ကော်ရှူခြင်းဓလေ့ (သို့ မဟုတ်) တရိပ်ရိပ်လှိုက်စားနေသော ရောဂါတစ်ခု
အချိန်ကား နွေဥတု၏ ညနေခင်းတစ်ခု။မန္တလေးမြို့ မဟာမုနိဘုရားရင်ပြင်တစ်နေရာရှိ
အသက်အားဖြင့်မူ ငါးနှစ်ဝန်းကျင်မှသည် ဆယ့်ငါးနှစ်အတွင်း။ သူတို့ ဝတ်ဆင်ထားပုံမှာ နွမ်းနွမ်းယဲ့ယဲ့။
ဆံပင်တို့ ကမူ နီကြောင်ခြောက်ကပ်လျက်။
မျက်နှာလေးများမှာ ပေတူးညစ်ပတ်လျက်ရှိပြီး ချို့ တဲ့နွမ်းပါးပုံက အထင်းသား။
သူတို့ ၏တစ်နေ့ တာလုပ်ငန်းကား ဘုရားဖူးဧည့်သည်များကို အသနားခံပြီး ငွေကြေးတောင်းယူရန်၊
စွန့်ကြဲပေးကမ်းသမျှ စားစရာများရယူရန် နှင့် ပလတ်စတစ်ဘူးခွံ ပုလင်းခွံများကောက်ရန်။
ဘုရားရင်ပြင်၏ ထောင့်တစ်နေရာချောင်ထဲတွင် ဘာသာဘာဝဆော့နေကြသည်။
ပြေးလွှားမြူးတူးနေသော ကလေးတစ်သိုက်ကြားတွင် သေချာကြည့်ပါက အိပ်နေသော သို့မဟုတ် မှိန်းနေသော ကလေးတချို့ ကို တွေ့ ရမည်ဖြစ်သည်။
သူတို့ လက်ထဲတွင်ကား တီဗွီကော်ဟုခေါ်သော TV တံဆိပ်ပါဘူးတစ်ဘူး။
ထိုဘူးကို ရှူလျက် ရှူလျက် မှိန်းနေကြခြင်းဖြစ်သည်။
ဓာတ်ဆီအနံ့ ကဲ့သို့ မွှန်ထူသောအနံ့ ရှိသည့် ထိုကော်ဘူးကို မူးယစ်ဆေးတစ်ခုသဖွယ် အသုံးပြုနေသော ကလေးရာဂဏန်းခန့် ဤမဟာမုနိရင်ပြင်တစ်ဝိုက်တွင်ကျ
ထိုသို့ ကော်ဘူးရှူရင်းမှိန်းနေသော ကလေးများထံသို့ အသာချဉ်းကပ်လျက်" မောင်လေး ဘာတွေလုပ်နေသလဲ"ဟု မေးလိုက်သောအခါ အလန့် တကြားနှင့်မျက်လုံးဖွင့်ကြည့်ြ
"ဘာမှမလုပ်ပါဘူး သိချင်လို့ မေးရုံတင်ပါ။ ဘယ်သူ့ ကိုမှမတိုင်ပါဘူး "ဟုဆိုကာ ချိုချိုသာသာပြောလေမှ မျက်နှာချင်းဆိုင်စကားပြောခွင့်
"အစ်မ ကျွန်တော့်ကို ဘုရားပုလိပ်(ဘုရားလုံခြုံရေးဝန်
ထိုကော်ဘူးရှူနေသော ကလေးများထဲတွင် မောင်လွင်(အမည်လွဲထားသည်)လည်းတစ
အသက်၁၄နှစ်ဟုဆိုသော်လည်း ရှစ်နှစ်သားလောက်သော ကိုယ်ခန္ဓာနှင့် အာဟာရချို့ တဲ့ပုံပေါ်ပြီး သူ၏ ညီလေးဆိုသော လေးနှစ်သားကလေးလေးကို သူ့ ဘေးတွင်ဖက်ထားလျက် မေးသမျှကို ဖြေလေသည်။
"ကျွန်တော် ဒီရောက်တာ သုံးနှစ်လောက်ရှိပြီ အစ်မ။ အသက်က ၁၄။ ကျောင်းကို လေးတန်းထိနေဖူးတယ်။အဖေကတော့ဆုံး
တစ်ဘူးဆိုရင်တစ်ပတ်လောက်တော့ရှူ
ကျွန်တော်ရှူချင်လို့ တော့မဟုတ်ဘူး အစ်မ။ ဒါပေမယ့် အဲ့ဒါတစ်ဘူးဝယ်ထားလိုက်ရင် တစ်နေကုန် ဘာမှမစားဘဲလည်းနေလို့ ရတယ်။ စိတ်ညစ်တာတွေလည်းပျောက်တယ်။ ရန်ဖြစ်လို့ တစ်ယောက်ယောက်ကထိုးရင်လည်း နာမှန်းမသိတော့ဘူး။ အဲ့ဒါသုံးနေတဲ့အချိန်ဆို နေလို့ ကောင်းတယ်။အဲ့ဒါကြောင့်မို့ သုံးဖြစ်သွားတာ"ဟု ဖြေလေသည်။
စင်စစ်ထိုကော်ဘူးကား သစ်သားများ၊ရော်ဘာများ ၊ပလတ်စတစ်ပစ္စည်းများကို တွဲကပ်ရာတွင် အသုံးပြုနိုင်ရန်ထုတ်လုပ်ထားသည်
ဘူးအတွင်းရှိ အဝါညစ်ညစ်ရောင်ကော်များသည် ဓာတ်ဆီအနံ့ နှင့်ဆင်တူသော မွှန်ထူစူးရှသည့် အနံ့ ရှိပြီး အငွေ့ ပျံလွယ်သည်လည်းဖြစ်သည်။ကလေးမျာ
ထိုကလေးတစ်သိုက်၏ အနီးတွင် ကလေးများကို ထိန်းကျောင်းလျက်ရှိသော အသက်နှစ်ဆယ်အရွယ်ရှိ မမာ(အမည်လွဲ)ကမူ "ကလေးတွေကို ကျွန်မကတော့ ကိုယ့်သားသမီးလို၊မောင်နှမလိုမှ
မမာ၏ ပြောပြချက်အရ ထိုကော်ရှူသော ဓလေ့သည် လွန်ခဲ့သော သုံး၊လေးနှစ်ခန့် က ဘူတာကြီးတွင် အမှိုက်ကောက်သူတစ်ဦးမှ စတင်၍ ဘုရားကြီးဝင်းအတွင်းသို့ ပြန့် နှံ့ လာခဲ့ခြင်းဖြစ်သည်။ ယခုအခါ ထိုလူလည်း ကွယ်လွန်ပြီဖြစ်ပြီး မကွယ်လွန်မီက တစ်ရက်လျှင် တစ်ဘူး ပုံမှန်ရှူလေ့ရှိသည်ဟုဆိုသည်။ ထိုသူမှပင် ကော်ဘူးများကို ရောင်းပေးပြီး ကလေးများကိုလည်း ကော်ရှူနည်း သင်ပေးခဲ့ခြင်းဖြစ်လေသည်။"ကျွန်
ထိုကော်ရှူသော ကလေးတစ်သိုက်ထဲမှာ မိန်းကလေးတချို့ လည်း ပါဝင်သည်။
အသက်၁၈နှစ်ရှိ အေးအေး(အမည်လွဲ)ကမူ အိမ်ပြေးမလေးတစ်ယောက်ဖြစ်ပြီး အိမ်ကထွက်ပြေးလာခဲ့သည်မှာ တစ်ပတ်လောက်ရှိပြီတဲ့။ အတန်အသင့် ဖွံ့ ဖြိုးသော ခန္ဓာကိုယ်နှင့် သူမသည် ဤဘုရားဝင်းအတွင်း တောင်းစားသူကလေးများနှင့် အဖွဲ့ ကျနေသည်။
အိမ်ဘာလို့ မပြန်သလဲ ဟုမေးတော့ သူ့ ချစ်သူက သူ့ ကိုလက်ထပ်မည်ဟု ဆိုပြီး တစ်မတ်သားရှိ ရွှေနားကပ်ကို ချွတ်ယူသွားသောကြောင့် သူမချစ်သူပြန်အလာကို စောင့်နေခြင်းဖြစ်သည်ဟု ဖြေလေသည်။
ထုံပေပေနှင့် လည်လည်ဝယ်ဝယ်ရှိပုံမရသော အေးအေးသည် ထိုသူနှင့် ချစ်သူဖြစ်တာမှ ဆယ်ရက်လောက်သာရှိသေးသည်။ ထိုသူက ပြောသမျှကို ယုံပြီး ယခုတိုင် ဘုရားထဲတွင်စောင့်နေတာ တစ်ပတ်လောက်ရှိပြီဖြစ်သည်။
