Saturday, May 4, 2013

"ရဟန်းသံဃာတော်များသည် ၀ဲဘက်ပုခုံးကို သင်္ကန်းတော်ဖြင့်ဘာ့ကြောင့် ဖုံးလွှမ်းရသနည်း"

Zayar Zy shared ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ's photo.
"ရဟန်းသံဃာတော်များသည် ၀ဲဘက်ပုခုံးကို သင်္ကန်းတော်ဖြင့်ဘာ့ကြောင့် ဖုံးလွှမ်းရသနည်း"
************************
တို့ မြတ်ဘုရား သာသနာမှာ လက်ဝဲတော်ရံလက်ယာတော်ရံဆိုတာ မရှိဘူးလား"ရှိပါတယ်ဘုရား"
လက်ဝဲတော်ရံဆိုတာ"တန်ခိုးအရာမှာဧတဒဂ်ရတဲ့အရှင်မဟာမောဂ္ဂလာန်ပါဘုရား"လက်ယာတော်ရံဆိုတာ"ပညာအရာမှာ ဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာပါဘုရား"ဟုတ်ပြီဗျာ.. တန်ခိုးက လက်ဝဲ၊ ပညာက လက်ယာ...
တန်ခိုးဆိုတာအာသဝေါတရားတို့ ရဲ့ ကုန်ရာခန်းရာအရဟတ္တဓဇ၊အရဟတ္တရဲ့ အလံတံခွန်သာဖြစ်တယ်။ပညာဆိုတာကတော့ဝိပဿနာပညာ၊မဂ်ပညာ၊ဖိုလ်ပညာကနေနိဗ္ဗာန်ကိုရဖို့ ရောက်ဖို့ မတ်လား
ပုထုဇဉ်တို့ ရဲ့ စိတ်သဘာဝဆိုတာအဆန်းကြိုက်၊တစ်ခုရိုးတစ်မျိုးပြောင်းပြီးတစ်သံသရာလုံးဆန်းတယ်ထင်တာတွေနောက်လိုက်ခဲ့ကြတယ်။ရိုင်းရိုင်းပြောရရင်လမ်းဘေးက မျောက်ပွဲ၊မျက်လှည့်ပွဲကအစဆန်းတယ်ထင်တာ မှန်သမျှမှာလူတွေမေ့မျော သာယာနေတတ်ကြတယ်။
ဒီတော့ တန်ခိုးရဲ့  ဆန်းဆန်းပြားပြားဖမ်းစားမှုအပေါ် မေ့လျော့တွေဝေ သာယာနေကြရင် မဂ်ပညာ ဖိုလ်ပညာကွယ်မှာပဲ၊မဂ်ပညာ ဖိုလ်ပညာကွယ်ရင်သာသနာကွယ်မှာပဲ။ သာသနာကွယ်ပြီ ဆိုတာနဲ့ 
သတ္တ၀ါတွေရဲ့ သံသရာဝဋ်ဆင်းရဲဒုက္ခအပေါင်းက လွတ်မြောက်ရာ တရားတွေလည်း
ကွယ်တာပဲ။
ယောဂီတို့ တရားထိုင်ရာမှာလည်းတင်ပျဉ်ခွေကြားလက်နှစ်ဖက်ယှက်တင်တဲ့အခါလက်ဝဲလက်ကို အောက်ကလက်ယာလက်ကိုအပေါ်ကထားရတာလည်းဒီသဘောပဲ။လက်ဝဲဆိုတဲ့တန်ခိုးသဘောကို လက်ယာဆိုတဲ့ ပညာက ဖုံးထားအုပ်ထားဆင့်ထားရတယ်။ တစ်နည်းအားဖြင့်တော့ လက်ဝဲက သမထ၊ လက်ယာက ၀ိပဿနာ။
သမထတန်ခိုးကိုသာ ပြလိုက်လို့ ကတော့အညှီယင်အုံသလို နေတော့မှာပေါ့။ရုပ်နာမ် ဖြစ်ပျက်တွေ အနိစ္စ ဒုက္ခ အနတ္တတွေ ဘာမှဟောလို့  ပြောလို့ နားဝင်တော့မှာ မဟုတ်ဘူး။တန်ခိုးပြမိရင်တန်ခိုးပဲ ကိုးကွယ်မှာ။ ၀ိပဿနာပညာ၊ ဖိုလ်ပညာ၊ မဂ်ပညာတွေဆိုတာ ကျင့်ကြံအားထုတ်ရမှန်းတောင် သိမှာမဟုတ်တော့ဘူး။တန်ခိုးလောက်ရင်မိန်းမောနေရင်သံသရာဝဋ်ဆင်းရဲကမလွတ်မြောက်နိင်ဘူး။ဒါ့ကြောင့်တန်ခိုးဆိုတာဖုံးထားအပ်သောအရာ၊ပညာသာလျှင်အမြဲအစဉ်ဖွင့်ထားအပ်သောအရာ၊ ဖော်ထားအပ်သောအရာ၊ဒါကြောင့်တန်ခိုးကိုကိုယ်စားပြုတဲ့လက်ဝဲဘက်ကိုသင်္ကန်းနဲ့ ဖုံးထားရတယ်။ ပညာကိုကိုယ်စားပြုတဲ့ လက်ယာဘက်ကိုတော့ဖွင့်ပြထားရတယ်၊ ဖော်ထားရတယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီး
(ဆရာမောင်သွေးချွန်စုစည်းသောဘာ့ကြောင့်၁+၂ ပေါင်းချုပ်စာအုပ်မှ ကောက်နုတ်ပူဇော်ပါသည်၊)
မေတ္တာဖြင့် စုစည်းသူအနှိုင်းမဲ့စာတိုပေစများ(www.infinitydhamma.com) အရှင်မုနိန္ဒ(ပန်းထော်)
ပြန်လည်မျှဝေပါသည်။
post..dabbler

