သစ်ထူးလွင် သတင်းစုစည်းမှု (၄-၅)
သစ်ထူးလွင်
|
- ဥရောပသမဂ္ဂ၏ အထူးအခွန်ကင်းလွတ်ခွင့် ဇွန်လစတင် ဝင်ရောက်မည်
- မေလ(၆)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.17
- ဧပြီလ (၂၉)ရက်နေ့ ထုတ် ဈေးဝယ်လမ်းညွန်ဂျာနယ် အတွဲ (၃) အမှတ် (၃၆)
- ပြည်သူ့စစ်အဖွဲ့ သယ်ဆောင်လာသော ကျောက်စိမ်းများ မူဆယ်တွင်ဖမ်းမိ
- ယာဉ်တိုက်မှုကြောင့် ယခင်လအတွင်း လူ ၄ဝဝ နီးပါးသေဆုံး
- မေလ(၄)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် သတင်းဂျာနယ်၊ အတွဲ(၂) အမှတ်(၈)၊
- မြန်မာ ယန်စီ ကုမ္ပဏီပိုင် ကားနဲ့တိုက်မိတာကြောင့် ဒေသခံ အမျိုးသမီး တစ်ဦးသေဆုံး
- ဘားအံမြို့နယ်အတွင်း သွေးလွန်တုတ်ကွေးရောဂါ အများအပြားဖြစ်ပွားနေ
- ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမအထူးအစည်းအဝေး ကျင်းပရန် ခေါ်ယူ
- အသားလိမ်ရောင်းသူ ၉၀၀ ကျော်ကို တရုတ်မှာဖမ်းဆီး
- အမျိုးသမီးငယ်သေဆုံးမှုနှင့် ပတ်သက်၍ စီအိုင်ဒီကို အကူအညီတောင်း
- မေလ(၃)ရက်နေ့ ထုတ် Focus Online Issue 39 Vol 10
- မိတ္ထီလာအကြမ်းဖက်မှုသံသယရှိသူ ၅၀ ကျော်အား အမှုပေါင်း ၃၆ မှုဖြင့် တရားစွဲဆို
- မိုးသက်လေပြင်ကြောင့် ကျောက်ပန်းတောင်း မြို့ နယ်မှာ အပျက်အစီးများပြား
- ဥက္ကံ ကျေးရွာတွေဘက်မှာ အခြေအနေ တင်းမာဆဲ (ရုပ်/သံ)
- ဒေါ်အောင်ဆန်းစုကြည် မွန်ဂိုလီယားခရီးစဉ် ပြန်ရောက် (ဓါတ်ပုံ)
- ကလော မြေပြိုမှု ၁၆ ဦး သေဆုံး၊ ၇ ပျောက်ဆုံးနေဆဲ
- ရိုဟင်ဂျာအရေး နောက်ကွယ်မှာ ကြိုးကိုင်လှုံ့ဆော်နေသူတွေရှိ
- နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ စစ်တွေထောင်တွင်း ၀င်ရောက်စစ်ဆေး
- မိုးကြိုးမုန်တိုင်းကြောင့် လူသေဆုံးဒဏ်ရာရ၊ ပျက်စီးမှုများရှိ
- နယ်မြေကနေ မပြောင်းရွှေ့ပေးနိုင်ကြောင်း ဒီကေဘီအေ ပြော
Posted: 04 May 2013 03:06 AM PDT
မြန်မာနိုင်ငံအား
ပိတ်ဆို့ ထားသည့် ဆန်ရှင်များကို ဧပြီလ ၂၂ ရက်နေ့တွင် ပြန်လည်ဖွင့် ပေးခဲ့
သည့် နောက်ပိုင်း ၎င်း၏ အထူးအခွန် ကင်းလွတ်ခွင့် (GSP) ကိုလည်း ဇွန်လတွင်
ချပေးတော့မည်ဟု ဥရောပသမဂ္ဂ မှ Mr.Stefan Moser (Attoney at law,
International Consultant) ကပြောသည်။ အထူးအခွန် ကင်းလွတ်ခွင့် ပေးကာ
စာချုပ်ချုပ် ဆိုထားသော နိုင်ငံများအား ၀င်ငွေတိုးတက် စေရန်၊ သက်ဆိုင်ရာ
စက်မှုလက်မှု လုပ်ငန်းများ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 04 May 2013 02:29 AM PDT
