မိခင်မေတ္တာ...

သေဆုံးပြီဟု အတည်ပြုပြီး ၂ နာရီကြာပွေ့ဖက်ပြီးမှ မိခင်မေတ္တာကြောင့်အသက်ပြန်ရှင်လာရတဲ့ ကလေးငယ်။ ဇူလိုင်လ ၅ ရက် ၂၀၁၃
သြစတေးလျမှ မိခင်တစ်ယောက်ဖြစ်တဲ့သူမနာမည်ကို Kate Ogg လို့ခေါ်ပါတယ် ။ ကိုယ်ဝန် ၂၇ ပတ်မှာ မွေးခန်းထဲဝင်ခဲ့ရပြီး ၃ နာရီကြာအောင်ကြိုးစားခဲ့ရတဲ့ အမွှာပူးလေးမှာ ၂ ပေါင်သာသာပဲရှိတဲ့ ကလေးတစ်ဦးဖြစ်တဲ့ Jamie က အသက်မရှင်နိုင်တော့ပါဘူးတဲ့ ။
မိခင်ဟာ
သူမ နားကို သူမ မယုံနိုင်အောင်ဖြစ်သွားရတယ် ။ ဆစ်ဒနီဆေး၇ုံမှာ Jamie
ရဲ့အမွှာဖြစ်တဲ့ Emily ကတော့ ကောင်းမွန်တဲ့ကျန်းမာရေးအခြေအနေ ရှိပါတယ် ။ သူမအကို Jamie ကတော့မွေးစကတည်းက မိနစ်နှစ်ဆယ်လောက်အသက်ကယ်ခဲ့ရတယ် ။
ကုသမှုတွေကို မတုံ့ပြန်တော့တဲ့အခါ မိဘတွေကို စိတ်မကောင်းစရာသတင်းကိုပြောဖို့ အခြေအနေဖြစ်လာပါပြီ ။ မိခင် Kate ဟာ သူ့ကလေးငယ်တစ်ယောက်ဆုံးတယ်ဆိုတဲ့သတင်းကိုလက်မခံနိုင်ပါဘူး
။ သူက မိခင်တစ်ယောက်အနေနဲ့ ခေါင်းကိုတွင်တွင်ခါတယ် ။ ပြီးတော့မျက်ရည်တွေ
တွင်တွင်စီးကျတယ် ။ သားငယ်လေးကို အနှီးနဲ့လုံခြုံစွာထုပ်ပြီး
သူပွေ့ချီလိုက်တယ် ပြီးတော့ ရင်အုပ်ထဲမှာ အုပ်ပြီး နွေးနွေးထွေးထွေးထားတယ် ။
ရှိုက်ကြီးတငင်ငိုပါတယ် ။
မိခင်ရောဖခင်ရောဟာ သားလေးကို တွင်တွင်ကြည်ပြီး သူ့နာမည်ကိုဘယ်လိုခေါ်ကြောင်းနဲ့ သူ့မှာ
ညီမတစ်ဦးရှိကြောင်းကို တတွတ်တွတ်ပြောဆိုနေတယ် ။ “ သားမရှိပဲ ညီမလေးဘယ်လို
ဆက်လက်ရှင်သန်နေထိုင်မလဲ .. သားမရှိပဲအဖေနဲ့အမေရောဘယ်လိုဆက် လက်ရှင်သန်နေထိုင်မလဲ မိသားစုဆိုတာ ဟာ အားလုံးပြည့်စုံနေမှ အဓိပ္ပါယ်ရှိတာပါ ” ဖခင်ဖြစ်သူက သားဖြစ်သူကိုကြည့်ပြီးငိုယိုတယ် တိုးလျစွာ ပွတ်သပ်တယ် ။ ဒီလိုနဲ့ပွေ့ချီထားခဲ့တာ ၂ နာရီတိုင်ကြာမင့်ခဲ့တယ် ။ ကလေးငယ်အသက်ပြန်မရှူလာခင်အထိပေါ့  ။
ဒါပေမယ့် ဆရာတွေက ကလေးငယ်ကို မျှော်လင့်ချက်လုံးဝမရှိခဲ့ဘူး ။ ၂ နာရီပြည့်ပြီးတဲ့အခါ ရုတ်တရက်ကလေးငယ်ဟာ စတင်ပြီး အသက်ရှူလာပါပြီ တဖြည်းဖြည်းပိုရှူလာတယ် မိခင်က ကလေးကိုကြည့်ပြီးမိခင်နို့ကို တိုက်လိုက်တယ် ။ အံ့သြစရာတွေကတော့ဖြစ်ပျက်လာခဲ့ရ ပါပြီ ။ ကလေးငယ်က ကောင်းမွန်စွာ အသက်ရှူနေပါပြီ ။ ခဏကြာတဲ့အခါ Jamie လေးမျက်လုံးပွင့်လာတယ် သူ့မျက်လုံးတွေက မိခင်ကိုကြည့်နေတယ် ။
ဆရာဝန်တွေအားလုံးတုန်လှုပ်ခြောက် ခြားပြီး အားလုံးပျော်ရွှင်ခဲ့ရပါတယ် ။
===========================
မိခင်မေတ္တာဟာ ဆရာဝန်တွေသေဆုံးပြီလို့အတည်ပြုထားတဲ့ ကလေးငယ်ကို အသက်ပြင်ရှင်စေနိုင်ခဲ့တယ်လို့ပဲထင်ပါတယ် ။ ပြင်းပြတဲ့ မေတ္တာစိတ်နဲ့ ဆေးလောကတစ်ခုလုံး အံ့သြတုန်လှုပ်သွားအောင်စွမ်းဆော င်နိုင်ခဲ့တယ် ။
မိခင်အားလုံးအား ဂုဏ်ပြုဦးညွှတ်လျှက် ...။
( သက်တန့်ချို )
ကုသမှုတွေကို မတုံ့ပြန်တော့တဲ့အခါ မိဘတွေကို စိတ်မကောင်းစရာသတင်းကိုပြောဖို့
မိခင်ရောဖခင်ရောဟာ သားလေးကို တွင်တွင်ကြည်ပြီး သူ့နာမည်ကိုဘယ်လိုခေါ်ကြောင်းနဲ့
ဒါပေမယ့် ဆရာတွေက ကလေးငယ်ကို မျှော်လင့်ချက်လုံးဝမရှိခဲ့ဘူး ။ ၂ နာရီပြည့်ပြီးတဲ့အခါ ရုတ်တရက်ကလေးငယ်ဟာ စတင်ပြီး အသက်ရှူလာပါပြီ တဖြည်းဖြည်းပိုရှူလာတယ် မိခင်က ကလေးကိုကြည့်ပြီးမိခင်နို့ကို တိုက်လိုက်တယ် ။ အံ့သြစရာတွေကတော့ဖြစ်ပျက်လာခဲ့ရ
ဆရာဝန်တွေအားလုံးတုန်လှုပ်ခြောက်
===========================
မိခင်မေတ္တာဟာ ဆရာဝန်တွေသေဆုံးပြီလို့အတည်ပြုထ
မိခင်အားလုံးအား ဂုဏ်ပြုဦးညွှတ်လျှက် ...။
( သက်တန့်ချို )
0 comments:
Post a Comment