Thursday, May 2, 2013

အရစ္စတိုတယ်ရဲ့ ဖြားယောင်းသွေးဆောင်ခြင်း (၁)

ခရီး သည်'s photo.

အရစ္စတိုတယ်ကိုတော့ ခရစ်တော်မပေါ်မှီ နှစ်ပေါင်းလေးရာနီးပါးက ဂရိ (Greece) တွေးခေါ် ရှင်ဖြစ်ပြီး၊ ခေတ်သစ် Philosophy နဲ့ အခြားသော ပညာရပ်များစွာတို့မှာ အလွမ်းမိုးဆုံး ပညာရှင်ဆိုတာ အများစုသိကြတယ်။ သူ့ရဲ့ စာအုပ်တစ်အုပ်ဖြစ်တဲ့ The Art of Rhetoric စာအုပ်ထဲက သူသုံးသပ်ပြထား တဲ့သွေးဆောင်ဖျားယောင်းနည်းတွေကို Critical Thinking ထောင့်ကနေ ချဉ်းကပ်ကြည့် ချင်တယ်။


သူ့ယူဆချက်အရတော့ အကြောင်းအကျိုးတရား (Reason) ပါမှ စကားတစ်ခွန်းဟာ စံပြဖြစ်နိုင်မယ်။ အကြောင်းအကျိုးတရားပါတဲ့ စာကားမျိုးကို ဂရိဘာသာစကားနဲ့ Logos လို့ခေါ်တယ်။ လူတွေရဲ့ ဆင်ခြင်နိုင်စွမ်းကို လက်ခံအောင် ပြောဆိုတဲ့အကောင်းဆုံးနည်းလမ်း အဖြစ် Logos ကိုသတ်မှတ်တယ်။

*1. Logos အပြင် အခြားသော လူတွေကိုသိမ်းသွင်းပြောဆိုနိုင်တဲ့ နည်းလမ်းတွေဖြစ်တဲ့
*2. Ethos တင့်တယ်သောအမူအယာအားဖြင့် ပြောဆိုသိမ်းသွင်းခြင်း၊
*3. Pathos စိတ်ခံစားမှုကိုနိုးဆွ ပြောဆိုသိမ်းသွင်းခြင်းဆိုတဲ့ နည်းလမ်းနှစ်မျိုးကိုပါ သုံးသပ်ပြထားတယ်။

လက်ရှိခေတ် ရုပ်သံမီဒီယာ၊ သတင်းမီဒီယာ၊ စာပေမီဒီယာနဲ့ ကြော်ငြာတွေမှာ အထက်ဖေါ်ပြပါ စည်းရုံးသိမ်းသွင်းနည်း သုံးမျိုးကိုအဓိကသုံးပြီး လူတွေရဲ့ အယူအဆနဲ့ အတွေးခေါ်အမြင်တွေကို စည်းရုံးပြောင်းလည်းဖို့ကြိုးစားနေကြတာကိုတွေ့ရမယ်။

*1. Logos အကြောင်းအကျိုးတရားဖြင့် စည်းရုံးခြင်း
ဒီဖက်ခေတ်လူတွေကိုစည်းရုံးသိမ်းသွင်းတဲ့အရေးသားများထဲမှာ ဒီအရေးသားဟာ အဆင့်အရှိဆုံး၊ လူတွေအကြိုက်ဆုံးအရေးအသားပုံစံဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်တုံ့တရားရှိပြီး၊ ယုတ္တိကျနလှပြီလို့ လူတော်တော်များများဟာယူဆကြတဲ့ အတွက်ကြောင့် အကြောင်းအကျိုး ဆန်ဆန်ရေးသား၊ ပြောဆိုတာမျိုးကို လူတွေကြိုက်ကြတယ်။

Logos အကြောင်းအကျိုးတရားပြပြီး လူတွေကို သိမ်းသွင်းတဲ့အရေးသားမျိုးတွေမှာပါတဲ့ အချက်လက်တွေကိုတင်ပြတဲ့အရေးအသားတွေဟာ စာဖတ်သူတစ်ယောက်ကို၊ ဆင်ခြင်တုံတရားနဲ့ ပြည့်စုံနေသူဖြစ်လာစေသယောင်ယောင် ရေးသားပြောဆိုတတ်ကြတယ်။ ဆင်ခြင်တုံ့တရားလက်ကိုင်ထားသူတိုင်း သူတို့စည်းရုံးပြောဆိုသမျှ လက်ခံကြတယ်ဆိုတဲ့ ပုံစံမျိုး ရေးသားပြောဆိုစည်းရုံးတတ်ကြတယ်။

