ဦးသိန်းစိန်ဖြေသွားတဲ့ ပညာရေးပေါ်လစီမေးခွန်းကို အကြမ်းဖျင်းသုံးသပ်ရရင်
Author: lubo601 | 11:17 PM | No မှတ်ချက် |
Myo Set's photo.
Stauts: 23.10.2012
Education
ဦးသိန်းစိန်ဖြေသွားတဲ့ ပညာရေးပေါ်လစီမေးခွန်းကို အကြမ်းဖျင်းသုံးသပ်ရရင်
(၁) အခြေခံပညာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှု
(၂) အဆင့်မြင့်တက္ကသိုလ်ပညာရေးဆိုင်၇ာပြုပြင်ပြောင်းလဲမှု
(၃) ပညာရေးဘတ်ဂျက် ဆိုပြီး သုံးမျိုးကိုအဓိကတွေ့ရတယ်။
အခြေခံပညာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုမှာ ၁၂ တန်းအထိ ပြောင်းလဲတာကို ဥပမာပေးသွားတယ်။ Education Reform က ကျယ်ပြန့်ပါတယ်။ အသေးစိတ်တော့သူလဲ ဘယ်ပြောနိုင်ဦးမလဲ။ နားလည်ပေးချင်စရာရှိပါတယ်။
အဆင့်မြင့်တက္ကသိုလ်ဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲမှုမှာ နိုင်ငံတကာတက္ကသိုလ်တွေနဲ့ချိတ်ဆက်ပြီးပြောင်းလဲဖို့သာ ပြောသွားတာတွေ့ရတယ်။
ပြည်တွင်းမှာ ကိုယ့်တစ်နိုင်တစ်ပိုင်နဲ့ တတ်နိုင်သမျှ ပြုပြင်ပြောင်းလဲဖို့ စိတ်အားထက်သန်စွာပြောဆိုထားတာမတွေ့ရဘူး။ နိုင်ငံအနှံ့တက္ကိသိုလ်တွေ ဖောင်းပွလွန်းပြီး ငွေကုန်ကြေးကျများသလောက်မထိရောက်တဲ့စံနစ်ဖြစ်နေတာတွေ၊ တစ်ကယ့်ကို လမ်းပန်းဆက်သွယ်ရေး ဗဟိုကျတဲ့နေရာတွေက တက္ကသိုလ်ကြီးတွေကိုပြန်လည်ဖွင့်လှစ်ဖို့ စကားမဟ ခဲ့တာတွေကို ကြည့်ပြီး ဦးသိန်းစိန်အဖြေအပေါ် အားရမှုမရှိသေးဘူး။ အဆင့်မြင့်တက္ကသိုလ်ပညာရေးအတွက် နိမ့်ကျခဲ့သောမြန်မာပြည်ဟာ နိုင်ငံတကာအကူအညီလိုအပ်တာ အမှန်ဖြစ်ပေမယ့် ကိုယ့်ဖက်က ပြောင်းလဲစရာရှိတာတွေကို စတင်မပြောင်းလဲသေးဘဲ အဆင်သင့်ဖြစ်မယ်မထင်သေးဘူး။
သူပြောတဲ့အထဲမှာ အဓိက အရေးအကြီးအချက်အနေနဲ့မတွေ့ရတာက Accessibility to Education ပညာသင်ကြားခွင့်ဖြစ်တယ်။ ပညာရေးပြောင်းလဲတာကဟုတ်တယ်။ ဒီပညာရေးပြောင်းလဲမှုက လူလတ်တန်းစားနဲ့အခြေခံလူတန်းစားဆီမရောက်ရင် အဓိပ္ပါယ်မရှိဘူးဖြစ်မယ်။ ဟားဗတ်လာဖွင့်လို့ ရန်ကုန်ရွှေတောင်ကြားက သူဌေးသားတွေလောက်သာ တက်နိုင်တာဆိုရင် အဓိပ္ပါယ်မရှိဘူး။ အခု အဲ့ဒီသူဌေးသားတွေက International Schools တွေတက်နေကြတာပဲ။ ဟားဗတ်ကျောင်းခွဲလာဖွင့်ရင် ဆင်းရဲတဲ့ဒေသတွေက ထူးချွန်သူတွေကိုယ်တိုင် အစိုးရစရိတ်နဲ့တက်နိုင်ခွင့်ရှိမှသာ ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူရမှာဖြစ်တယ်။
ဒါကြောင့် ဒီ ပညာသင်ကြားခွင့်(Accessibility to Education) ဟာ အရေးပါတယ်။
နောက်တစ်ခု စဉ်းစားဖို့ကောင်းတာက Student Loan ကိစ္စရပ်တွေဖြစ်တယ်။ အနောက်နိုင်ငံတွေမှာ ကျောင်းသားတွေက ငွေရှိရှိမရှိရှိ ကျောင်းတက်ရင် အစိုးရဆီက ငွေချေးငှားလို့ရတယ်။ အတိုးပေးစရာမလိုဘဲ အလုပ်အကိုင်ရရင် အစိုးရက ဘဏ်နဲ့ချိတ်ဆက်ထားပြီး ဖြည်းဖြည်းချင်းပြန်နှုတ်ယူသွားတယ်။ အင်မတန်ကောင်းတဲ့ စံနစ်တစ်ခုလဲ ဖြစ်တယ်။ ပညာရေးဘတ်ဂျက်ကို ပိုသုံးထားတယ်ဆိုတာ ဆရာ၊ဆရာမပိုခန့်ဖို့ စာသင်ခန်းပိုချဲ့ဖို့လောက်ပဲ မမြင်စေချင်သေးဘူး။ ဒီလို Student Loan ပညာရေးချေးငွေတွေ ဖြစ်ထွန်းလာရင် ငွေမရှိလို့ ဈေးဆင်းေ၇ာင်းရတဲ့ ပုံပြင်တွေရပ်တန့်သွားမယ်။ လူ့ရင်းမြစ်ဖွံ့ဖြိုးမှု ပိုမိုမြင့်တက်လာမှာဖြစ်တယ်။
တွေးဆကြည့်ဖို့သက်သက် ဝေမျှလိုက်ရပါတယ်။

- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment