သစ်ထူးလွင် သတင်းစုစည်းမှု (၆-၅)
သစ်ထူးလွင်
|
- ပေါင်မြို့ နယ် အတွင်းမှာ သောက်သုံးရေကို ပိတ်ဆို့ပြီး လုပ်ကိုင်နေမှု အရေးယူမယ် (ရုပ်/သံ)
- NLD ရဲ့ ကျန်းမာရေးကွန်ရက် ပထမဆုံး ကွင်းဆင်းကုသ (ရုပ်/သံ)
- GSM နှင့် WCDMA ဖုန်းလိုင်း လေးသန်းတိုးချဲ့မည်ဟုသိရ
- မေလ(၉)ရက်နေ့ ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၄) အမှတ် (၁၇)
- အရက်ချက်စက်ရုံ စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်ကျင် ကျေးရွာများတွင် ရေမသန့်ရှင်းမှုများဖြစ်ပေါ်နေ
- လေးလအတွင်း မီးလောင်မှု ၉၂၉ ကြိမ်၊ ကျပ်သန်း ၂,၈၀၀ ကျော် ဆုံးရှုံး
- ပွင့်လင်းလူ့အဖွဲ့အစည်း လားရှိုးခရီးစဉ် (ရုပ်/သံ)
- စစ်တပ်ထိုးစစ် ၀ နယ်ကို ဦးတည်ဟု ခွန်ထွန်းဦးပြော
- အိမ်ဖော်မလေးကို ညှင်းဆဲပြီး မျက်နှာကိုကျဉ်ပွေ့ နဲ့ ထုမှု အရေးယူရန်လို
- မေလ(၈)ရက်နေ့ ထုတ် Mobile Guide Issue Vol-2၊ Issue 1.
- မြန်မာ-ထိုင်းနယ်စပ် စက်မှုဇုန် တည်ထောင်မည်
- မန္တလေးတိုင်းအတွင်း ကျေးရွာ ၄၀၀၀ ကျော် ရေလိုအပ်နေ
- မိုးကုတ်မှာ ဖယောင်းတိုင်မီး မှစပြီး နေအိမ်နှစ်လုံး မီးလောင်
- ပဋိပက္ခကြောင့် သံဃာတော်နှစ်ပါးကို ဖမ်းဆီးထား
- မေလ(၈)ရက်နေ့ ထုတ် Smart Pro Journal အတွဲ ၁၊ အမှတ် ၁၄
- မေလ(၅)ရက်နေ့ ထုတ် Digital Life နည်းပညာဂျာနယ် အတွဲ ၂၊ အမှတ် ၁
- မေလ(၅)ရက်နေ့ ထုတ် TV Guide အတွဲ ၄၊ အမှတ် ၈
- မေလ(၃)ရက်နေ့ ထုတ် HR Journal အမှတ်စဉ် (၁၉၁)
- ဥက္ကံအရေးအခင်းသံသယရှိသူ ၂၃ ဦးဖမ်းဆီး
-
မူးယစ်ကုန်ကူးသူတွေနဲ့ ထိုင်းနယ်ခြားစောင့်တိုက်ပြွဲ
ဖစ် ၅ ဦးသေဆုံး - သမ္မတဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီ (၁၈)ပါတီတွေ့ဆုံ
-
တိုင်းရင်းသားတန်းတူအခွင့်အရေး
နဲ့မူးယစ်ကိစ္စ ၈၈ မျိုးဆက် ပြောကြား -
ပဋိက္ခတွေမှာမပါဝင်ဖို့ ရွှေဝါရောင်သံဃာတော်တွေတိုက်တွန်
း - ဆန်စပါးအဖွဲ့ချုပ်ပိုင် ဆိပ်ကမ်းဆောက်
- ဖေါက်ခွဲ ဖျက်ဆီးမှု ဖြစ်နိုင်တဲ့အတွက် လုံခြုံရေးတိုးချ
Posted: 06 May 2013 07:04 AM PDT
မွန်ပြည်နယ်
ပေါင်မြို့နယ်အတွင်း အများပြည်သူသုံး သောက်သုံးရေကို ပိတ်ဆို့ပြီး
လုပ်ကိုင်နေတာတွေကို ဥပဒေအရ အရေးယူသွားမယ်လို့ စည်ပင်က ပြောဆိုလိုက်ပါတယ်။
