Thursday, July 18, 2013

သစ်ထူးလွင် သစ်ထူးလွင် သတင်းစုစည်းမှု (၁၈-၇)

သစ်ထူးလွင်



Posted: 18 Jul 2013 06:05 AM PDT
မိုဘိုင်းအင်တာနက် လျှောက်ထား ချင်သူများ အနေဖြင့် သြဂုတ်လ(၁) ရက်နေ့ကစ၍ မက်ဆေ့ခ်ျနံပါတ်(၁၃၃)က တစ်ဆင့် မိုဘိုင်း အင်တာနက် လျှောက်ထားနိုင်ပြီဟု မြန်မာ့ ဆက်သွယ်ရေး သင်တန်းကျောင်းက ကျောင်းအုပ်ကြီး ဦးကျော်စိုးထံက သိရသည်။ ကနဦး လျှောက်ထားမှု အတွက် ယခင်အင်တာနက် လျှောက်တုန်းက နှုန်းထားအတိုင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jul 2013 05:47 AM PDT
စင်ကာပူနိုင်ငံတွင် အလုပ် လုပ်ကိုင်ခွင့် ရရန်အတွက် ပညာရေး အထောက်အထား တင်ပြရာတွင် လိမ်လည် တင်ပြမှုဖြင့် အစစ်ဆေးခံနေ ရသော နိုင်ငံခြားသား ၂၅ ဦးကို ဇူလိုင်လ ၁၆ ရက်နေ့က ပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်ဟု CNA သတင်း ဌာနတွင် ဖော်ပြထားသည်။ အဆိုပါ နိုင်ငံခြားသား ၂၅ ဦးမှာ အလုပ်လုပ်ခွင့် ပါမစ် လျှောက်ထားရာ၌ ပညာရေး အထောက်အထား စာရွက် စာတမ်း အတုများကို တင်ပြခဲ့သည့် အတွက် မေလအတွင်းက တရားစွဲဆို ခံခဲ့ရပြီး ယခုအခါတွင် ပြစ်မှု ထင်ရှား သဖြင့် ပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jul 2013 05:40 AM PDT
ဇူလိုင် ၁၉ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့သမိုင်း​မှာ နစ်နာဆုံး​ရှုံးမှု အကြီး​မား​ဆုံး​နဲ့ ရင်နင့်​ကြေကွဲစရာ နှမြောတသစရာ အ​ကောင်း​ဆုံး​နေ့ ဖြစ်ပါတယ်။ လွန်ခဲ့​တဲ့​ နှစ်​ပေါင်း​ ၆၆ နှစ်၊ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်မှာ မြန်မာနိုင်ငံရဲ့ အမျိုး​သား​ခေါင်း​ဆောင်ကြီး​ ဗိုလ်ချုပ်​အောင်ဆန်း​နဲ့တကွ အာဇာနည်ပုဂ္ဂိုလ်ကြီး​ ၈ ဦး​ဟာ လက်နက်ကိုင်အကြမ်း​ဖက်သမား​တွေရဲ့ လုပ်ကြံမှု​ကြောင့်​ အသက်ဆုံး​ရှုံး​ခဲ့​ရပါတယ်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jul 2013 05:37 AM PDT