မေလ(၆)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.17
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ The Voice Weekly Vol.9/No.17 Pdf ကို ဖတ်ရှုရန်အတွက် အောက်ပါလင့်မှ font ကို download ရယူပြီး မိမိ သုံးနေသော ကွန်ပျူတာတွင် Install လုပ်ပေးရပါမည်။ http://www.mediafire.com/? |
||
Posted: 04 May 2013 02:26 AM PDT
|
||
Posted: 04 May 2013 02:06 AM PDT
ငြိမ်းချမ်းရေး
ယူထားသော ပြည်သူ့စစ် အဖွဲ့တစ်ဖွဲ့ သယ်ဆောင်လာသော ကျပ်သိန်း ၆၀၀ ကျော်
တန်ဖိုးရှိသည့် ကျောက်စိမ်းအရိုင်းတုံး များကို တရုတ်-မြန်မာနယ်စပ်
မူဆယ်မြို့တွင် ဖမ်းဆီး ရမိခဲ့ကြောင်း မူဆယ်-မန္တလေး လမ်းကြောင်း
ရွေ့လျားစစ်ဆေးရေး အဖွဲ့ ဒုတိယညွှန်ကြား ရေးမှူး ဦးအောင်သူရက ပြောကြားသည်။
---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 04 May 2013 01:39 AM PDT
မြန်မာနိုင်ငံ
တစ်နိုင်ငံလုံးတွင် ဧပြီလ အတွင်း ယာဉ်တိုက်မှုပေါင်း ၁၃၀၀ ကျော်
ဖြစ်ပွားပြီး လူ ၄၀၀ နီးပါးသေဆုံးကာ ဒဏ်ရာရသူ ၁၅၀၀ နီးပါးရှိကြောင်း
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ထံမှ သိရသည်။ တစ်နိုင်ငံလုံးတွင်
ယာဉ်တိုက်မှုပေါင်း ၁၃၄၆ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၈၉ ဦးနှင့်
ဒဏ်ရာရသူ ၁၄၈၆ ဦးအထိရှိကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ယာဉ်တိုက်မှု
အများဆုံး ဖြစ်ပွားခဲ့ပြီး ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 04 May 2013 01:22 AM PDT
|
||
Posted: 04 May 2013 01:07 AM PDT
လက်ပံတောင်းတောင်
ကြေးနီစီမံကိန်းလုပ်နေတဲ့ မြန်မာ ယန်စီ ကုမ္ပဏီပိုင်
ကားနဲ့တိုက်မိတာကြောင့် မေလ ၃ ရက်မနက်ပိုင်းက အသက် ၂၅ နှစ်အရွယ်
အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ်
ရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။
ဆားလင်းကြီးမြို့နယ် ကျော်ရွာအနီးမှာ တိုက်မိခဲ့တာဖြစ်ပြီး သေဆုံးသူအမျိုးသမီးဟာ ဖောင်းကာ အလယ် ရွာကဖြစ်ပါတယ်။ အမှုကို ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့ ရုံးမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ The Modern News Journal (facebook) |
||
Posted: 04 May 2013 12:42 AM PDT
ကရင်ပြည်နယ်၊
ဘားအံမြို့ နယ်အတွင်း ဧပြီလ အစောပိုင်းမှစ၍ ကလေး သူငယ် သွေးလွန် တုတ်
ကွေးရောဂါများ ဖြစ်ပွား လျက်ရှိကြောင်း သတင်းရရှိသည်။ ပုံမှန်အားဖြင့်
