Thursday, July 18, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၇)

သစ်ထူးလွင်



Posted: 17 Jul 2013 06:35 AM PDT
မြန်မာတစ်နိုင်ငံလုံးရှိ မိန်းမလျာ အများစု ပါဝင်ဆင်နွှဲလေ့ရှိသော မန္တလေး တိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ပြုန်း ပွဲတော်တွင် ကွန်ဒုံးငါးသောင်းနီးပါးခန့် အခမဲ့ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း အဆိုပါတိုင်းဒေသကြီး အမျိုးသားခုခံအား ကျဆင်းမှုနှင့် ကာလသားရောဂါ တိုက်ဖျက်ရေး ဌာနမှ ဒေါက်တာကျော်စိုးက The Voice သို့ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 17 Jul 2013 06:13 AM PDT
အာဇာနည် ခေါင်းဆောင်ကြီးများ အကြောင်း အကျဉ်းချုပ်
Posted: 17 Jul 2013 06:09 AM PDT
(၆၆)နှစ်မြောက် အာဇာနည်နေ့ ဂုဏ်ပြုအစီအစဉ်များကို ဇူလိုင်လ၁၉ မနက်ပိုင်းမှာ ဒီဗွီဘီရုပ်မြင်သံကြားမှာ ထုတ်လွှင့်ပေးသွားမည်။ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများကို အောက်မေ့ ဂုဏ်ပြုသည့်အနေနှင့် ဇူလိုင်လ ၁၉ ရက် “အာဇာနည်နေ့ ” နံနက် ၁၀နာရီ ၃၇ မိနစ်တွင် ဒီဗွီဘီ ရုပ်မြင်သံကြားက ဥသြဆွဲသံ ထုတ်လွှင့်ပေးပါမည်။


Posted: 17 Jul 2013 05:55 AM PDT
မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် များအတွက် ယူရိုသန်း ၃၀ ထောက်ပံ့မည် ဖြစ်ကြောင်း ဗြိတိန်နိုင်ငံသို့ ပထမဦးဆုံးအကြိမ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း ဗြိတိန်အစိုးရက ဇူလိုင်လ ၁၆ ရက်နေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။ ဗြိတိန်အစိုးရ၏ ယင်းထောက်ပံ့မှု များသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်း များအပြင် ပဋိပက္ခဒဏ်သင့် ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် ဖန်တီးပေးရေး တို့အတွက်လည်း ပါဝင်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး William Hague က ပြောကြားခဲ့သည်ဟု ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 17 Jul 2013 05:50 AM PDT
ဇူလိုင်လ (၂၀)ရက်နေ့ ထုတ် Netguide Vol(2), Issue (93)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 17 Jul 2013 05:51 AM PDT
‪ဇူလိုင်လ(၁၇)ရက်နေ့ ထုတ် ‎7Day‬ ‪‎News‬ ဂျာနယ် အတွဲ ၁၂၊ အမှတ် ၁၉
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 17 Jul 2013 05:48 AM PDT
ဇူလိုင်လ (၁၅)ရက်နေ့ ထုတ် တောင်သူလယ်သမားကြီးများ ဂျာနယ်၊ အတွဲ(၄)၊အမှတ်(၅၄)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 17 Jul 2013 05:14 AM PDT