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြစ်အတွင်း ရွှေပြည်သာတံတား အနီးရှိ သဲစုပ်စက် လှေတစ်စီးပေါ်တွင် ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၁ နာရီခန့်က လှေဝန်ထမ်းနှစ်ဦး စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးက သတင်းထုတ်ပြန်သည်။ လှိုင်သာယာမြို့နယ် ရွှေလင်ပန်း စက်မှုဇုန်ရှိ ထွန်း သဲ၊ ကျောက် ရောင်းဝယ်ရေးပိုင် ရွှေလမင်း(၃)သဲစုပ် စက်လှေပေါ်တွင် အသက် ၃၂ နှစ်အရွယ်ရှိ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jul 2013 05:28 AM PDT
ထိုနှစ်၊အချိန်အခါမှာ ဗမာပြည်သို့ ပြန်လည်ရောက် ရှိလာသောဘုရင်ခံ” ဆာဟူး ဘတ် ရန့်(စ်)”သည် ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီး၏ ဥက္ကဋ္ဌ ဦးအောင်ဆန်းနှင့် အစိုးရ အဖွဲ့ သစ် ဖွဲ့စည်းရေးအတွက် လုံးပန်းနေချိန်။ ထိုအချိန်၏ တစ်နေ့သော နံနက်မှာ ထုတ်ဝေသည့် သတင်းစာအသီးသီးတွင် ဂဠုန်ဦးစော သေနတ်ပစ်ခံရသည့် သတင်း ပါရှိ လာခဲ့သည်။ ဦးစောကား သေကံမရောက်၊ သက်မပျောက်ခဲ့။သို့သော် ဦးစောသည် ဂျစ်ကားအစိမ်း တစ်စီးတွင်စီးလာသော အမည်မသိ လူတစ်စု က သေနတ်ဖြင့် ချော င်းမြောင်း ပစ်ခတ်သွားခြင်း ခံရသည့်အချိန်မှစ၍ သူ့အားဤသို့လုပ်ကြံခြင်းမှာ ဦးအောင်ဆန်း ၏ ညွှန်ကြားချက် အရသာဖြစ်ရမည်ဟု တစ်ထစ်ချယူဆသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 18 Jul 2013 05:24 AM PDT
မြန်မာနိုင်ငံတွင် ပထမဆုံး ခြေလေးဖက်ပါသော လသားအရွယ် မိန်းကလေးငယ် အတွက် ပထမအဆင့် ခွဲစိတ်မှု အောင်မြင် ခဲ့သော်လည်း ထပ်မံပြုလုပ်ရမည့် ခွဲစိတ်ကုသမှု အားလုံး၏ အဆင့်ဆင့် ကြာမြင့်ချိန်သည် တစ်နှစ်နီးပါးအထိ ဖြစ်နိုင်ဖွယ် ရှိကြောင်း ရန်ကင်း ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်လွင်က The Voice သို့ ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jul 2013 02:58 AM PDT
နေပြည်တော် ၊ ဒက္ခိဏသီရိမြို့နယ် ၊ ဂူနှစ်လုံးဆည်စု ကျေးရွာအုပ်စု အတွင်းရှိ ကိုင်းပလွေးကွင်း အမှတ်(၁)တွင် ၂၀၁၀ ခုနှစ်အတွင်း ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၏ ဇနီး ဒေါ်ဆွေဆွေဦး အမည်ဖြင့် သိမ်းဆည်း ရယူထားသော နေရာတွင် ယခုနှစ် ၂၀၁၃ စိုက်ပျိုးရာသီတွင် တောင်သူများ ပြန်လည် ၀င်ရောက် လုပ်ကိုင်လျှက်ရှိကြောင်း တောင်သူများထံမှ သိရသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ






Posted: 18 Jul 2013 02:40 AM PDT
ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ရန် ရွေးချယ်ခံထားရသည့် ကုမ္ပဏီ တယ်လီနောက သြဂုတ်လတွင် ဝန်ထမ်း စတင်ခေါ်ယူမည် ဖြစ်ကြောင်း တယ်လီနော မြန်မာကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် တာဝန် ထမ်းဆောင်ရန် လျာထားခံရသော Mr.Petter Furberg က The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Mr.Petter Furberg

Posted: 18 Jul 2013 02:35 AM PDT
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်း ကော်မတီ ကို ကော်မတီဝင် ၁၀၉ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ,က ယနေ့တွင် ထုတ်ပြန်လိုက်သည်။
ယင်းကော်မတီတွင် ဥက္ကဌ အဖြစ်( ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက) ၊ဒုတိယ ဥက္ကဌ အဖြစ်( ဒုတိယ ဥက္ကဌ ပြည်သူ့လွှတ်တော် / အမျိုးသားလွှတ်တော်) ဟု ထုတ်ပြန်ချက်အရ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jul 2013 02:28 AM PDT
မန်းကျုံး ရေပြင်တွင် ရေနစ် သေဆုံးသည်ဟု ယူဆရသည့် လူသေ အလောင်း တစ်လောင်း တွေ့ရှိမှု ယနေ့မနက် ၁နာရီ ၄၅မီနစ်ခန့်က ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ည ၁၁နာရီခန့် လှည့်ကင်းရဲများ ကင်းလှည့်စဉ် ၂၆လမ်း၊ ၇၀-၇၁လမ်းကြား ကျုံးဘေးပလက် ဖောင်းတွင် ၁ယ/၅၂၅၆၀ တစ်စီးရပ်ထားသည်မှာ ကြာမြင့်နေသောကြောင့် ---
မန်းကျုံးတွင် လူသေအလောင်းတွေ့ ပြန်



Posted: 18 Jul 2013 02:22 AM PDT
မန္တလေးမြို့၊ ဧရာဝတီမြစ် အနောက်ဘက် မြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသော မတ္တရာမြို့နယ် ညောင်ပင်သာ ကျေးရွာမှ မိသားစုများအား လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးက နေရာပေးထားခဲ့ပြီး တစ်လ မပြည့်မီတွင် မြို့နယ် အုပ်ချုပ်ရေးမှူးက လာရောက်တားမြစ်နေကြောင်း ဒေသခံများက ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jul 2013 02:16 AM PDT
မန္တလေးတွင် “မျိုးစောင့်ဥပဒေ” အတွက် ဇူလိုင်လ ၁၇ ရက်ကို နောက်ဆုံးနေ့အဖြစ် သတ်မှတ်ကာ လူစည်ကားသောနေရာများနှင့် ကားဂိတ်များတွင် နေရာအနှံ့တွင် ဌာနများဖွင့်ပြီး နေ့လည် ၃ နာရီအထိ ကောက်ခံခဲ့ကြသည်။ နံနက် ၈ နာရီမှ စကာ ကောက်ခံမှုတွင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများ လာရောက်မေးမြန်းမှုများရှိပြီး အကူအညီပေးနေသော သံဃာတော်များ၏ ဘွဲ့နာမည်နှင့် လူငယ်များ၏ နာမည်များကို လာရောက်ယူသွားခဲ့သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မန္တလေးမြို့၊ စက်မြှု၌ ကောက်ခံရရှိသော အမျိုးစောင့်ဥပဒေထောက်ခံလက်မှတ်ပေါင်း (၁၇၅ဝဝ)ဦးကို ဒေါ်မိမိ ဦးဆောင်သောအဖွဲ့မှ လာရောက်ကပ်လှူစဉ်။ (15.7.2013) - ဓါတ်ပုံ - ဦးဝီရသူ

Posted: 18 Jul 2013 02:01 AM PDT
လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲ မှာလည်း ဝင်ရောက် ယှဉ်ပြိုင်ဖို့ ကျန်းမာရေးနဲ့ အသက်အရွယ် အရ ဒုတိယ သမ္မတ သက်တမ်း အတွက် အစီအစဉ် မရှိတဲ့ အကြောင်း၊ လုပ်ပေးလိုတဲ့ အချက်တွေ က ငြိမ်းချမ်းရေး၊ နိုင်ငံ စီးပွား ဖွံ့ဖြိုး တိုးတက်ရေး၊ လူငယ်တွေ အတွက် ကောင်းမွန်တဲ့ အနာဂတ် ဖန်တီးရေး စတာတွေ စဉ်းစားပေး နေတဲ့ အတွက် သမ္မတ ဝင်ရွေးမယ် လို့ အတိအလင်း ထုတ်ဖော် ပြောတဲ့ သူရ ဦးရွှေမန်း နဲ့ ဒေါ်အောင်ဆန်း စုကြည် ဟာ ပြိုင်ဘက်တွေ မဟုတ် ကြောင်း သမ္မတ ဦးသိန်းစိန် က ဖြေကြားပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သမ္မတ ဦးသိန်းစိန် ဘီဘီစီ နဲ့ မေးမြန်းခန်း

Posted: 18 Jul 2013 01:56 AM PDT
ဘင်္ဂလားဒေ့ရှ် နိုင်ငံကူး လက်မှတ် တရားမဝင် ရယူ ပြီး ဆော်ဒီမှာ နှစ်ပေါင်းများစွာ နေထိုင် နေတဲ့ ရိုဟင်ဂျာ ၅ သိန်း အတွက် ဘင်္ဂလား ဒေ့ရှ် အစိုးရက အထူး သက်သေခံ စာရွက် ထုတ်ပေးဖို့ စဉ်းစား နေကြောင်း သိရပါတယ်။ ဒီလူတွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အနေနဲ့ အသိအမှတ် ပြုပြီး ထုတ်ပေးမှာ မဟုတ်ဘဲ မြန်မာ နိုင်ငံသား အဖြစ်သာ အသိအမှတ် ပြုမယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ပ အလုပ်သမား ဝန်ကြီး Khandker Mosharraf Hossain က ဗုဒ္ဓဟူး နေ့က ပြောကြား ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
 


နိုင်ငံမဲ့ ရိုဟင်ဂျာ အလုပ်သမား သိန်းချီရှိ

Posted: 18 Jul 2013 01:46 AM PDT
ထိုင်းနိုင်ငံအလယ်ပိုင်း ကမ်ဖိုင်ဖစ်ခရိုင်အတွင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ ထိုင်းအလုပ်ရှင် လင်မယားက ရေနွေးပူနဲ့ လောင်းလို့ ဒဏ်ရာအကြီးအကျယ်ရခဲ့တဲ့ ကရင်မိန်းကလေးကို ခွဲစိတ်ကုသမှု ပြီးစီးသွားပြီ ဖြစ်ပြီး ကျူးလွန်သူ တရားခံ ၂ ဦးကတော့ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။ ရေနွေးပူနဲ့ အလောင်းခံရလို့ တကိုယ်လုံးနီးပါး ဒဏ်ရာရပြီး ဘယ်ဘက်လက်နဲ့ ချိုင်းအောက်က အသားကပ်သွားကာ လှုပ်ရှားလို့မရအောင် ဖြစ်သွားတဲ့ ကရင်မိန်းကလေးငယ် နောင့်အဲကို ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရေနွေးပူလောင်းခံရသည့် ကရင်မိန်းကလေး ခွဲစိတ်မှုအောင်မြင်

Posted: 18 Jul 2013 01:39 AM PDT
မြန်မာအစိုးရ လှုပ်ရှား စစ်ကြောင်း တစ်ကြောင်းသည် အလံတိုင်ခုတ်လှဲ၍ မွန်ပြည်သစ် အလံကို မီးရှိခဲ့သည့် အပြင် တပ်ဖွဲ့ဝင်နှင့် ဇနီးသည်တို့အား ယခု သီတင်းပတ်တွင် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ယင်းဒေသရှိ မွန်ပြည်သစ်ပါတီ တပ်မှူး ဗိုလ်ကြီး တမော့ချမ်းက ပြောသည်။ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ချောင်ချိဒေသရှိ မွန်ပြည်သစ်ပါတီ မိသားစုဝင်များ နေထိုင်ရာ သုမင်္ဂလံရွာသစ်၌ ပြီးခဲ့သည့် ဇူလိုင်လ ၉ နေ့တွင် အစိုးရစစ်ကြောင်း ရွာထဲ ဝင်ရောက်စဉ် ယင်းကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မွန်ပြည်သစ်အလံတိုင်နေရာနှင့် မီးရှို့သည့်နေရာ(IMNA)