သွေးလွန် တုတ် ကွေးရောဂါ မှာ ဇွန်၊ ဇူလိုင်လများ၌ ဘားအံမြို့နယ်အတွင်း
ဖြစ်ပွားလေ့ ရှိသော်လည်း ယခုနှစ်မှာ ဧပြီလ အတွင်း သွေးလွန်တုတ်ကွေး ရောဂါ
အများအပြား ဖြစ်ပွား လျက်ရှိကြောင်း သိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 May 2013 08:17 PM PDT
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်
ပြည်ထောင်စု လွှတ်တော်
ကြေညာချက် အမှတ်(၁/၂ဝ၁၃)
၁၃၇၅ ခုနှစ်၊ တန်ခူး လပြည့်ကျော် ၈ ရက်
(၂ဝ၁၃ ခုနှစ်၊ မေလ ၃ ရက်)
ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် ပထမ အထူး အစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်း နိုင်ငံတော် သမ္မတရုံး၏ ၂ဝ၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်စွဲပါ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂ဝ၁၃)ကို ထုတ်ပြန်ပြီး အရေးပေါ် အခြေအနေ ကြေညာခြင်းနှင့် စပ်လျဉ်း၍ အတည်ပြုချက် ရယူနိုင်ရန် အတွက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၈၃ နှင့် ပုဒ်မ ၂၁၂ ပုဒ်မခွဲ(ခ)၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၆ နှင့် ပုဒ်မ ၅၂ တို့အရ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမအထူးအစည်းအဝေးကို နေပြည်တော်၌ ၁၃၇၅ ခုနှစ် ကဆုန်လဆန်း ၁၁ ရက်(၂ဝ၁၃ ခုနှစ်၊ မေလ ၂ဝ ရက်) တနင်္လာနေ့ နံနက်၁ဝ နာရီအချိန်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာလိုက်ပါသည်။ (ပုံ)ခင်အောင်မြင့် နာယက
source::http://www.moi.gov.mm/
|
||
Posted: 03 May 2013 06:29 PM PDT
တရုတ်
နိုင်ငံမှာ အသား တွေကို လိမ်ရောင်းတဲ့ လူတွေနဲ့ မကောင်းတော့တဲ့ အသားတွေကို
ရောင်းချနေသူ အယောက် ၉၀၀ ကျော်ကို ပြီခဲ့တဲ့ သုံးလ ကျော် အတွင်း ဖမ်းဆီး
လိုက်တယ်လို့ နိုင်ငံပိုင် သတင်း ဌာနက ပြောကြား ပါတယ်။ အဲဒီလို အတု
လုပ်ထားတဲ့ အသား တန်ချိန် ၂ သောင်း ကျော် ကိုလည်း ရဲက သိမ်းဆည်းမိ
လိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 03 May 2013 05:57 PM PDT
ဧပြီလ
၂၀ ရက်နေ့က ည ၈ နာရီတွင် ရည်းစားဖြစ်သူက မနော်သူသူဇော်၏ မိခင်ထံ
ဖုန်းဆက်ကာ ည ၇ နာရီခွဲအချိန်ခန့်က မှော်ဘီ-တိုက်ကြီး ပြေးဆွဲသော
ဟိုင်းလပ်ကားဖြင့် တင်ပေးလိုက်ပြီဖြစ်ကြောင်း ဖုန်းဆက်သဖြင့် မိခင်ဖြစ်သူက
ကားဂိတ်တွင် သွားစောင့် နေခဲ့သော်လည်း ပြန်ရောက်မလာခဲ့ဟု ၎င်းက ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 May 2013 05:41 PM PDT