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နံနက် ၁၁ နာရီ။ ကောင်းကင်တစ်ခုလုံး မိုးသားတွေနဲ့ မည်းမှောင်နေတယ်။ မိုးကတော့ တဖွဲဖွဲရွာလိုက်၊ သည်းလိုက်။ အဖေ ဒီနေ့ရုံးမှာ အစည်းအဝေးရှိလို့ စောစောသွားတယ်။ အိမ်မှာ အမေနဲ့ ကျွန်တော်တို့ ကလေးတွေပဲရှိတယ်။ ခဏကြာတော့ တယ်လီဖုန်းသံကြားတယ်။ အစ်မကြီးက ဖုန်းကို နားထောင်တော့ “၀န်ကြီးရုံးခန်းကို ချောချောမောမောပြန်ရောက်ပါတယ်” လို့ ပြောပြီး ပြန်ချသွားတယ်။ အစ်မကြီးက အမေကိုပြောပြီး ရုံးကိုဖုန်းပြန်ဆက်တော့ ခေါ်လို့မရဘူး။ ဘာမှန်းမသိပေမယ့် တစ်ခုခုတော့ ဖြစ်ပြီလို့ စိတ်ထဲမှာ ထင့်သွားကြတယ်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 17 Jul 2013 05:06 AM PDT
မူလအစကတည်းက ယဉ်ယဉ် ကလေးပါ။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက် နေ့ တပ်မတော်က တိုင်းပြည်အာဏာ သိမ်းစကပင် တပ်မှူးညီလာခံများ အ ကြိမ်ကြိမ် လျှို့ဝှက်လုပ်ကိုင်ပြီး ရန်ကုန် တက္ကသိုလ်ကျောင်းသား သမဂ္ဂကို ဖြို ခွင်းရန်ဆိုသည့် ဆုံးဖြတ်ချက်ကို ချမှတ် ပြီးဖြစ်ပါသည်။ ထိုစဉ်က အာဏာ သိမ်း တော် လှန် ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်း ကိုယ်တိုင်က နောက်တွင်တက္ကသိုလ် ကျောင်းသားများသည် မြေအောက်နဲ့ ဆက်သွယ်နေကြတယ်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 17 Jul 2013 05:01 AM PDT
နိုင်ငံသား စိစစ်ရေးနဲ့ ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးနေမှု သတ်မှတ်ရက် ကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အချိန်မီသွား လုပ်ကြဖို့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက တိုက်တွန်း လိုက်ပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် တနေရာတည်း အပြီးစနစ်နဲ့ ယာယီနိုင်ငံကူး လက်မှတ်တွေ ထုတ်ပေးနေပြီး ဩဂုတ် ၁၁ ရက်နေ့မှာ စခန်းပိတ်တော့မှာ ဖြစ်တဲ့အတွက် အချိန်မီသွားလုပ်ဖို့  ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက ဒီဗွီဘီကနေ တဆင့် တိုက်တွန်း လိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 17 Jul 2013 04:56 AM PDT
မေလလယ်ပိုင်းက ဘာသာရေး ပဋိပက္ခများ ဖြစ်ပွါးခဲ့ပြီး နောက်ပိုင်း လားရှိုးမြို့ အစ္စလာမ် ဘာသာဝင် ဝတ်ပြုကျောင်း “ ဂျာမေ့ ဗလီ” အား သျှမ်းပြည်နယ် အစိုးရက နဂိုပုံမှန်အတိုင်း ဝတ်ပြုခွင့် ပြုလိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ “ အစ္စလာမ်ဘာသာရဲ့ ဥပုသ်လဖြစ်တဲ့ အတွက်ကြောင့် သန့်ရှင်းရေးလုပ်ခွင့်ပေးဖို့နဲ့ ဘုရားဝတ် ပြုခွင့်ပြုဖို့ ဘာသာ ရေးအဖွဲ့အကြီး အကဲတွေက စာတင်တာ။ အဲတာ သျှမ်းပြည်နယ် အစိုးရကနေ ပြီးတော့မှ ဒီလ ၂၀ ရက်နေ့က စပြီးတော့ ဘုရားဝတ်ပြုခွင့် ပေးလိုက်ပြီ” - ဟု ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 17 Jul 2013 04:51 AM PDT
မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်း သျှမ်းပြည် မြောက် ပိုင်း၌ စစ်ရေး လှုပ်ရှားမှုများ လျော့ကျ သွားသော်လည်း တိုက်ပွဲများ ထပ်မံဖြစ်ပွါး နေ သေးကြောင်း SSPP/SSA ကပြော ပါသည်။ “ ၁၅ ရက်နေ့က မိုင်းရှူးမြို့နားမှာ ဖြစ်တာပါ။ တိုက်ပွဲက ၁၅ မိနစ်ပါဘဲ။ သေကြေ ဒဏ်ရာရတာတော့ နှစ်ဘက်စလုံးမရှိဘူး။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 17 Jul 2013 03:15 AM PDT
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် နမ့်လန်နယ်မြေရဲစခန်း အပိုင် နမ့်ရမ်းကျေးရွာအုပ်စု နောင်ကော်ကြီးရေကန်တွင် ဇူလိုင် ၁၂ ရက် နံနက် ၁၁ နာရီခန့်က နောင်ကော်ကြီးရွာသားဦးလုံးပန်ဆိုသူက ငါးမျှားနေစဉ် မိမိနှင့် မနီးမဝေးတွင်  မည်းမည်းအရာတစ်ခု  မျောလာသည်ကို တွေ့ရှိ၍ သေချာ စွာကြည့်ရှုရာ လူသေအလောင်းများ ဖြစ်နေ၍ သက်ဆိုင်ရာသို့ သတင်းပေး တိုင်ကြားခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 17 Jul 2013 03:13 AM PDT
ရန်ကုန်တိုင်းဒေသကြီး  ကမာရွတ်မြို့နယ်တွင်  အင်းလျားကန်ပေါင်မှ ပြန်လာသူတစ်ဦးကို ရိုက်နှက်လုယက်မှုတစ်ခု ဇူလိုင် ၁၆ ရက်  နံနက် ၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်ပွားပုံမှာ ကမာရွတ်မြို့နယ် အမှတ်(၃)ရပ်ကွက် မြသီတာလမ်း အမှတ် (၁၁)တွင် နေထိုင်သော မောင်ဝေဖြိုးသူသည် အင်းလျားကန်ပေါင်မှ နေအိမ် သို့ လမ်းလျှောက်ပြန်လာစဉ် အမှတ်(၂၂)ရပ်ကွက် စံရိပ်ငြိမ်(၅)လမ်း အရောက် တွင် အမည်မသိသူလေးဦးမှ ရိုက်နှက်ပြီး လုယက်သွားခဲ့ကြောင်း သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 17 Jul 2013 02:54 AM PDT
ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံပေါင်း ၂၀၀ ကျော်ခန့်တွင် ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းလုပ်ဆောင်နေသည့် အမေရိကန်အခြစိုက် Western Union က ဧရာဝတီဘဏ်နှင့် ချိတ်ဆက်၍ နိုင်ငံတကာက ငွေလွှဲခြင်းကို ယင်းဘဏ်ခွဲ ၃၈ ခုတွင် မိနစ်ပိုင်းအတွင်း လာရောက် ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း ဧရာဝတီဘဏ်၏ နိုင်ငံတကာ ဘဏ်ဌာနမှ ဒေါ်တင်မေဦးက မဇ္ဈိမသို့ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 17 Jul 2013 02:15 AM PDT
ရခိုင်ပြည်နယ်တွင် အစိုးရ၏ အစီအစဉ်ဖြင့် ဘင်္ဂါလီဦးရေ စာရင်းကောက်ခံ သည်ကို နှောင့်ယှက်သူအဖြစ် သံသယရှိသူ တစ်ဦးကို ရဲများက ဖမ်းဆီးလိုက်ကြောင်း ပြည်နယ်အစိုးရ၏ သတင်းထုတ်ပြန်ရေး ကော်မတီ ဥက္ကဌ ဦးလှသိန်းက ပြောသည်။ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ မည်မျှရှိသည်ကို အတိအကျ သိရှိရန် “ဆွဲတင်စစ်” စနစ်ဟု လူဝင်မှုကြီးကြပ်ရေး အရာရှိများ ခေါ်ဝေါ်သော မြေပုံဆွဲခြင်း၊ မှတ်တမ်းတင်ခြင်း၊ စစ်ဆေးခြင်း စသည့်စနစ်ဖြင့် ကောက်ခံလျှက်ရှိရာ ဘင်္ဂါလီများက အလိုမကျသဖြင့် အစိုးရအရာရှိများကို အုပ်စုလိုက် စုရုံးတောင်းဆိုခြင်း၊ ဆန္ဒပြခြင်း၊ အကျပ်ကိုင်ခြင်းများလုပ်ကြသဖြင့် ယင်းလုပ်ငန်းကို ရပ်ဆိုင်းထားရသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အဖမ်းခံရသူ ဘင်္ဂါလီ ဦးကျော်လှအောင်

