Monday, July 8, 2013

လော်စစ်ဟန် ကို ခြေရာ ကောက် သော်

လော်စစ်ဟန် ကို ခြေရာ ကောက် သော် - အပိုင်း ၁

  အိုလဗ်ယန်း

ဘိန်းဘုရင် လော်စစ်ဟန်ရဲ့  လက်ဦးဆရာ ကိုးကန့် စော်ဘွားရဲ့ သမီး အိုလဗ်ယန်းရဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။ အိုလဗ်ယန်း ရဲ့  လက်ရုံး တပ် မှာ လော်စစ်ဟန် ဟာ တပ် မှုး တစ် ယောက် အဖြစ် တာဝန် 
ယူ ခဲ့ ပြီး ဗမာပြည် ကွန် မြူ နစ် ပါတီ ရှမ်း မြောက် ကို ရောက် သွား တဲ့ အခါ ကိုးကန့် 
စော်ဘွားလဲ မောင်း ထုတ် ခံ ရ ပြီး လော်စစ်ဟန် လည်း အစိုးရ အသိအမှတ် ပြု ဘိန်း မှောင် ခို ဘ၀ ရောက် သွား ပါတယ်။


၁၉၈၈ ခုနှစ် နောက်ပိုင်း ဗမာ ပြည် ကွန် မြူနစ် ပါတီ ကို ဖြိုခွဲ တဲ့ အခါ မှ
တော့ အိုလဗ်ယန်း၊ လော်စစ်ဟန် နဲ့  ကိုးကန့်  ခေါင်း ဆောင် အချို့  ဟာ
အရေး ပါ တဲ့ လူ တွေ ဖြစ် လာ ပါတယ်။

ဗကပ ချုပ်ငြိမ်းသွား တဲ့ အခါ နဲ့  ကိုးကန့် ၊ ၀ တပ် ဖွဲ့  တွေ နဲ့  ငြိမ်းချမ်းရေး
ယူ ပြီး တဲ့ အခါ လော်စစ်ဟန် ဟာ ရန်ကုန် မှာ Asia World ဆို တဲ့ ကုမ္ပဏီ
ကြီး ကို ထူ ထောင် ပြီး သေသည် အထိ ကြီးကျယ် ခမ်းနား တဲ့ စည်း စိမ်
နဲ့  အေးအေး လူလူ နေ ထို င် သွား ခဲ့ ရ ပါတယ်။

အိုလဗ်ယန်း ဟာ ကာမဆန္ဒ ထက်သန်သူအဖြစ် အဲဒီအချိန်က ရန်ကုန်မှာ နာမည် ကျော်ခဲ့ ပြီး ရုပ်ရှင် မင်းသမီး အကယ်ဒင်္မီ ၀ါဝါ၀င်းရွှေ နဲ့လည်း မိန်းမချင်း ချစ် ကြိုက် ဘူးတယ် လို့  လဲ သတင်း ထွက် ခဲ့ ပါတယ်။

၁၉၆၂ ခုနှစ် စစ်တပ် က အာဏာ သိမ်းတဲ့ အခါ မှ အင်းစိန် ထောင် ထဲ မှာ အကျဉ်းချ ခံ ရ ပြီး ၁၉၆၇ ခုနှစ် မှာ ဗိုလ် ချုပ် ကြီး နေ၀င်း ရဲ့  အမိန့် နဲ့  ပြန် လည် လွတ် မြောက် လာခဲ့ ပါတယ်။
လော်စစ်ဟန် ကို ခြေရာ ကောက် သော် - အပိုင်း ၂

အိုလဗ်ယန်း ၏ တပ်တွင် အမှု ထမ်း စဉ် က လော်စစ်ဟန် မှာ မထင် မရှား သာမန် မျှ သာ ဖြစ်သည်။ မြန်မာ ၊ တရုတ် နှင့် ဌာနေ ဘာသာစကား များ ကို ကျွမ်းကျင် စွာ ပြောတတ် ခြင်း မှာ လော်စစ်ဟန် ၏ အားသာ ချက်ဟု သူ့  နှင့် တွေ့ ဆုံခဲ့ ဖူးသည့် မြန်မာ စစ်တပ် အရာ ရှိ များ က FNG ကို ပြောသည်။

လော်စစ်ဟန် ဖြစ် လာ စေ ဖို့  အတွက် အရေး ပါသူ မှာ အာရှ တိုက် ၏ ပထမ ဦးဆုံး သော မူးယစ်ရာဇာ အမျိုး သမီး ဖြစ်လာ မည့် အိုလဗ်ယန် ဖြစ်သည်။ အိုလဗ်ယန် ၏ ကိုးကန့်  ကာကွယ် ရေး တပ် ဖွဲ့  တွင် လော်စစ်ဟန် တာဝန် ထမ်းဆောင် ချိန် ဉ် သူမ ၏ ဘိန်းမှောင် ခို ကွန်ယက် မှာ ဒေသတွင်းဉ် အတော် ပင် ပေါက် ပေါက် ရောက် ရောက် ရှိနေ ပြီ ဖြစ်သည်။ အိုလဗ်ယန် က မြန်မာ ၊ ထိုင်း ၊ တရုတ် စသည့် နိုင်ငံ များ တွင် လှည့် ပတ် နေ ထိုင်သည်။ ၁၉၆၂ ခုနှစ် တွင် ဗိုလ်ချုပ် ကြီး နေ၀င်း အစိုးရ မှ အာဏာ သိမ်းသည့် အခါ အိုလဗစ်ယန်း လည်း သူမ ၏ အကို ပါလီမန် အမတ် နှင့် အတူ အင်းစိန် ထောင် တွင် ဖမ်းဆီး ခံ ရသည်။