ဒီသတင်းကို ဒေါ်ခင်ရူပါ တင်ဆက်။ ရိုက်ကူး ကျော်စိုး
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 06 May 2013 06:56 AM PDT
အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် ကျန်းမာရေး ကွန်ရက်ရဲ့ ပထမဆုံးသော ကွင်းဆင်း
ဆေးကုသမှုကို ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ မေလ ၆ရက်နေ့ မနက်မှာ
စတင်ပြု လုပ်လိုက်ပါတယ်။ --
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 06 May 2013 03:19 AM PDT
GSM
နှင့် WCDMA ဖုန်းလိုင်း လေးသန်းတိုးချဲ့မည်ဖြစ်ကြောင်း မြန်မာ့
ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ လက်ရှိ CDMA 800MHz
ဖုန်းများကိုချထားခဲ့ပြီး အဆိုပါဖုန်းများ ချထားပြီးပါက GSM နှင့် WCDMA
ဖုန်းလိုင်းများကို ချထားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာ့ ဆက်သွယ်ရေး
လုပ်ငန်း၏ GSM နှင့် WCDMA ဖုန်းလိုင်းများ လိုင်းလေးသန်းတိုးချဲ့ရန်
သတင်းစာများမှ တင်ဒါများ ခေါ်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 06 May 2013 03:08 AM PDT
|
||
Posted: 06 May 2013 02:07 AM PDT
ပန်းလှိုင်မြစ်
အတွင်း ဆားမလောက် အရက် ချက်စက်ရုံမှ စွန့်ပစ်ပစ္စည်းများ ကြောင့် ပတ်ဝန်း
ကျင်ကျေးရွာများ တွင် မြစ်ရေမသန့် ရှင်း မှု အပြင် လေထုညစ်ညမ်းမှုများကို
ခံစားနေရကြောင်း ဒေသခံ များကပြောသည်။ ညောင်တုန်း မြို့နယ်အတွင်း
ပန်းလှိုင်မြစ်တစ် လျှောက် ကျေး ရွာများဖြစ်သည့် လှိုင်ကျေးရွာ အပါအဝင်
ဆားမလောက်ကျေး ရွာ၊ ရွှေလွ န်း စုကျေးရွာ၊ သောင်စု ကျေးရွာနှင့် ပေါက်ကုန်း
ကျေးရွာ များ သည် မြစ်ရေကို သောက်သုံး ရေအဖြစ်အသုံးပြုလျက်ရှိပြီး --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 06 May 2013 01:47 AM PDT
မြန်မာနိုင်ငံတဝှန်း
ဇန်နဝါရီမှ ဧပြီလအထိ မီးလောင်မှု ၉၂၉ ကြိမ် ဖြစ်ပွားခဲ့သဖြင့်
ကျပ်သန်းပေါင်း ၂,၈၀၀ ကျော် ဆုံးရှုံး ခဲ့ရကြောင်း မီးသတ်ဦးစီး ဌာနမှတဆင့်
သိရသည်။