|
||
Posted: 03 May 2013 05:32 PM PDT
မန္တလေး-
လူပေါင်း ၄၀ ကျော်သေဆုံးခဲ့သည့် မိတ္ထီလာအကြမ်းဖက်မှုဖြစ်စဉ်တွင် ပါဝင်သည်ဟု
သံသယရှိသူ လူ ၅၀ ကျော်အား ဖမ်းဆီးထား ပြီး ယင်းတို့ကို အမှုပေါင်း ၃၆
မှုဖြင့် တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး
ဥပဒေချုပ် ဦးရဲအောင်မြင့်က ပြောသည်။ လူသတ်မှု၊ လုယက်မှု၊ နာကျင်စေမှု၊
မီးရှို့မှု၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုစသည်
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 03 May 2013 05:13 PM PDT
မေလ(၃)ရက်နေ
့နေ့ လည် ၂ နာရီခန့် က မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်
ချောင်းချားအုပ်စု မင်းဂေါင်းတောင်ကျေးရွာ ရွာသစ်ကုန်းကျေးရွာ
စည်သာကျေးရွုာ အောင်ပဒေသာ ကျေးရွာ အောင်ချမ်း သာ ကျေးရွာများတွင်
လေပြင်းများနှင့် ဝဲကတော့လေပွေ ကြီးများကြောင့် အောင်ချမ်းသာတွင် အိမ်ခြေ
၈၀ ကျော်နှင့် ဘုန်းတော်ကြီးကျောင်း မူလတန်းကျောင်း ပျက်စီးသွားပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 May 2013 02:58 PM PDT
ဥက္ကံ
အဓိကရုဏ်းနဲ့ပတ်သက်ပြီး မြို့ ပေါ်မှာ တည်ငြိမ်စ ပြုနေပေမယ့် ကျေး
ရွာတွေဖက်မှာ အခြေအနေတွေက တင်းမာမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ခွန်ဘသာက
တင်ဆက်ထားပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 May 2013 02:48 PM PDT
အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တစ်ပတ်ကြာ မွန်ဂိုလီယား ခရီးစဉ်ကနေ
ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိ။ ဒီဗွီဘီ
|
||
Posted: 03 May 2013 03:11 PM PDT
ရှမ်းပြည်နယ်
တောင်ပိုင်း၊ ကလောမြို့မှာ မေလ ၁ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာ
ရွာခဲ့တဲ့အတွက် ရွှေတွင်းတစ်ခု ပြိုကျမှုကြောင့် လူ ၁၆ ဦး သေဆုံးပြီး၊ လူ ၈
ဦး ဒဏ်ရာ ရရှိကြောင်း၊ ၇ ဦးကတော့ ပျောက်ဆုံးနေ ဆဲဖြစ်ကြောင်း
သတင်းရရှိပါတယ်။ ဒီဖြစ်စဉ်ဟာ ကလောမြို့ကနေ ၁၆ မိုင်လောက်ဝေးတဲ့
ရွှေမင်းကုန်းကျေးရွာ အုပ်စုမှာရှိတဲ့ တောင်ပတ် ရွာနားက ရွှေတောင်ကြား ရွှေတူး
လုပ်ငန်းခွင်မှာ ဖြစ်ပွားခဲ့တာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 May 2013 08:19 PM PDT
ရခိုင်ပြည်နယ်
အတွင်းမှာ ရိုဟင်ဂျာ လူမျိုး ရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး ရှုတ်ထွေးမှုတွေ
