Tuesday, July 9, 2013

အောင်ပန်းဒေသခံတောင်သူ၊ လယ်သမားများမှစစ်တပ်မှ သိမ်းယူထားသော လယ်ယာမြေဧက (၁၀၀၀) ကျော်ကိုပြန်လည်တောင်းဆိုရန် အစည်းအဝေးကျင်းပကာ ဦးဆောင်ကော်မတီဖွဲ့စည်း


စစ်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်အရောက်တွင် ဒေသခံတိုင်းရင်းသားများ၊ ဓါးမဦးချ၊ ဘိုးစဉ်ဘောင်ဆက်၊ သားစဉ်မြေဆက်လုပ်ကိုင်စားသောက်လာခဲ့သော လယ်မြေ၊ခြံမြေ၊ ယာမြေစုစုပေါင်းဧက (၁၀၀၀) ကျော် ကို အမှတ်(၂) တပ်မတော်စစ်ဆေးရုံ၊မှ ကုတင်(၇၀၀) တည်ဆောက်ရန်အတွက် စစ်တပ်မှလယ်မြေ၊ ယာမြေ၊ခြံမြေစုစုပေါင်း ဧက (၁၀၀၀) ကျော်သိမ်းယူခဲ့ပါသည်။

သို့သော်စစ်တပ်မှ သိမ်းယူထားသော မြေဧက(၁၀၀၀) ကျော်အနက် စစ်ဆေးရုံအဆောက်အဦးများ မ ဆောက်လုပ်ဘဲယခုအချိန်ကာလထိ အသုံးမပြုတော့သော ပိုလျှံမြေများနှင့် သိမ်းယူခြင်းခံခဲ့ရသော မှုလပိုင်ရှင်များကို တပ်ရန်ပုံငွေရရှိရေးဟူသောခေါင်းစဉ်ဖြင့်ပြန်လည် အငှားချထားသောမြေယာများ ရှိပါသည်။

မိမိတို့ဒေသခံတောင်သူလယ်သမားများမှာ လယ်ပိုင်ရှင်၊ ယာပိုင်ရှင်ဘ၀မှလယ်ကူလီ၊ လယ်အငှားဘ၀ သို့ရောက်ရှိခဲ့သည်မှာနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သောကြောင့် တစ်နေ့တခြားစားဝတ်နေရေး ကြပ်တည်းလာသဖြင့် မိမိတို့ပိုင်လယ်၊ယာမြေများကိုပြန်လည်ရရှိရန်အတွက်၊ စိုက်ပျိုးလုပ်ကိုင်သူ သာမြေလုပ်ကိုင်ခွင့်ရှိရမည်ဆိုသော ဥပဒေအရသော်လည်းကောင်း ၊နိုင်ငံတော်သမ္မတကြီးက ယခင်စစ်အစိုးရလက်ထက်တွင် တပ်မတော်မှသိမ်းယူထားသော လယ်ယာမြေများအနက် အသုံးမပြုသော လယ်ယာမြေများကို ယခင်လုပ်ကိုင် စားသောက်ခဲ့သော မှုလပိုင်ရှင်များ ထံပြန်လည်ပေးအပ်သွားမည်ဖြစ် သည်ဆိုသော စကားရပ်အရသော် လည်းကောင်း၊ မှုလလယ်ယာပိုင် ရှင်များဖြစ်သည့် ဒေသခံတောင်သူ လယ်သမားများက မိမိတို့ပိုင်လယ်၊ယာမြေများ ကို ပြန်လည်ရရှိ ရန်အတွက် နိုင်ငံတော်အစိုးရထံ ဥပဒေဘောင်အတွင်းမှ တောင်းဆိုသွား မည် ဖြစ်ကြောင်း ဒီကနေ့ (9-7-2013)၊ အောင်းပန်းမြို့ မိုးကောင်းကျောင်း၊ အတွင်း၌ တပ်မတော်မှ သိမ်းယူခဲ့သော မိမိပိုင်ဆိုင်သောလယ်ယာမြေများ ကိုပြန်လည်တောင်းဆိုရန်အတွက် အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ကြပါသည်။

ယင်းအစည်းအဝေးတွင်လယ်၊ ယာမြေနစ်နာဆုံးရူံးသူ ဒေသခံတောင်သူ (၁၂၀) ကျော် တက်ရောက်ဆွေးနွေးပြီး ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ကြပါသည်။ ယင်းကော်မတီတွင် ဦးဆောင်ကော်မတီ ၀င် (၁၅) ဦးက ဦးဆောင်ဦးရွက်ပြုလုပ်သွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။

Mg Tharmyar

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...