ထို ကာလအတွင်း မီးလောင်မှုများမှာ မီးဖိုမီး ၂၅၅ ကြိမ်၊ ပေါ့ဆမီး ၃၀၀ ကြိမ်၊ အလိုအလျောက်မီး ၂၁ ကြိမ်၊ လျှပ်စစ်မီး ၁၂၇ ကြိမ်၊ မသမာသူရှို့မီး ၁၁၉ ကြိမ်၊ တောမီး ၁၀၅ ကြိမ်၊ မိုးကြိုးပစ် ၂ ကြိမ် ဖြစ်ပွားခဲ့၍ အိမ်ခြေအဆောက်အဦ ၃,၇၇၃ လုံး၊ စက်ရုံ၊ အလုပ်ရုံ၊ ဂိုဒေါင် ၃၈ လုံး၊ သေဆုံးသူ လူဦးရေ ၄၃ ဦး၊ ဒဏ်ရာရရှိသူ ၆၆ ဦး၊ မီးဘေးဒုက္ခသည် ၁၂,၁၄၂ ဦးနှင့် တိရိစ္ဆာန် ဆုံးရှုံးမှု ၂,၅၀၂ ကောင် ရှိခဲ့သည်။ “မြန်မာနိုင်ငံမှာ နှစ်စဉ်ကြုံတွေ့ရတဲ့ မီးလောင်မှုတွေကို ပြန်လည် ဆန်းစစ်ကြည့်တဲ့အခါ သတိမပြု၊ ဂရုမစိုက်မိတဲ့ ပေါ့ဆမီး ဟာ ၆၅ ရာခိုင်နှုန်းကျော် ရှိတယ်” ဟု ၆၇ နှစ်မြောက် မီးသတ်တပ်ဖွဲ့ နေ့တွင် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို က မှတ်ချက်ပြု ပြောဆိုသွားသည်။ လေးလ အတွင်း မီးလောင်မှု ကြိမ်ရေ အများဆုံး ဖြစ်ခဲ့သည့် မန္တလေးတိုင်းတွင် ၁၃၅ ကြိမ် လောင်ကျွမ်း၍ ကျပ် ၁,၀၃၆ ဒဿမ ၇၅ သန်းဖိုး ဆုံးရှုံးခဲ့ရသည်။ ဒုတိယမြောက် ကြိမ်ရေ အများဆုံးလောင်ကျွမ်းမှု ဖြစ်ခဲ့သည့် ရန်ကုန်တိုင်းတွင် ၁၀၅ ကြိမ် လောင်ကျွမ်း၍ ကျပ် ၁၉၇ ဒဿမ ၀၄ သန်းဖိုး ဆုံးရှုံးခဲ့ရသည်။ “မီးလောင်မှုတွေ အများအားဖြင့်က လျှပ်စစ်နဲ့ ပတ်သက်တဲ့ မီးလောင်မှုတွေ ဖြစ်တယ်။ မီးသတ်တပ်ဖွဲ့တွေက တအိမ်တက်ဆင်း စစ်ဆေးတာတွေ ဆော်သြတာတွေ လုပ်နေတဲ့ကြားက ပေါ့ဆမှု တွေရှိနေတုန်းပဲ၊ မီးမမှန်တာ တွေ၊ မီးပြတ်တဲ့အချိန်မှာ မီးကို ပြန်မပိတ်တာကနေ မီးလောင်မှု ဖြစ်တယ်။ အရည်အသွေး မပြည့်မီတဲ့ ဝါယာကြိုးတွေ၊ လျှပ်စစ် ပစ္စည်းကိရိယာတွေ သုံးလို့ မီးလောင်မှု ဖြစ်တာ များတယ်” ဟု ရန်ကုန်တိုင်း မီးသတ် ဦးစီးမှူး ဦးကြည်ဝင်း က ပြောသည်။ ကြိမ်ရေ အနည်းဆုံး ဖြစ်ခဲ့သည့် ကယားပြည်နယ်တွင် ၂ ကြိမ် လောင်ကျွမ်း၍ ကျပ် ၂ ဒဿမ ၇၈ သန်းဖိုး ဆုံးရှုံးခဲ့ရသည်။ နေပြည်တော်တွင် ၉၂ ကြိမ် လောင်ကျွမ်း၍ ကျပ် ၂၄ ဒဿမ ၃၇ သန်းဖိုး ဆုံးရှုံးခဲ့ရသည်။ ကျန် ပြည်နယ်နှင့်တိုင်းများအလိုက် လေးလတာအတွင်း မီးလောင်ကျွမ်းမှု ကြိမ်ရေနှင့် ဆုံးရှုံးရမှု တန်ဖိုးမှာ ကချင်ပြည်နယ်တွင် ၃၆ ကြိမ် ကျပ် ၃၅ ဒဿမ ၆၄ သန်းဖိုး၊ ကရင်ပြည်နယ်တွင် ၁၆ ကြိမ် ကျပ် ၁၈ ဒဿမ ၁၃ သန်းဖိုး၊ ချင်းပြည်နယ်တွင် ၁၂ ကြိမ် ကျပ် ၁၅၇ ဒဿမ ၉၇ သန်းဖိုး၊ စစ်ကိုင်းတိုင်းတွင် ၉၂ ကြိမ် ကျပ် ၂၅၀ ဒဿမ ၈၈ သန်းဖိုး၊ တနင်္သာရီတိုင်းတွင် ၂၉ ကြိမ် ကျပ် ၆၂ ဒဿမ ၂၇ သန်းဖိုး၊ ပဲခူးတိုင်းတွင် ၈၃ ကြိမ် ကျပ် ၁၉၂ ဒဿမ ၆၂ သန်းဖိုး၊ မကွေးတိုင်းတွင် ၈၆ ကြိမ် ကျပ် ၂၇ ဒဿမ ၉၃ သန်းဖိုး၊ မွန်ပြည်နယ်တွင် ၃၆ ကြိမ် ကျပ် ၆၇၂ ဒဿမ ၄၈ သန်းဖိုး၊ ရခိုင်ပြည်နယ်တွင် ၆၄ ကြိမ် ကျပ် ၃၄ ဒဿမ ၅၃ သန်းဖိုး၊ ရှမ်းပြည်နယ်တွင် ၇၈ ကြိမ် ကျပ် ၆၂ ဒဿမ ၈၃ သန်းဖိုးနှင့် ဧရာဝတီတိုင်းတွင် ၆၃ ကြိမ် ကျပ် ၂၄ ဒဿမ ၄၇ သန်းဖိုး ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။ ယခင်နှစ်က အလားတူ လေးလ ကာလနှင့် နှိုင်းယှဉ်ပါက မီးလောင်မှု ကြိမ်ရေ ပိုမို များပြားလာခဲ့သော်လည်း ဆုံးရှုံးမှု တန်ဖိုးမှာ ထက်ဝက် လျော့နည်းခဲ့သည်။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း မီးလောင်မှု ၅၆၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၅,၄၇၂ ကျော် ဖြစ်ခဲ့ရသည်။ နန်းမြင့် | ရန်ကုန် (မဇ္ဈိမ) Mizzima - News in Burmese |
||
Posted: 06 May 2013 01:32 AM PDT
လက်ရှိ
ပြဿနာတွေ ကြားမှာ ဒီမိုကရေစီနဲ့  လူအခွင့်ရေး ဆိုတဲ့ ဦးတည်ချက်
မပျောက်ပျက်အောင် သတိထား ကြရမယ်လို့ ၈၈ မျိုး ဆက် ခေါင်းဆောင် ကိုကိုကြီးက
လားရှိုးမှာ ပြောလိုက်ပါတယ်။ ဦးမောင်တူး တင် ဆက်။ ရိုက်ကူး ကိုဆန်
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 06 May 2013 01:24 AM PDT
လက်ရှိ
အစိုးရ စစ်တပ်ကနေ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် ထိန်းချုပ် နယ်မြေတွေကို
တိုက်ခိုက်တာဟာ ၀ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် ထိန်းချုပ်ထားတဲ့ ဝ
ဒေသကို ဦးတည်နေတာ ဖြစ်ကြောင်း သမ္မတကို ပြောခဲ့တယ်လို့ ရှမ်းတိုင်း
ရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦးက ဒီဗွီဘီကို
ပြောပါတယ်။
ဒီလို ဆက်ပြီးတိုက်ခိုက်နေရင် တိုင်းရင်းသားတွေဟာ နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်ရင်း ၂၀၁၄ သန်းခေါင်စာရင်း ကောက်တဲ့အခါ ပါလာမှာ မဟုတ်ဘဲ နောင်မှာ နိုင်ငံမဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်သွားနိုင်ကြောင်း သမ္မတကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလ ၅ ရက် နေပြည်တော်မှာ သမ္မတ နဲ့ နိုင်ငံရေးပါတီ ၁၈ ခုက ခေါင်းဆောင်တွေ တွေ့ဆုံစဉ် သူက ခုလို ဆွေးနွေးခဲ့တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်ကတော့ အတတ်နိုင်ဆုံး ဖြေရှင်းပေးမယ်လို့ ကတိပေးကြောင်း ပြောပါတယ်။ by ဒီဗွီဘီ