တို့ မြတ်ဘုရား သာသနာမှာ လက်ဝဲတော်ရံလက်ယာတော်ရံဆိုတာ မရှိဘူးလား"ရှိပါတယ်ဘုရား"
လက်ဝဲတော်ရံဆိုတာ"တန်ခိုးအရာမှာဧတဒဂ်ရတဲ့အရှင်မဟာမောဂ္ဂလာန်ပါဘုရား" လက်ယာတော်ရံဆိုတာ "ပညာအရာမှာ ဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာပါဘုရား"ဟုတ်ပြီဗျာ.. တန်ခိုးက လက်ဝဲ၊ ပညာက လက်ယာ...
တန်ခိုးဆိုတာအာသဝေါတရားတို့ ရဲ့ ကုန်ရာခန်းရာအရဟတ္တဓဇ၊အရဟတ္တရဲ့ အလံတံခွန်သာဖြစ်တယ်။ပညာဆိုတာကတော့ဝိပဿနာပညာ၊မဂ်ပညာ၊ဖိုလ်ပညာကနေနိဗ္ဗာန်ကိုရဖို့ ရောက်ဖို့ မတ်လား
ပုထုဇဉ်တို့ ရဲ့ စိတ်သဘာဝဆိုတာအဆန်းကြိုက်၊တစ်ခုရိုးတစ်မျိုးပြောင်းပြီးတစ်သံသရာလုံးဆန်းတယ်ထင်တာတွေနောက်လိုက်ခဲ့ကြတယ်။ရိုင်းရိုင်းပြောရရင်လမ်းဘေးက မျောက်ပွဲ၊မျက်လှည့်ပွဲကအစဆန်းတယ်ထင်တာ မှန်သမျှမှာလူတွေမေ့မျော သာယာနေတတ်ကြတယ်။
ဒီတော့ တန်ခိုးရဲ့  ဆန်းဆန်းပြားပြားဖမ်းစားမှုအပေါ် မေ့လျော့တွေဝေ သာယာနေကြရင် မဂ်ပညာ ဖိုလ်ပညာကွယ်မှာပဲ၊မဂ်ပညာ ဖိုလ်ပညာကွယ်ရင်သာသနာကွယ်မှာပဲ။ သာသနာကွယ်ပြီ ဆိုတာနဲ့ 
သတ္တ၀ါတွေရဲ့ သံသရာဝဋ်ဆင်းရဲဒုက္ခအပေါင်းက လွတ်မြောက်ရာ တရားတွေလည်း
ကွယ်တာပဲ။
ယောဂီတို့ တရားထိုင်ရာမှာလည်းတင်ပျဉ်ခွေကြားလက်နှစ်ဖက်ယှက်တင်တဲ့အခါလက်ဝဲလက်ကို အောက်ကလက်ယာလက်ကိုအပေါ်ကထားရတာလည်းဒီသဘောပဲ။လက်ဝဲဆိုတဲ့တန်ခိုးသဘောကို လက်ယာဆိုတဲ့ ပညာက ဖုံးထားအုပ်ထားဆင့်ထားရတယ်။ တစ်နည်းအားဖြင့်တော့ လက်ဝဲက သမထ၊ လက်ယာက ၀ိပဿနာ။
သမထတန်ခိုးကိုသာ ပြလိုက်လို့ ကတော့အညှီယင်အုံသလို နေတော့မှာပေါ့။ရုပ်နာမ် ဖြစ်ပျက်တွေ အနိစ္စ ဒုက္ခ အနတ္တတွေ ဘာမှဟောလို့  ပြောလို့ နားဝင်တော့မှာ မဟုတ်ဘူး။တန်ခိုးပြမိရင်တန်ခိုးပဲ ကိုးကွယ်မှာ။ ၀ိပဿနာပညာ၊ ဖိုလ်ပညာ၊ မဂ်ပညာတွေဆိုတာ ကျင့်ကြံအားထုတ်ရမှန်းတောင် သိမှာမဟုတ်တော့ဘူး။တန်ခိုးလောက်ရင်မိန်းမောနေရင်သံသရာဝဋ်ဆင်းရဲကမလွတ်မြောက်နိင်ဘူး။ဒါ့ကြောင့်တန်ခိုးဆိုတာဖုံးထားအပ်သောအရာ၊ပညာသာလျှင်အမြဲအစဉ်ဖွင့်ထားအပ်သောအရာ၊ ဖော်ထားအပ်သောအရာ၊ဒါကြောင့်တန်ခိုးကိုကိုယ်စားပြုတဲ့လက်ဝဲဘက်ကိုသင်္ကန်းနဲ့ ဖုံးထားရတယ်။ ပညာကိုကိုယ်စားပြုတဲ့ လက်ယာဘက်ကိုတော့ဖွင့်ပြထားရတယ်၊ ဖော်ထားရတယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီး
(ဆရာမောင်သွေးချွန်စုစည်းသောဘာ့ကြောင့်၁+၂ ပေါင်းချုပ်စာအုပ်မှ ကောက်နုတ်ပူဇော်ပါသည်၊)
မေတ္တာဖြင့် စုစည်းသူအနှိုင်းမဲ့စာတိုပေစများ(www.infinitydhamma.com) အရှင်မုနိန္ဒ(ပန်းထော်)
ပြန်လည်မျှဝေပါသည်။
post..dabbler

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...