အိုလစ် ယန်း ထောင်ဒဏ် ကျခံ နေရစဉ် အတွင်း ရွှေတြိဂံ ဘိန်းမှောင်ခို လုပ်ငန်း လည်ပတ် ပုံ ကို လော်စစ်ဟန် လေ့လာ ခွင့် ရခဲ့သည်။ ဗမာ ပြည် ကွန်မြူနစ် ပါတီ ၏ အရှေ့ မြောက် မြန်မာ-တရုတ်ပြည် နယ်စပ်မှာ စစ်မျက်နှာအသစ်ဖွင့်သည့်အခါ ကိုးကန့်  စော် ဘွား နှင့် အနွယ် များမောင်းထုတ်ခံရသည့်အခါ အိုလဗ်ယန် လည်း တစ်ဇာတ်သိမ်း သွား တော့သည်။

နောက်ပိုင်း တွင် တော့ ပါးနပ် သည့် လော်စစ်ဟန် က ကိုးကန့် ဒေသတွင်း
ပြန် ၀င် ပြီး တရုတ် က ထောက်ပံ့ သည့် လက်နက် များ ကို ဗကမ က တိုင်းရင်းသားများ ကို ထောက်ပံ့သည့် အခါ လောစစ်ဟန် လည်း ကိုးကန့် 
ကာကွယ်ရေး တပ် ဖွဲ့  ခေါင်း ဆောင် တစ်ယောက် ဖြစ် လာ ခဲ့သည်။ ဗကပ
နှင့် မချစ် သော် လည်း အောင့် ကာနမ်း ဆက်ဆံ ရေး ကို ထိမ်းထား နိုင်သ
လို့  ဗိုလ်နေ၀င်း အစိုးရ ၏ တရား ၀င် အသိအမှတ် ပြု ဘိန်းမှောင် ခို ဘ၀ ကို အောင် မြင် စွာ ခံ ယူ နိုင်ခဲ့သည်။

၁၉၆၇ ခုနှစ် မှာ ထိုင်းအစိုးရ က ဖမ်းဆီး ချိန် ၁၉၇၃ ထိ လော်စစ်ဟန် သည်
ကိုးကန့်  နယ်ဖက် တွင် ထင်ရှားသော် မူးယစ် ရာ ဇာ တစ်ဦး ဖြစ် ခဲ့သည်။ ထိုင်း က သူ့  ကို မြန်မာ အစိုးရ ထံ လွှဲ အပ်ပြီး နောက် ထောင်ဒဏ် ကျ ခံ နေရ စဉ် တွင် သူ နှင့် လုပ် ဖော် ကိုင် ဖက် ခွန်ဆာ နှင့် ဖုန်ကြားရှင် တို့ 
မှာ ထင် ရှားသော ဘိန်းရာ ဇာ များ ဖြစ် လာ ခဲ့သည်။ ၁၉၈၀ ခုနှစ်တွင်
အကျဉ်း ထောင်မှ ပြန်လည် လွတ်မြောက် သည့် အခါ လားရှိုး ကို ပြန်
သွား ပြီး ပို၍ စနစ် ကျ သည့် ကိုး ကန့်  ကာ ကွယ် ရေး တပ် ဖွဲ့  ကို ထူထောင်ခဲ့သည်။ လော်စစ်ဟန် ဦး ဆောင်သည့် ကိုးကန့်  ကာကွယ်ရေး တပ် ဖွဲ့  သည် ၁၉၈၀ မှ ၁၉၉၀ အထိ ဘိန်း တန် ချိန် ထောင် ပေါင်း များစွာကို ထုတ် လုပ် ခဲ့ ကြောင်း နိုင်ငံ တကာ မူးယစ် ဆေး ၀ါး တိုက် ဖျက် ရေး
အဖွဲ့  နှင့် စီအိုင်အေ မှတ် တမ်း များ တွင် ဖော် ပြထားသည်။

သူ ၏ မူးယစ် ဆေးဝါး အင်ပါယာမှာ ယခင် အိုလဗ်ယန်၏ မိတ်ဆွေ ၊ဖောက်သည် များ နှင့် ဆက် သွယ် ပြု လုပ် ခဲ့ ပြီး လော်စစ်ဟန် ကလည်း သူ၏ လက်ဦး ဆရာ အိုလဗ်ယန် နှင့် မပြတ် ဆက် သွယ် မှု ရှိခဲ့သည်။

၁၉၈၈ ခုနှစ် စစ်တပ် က အာဏာသိမ်း ပြီး နောက် ၊ တရုတ်က ဗမာ ပြည် ကွန်မြူနစ် ပါတီ ကို ထောက် ပံ့ မှု များ ရပ် တန့်  လိုက်သည့် အခါ တွင် လော်စစ်ဟန် မှာ အရေး ပါသူ တစ်ယောက် ဖြစ် လာသည်။


အပိုင်း ၃ ကို ဆက် လက် စောင့် မျှော် ဖတ် ရှု ပါ။

တင်ကျော်ကျော်စိုး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...