|
||
Posted: 06 May 2013 01:00 AM PDT
အိမ်၌
ခိုင်းစေရန် လခတစ် လကျပ် (၃၀၀၀၀)ဖြင့် ခေါ်ယူ ထားခြင်းခံရသော နွမ်းပါးအိမ်
ဖော် မိန်းကလေး တစ်ဦးအား တာမွေမြို့နယ်၊ ကျားကွက်သစ် ရပ်ကွက်
အိမ်အမှတ်(၄၉)၊ ၄ လွှာနေ အိမ်ရှင် အမျိုးသမီးဖြစ်သူ တင်တင်ရီမှ
နေ့စဉ်ဆိုသလို ညှင်းဆဲမှုများ ပြုလုပ်ခဲ့ပြီး အလုပ် ကို အကြောင်းပြ၍
အိမ်ဖော်ဖြစ် သူ မတင်တင်ထွေး အသက်(၁၈) နှစ်အား အိမ်ရှင်ဒေါ်တင်တင်ရီ မှ
ရိုက်ပုတ်နှိပ်စက်ခဲ့ရာ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 06 May 2013 12:43 AM PDT
|
||
Posted: 06 May 2013 12:40 AM PDT
မြန်မာ-
ထိုင်း နိုင်ငံနယ်စပ်ရှိ ထားဝယ်-ကန်ချနာပူရီ ကားလမ်းအဆုံး ထီးခီးနယ်စပ်
စခန်းရှိရာ ဒေသ တွင် ယခုနှစ်အတွင်း ထီးခီးစက်မှု ဇုန်တည်ထောင်မည်
ဖြစ်ကြောင်း နေပြည်တော် သမ္မတရုံးမှ သတင်းရရှိသည်။ ယင်းစက်ရုံကို
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်း လုပ်ကိုင်မည် ဖြစ်ပြီး
စက်မှုဇုန်တည်ဆောက်ရန် ထိုင်းကုမ္ပဏီများကို ကမ်းလှမ်း ထားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 06 May 2013 12:27 AM PDT
မြန်မာနိုင်ငံ၏ မိုး နည်းရေရှားရပ်ဝန်းတွင် ပါဝင်သောမန္တလေးတိုင်းဒေသကြီးတွ
စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးများအနက် မန္တလေးတိုင်းဒေသကြီးသည် ရေလိုအပ် ချက်အကြီးမားဆုံးဖြစ်ပြီး ရေတစ်ထမ်းအတွက် အချိန်များစွာပေးနေရသော ကျေးရွာများနှင့် ပတ်သက်၍ “အစိုးရအဖွဲ့က ကွင်းဆင်းလေ့လာတော့ ပြည်သူကရေပဲပူဆာကြတယ်”ဟူ၍ နေပြည်တော် MICC ခန်းမတွင် မေ ၃ ရက်ကကျင်းပသော သောက်သုံးရေအတွက် ငွေလှူဒါန်းပွဲတွင် ဦးရဲမြင့်က ပြောကြားသည်။ ဒေသ၏ မိုးရွာသွန်းမှုနှင့် မိုးရေချိန်ရရှိမှုမှာလည်း ယခင်နှစ်များက ၅၁ ရက်ရွာပြီး ၃၄ လက်မရရှိ ခဲ့ကြောင်း၊ ယမန်နှစ်တွင် ၄၅ ရက် ရွာသွန်းပြီး ၂၉ လက်မသာရရှိခဲ့ကြောင်း၊ ယမန်နှစ်ကရေရရှိရေးအတွက် ကျပ်သန်း ၁၂၀၀ သုံးစွဲခဲ့ကြောင်းလည်း ၀န်ကြီးချုပ်က ထပ်မံပြောကြားခဲ့သည်။ ယမန်နှစ်က မိုးနည်း၍ ရေရှားပါးသော အခြေအနေနှင့် ပတ်သက် ပြီး မိတ္ထီလာမြို့နယ်မှ တောင်သူတစ်ဦးဖြစ်သူ ဦးကျော်လင်းကလည်း “တစ်နှစ်မှ ရေမခန်းဖူးတဲ့ ကန်တွေတောင် ဒီနှစ်ရေခန်းတယ်”ဟုဆိုသည်။ ၎င်းတို့အပြင် မန္တလေး မြို့ပေါ်ကနေ ဦးသောင်းတင်ဝင်းကလည်း “ရပ်ဝေးက သူငယ်ချင်းတွေ အလည်လာမယ်ဆိုရင်တောင် မလာစေချင်ဘူး။ ရေရှားလို့”ဟုမြို့ပေါ်အခြေအနေကိ အဆိုပါတိုင်းဒေသကြီးတွင် ရေကန် ၂၀၆ ကန်နှင့် ရေတွင်း ၂၃၀ တွင်းတူးနေကြောင်း၊ တွင်းနက် ၆၆ တွင်းပါဝင်သော်လည်း ရေထွက်ချင်မှ ထွက်မည်ဖြစ်ကြောင်း၊ ရေငန်လည်း ဖြစ်ကောင်းဖြစ်နိုင်ကြောင်း ၀န်ကြီးချုပ်ဦးရဲမြင့်က ပြောသည်။ အဆိုပါ တိုင်းဒေသကြီး ၃ ခုအပြင် တစ်နိုင်ငံလုံး၌ ၁၉၉၀ခုနှစ်က ကွင်းဆင်းကောက်ယူမှုအရ ရေလိုအပ်သော ကျေးရွာပေါင်း ၂၃၂၂၅ရွာ အတွက် ဆောင်ရွက်ပေးရန် လိုအပ် ကြောင်း သမ္မတရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က ပြောသည်။ ယင်းလိုအပ်ချက်အရ ၂၀၀၀ မှ ၂၀၁၀ ပြည့်နှစ်အထိ ဆယ်နှစ်အတွင်း တွင်းတိမ် ၁၈၀၀၄၊ တွင်းအနက် ၆၆၈၄ တွင်း၊ စုစုပေါင်း ၂၄၆၈၇ တွင်းကို ရေရရှိရေးတူးဖော်ပေးခဲ့ ကြောင်း၊ ဘဏ္ဍာငွေ သုံးစွဲမှုအဖြစ် နိုင်ငံတော်မှ ကောက်ခံငွေ ကျပ် ၁၀၄၀၇.၆၂ သန်း၊ စည်ပင်ရန်ပုံငွေ ၁၀၄၈၅.၂၀ သန်း၊ ပြည်တွင်း ပြည်ပအလှူငွေကျပ် ၂၆၉၆.၉၂ သန်းနှင့် ကန်ဒေါ်လာ ၈၈၇၄၃၊ နိုင်ငံတာကာနှင့် ပူးပေါင်းဆောင်ရွက်မှုအဖြစ် ကန်ဒေါ်လာ ၇.၂၆ သန်း၊ ဂျပန်ယန်း ၁၃၉၉.၆၂ သန်း သုံးစွဲခဲ့ကြောင်းလည်း ဦးသိန်းညွန့်က ပြောသည်။ အဆိုပါဒေသများတွင် ရေအတွက် အချိန်များစွာပေးရသည့်သဖြင့် ၀မ်းပျက်၊ ၀မ်းလျှော၊ မျက်စိတိမ်စွဲစသည့် ရောဂါများပါဖြစ်ပွားသောကြောင့် နိုင်ငံတော်အတွင်း ငွေကြေးနှင့် လုပ်သားများစွာ ဆုံးရှုံးရကြောင်းလည်း ဦးသိန်းညွန့်က ပြောကြားခဲ့သည်။ 7Day News Journal ဓာတ်ပုံ- ဝေမိုး |
||
Posted: 05 May 2013 09:05 PM PDT
မိုးကုတ်မြို့ အရှေ့ပိုင်း စစ်တန်းရပ်ကွက် ၄.၅.၂၀၁၃ ရက်နေ့ ည ၁၀ နာရီခန့်အချိန်တွင်
မီးမလာသဖြင့် ဦးထွေးအောင် နေအိမ်တွင် ဖယောင်းတိုင်မီး မှစပြီး အရက်ပုံးများမှ တစ်ဆင့် မီးလောင်ကျွမ်းရာ ထိမ်းမနိုင် ဖြစ်လာပြီး ၂ ထပ်တိုက် လူနေအိမ်တစ်လုံးနှင့် တစ်ထပ်တိုက် နေအိမ်တစ်လုံး မီးလောင်ကျွမ်းသွားသည်ဟု သိရသည်။ Myanmar News Now
|
||
Posted: 05 May 2013 08:44 PM PDT