ဥပမာ။ ။ အားဆေးကြော်ငြာများ။ တစ်နေ့တာလုပ်ငန်းတွေဟာ လူတွေကိုကိုယ်ရောစိတ်ပါ၊ ပင်ပန်းနွမ်းနယ်၊ အားအင်ကုန်ခမ်းစေကြောင်း၊ ကုန်ခမ်းသွားတဲ့ခွန်အားများကို ပြန်လည်ဖြည့်တင်းဖို့လိုအပ်ကြောင်း၊ ထိုသို့ဖြည့်တင်းရာမှာလည်း မည်သည့်အားဆေးကတော့ဖြင့်မည်မျှကောင်းပါကြောင်း စသည်ဖြင့် အကျိုးအကြောင်းတရားဆန်ဆန် သိမ်းသွင်းတဲ့ စကားလုံးတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြော်ငြာမှာဖြစ်တယ်။ တစ်ကယ်တမ်းတော့ ခွန်အားဆိုတာ၊ လုပ်နိုင်စွမ်းတစ်မျိုးပဲ၊ သိုလောင်ထားတဲ့ တန်ခိုးအစွမ်းမဟုတ်ဘူး၊ သိုလောင်ထားလို့မရသလို၊ ကုန်သွားတာလည်းမရှိဘူး။ အားအင်သုံးပြီးတစ်ခုခုလုပ်လိုက်လို့၊ ပင်ပန်းသွားရင် လုံလောက်အောင် အနားပြန်ယူရင် လုပ်နိုင်စွမ်းတွေပြန်တက်လာတာပါပဲ။ လူအတော်များများကတော့ ကြော်ငြာပါအချက်လက်တွေကို အလွယ်တစ်ကူပဲ လက်ခံကြတာပါပဲ။ ကိုယ်ကိုယ်တိုင် ကျန်းမာရေးအသိပညာပေးစာအုပ်တွေ ရှာဖတ်၊ ပညာရှင်ဆရာဝန်တွေနဲ့ ဆွေးနွေးကြည့်ရင် ကိုယ့်ရဲ့ ကိုယ်ခံအားနဲ့ဆိုင်တဲ့ အသိပညာတွေ ရနိုင်တယ်ဆိုပေမယ့် အားမထုတ်လိုကြဘူး။

ဆင်ခြင်နိုင်စွမ်းနဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းဆိုတာ စနစ်တကျလေ့လာသင်ယူ လေ့ကျင့်မူမရှိဘဲ မွေးရာပါအလိုလိုရရှိလာတဲ့ တန်ခိုးအစွမ်းသတ္တိမဟုတ်ဘူး။ ကိုယ့်မှာဆင်ခြင်နိုင်စွမ်း မည်မျှမည်ရွေ့ ရှိမှန်းလည်းမသိ၊ ရှိစုမဲ့စုအတွေးခေါ်လောက်နဲ့ ငါ့ဟဲ့မဟာလူသားလုပ်ချင်နေတဲ့လူတွေကတော့ အသင့်စား၊ အသင့်သုံးပစ္စည်းတွေနဲ့ ရှင်သန်နေကြတဲ့ ခေတ်ကြီးမှာ အသင့်တွေးခေါ်နိုင်အောင်ပြဋ္ဌာန်းထားတဲ့ လှည့်ဖျားလိုတဲ့ လူမူရေး၊ နိုင်ငံရေး၊ စီးပွားရေနဲ့ ၀ါဒယုတ္တိ(Instant Logic) တွေရဲ့ သားကောင်တွေလှလှကြီးဖြစ်နေကြတာပဲ။


Ethos နဲ့ Pthos နောက်ထပ် Status တွေမှာခွဲတင်ထားပေးမယ်။

AMM
(Greenhill)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...