ဖြစ်ပေါ်နေရတဲ့ အကြောင်းရင်း တွေထဲမှာ နောက်ကွယ်က သွေးထိုးလှုံ့ဆော်
မှုတွေလည်း ပါဝင်တယ်လို့ ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင် အတွင်းရေးမှုး
ဒေါက်တာ ကျော်ရင်လှိုင်က ပြောကြား လိုက်ပါတယ်။ ရခိုင် စုံစမ်း စစ်ဆေးရေး
အစီအရင် ခံစာနဲ့ ပတ်သက်ပြီး ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 May 2013 02:06 PM PDT
နိုင်ငံတကာ
ကြက်ခြေနီအဖွဲ့ ICRC က အဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့
အကျဉ်းထောင်အတွင်းက အခြေအနေတွေကိုသိရှိနိုင်ဖို့ မနေ့ကစတင်ပြီး မေလ ၎
ရက်နေ့ အထိ ၃ ရက်ကြာ ဝင်ရောက်စစ်ဆေးနေပါတယ်။
စစ်တွေ အကျဉ်းထောင်အတွင်း ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC မှာ မြန်မာနိုင်ငံဆိုင်ရာ ညှိုနှိုင်းဆောင်ရွက်ရေးမှူးတစ် ဒီကနေ့မှာတော့ အကျဉ်းထောင်အတွင်း အကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေ၊ မိလ္လာစနစ်၊ ရေသန့်ရရှိမှု အခြေအနေ၊ အစားအသောက်နဲ့ ဝတ်စားမှု အခြေအနေတွေကို အသေးစိတ် လေ့လာခဲ့ကြတယ်လို့လည်း သိရပါတယ်။ RFA Burmese |
||
Posted: 03 May 2013 09:03 AM PDT
ရန်ကုန်-မြန်မာနိုင်ငံ
အလယ်ပိုင်းနှင့် အထက်ပိုင်း ဒေသများတွင် သုံးရက်အတွင်း မိုးကြိုးပစ်၍
လေပြင်း တိုက်ခတ် သောကြောင့် လူသေဆုံးမှုနှင့် အတူပျက်စီး ဆုံးရှုံးမှု
များရှိခဲ့ ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဧပြီ ၃၀ရက်မှ မေ၂ရက်အ တွင်း စစ်ကိုင်း၊မန္တလေး၊ မကွေးတိုင်း ဒေသကြီးနှင့် ကချင်၊ ရှမ်းပြည်နယ် တို့တွင် မိုးကြိုး မုန်တိုင်း တိုက်ခတ်ပြီး စစ်ကိုင်းတိုင်း ဒေသကြီး အင်းတော် မြို့နယ် လယ်ပြင် ကျေုးရွာတွင် မေ ၁ ရက်က မိုးကြိုးထိမှန်၍ လူတစ်ဦး သေဆုံးခဲ့သည်။ သုံးရက်အတွင်း တိုက်ခတ် သော မိုးကြိုးမုန်တိုင်းကြောင့် အဆို ပါပြည်နယ်၊ တိုင်းဒေသကြီးငါးခု အတွင်း ရွှေကူ၊ မောက်မယ်၊ ထီးချိုင့် ၊ ရွှေဘိုမြို့နယ်နှင့် မုံရွာမြို့နယ်တို့ တွင် သာသနိက အဆောက်အအုံ၊ စာသင်ကျောင်းဆောင် အချို့နှင့် လူနေအိမ်ခြေအများစု ပြိုကျပျက်စီးခဲ့ရ ကြောင်း သက်ဆိုင် ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးများမှ သတင်းရရှိ သည်။ ရွှေဘိုမြို့နယ်၊ မင်းရွှာရှိ ကျ မောက်ကျလံစေတီတော်နှင့် မုံရွာ မြို့နယ်ထန်းတောရပ်ကွက်ရှိ နန်းဦးစေတီတော်တို့မှာ မေလ ၁ ရက်၊ ၂ ရက်တို့တွင် တိုက်ခတ်သော