မြန်မာနိုင်ငံ
မြောက်ဖက်ပိုင်း ကချင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ဘာသာရေး ပဋိပက္ခတွေကြောင့်
ဗုဒ္ဓဘာသာ သံဃာတော်နှစ်ပါးကို ရဲတွေက ဖမ်းဆီး လိုက်ပါတယ်။ အဖမ်းခံရ
သူတွေကို စစ်ဆေး မေးမြန်း နေတုန်းဖြစ်ပြီး သက်သေ အထောက် အထား
ခိုင်လုံရင်တော့ အရေးယူသွားမှာ ဖြစ်တယ်လို့ ကချင်ပြည်နယ်က အမည်
မဖော်လိုတဲ့ ရဲအရာရှိ တဦးက ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 05 May 2013 08:41 PM PDT
|
||
Posted: 05 May 2013 08:39 PM PDT
|
||
Posted: 05 May 2013 08:38 PM PDT
|
||
Posted: 05 May 2013 08:37 PM PDT
|
||
Posted: 05 May 2013 07:43 PM PDT
ပြီးခဲ့တဲ့
ဧပြီလ(၃၀) ရက်နေ့က ရန်ကုန်တိုင်း၊ ဥက္ကံမြို့မှာ ဖြစ်ပွားခဲ့တဲ့
အကြမ်းဖက်မှုတွေမှာ ပါဝင် ပတ်သက်တယ်လို့ သံသယရှိသူ (၂၃)ဦးကို ရဲတပ်ဖွဲ့က
ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။ အဲ့ဒီ
သံသယရှိသူတွေကို ဥက္ကံမြို့ပေါ်နဲ့ အနီးဝန်းကျင် ကျေးရွာတွေမှာ မေလ
(၁)ရက်နေ့က (၁၈) ဦး၊ (၂)ရက်နေ့က (၃)ဦးနဲ့ (၄)ရက်နေ့မှာ (၂)ဦး စုစုပေါင်း
(၂၃)ဦးကို ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 05 May 2013 07:56 PM PDT
မြန်မာနိုင်ငံ
ဖက်ကနေ ထိုင်းနိုင်ငံ ဖက်ကို မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ လက်နက်ကိုင်
မူးယစ်မှောင်ခိုအုပ်စုနဲ့ ထိုင်းနယ်ခြား စောင့်တပ်တွေ ဒီကနေ့ မနက်က
တိုက်ပွဲ ဖြစ်ပွားခဲ့ရာ လူ ၅ ယောက်ကို သေနတ် ၄ လက် မှုးယစ်ဆေးတွေနဲ့
အတူအသေ ဖမ်းဆီးရ မိခဲ့တယ်လို့ သိရပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 05 May 2013 06:59 PM PDT
တိုင်းရင်းသား
ပါတီတွေနဲ့ နိုင်ငံရေး ပါတီတွေကို မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး
လုပ်ငန်း စဉ်တွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အစိုးရနဲ့ ပူးပေါင်း
ဆောင်ရွက်ဖို့ အတွက် သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ဖိတ်ခေါ်လိုက်ပါတယ်။
သမ္မတဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီ (၁၈)ပါတီတို့ ဒီကနေ့ နေပြည်တော်မှာ
