Monday, July 8, 2013

ယနေ့ကာလ ဈေးကွက်လုကြလေသောအခါ

Cloud Cuckoo Land shared Yati Magazine's photo.
 
 
 
 
 
 
 
 
 
 
 
 
 
ဒီမိုကရေစီခေတ် ဆိုတာကြီးကတော့ သြချ လောက်ပါပေရဲ့။ ကနေ့ခေတ်ဈေးကွက် စီးပွားရေးခေတ်မှာ ဈေးကွက်လုကြ၊ နေရာလုကြပုံ များကတော့ ကိုလိုနီခေတ်က ဦးနာအောက်နဲ့ ဧရာဝတီတို့လောက်ကို သနားသေး...။

အဂ္ဂဗျူဟာ၊ မဟာဗျူဟာ၊ စူဠဗျူဟာတွေနဲ့ အမျိုးမျိုးအကွက် ချပြီး ဈေးကွက် လုကြပုံများ တစ် မျိုးနဲ့တစ်မျိုး မရိုးနိုင်အောင်ပါပဲလေ။
ဟော... လေကြောင်းလိုင်းတွေမှာဆို လည်း ဘတ်ဂျက်လေကြောင်း လိုင်းတွေ များလာ ပြီး ဖောက်သည်တွေကို ၂ မျိုးခွဲ၊ သူ့အတန်း အစားနဲ့သူ ဝန်ဆောင်မှုတွေ အပြိုင်ပေးကြတော့ စီးသူအတွက်ဟန်ကျ လှပေ မယ့် လေကြောင်းလိုင်း တွေအတွက်ကတော့ သိပ်မဟန်၊ သိပ်မနိပ် ...။

စာနယ်ဇင်း လောကမှာလည်း ပုဂ္ဂလိကနေ့စဉ် သတင်းစာတွေ ပေါ်လာကြ၊ သူက စာမျက်နှာ ၂ဝ ဆို၊ ကိုယ်က ၂၄ မျက်နှာ၊ နောက်တစ်ယောက် က ၃၂ မျက်နှာ၊ ၄ဝ ...ကဲ...ကြာပါတယ်ကွာ ... အလကား ပေးတယ်ဟေ့ ဆိုတဲ့ ဖရီးကော်ပီ သတင်းစာပါ ပေါ်လာပြန်တော့ စာဖတ်သူတွေ ဟန်ကျ လှပေ မယ့်၊ ထုတ်ဝေသူတွေ သိပ်မဟန်၊ သိပ်မနိပ်...။

ဒီလို ဈေးကွက် စီးပြားရေး...အဲလေ...ဈေးကွက် စီးပွားရေးခေတ် မှာ...တောက်တီး တောက်တဲ့ တို့လို စာပေ ချစ်သူတွေ သတင်းစာ ထပ် ထုတ်လိုက်မိလို့ကတော့ အပ်ထုတ်တဲ့ တရုတ် ပြည်ကို အပ်သွားရောင်း သလိုဖြစ်နေမလား...။ ဒါမှမဟုတ် ဈေးသည်တွေ ကုန်ထုတ်ဖို့အတွက် များ ဖြစ်နေမလား...။ ဘော်တယ်ကုလားတွေ အတွက် စက္ကူပိဿာချိန် ပိုရသွားလေမလား...။ ခုတောင် ပိဿာချိန်ဈေးတွေ ထိုးကျနေလို့တဲ့။ ကိုင်း.... စဉ်းစားကြပါဦး...။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...