Thursday, May 2, 2013

အချိုးကျကိုယ်စားပြုစနစ် (PR) မှာ လက်ရှိမြန်မာနိုင်ငံနှင့် သင့်လျော်မှုမရှိကြောင်း Mr.Tim ၏ စာတမ်းငယ်တွင် ဖော်ပြ

by Myat Thi Ha (Notes) on Thursday, May 2, 2013 at 5:38am

Posted byHtut Htutat9:18 AM



ပြည်တွင်းရှိ တိုင်းရင်းသားမပာုတ်သော နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားပါတီများအကြား အငြင်းပွား လျက်ရှိသော အချိုးကျကိုယ်စားပြုစနစ် (PR) မှာ လက်ရှိဒီမိုကရေစီဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံဖြစ် သည့် မြန်မာနိုင်ငံ၌ သုံးစွဲရန် သင့်လျော်မှုမရှိကြောင်း ရွေးကောက်ပွဲနှင့် နိုင်ငံရေးလုပ်ငန်းစဉ်များဆိုင်ရာ ဒါရိုက်တာ Mr.Tim Meislurgrer ၏ ထွန်းသစ်စနိုင်ငံများမှ အချိုးကျကိုယ်စားပြုစနစ် စာတမ်းငယ်တွင် ထည့်သွင်းဖော်ပြထားသည်။


အဆိုပါ စာတမ်းငယ်တွင် ဒီမိုကရေစီဖွံ့ဖြိုးဆဲနိုင်ငံများတွင် အချိုးကျကိုယ်စားပြုစနစ်ထက် ကိုယ်စားလှယ် တစ်ဦးကိုသာ ရွေးချယ်ရသည့် မဲဆန္ဒနယ်မြေစနစ်သည် ပိုမိုသင့်လျော်ကြောင်းနှင့် မည်သည့်စနစ်အကောင်းဆုံးဆိုသည်မှာ မူ မြန်မာပြည်သူများအပေါ်တွင်သာ မူတည်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အချိုးကျကိုယ်စားပြုစနစ်သည် ပါတီအများအပြား ဦးဆောင်ရသည့်စနစ်ဖြစ်သည့်အတွက် လူနည်းစုများအတွက် အခွင့်အလမ်းကောင်းနှင့် ပါတီအသစ်များအတွက် ပိုမိုကောင်းမွန်နိုင်မည်ဖြစ်ပြီး အစိုးရမှ ပဋိပက္ခများ ဖြေရှင်းရာတွင် လွတ်လပ်စွာအာဏာခွဲဝေမှုပြုနိုင်သည့် အားသာချက်များရှိသော်လည်း အစွန်းရောက်စနစ်နှင့် တစ်ပါတီ စနစ်ကို ဖြစ်စေသည့် အားနည်းချက်များလည်းရှိကြောင်း သိရသည်။ အချိုးကျကိုယ်စားပြုစနစ်အား စတင်ကျင့်သုံး ဆောင်ရွက်မည့် နိုင်ငံများ အနေဖြင့် ငွေကြေးများစွာကုန်ကျမည်ဖြစ်သည့်အပြင် ပါတီများမှာလည်း ဒီမိုကရေစီပါတီများဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်း၏စာတမ်းငယ်တွင်ဖော်ပြထားသည်။

အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် နိုင်ငံများမှာ တောင်အာဖရိက၊ ဒိန်းမတ်၊ နော်ဝေ၊ ကမ္ဘောဒီးယားနှင့် အရှေ့တီမော စသည့်နိုင်ငံများဖြစ်သည်။

Yangon chronicle

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...