လေပြင်းမုန်တိုင်းကြောင့် ထီးတော်မြေခခဲ့ရ သည်။ ၀က်လက်မြို့နယ်အတွင်းရှိ ကျေးရွာ ၃၀ ကျော်တွင်လည်း လေပြင်းဒဏ်ကြောင့် လူနေအိမ်အများစု ပြိုကျပျက်စီးခဲ့ရပြီး သစ်ပင်ပိ၍ နွားတစ်ကောင်သေဆုံးခဲ့ရသည်။ လူအချို့ဒဏ်ရာရပြီး သက်ဆိုင်ရာမြို့နယ်ဆေးရုံများ၌ တက်ရောက် ကုသနေရကြောင်း သက်ဆိုင်ရာ မြို့နယ်ထွေ/အုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ မိုးကြိုးထိမှန်၍ သေဆုံးသော အင်းတော်မြို့နယ်ရှိ ရွာသားတစ်ဦး သေဆုံးမှုအပါအ၀င် ယခုနှစ် မိုးကြိုးကာလတွင် မိုးကြိုးကြောင့် သေဆုံးသူ ၁၀ ဦးအထိ ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထုတ်ပြန် သောစာရင်းအရ သိရသည်။ မိုးတိမ်တောင်ရာသီဥတုဖြစ် စဉ်ကြောင့် မိုးကြိုးပစ်ခြင်း၊ လေပြင်း တိုက်ခတ်ခြင်းတို့သည် မိုးကာလမရောက်မီ မေလဆန်းအထိ ဆက်လက် ဖြစ်ပေါ်နေမည်ဖြစ်ပြီး တစ် နေကုန်ပူပြင်း၍ ညနေစောင်းတွင် ရုတ်တရက် လေပြင်းတိုက်ခတ်ပါက မိုးကြိုးပစ်မည့် အန္တရာယ်အလွန် များသောကြောင့် ယင်းအချိန်ကို သတိနှင့်နေရန်လိုအပ်ကြောင်း မိုး လေ၀သ ပညာရှင် ဦးထွန်းလွင်က ပြောသည်။ “မိုးကြိုးပစ်သံကြားရင် ကြားတဲ့ သူဟာ မိုးကြိုးစက်ကွင်းနှင့်လေးမို ယခုနှစ်ကာလတွင်မိုးကြိုးထိမှန် 7Day News Journal ဓာတ်ပုံ- မျိုးမင်းဦး |
||
Posted: 03 May 2013 08:53 AM PDT
အစိုးရနယ်မြေခံတပ်က
မတ် ၄ ရက် မွန်းတည့် နောက်ဆုံးထားပြီး ဒီကေဘီအေတပ်ရင်း ၉၀၅ ကို နေရာကနေ
ပြောင်းရွှေ့ပေးဖို့ အမိန့်ပေးထားပေမယ့် ဖယ်မပေးနိုင်ဘူးလို့ ဒီကေဘီအေ
(ဒီမိုကရေစီကရင်အကျိုးပြုတပ်မေ
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ အရှေ့ပိုင်းတလျှောက်မှာ အခြေချနေတဲ့ ဒီကေဘီအေ ၉၀၅ တပ်ရင်းကို ဟတ်ကြီးရေကာတာတည်ဆောက်ရေးအတွက် နယ်မြေရှင်းလင်းဖို့ အစိုးရတပ်ရင်း ၃၃၈ ဗိုလ်မှူး ထွန်းထွန်းဝင်းက ဒီကေဘီအေ ဗျူဟာမှူးဆီ မနေ့က စာပေးပို့ပြီး ဖယ်ရှားခိုင်းခဲ့တဲ့အပေါ် အခုလို တုံ့ပြန်ပြောဆိုလိုက်တာပါ။ “ကျနော်တို့မှာ ဖယ်စရာ မြေလည်းမရှိတော့ဘူး။ ဒီလိုဖယ်ခိုင်းတယ်ဆိုတာ လာပြီး ကျနော်တို့ကို အနိုင်ကျင့်တယ်လို့ ကျနော်တို့ ခံစားရတယ်။ ကျနော်တို့ကို ခြိမ်းခြောက်တယ်လို့လည်း ခံစားရတယ်။ အဲလို ခြိမ်းခြောက်တယ်ဆိုရင် လက်ရှိ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကို ကြီးမားတဲ့ ဂယက်ရိုက်မယ်လို့ ကျနော်တို့ နားလည်တယ်။ ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာလုပ်မယ်ဆိုရင် ကျနော်တို့ကို