Posted: 17 Jul 2013 02:00 AM PDT
မြန်မာငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုး ထားတဲ့ မွန်လက် နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ မြန်မာစစ်တပ်တို့အကြားမှာ တနင်္သာရီတိုင်း ဒေသကြီး ဘိတ်ခရိုင်ဘက် မှာ မနေ့ကပထမဆုံး အကြိမ်တိုက်ပွဲ ဖြစ်ပွါးခဲ့ပါတယ်။ ထိုင်းမြန်မာ နယ်စပ်နဲ့သုံးမိုင်အကွာ မွန်ပြည်သစ်ပါတီ တပ်စခမ်းချရာ ဘိတ်ခရိုင် ထိလိလုံနယ် ပေါင်းကိုးဒေသကို မြန်မာလှုပ်ရှား တပ်တွေကနေ ၀င်ရောက်တိုက်ခိုက်ခဲ့ တယ်လို့ မွန်ပြည်သစ်ပါတီ ဘိတ်ခရိုင်ဒေသ တပ်မှူးဖြစ်သူ ဗိုလ်မှူးတမော့ချမ်းကပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Jul 2013 11:09 PM PDT
၁၆-၇-၂၀၁၃ ရက်နေ့ ၁၆၀၀ နာရီအချိန် ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် အထူးမှူခင်း နှိမ်နင်းရေးအဖွဲ့နှင့် မြစ်ကြီးနားမြို့ နယ်မြေရဲစခန်း နယ်ထိန်းအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာ၊ နယ်မြေ(၁)နေ မခေါဇယ်၏ နေအိမ်အား သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေရာ နေအိမ်အပေါ်ထပ်အိပ်ခန်းအထက် သက်ကယ်ခေါင်မိုးကြားတွင် ၀ှက်သိမ်းထားသည့် စီးကရက်ဗူးခွံ(၂)ခုအတွင်းမှ WY ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား(၁၁၇၀)ပြားပါသည့် အပြာရောင်ကပ်ခွာ အိတ်ငယ်(၆)အိတ်အား ရှာဖွေတွေ့ရှိ၍ ဝိုင်းမော်ရဲစခန်းတွင် မယ(ပ)အမှတ် ၁၈၈/၂၀၁၃ ၊ မူး/စိတ်ပြောင်းပုဒ်မ-၁၅/၁၉(က)ဖြင့် အမှူဖွင့်အရေးယူ ဆောင်ရွက်ထားရှိ ကြောင်း သတင်းရရှိ ပါသည်။

Myanmar News Now


Posted: 16 Jul 2013 11:04 PM PDT
ဇူလိုင်လ (၁၇)ရက်နေ့ ထုတ် SHADE ဂျာနယ်၊ အတွဲ(၇)၊အမှတ်(၂၅)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 16 Jul 2013 10:50 PM PDT
မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် မြန်မာ ကိုယ်စားလှယ် အဖွဲ့၏ ၁၉၄၇ ခုနှစ် အင်္ဂလန် ခရီးစဉ် အတွင်း လန်ဒန်မြို့ The Dorchester ဟိုတယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း တည်းခိုခဲ့သည့် အခန်းသို့ ဇူလိုင်လ ၁၅ ရက်နေ့ က နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သွားရောက် လည်ပတ်ကြောင်း ခရီးစဉ် အတွင်း လိုက်ပါသွားသည့် သမ္မတ၏ ပြောရေး ဆိုခွင့်ရ ဦးရဲထွဋ်က လူမှုကွန်ရက် စာမျက်နှာ (Facebook) မှ တစ်ဆင့် ထုတ်ပြန် ပြောကြား သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Jul 2013 10:42 PM PDT