"သူ့ နာမည်က ကိုမင်း(အမည်လွဲ)။ အသက်က၂၀။သမီးတို့ ချစ်သူဖြစ်တာ ငါးရက်လောက်ပဲရှိသေးတယ်။ သူကသမီးကို ညဘက် ခေါင်ရည်ဆိုင်ခေါ်ပြီးခေါင်ရည်တေ
သူကလက်ထပ်ဖို့ ပိုက်ဆံသွားရှာတာလို့ ပြောတာပဲ။ သမီးကသူ့ ကိုစောင့်နေတာ။ သူလာခေါ်ရင်တော့ လိုက်သွားမယ်။ အိမ်ကိုတော့ မပြန်ရဲဘူး။ ဟိုနေ့ညက အဖေတို့ သမီးကိုလာရှာတာတွေ့ ပေမယ့် ပြန်လိုက်မသွားရဲဘူး။ နားကပ်မပါဘဲ မပြန်ရဲလို့ ပုန်းနေတာ။
ခုတော့ သမီးလည်း စိတ်ညစ်လို့ ကော်တွေရှူတတ်နေပြီ"ဟု ဖြေကြားလေသည်။
ထိုကလေးအုပ်စုများတွင် တချို့ လည်း ကော်ရှူသည်။ တချို့ လည်း မရှူကြ။ သူတို့ စားရာနေရာကား စောင်းတန်းတစ်လျှောက်ရှိ မုန့် ဆိုင်များ။အသက်ရှစ်နှစ်အရွယ်ရိ
" တစ်ရာဖိုးဆို ကြာဇံကြော် ဒါမှမဟုတ် မုန့် လုံးကြီးကြော်နှစ်လုံးစားလိုက်
ကျောင်းမနေချင်ဘူးလားဟုမေးတော့
" နေချင်တယ် မမ။ သမီးတောင်းစားတဲ့အလုပ်မလုပ်ချင်
ထိုကလေးများကော်ရှူသည်ကိုတွေ့ လျှင် ဘုရားပေါ်ရှိလုံခြုံရေးများက ကြိမ်ဖြင့် ရိုက်နှက်ဆုံးမလေ့ရှိသည်။ သို့ သော် ကော်ဘူးသိမ်းခံရလျှင်လည်း သူတို့ ကမမှုတော့ ။အလွယ်တကူ ဝယ်၍ရနေပြီးဖြစ်သောကြောင့် ပိုက်ဆံရတိုင်းကော်ဝယ်ရှူလေ့ရှိ
"ကျွန်တော်တို့ ကို ကော်ရှူမှန်းသိရက်နဲ့ ရောင်းတဲ့ဆိုင်တွေဆီကဝယ်တာ။ သူတို့ကကျွန်တော်တို့ မရှူရ မနေနိုင်မှန်းသိလို့ ရောင်းပေးတယ်။ တချို့ ဆိုင်ကျတော့ မရောင်းပေးဘူး။
ဘာလုပ်ဖို့ လဲမေးတယ်။ အဲ့ဒါဆို ကျွန်တော်တို့ က ဖိနပ်ကပ်ဖို့ လို့ ပြောဝယ်ရတယ်။ များသောအားဖြင့် ရောင်းပေးနေကျဆိုင်တွေမှာ သွားဝယ်ရတာ အဆင်ပြေတယ်"ဟု ဆိုသည်။
မောင်အောင်သည် အသက် ၁၅နှစ်ရှိပြီဖြစ်သော်လည်း အလွန်ပိန်ချုံးလျက်ရှိပြီး ကော်ရှူသက်တမ်းသုံးနှစ်ခန့် ရှိပြီဖြစ်၍ ယခုအခါ ကော်မရှူရလျှင် မနေနိုင်အောင် စွဲလန်းလျက်ရှိနေပေပြီ။ သူနှင့် စကားပြောနေစဉ်တွင်ပင် ကော်ဘူးက နှာခေါင်းဝမှာတေ့လျက်။
မရှူရလျှင် ကတုန်ကယင်ဖြစ်သည်တဲ့။ တွေ့ ရာလူဆီက ကော်ဘူးတောင်းရှူလေ့ရှိပြီး မပေးပါက ရန်ပြုသည်အထိဖြစ်တတ်သည်ဟုလည်း ဆိုလေသည်။
