် ရပ်စောင့်နေတာဟာ အကျိုးမရှိတဲ့အပြင် လူကိုလည်း ပင်ပန်းစေပါလိမ့်မယ်။

True Man

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...