တတိယ အကြိမ် မြောက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရာမှာ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 05 May 2013 06:54 PM PDT
၈၈မျိုးဆက်
ကျောင်းသားများ အဖွဲ့က ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ အဖွဲ့ဟာ ဒီကနေ့
လာရှိုးမြို့ကို ရောက်ရှိပြီး ဒေသခံတွေနဲ့ တွေ့ဆုံပြီး လူထု အစည်းအဝေး
ကျင်းပတဲ့ အခါမှာ တိုင်းရင်းသားတွေ အခွင့်အရေး တန်းတူညီမျှ ရရှိရေး နဲ့
မူးယစ်ဆေးဝါး စိုက်ပျိုးရောင်းချမှု ကိစ္စတွေကို ၈၈ မျိုးဆက် ကျောင်သား
ခေါင်းဆောင် ကိုမင်းကိုနိုင်က အဓိကထားပြီး ပြောကြား သွားပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 05 May 2013 06:47 PM PDT
မြန်မာနိုင်ငံ
အတွင်းမှာ ဖြစ်ပွားနေတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဟာ ကောလဟလတွေကို
အခြေခံပြီး ဖြစ်ပွား နေတာကြောင့် ပြည်သူတွေ အနေနဲ့ အဓိကရုဏ်းတွေမှာ
မပါဝင်ကြဖို့ ရွှေဝါရောင် သံဃာတော်များကွန်ရက်က ဒီကနေ့ရက်စွဲနဲ့ သတိပေး
ကြေညာ ချက်တစ်စောင် ထုတ်ပြန် လိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 05 May 2013 06:39 PM PDT
ရန်ကုန်
မြို့ အနီး သီလဝါ ဆိပ်ကမ်း မှာ မြန်မာ နိုင်ငံ ဆန်စပါး အဖွဲ့ချုပ် က
ဆန်တင်ပို့ တဲ့ ဆိပ်ကမ်း တခု ကိုယ်ပိုင် ဆောက်ဖို့ အစိုးရက ခွင့် ပြု
လိုက်ပါပြီ။ ဒီဆိပ်ကမ်း ကို ဆန်စပါး လုပ် ငန်းရှင် တွေ အများ စု နဲ့ ဖွဲ့
စည်း ထား တဲ့ မြန်မာ့ လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်း က ဆောက် မှာ
ဖြစ် ပြီး ဆောက်လုပ် ခွင့် တရား ဝင်ခွင့် ပြု ချက် ရ ပြီ ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 05 May 2013 06:33 PM PDT
မြန်မာနိုင်ငံအတွင်း
မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာကြား မကြာမီက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့်
အင်ဒိုနီးရှားနိုင်ငံရှိ အစ္စလာမ် ဝါဒစွဲပြင်းထန်သူတွေက မြန်မာနိုင်ငံအပေါ်
ဂျီဟတ် ဘာသာရေး စစ်ပွဲဆင်နွှဲဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီနောက်
အကြမ်းဖက် ဖေါက်ခွဲမှုတွေ လုပ်လာနိုင်တယ်ဆိုတဲ့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
0 comments:
Post a Comment