Posted: 18 Jul 2013 01:27 AM PDT
၁၅-၇-၂၀၁၃ ရက်နေ့တွင် သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာအုပ်စု၊ အေးချမ်းသာ ရပ်ကွက်မှ အသက်(၉)နှစ်အရွယ် သမီးအရင်းနှင့် အသက်(၆)နှစ်အရွယ် လင်ပါသားတို့အား မတင်နွယ်စိုး(ခ) မစိုး(၃၃)နှစ်မှ တရုတ်နိုင်ငံသို့ခေါ်ဆောင်သွားပြီး တရုတ်အဖွားကြီး တစ်ဦးထံ အခကြေးငွေယူ၍ မွေးစားရန်ပေးအပ်ခဲ့ရာ နမ့်လန်နယ်မြေ ရဲစခန်း(ပ)၁၂/၂၀၁၃၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၈(က)ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jul 2013 01:14 AM PDT
မန္တလေးတိုင်း ဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြရွှေပြည်ကားကြီးဝင်း အတွင်းရှိ ချမ်းမြရွှေပြည်ဟို တယ်အခန်းအမှတ်  ၂၁၈   ၌ တည်းခိုနေထိုင်သူ  အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွား ခဲ့သည်။ ဖြစ်စဉ်မှာ ဇူလိုင် ၆ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က  ချမ်းမြရွှေပြည် ဟိုတယ်တွင်  သန့်ရှင်းရေးလုပ်သား သန်းဇော်ဝင်းက ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jul 2013 01:08 AM PDT
ဗန်းမော်မြို့တွင် အလုပ်လုပ်ကိုင်ရန်ဟု ဆိုကာ စည်းရုံး ခေါ်ဆောင်သူနှစ်ဦး ကို ပုသိမ်ကြီးမြို့နယ်
ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း မန္တလေးတိုင်း ဒေသကြီး လူကုန်ကူးမှု တားဆီး ကာကွယ်နှိမ်နင်း
ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ "ဇူလိုင်လ ၇ ရက်နေ့က ချမ်းအေးသာစံမြို့နယ် ၇၄ လမ်း၊ ၂၉ လမ်းနဲ့ လမ်း ၃၀ ကြားမှာရှိတဲ့ စီးတီး တည်းခိုခန်းမှာ တည်းခိုနေတဲ့ အမျိုးသမီးတစ်ဦးက ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jul 2013 01:03 AM PDT
ပြီးခဲ့သောလများ အတွင်း ဈေးကစားမှုများနှင့် ကောလာဟလ သတင်းများ ကြောင့်
သက်ဆိုင်ရာနေရာများ အ လိုက် မြေဈေးနှုန်းများ သုံးဆခန့် မြင့် တက်သွားပြီး မြန်မာကျပ်ငွေ
တန်ဖိုး မှာလည်း၁၀ ရာခိုင်နှုန်းခန့် ကျဆင်းလာခြင်းကြောင့် ငွေကြေးဖောင်းပွမှုမြင့်တက်လာနို
င်
ကြောင်း စီးပွားရေးပညာရှင်များက သတိပေး ပြောဆိုလာ ကြသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ ပုဂ္ဂလိက ငွေလဲကောင်တာတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - အောင်ဌေးလှိုင် (မြန်မာတိုင်းမ်)

သိမ်ဖြူငွေလဲကောင်တာတွင် ဇွန်လ ၁၈ ရက်နေ့က ငွေလဲလှယ်နှုန်းများကို တွေ့ရစဉ်။ ဓာတ်ပုံ - အောင်ဌေးလှိုင် (မြန်မာတိုင်းမ်)