ခြိမ်းခြောက်စရာမလိုဘူး။” ငြိမ်းချမ်းရေးဖော်ဆောင်နေမှုကို အစိုးရနဲ့လုပ်နေတာဖြစ်ပြီး တပ်က အခုလို လာပြီး ခြိမ်းခြောက်တာမျိုးတော့ လက်မခံနိုင်ဘူးလို့ ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။ “ကျနော်တို့ ငြိမ်းချမ်းရေးလုပ်တာ လက်ရှိ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး လုပ်တယ်။ တပ်က ကျနော်တို့ကို ဒီလို အမိန့်လာပေးတယ်။ လက်ရှိ နိုင်ငံတော်အစိုးရကလည်း တမျိုး၊ သူ့တပ်ကလည်း တမျိုး ကျနော်တို့အနေနဲ့ ဘယ်သူ့စကား နားထောင်ရမှန်းမသိဘူး။ ကျနော်တို့ တရားဝင်လက်မှတ်ထိုးထားတာက နိုင်ငံတော်အစိုးရအဖွဲ့နဲ့ လက်မှတ်ထိုးတာ။ လက်ရှိ သူ့တပ်မတော်က ကျနော်တို့ကို ဒီလို အမိန့်ပေးစရာလည်း အကြောင်းမရှိဘူး။ ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ အစိုးရကနေ တရားဝင် စာနဲ့ပေနဲ့ လာရမယ်။ တပ်က မင်းတို့ မဖယ်ရင် ပစ်မယ်ဆိုရင် ကျနော်တို့က ပြန်တုံ့ပြန်မယ်ဆိုတာ ရဲရဲတင်းတင်း ကျနော်ပြောတယ်။” ဒီကေဘီအေအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်စောလားဘွယ်က ငြိမ်းချမ်းရေးနည်းနဲ့ စားပွဲဝိုင်းမှာ ဖြေရှင်းဖို့ ပြောကြားထားတာဖြစ်ပြီး အစိုးရက ပစ်ခတ်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့အနေနဲ လက်ရှိပြဿနာ ပြေလည်ရေးအတွက် ဒီကေဘီအေက အစိုးရငြိမ်းချမ်းရေးဖော်ဆောင် ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့က ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသ ယောပုထရွာနဲ့ ကမမောင်းရွာကြား သောင်းရင်းမြစ်ထဲမှာ အမှတ် ၁၀၁၄ နယ်ခြားစောင့်တပ် စက်လှေ ၁ စီး ၀င်ရောက်လာရာမှာ ဒီကေဘီအေဂိတ်က တပ်သားတဦးက ဟန့်တားခဲ့တာကို ရပ်မပေးတဲ့အတွက် သေနတ်နဲ့ လှမ်းပစ်လို့ နယ်ခြားစောင့်တပ်သားတဦး သေဆုံးခဲ့ပါတယ်။ အဲဒီကစပြီး ဒီကေဘီအေနဲ့ အစိုးရတပ်အကြား ဧပြီ ၂၈ ရက်နေ့ထိ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီနောက် မနေ့က စာရေးပေးပို့ပြီး နယ်မြေကနေ ဖယ်ရှားခိုင်းခဲ့တာပါ။ ဗိုလ်ချုပ် စောလားဘွယ်ခေါင်းဆောင်တဲ့ ဒီကေဘီအေ (ကလိုထူးဘော) နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၂ ရက်နေ့ကလည်း ကရင်ပြည်နယ် မြ၀တီမြို့မှာ ဒီကေဘီအေနဲ့ အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ်တွေအကြား ဇန်န၀ါရီ လဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ ဆွေးနွေးခဲ့ကြပါတယ်။ by ဒီဗွီဘီ
|
0 comments:
Post a Comment