တခါတလေ စီမံချက်ဟုသူတို့ ခေါ်သော စည်ပင်ကားများနှင့်ပါသွားလေ့ရှိ
"ဂေါမရှင်ကျောင်း (World Visionကို သူတို့ အခေါ်ဂေါမရှင်ကျောင်း)ကို ရောက်ဖူးတယ်။ စာသင်ရတယ် ။ထမင်းစားရတယ်။ ဒါပေမယ့် မပျော်ဘူး။ ဘယ်ပျော်မလဲ။ အဲ့ဒီမှာ ကော်မရှိတော့ ကျွန်တော်မနေနိုင်ဘူး ။ အဲ့ဒါကြောင့် ရရာလိုင်းကားတားစီးပြီးပြန်ပြေး
ထိုကလေးများမှာ ညအိပ်လျှင် ဘုရားအနောက်မုခ်ဘက်တွင် စုအိပ်လေ့ရှိသည်။ စားပြန်တော့လည်း ပျံကျဈေးမုန့်၊ အိပ်ပြန်တော့လည်း သမံတလင်း၊ အမိုးအကာ ခြုံစရာဘာမှမရှိ၊ အဝတ်ကလည်း တစ်ယောက်လျှင် နှစ်စုံခန့် သာ၊ တစ်ကိုယ်ရေသန့် ရှင်းမှုအားနည်းသည့်ကြားထဲ ကော်ရှူ၍ ကျန်းမာရေး ထိခိုက်နေသူများလည်း တပုံတပင်ရှိနေသည်။ များသောအားဖြင့် အရွယ်ကောင်း၊လုပ်အားရှိသည့်အရွယ
ကော်ရှူပြီးမူးယစ်နေသော မိန်းကလေးများမှာလည်း လူကုန်ကူးခံရမှုအန္တရာယ်၊ လိင်အလွဲသုံးစားပြုခံရမှုအန္တရာယ
ဆင်းရဲမွဲတေမှု၏ ဒဏ်ချက်ကြောင့် ကလေးငယ်များမှာ ကျောင်းစာသင်ရမည့်အရွယ်တွင် တောင်းစားရင်း မိသားစု ဝင်ငွေကိုဖြည့်တင်းပေးနေရသည်။ လုံလောက်စွာ မစားရမှုကြောင့် အာဟာရချို့ တဲ့မှုလည်းဖြစ်နေကြသည်။ ဝင်ငွေလုံလောက်စွာမရှာနိုင်တော့
ဤသို့ သံသရာလည်ရင်း ကော်ရှူခြင်းကို စွဲလန်းလာကြသည်။
ထို့ ကြောင့် ဤကလေးငယ်များ ကော်ရှူခြင်းသည် ပိုက်ဆံလုံလောက်စွာ စွန့် ကြဲခြင်းဖြင့် ဖြေရှင်း၍ရသော ပြဿနာမဟုတ်သကဲ့သို့  ရိုက်နှက်ခြင်းဖြင့် ဖြေရှင်း၍ရမည်လည်းမဟုတ်ပါ။
အထက်ပါနည်းတို့ မှာ ဆေးမြီးတိုသဖွယ်ပင်ဖြစ်နေပါလိမ်
ကလေးများ ကော်ရှူခြင်း ပပျောက်ရန်မှာဆင်းရဲမွဲတေမှုပပေ
ဤကဲ့သို့ ရာချီသော ကလေးသူငယ်များ ကော်ရှူခြင်းဖြင့် နိုင်ငံခြားသားများကို ဆွဲဆောင်နိုင်သည့် မဟာမုနိကဲ့သို့  သမိုင်းဝင်နေရာကို အရုပ်ဆိုး အကျည်းတန်စေသည်။ အနာဂတ်၏ လူ့ စွမ်းအားအရင်းအမြစ်များ ကျဆင်းလာမည်။ အနာဂတ်သားကောင်းများ လမ်းကြောင်းမှားပေါ်သို့ ရောက်ရှိသွားနိုင်သည်။ ကျန်းမာရေးစောင့်ရှောက်မှုကုန်က
ထို့ ကြောင့် နိုင်ငံတော်မှတာဝန်ရှိသူများ၊မိ
.........ယဉ်ယဉ်နှောင်း(၂၈-၄-၂၀
0 comments:
Post a Comment