Posted: 18 Jul 2013 12:52 AM PDT
မန္တလေးတိုင်း ဒေသကြီး မဟာအောင်မြေမြို့နယ် မဟာမြိုင် (၁) ရပ်ကွက် အတွင်းရှိ (Triple Four) စားသောက်ဆိုင်တွင် တရားမဝင် အနှိပ်ခန်း ဖွင့်လှစ်ထားမှုကို ဇူလိုင်လ ၁၅ ရက်နေ့ ည ၇ နာရီက ဖမ်းဆီး အရေးယူ ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။  “အနှိပ်ခန်းတွေကို တရားဝင် ခွင့်ပြုထားတာ မရှိပါဘူး။ အရေးယူမှုကိုတော့ မဟာအောင်မြေမြို့နယ် တရားရုံးကို ဦးတိုက် လျှောက်ထားဖို့ စီစဉ်ထား ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jul 2013 12:40 AM PDT
မနှစ်က တောင်ကုတ်မြို့ မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံရမှုမှာ ဦးဆောင်တယ်လို့ သံသယရှိသူ ၆ ဦးကို နေပြည်တော်က တိုက်ရိုက်ကွပ်ကဲမှုနဲ့ တောင်ကုတ်မြို့ကနေ ဇူလိုင် ၁၇ ရက်နေ့ညမှာ ဖမ်းဆီးလိုက်တယ်လို့ သံတွဲခရိုင် သတင်းမှန် ဖော်ထုတ်ရေးအဖွဲ့က အဖွဲ့ဝင် ဦးဝင်းနိုင်က ပြောပါတယ်။ညမထွက်ရ အမိန့်ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ သံတွဲမြို့ကို နေပြည်တော် ရဲတပ်ဖွဲ့က ရောက်လာပြီး ဖမ်းဆီးမှုကို သတင်း မပေါက်ကြားအောင် စီစဉ်ဖမ်းဆီးခဲ့တာဖြစ်ပြီး သံတွဲထောင်မှာ ချုပ်နှောင်ထားတယ်လို့ သူက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


တောင်ကုတ်လူသတ်မှု ဖြစ်ခဲ့စဉ်တွေ့ ရပုံ

Posted: 17 Jul 2013 09:59 PM PDT
ဟော်မုန်း အပြောင်းအလဲကြောင့် သာမန်ထက် ပိုအရပ်ရှည်လာသော အရပ် ၇ ပေ ၁၀ လက်မရှိ ဦးဝင်းဇော်ဦးကို ပြည်ပနိုင်ငံတွင် ခွဲစိတ်ကုသပေးရန် စီစဉ်နေကြောင်း ၎င်း၏ ကျန်းမာရေး အတွက် စောင့်ရှောက်ပေးနေသော လမ်း ၃၀ နှင့် အဆင့်မြင့် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 17 Jul 2013 09:45 PM PDT
မန္တလေး - ပြင်ဦးလမ်း မိုင်တိုင် ၁၆/၄ မှ ၂၃ အတွင်း လမ်းဘေး ၀ဲ/ယာဈေးသည်များအား ဖယ်ရှားသွားမည်ဖြစ်ကြောင်း ၁၃.၇.၂၀၁၃ ရက် နေ့စွဲဖြင့် ပြင်ဦးလွင် မြို့နယ်အုပ်ချုပ်ရေး ၊ သစ်တောဦးစီး ဌာန အပါအ၀င် ဌာနဆိုင်ရာအဖွဲ့အစည်းများက လမ်းဘေးဈေးသည်များထံ “မန္တလေး -
ပြင်ဦးလွင် အတက်အဆင်း လမ်းရှိ ရေဆိုင်များအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန် ကိစ္စ”ဟူသည့် အကြောင်းအရာပါစာဖြင့် ရေဆိုင်များ ဖွင့်လှစ်ရောင်းချနေခြင်းမှ ၂၀.၇.၂၀၁၃ ရက်နေ့တွင် အပြီးဖယ်ရှားပေးရန် ပြောဆိုလာကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မန္တလေး - ပြင်ဦးလွင်လမ်း ရေသည်များ ဆက်လက် နေထိုင်ခွင့်ရရေး အသနားခံ တင်ပြ




Posted: 17 Jul 2013 09:17 PM PDT
ဘွဲ့လက်မှတ် အတုဖြင့် အလုပ် လုပ်ခွင့် (Work Permit) လျှောက်ထား သူ မြန်မာနိုင်ငံသား ၂၁ဦးကို စင်ကာပူနိုင်ငံ အစိုးရက ဇူလိုင်လ ၁၇ရက်နေ့ တွင် အရေးယူထားကြောင်း စင်ကာပူနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန (MOM) ထုတ်ပြန်ချက်ကို ကိုးကားကာ စင်ကာပူ သတင်း ဌာနများက ဖော်ပြ သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


photo - Google Images



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...