မွန်ပြည်နယ်၊ ရေးမြို-ရန်ကုန် ရာဇာမင်း ခရီးသွားယာဉ်ကား ဓါးပြတိုက်မှုတွင် ပါဝင်သည်ဟု စွပ်စွဲပြီး ကေအဲန်ယူ/ကေအဲန် အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီ နယ်မြေလုံခြုံရေးတာဝန်ခံတစ်ဦးကို သထုံခရိုင်ရဲစခန်းတွင် ရဲများက ဖမ်းဆီးထားကာ ညှင်း ပမ်းနှိပ်စက်မှုများ ပြုလုပ်ခဲ့သည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Jul 2013 10:33 PM PDT
လွှတ်တော် ကိုယ်စားလှယ်များ၏ အဆုံးအဖြတ် ရယူရန် မဲခွဲဆုံးဖြတ်သည့် အခါ မည်သည့် စနစ်ဖြင့် မဲခွဲဆုံးဖြတ်သည် ဖြစ်စေ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မိမိယုံကြည်ချက်အတိုင်း ပြည်သူ့ မျက်နှာသာ ကြည့်၍ ရဲရဲဝံ့ဝံ့ မဲပေးနိုင်ရန် လိုအပ်လာပါပြီ။ အဆိုများ၊ ဥပဒေကြမ်းများကို မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသည့် ဆန္ဒကိုဖြစ်စေ၊ ကန့်ကွက်သည့်ဆန္ဒကို ဖြစ်စေ မတ်တတ်ရပ်၍ ဆန္ဒပြုရပါက မတ်တတ်ရပ်မဲ ပေးသည့် အမတ်အရေ အတွက် လျော့နည်းနေခြင်းမှာ ကောင်းသော အလားအလာတော့ မဟုတ်ပါ။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ) - 7Day News Journal



Posted: 16 Jul 2013 10:28 PM PDT
မြန်မာနိုင်ငံ၏ အစပျိုးစ ယိုင်ယဲ့ယဲ့ ဒီမိုကရေစီစနစ်မှာ အထူးအဆန်းများ ကြုံနေရသည်။ လွှတ်တော်အတွင်းက ရည်မှန်းချက်ကြီးကြီးနှင့် အာဏာအပေးအယူလုပ်နေသူများ၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၊ တိုင်းရင်းသားအရေးလှုပ်ရှားသူများ၊ စစ်အရာရှိများအပါအ၀င် ယာယီခေတ္တမဟာမိတ်ဖွဲ့ထားသူများက အခြားတစ်ဖက်က အာဏာလက်ဝယ်ကိုင်ထားသူ အစိုးရကို စိန်ခေါ်ပြိုင်ဆိုင်လာမှုက အရှိန်ကောင်းလာသည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Photo- foreignpolicy.com

Posted: 16 Jul 2013 10:19 PM PDT
မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံခြား ငွေကြေးဈေးကွက် ဖော်ဆောင်ရန် လုပ်ဆောင်နေသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လက်ရှိ ကျင့်သုံးလျက် ရှိသည့် ထိန်းချုပ် နှုန်းရှင် ငွေလဲစနစ် (Manage Float Exchange Market) မှ ဈေးကွက်သဘော နှုန်းရှင် ငွေလဲစနစ် (Free Float Exchange Market) သို့ ပြောင်းလဲမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 16 Jul 2013 10:09 PM PDT
အမြန်လမ်းပေါ်၌ ဖြစ်ပွားနေ သော ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်များ ထဲတွင် လမ်း၏ပြစ်ချက်လည်း ပါဝင် နေသည်ဟု အမြန်လမ်း အင်ဂျင်နီယာ မှူးကြီး ဦးမျိုးမြင့်က ထုတ်ဖော်ပြော သည်။ ''ကျွန်တော်တို့က မပြည့်မစုံသေး ဘဲနဲ့ ဖွင့်လိုက်ရတာပါ။ လမ်းပြစ်ချက် လည်း ပါပါတယ်။ ဒါကို မငြင်းပါဘူး''ဟု ၄င်းက ဆိုသည် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...