Friday, May 17, 2013

တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ ကိုလိုနီ “မြန်မာပြည်နယ်”


မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်
ွဲ့က အနာဂတ်မှာ သီးခြားပြည်နယ်တစ်ခုရရှိရေး အာမခံပေးဖို့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ ကို တောင်းဆိုလိုက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ပြီး ၀ပြည်နယ် သတ်မှတ်ပေးဖို့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ တာဝန်ရှိသူတွေကို ပြည်နယ်အဆင့် သတ်မှတ်ရေုး တောင်းဆိုလိုက်တာပါ။သတိပြုရပါမယ်‘၀’ ပြည်နယ် တိုးမြှင့်ဖို့တောင်းဆိုချက် ပဲ ဖြစ်ပါတယ်။တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ၀’ဒေသမှာ ‘၀’ လူမျိုးဟာ ခြောက်သိန်းခန့်ပဲရှိပြီး’၀’အမြဲတမ်း နဲ့ အရန်စစ်တပ်ဟာ အင်အားသုံးသောင်း ကနေ ငါးသောင်းအထိရှိပါတယ်။ ခေါင်းဆောင်အများစုက တရုတ်နိုင်ငံ အတွင်းမှာမွေးဖွားခဲ့သူတွေဖြစ်ပါတယ်။ ‘၀’ဒေသအတွင်းမှာ တရုတ်စကားဟာ ဒေသသုံးစကားဖြစ်ပြီး တရုတ်စာက ရုံးသုံးစာလို ဖြစ်ပါတယ်။ တရုတ်ငွေကြေးကိုသာ သုံးစွဲပြီး တရုတ်နိုင်ငံနဲ့ သီးခြား နိုင်ငံခြားဆက်ဆံရေး ရှိပါတယ်။ တရုတ်ဘာသာနဲ့ထုတ်လွှင့်တဲ့ ရုပ်မြင် သံကြားဌာနတစ်ခုလည်း ရှိပါတယ်။ တရုတ်နိုင်ငံက စီးပွားရေး လုပ်ငန်းရှင်များဟာ ခဲမဖြူတူးဖော်ရေးလို လုပ်ငန်းမျိုးကို မြန်မာအစိုးရကို အသိမပေးဘဲ လုပ်ကိုင်ပါတယ်။ဝ’ဒေသဟာ လူဦးရေအရ၊ သမိုင်းကြောင်းအရ၊ ဘာသာစကားအရ ပြည်နယ်တစ်ခု ပေးနိုင်တဲ့အနေအထားမှာ မရှိပါဘူး။တရုတ်ကနေ ၀အဖွဲ့ကို အဆင့်မြင့် စစ်ရဟတ်ယာဉ်တွေ အပါအ၀င် လက်နက်တွေ ထောက်ပံ့ပေးနေပါတယ်။နာမည်ကျော် စစ်ဘက်ဆိုင်ရာ စာစောင်တစ်ခုဖြစ်တဲ့ Jane’s Defense Weekly က ဒုံးလက်နက်တွေပါဝင်တဲ့ စစ်ရဟတ်ယာဉ်တွေ ပေးပို့ခဲ့တဲ့အကြောင်းမြန်မာအစိုးရတပ်အားခုခံကာကွယ်ရန် ဝ တပ်ဖွဲ့ကလည်း တရုတ်အစိုးရထံ စစ်တိုက်ရဟတ်ယာဉ် ၅ စင်း ( TY 90 ဒုံးလက်နက်တပ်ဆင်သည့် Mi 17 – Hip အမျိုးအစား) ရရှိထားသည်ဟု Jane’s Intelligence Review မှ ဧပြီလ ၂၉ ရက်နေ့ တွင် သတင်း ဖော်ပြခဲ့ပါတယ် ။UWSA အဖွဲ့ဟာ လက်နက်ကိုင်အင်အား ၃ သောင်းလောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာတော့ အင်အား အတောင့်တင်းဆုံး အဖွဲ့လည်း ဖြစ်ပါတယ်။ ၀ ပြည်နယ် တွင် တိုက်ကြီးတာကြီးများတည်ဆောက်ခွင့်ရရှိနေတယ်။နယ်စပ်ဂိတ် ကုန်သွယ်မှု မှာလည်း အ ခွန်ကောက်ခွင့်ကို ရရှိထားပြီးတနေ့ ဒေါ်လာ ၁ သိန်းမှ ၂ သိန်းနီးပါးရှိနေပါတယ်။ တရုပ်ဖက်မှ ကုန်များနဲ့ မြန်မာပြည်မှ ကုန်များ အပေါ်မှာ အခွန်ကောက်ခွင့်ရနေပါတယ်။ ဒီအချိန်မှာ တခြားလူမျိုးစု ရွာတွေမီးရှို့ ခံနေရတယ်။ ၀ ပြည်နယ် က ကိုယ်ပိုင်ပြဌာန်းခွင့်ရနေ ပြီလား။ဝနယ်ကို တရုပ်ပြည်က အပြည့်အ၀ အကာကွယ်ပေးထား ပါတယ်။ ၀ကိုတရုပ်တွေက သူတို့ လူမျိုးလို့ပဲမြင်ကြပါတယ်။ စစ်ခေါင်းဆောင်တွေဟာ တရုပ်က UN မှာ ဗီတို အာဏာနှင့်သုံး ကူညီပေးနေတာကို အကောင်းမှတ်၊ ကျေးဇူး ရှင်ကြီးဆိုကာ ကိုးကွယ် ဆည်းကပ်၊ သယံဇာတတွေ ပူဇော်ပသ နေကြရတာ။ မြန်မာပြည် လဲ ယခုဆို တရုတ်တ၀က်ဖြစ်နေပါပြီ။ ရှေ့ဆက် စဉ်းစားသော် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ လက်တွင်းသို့ မလွဲဧကန် ရောက်ရှိသွားပါတော့မယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေး ကိစ္စအရပ်ရပ်ကို ယူနန် ပြည်နယ် အုပ်ချုပ်ရေးမှူးမှ ကိုင်တွယ်ပါတယ်။ တရုတ်မှ နယ်စပ်နိုင်ငံများအားလုံးကို ၀ါးမြိုနိုင်ရေး အတွက် ဗဟိုမှ မူဝါဒသာ ချမှတ်ပေးပြီး သက်ဆိုင်ရာ နယ်စပ်ပြည်နယ် အုပ်ချုပ်ရေးမှူး များအား ကိုင်တွယ် စေခြင်းမှာ ပီကင်းဗဟိုရဲ့ ပေါ်လစီဘဲဖြစ်ပါတယ်။ စစ်အုပ်စုဟာ တရုတ် ကွန်မြူနစ်ပါတီရဲ့ ကူညီထောက်ပံ့မှုဖြင့် မြန်မာပြည်သားအများစုအား တိရိစ္ဆာန်ကဲ့သို့ သဘောထားပြီး ဆင်းရဲမွဲတေ ငတ်မွတ်ရေး၊ ဦးနှောက်နှင့် အသိဥာဏ်ကင်းမဲ့ရေး၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ လှုပ်ရှားသူများကို လုံးပါး ပါးစေရေး၊ မိမိတို့ စစ်အာဏာရှင်ကြီးများအား ကျေးဇူး ရှင်ကြီးများသဖွယ် ကိုးကွယ်ဆည်းကပ် လာစေရေး၊စစ်တပ် မှသာ နိုင်ငံရေး လုပ်ပိုင်ခွင့်ရှိသည်ဟူသော အယူအဆများ ကိန်းဝင် နေစေရေး၊ ကြောက်ရွံ့ ထိတ်လန့်မှုများနှင့် ဖုံးလွှမ်းနေစေရေး စသည်တို့ကို အစီအစဉ် ရှိရှိ စနစ်တကျ ရေရှည် စီမံကိန်းများချမှတ်ကာလုပ်ကိုင်ခဲ့၊လုပ်ကိုင်ဆဲ၊လုပ်ကိုင်ကြဦးမှာ ဖြစ်ပါတယ်။တရုတ်ဟာ မြန်မာနိုင်ငံအား ၎င်းရဲ့အာဏာသက်ရောက်စေဖို့ ရေရှည် စီမံကိန်းများဖြင့် လုပ်ဆောင်ခဲ့ပါတယ်။ စစ်အာဏာရှင်များဟာ တရုတ်ရဲ့ အရိုးရင်း လက်စေခံများဖြစ်နေသလို မြန်မာပြည်သည်လည်း အလိုအလျောက် တရုတ်ကွန်မြူနစ် ယူနန် ပြည်နယ် လက်အောက်ခံ ပြည်နယ် တစ်ခုကဲ့သို့ ဖြစ်နေပါတယ်။ ဒီလိုဖြစ်နေခွင့် ရနေတာကိုပဲ နအဖ အာဏာရှင်ကြီးများ အနေနှင့် ကျေနပ်နေကြပါတယ်။ ပါပါကြီးတွေကို အဖေတော်ပြီး ခွဲဝေခိုးစားနေရတာကို အကျေနပ်ကြီး ကျေနပ်နေကြ ပါတယ်။ မြန်မာပြည်မှ ကျွန်းတစ်တန်ကို US$ 200 နှင့်ဝယ်ပြီး ဥရောပကို တစ်တန်လျှင် US$ 70000 နှင့် တရုတ်က ပြန်ရောင်းနေတာကို ကြည့်ပါ။ ဒီအဖြစ်ဟာ တိုင်းပြည်ကိုချစ်ပါတဲ့ကျွန်တော်တို့ ခေါင်းဆောင်ကြီးများလို့ လေးစား ကျေးဇူးတင် နေရ အုံးမှာလား။ ၂၀၀၇ တစ်နှစ်ထဲမှာတင် မြန်မာပြည်မှ သူခိုးဈေးနှင့် ၀ယ်သောသစ်များကို Export လုပ်ခဲ့ ရာမှာ US$18 ဘီလီယံဖိုး ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါဟာတရုတ်တို့ရဲ့ Export စာရင်းတစ်ခုမှာ သစ်ရောင်းရငွေကို ဖော်ပြထားတာပါ။ တရုတ်မှာ သစ်ထုတ်ခွင့်လုံးဝ မရှိပါဘူး။ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက် ဒေသတွေမှာ ကျွန်း/တမလန်းနှင့် ပိတောက်အပါအ၀င် အဖိုးတန်သစ်များ ကုန်သွားလို့ တရုတ်တွေက ကညင်/ကြေးလန်/စကားဝါ စတဲ့ သစ်မျိုးများကိုပါ ခိုးယူနေကြကြောင်း သိရှိရပါတယ်။ ကချင်ပြည်နယ်ဟာ သစ်အပါအ၀င် ကျောက်စိမ်း/ရွှေ စတဲ့ သဘာဝ အရင်းအမြစ်တွေ ပေါများလှတဲ့ ဒေသဖြစ်ပေမဲ့ ဒေသခံ ကချင်လူထု အများစုကတော့ မည်သည့် အကျိုးကျေးဇူးမျှ မခံစားရပဲ ဆင်းရဲတွင်းနက်လျှက် ရှိနေပါတယ်။ ဒါဘယ်သူတွေရဲ့  တာဝန်မဲ့မှုပါလဲ? တရုတ်လိုနိုင်ငံကနိုင်ငံ အကြီးအကဲတွေဟာ သူ့ပြည်သူလူထု အပေါ်တော့ သိတတ်တာမို့မြန်မာ စစ်ခေါင်းဆောင်တွေ အနေနဲ့လည်းကိုယ့်တိုင်းပြည်နဲ့ ပြည်သူလူထု အပေါ်မှာကောင်းကျိုး မှန်သမျှကိုဆောင်ရွက်ပေးဖို့ အထူး လိုအပ်ပါတယ်။
ဇော်ဝမ်းမောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...