Saturday, July 20, 2013
သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၇)
သစ်ထူးလွင်
Posted: 20 Jul 2013 05:55 AM PDT
တရုတ်နိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးနေသော ကုမ္ပဏီကြီး တစ်ခုဖြစ်သော ဟွာဝေး (Huiwei)သည် တရုတ် အစိုးရအတွက် အနောက်နိုင်ငံများကို သူလျှို လုပ်ပေးနေသည်ဟု အမေရိကန် ဗဟို ထောက်လှမ်းရေး အေဂျင်စီ (စီအိုင်အေ) အကြီးအကဲဟောင်း မိုက်ကယ်ဟေးဒန်က ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 20 Jul 2013 05:09 AM PDT
၁၉.၇.၂၀၁၃ ရက်နေ့ ၁၈၀၀ အချိန် သန်လျင်မြို့နယ်၊ ဘုရားကုန်း ကျေးရွာနေ ကိုချစ်ဦးမောင်သည် ယာဉ်နောက်လိုက် အဖြစ်အလုပ် လုပ်ကိုင်ပြီး နေအိမ်သို့ ပြန်လာစဉ် အိမ်နီးချင်း ဖြစ်သူ မစန်းသီတာမှ ဇနီးဖြစ်သူ မဥမ္မာဝင်း၏ ပထမ အိမ်ထောင် အမျိုးသားဖြစ်သူ ရောက်ရှိနေကြောင်း
ပြောပြချက်အရ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 20 Jul 2013 05:02 AM PDT
ပုသိမ်   ဇူလိုင်   ၁၉
ဧရာဝတီတိုင်း ဒေသကြီး ကန်ကြီးထောင့် မြို့နယ် အပင်နှစ်ဆယ် ကျေးရွာ ရန်ကုန်-ပုသိမ် ကားလမ်း မိုင်တိုင် အမှတ် (၇/၂)နှင့် (၇/၃) အကြား၌ ယမန်နေ့ နံနက် ၉ နာရီခွဲက ပုသိမ်မှရန်ကုန်သို့ ယာဉ်မောင်း ခင်မောင်အေး ၄၈ နှစ်(ဘ) ဦးအေးရွှေ  ပုသိမ်မြို့နေသူ မောင်းနှင်သည့် ၁စ/--- ခရီးသည်တင် မှန်လုံယာဉ်သည် လမ်းဖြတ်ကူးသူ ကိုဘိုမြင့် ၂၅ နှစ်(ဘ) ဦးသန်းထွန်း သာပေါင်းမြို့နယ် နေသူအား ဝင်တိုက်မိခဲ့သည်။
ဖြစ်စဉ်ကြောင့် ကိုဘိုမြင့်၏ ယာချိုစောင်း ပေါက်ပြဲဒဏ်ရာ၊ ဝဲဒူးခေါင်း ပွန်းပဲ့ဒဏ်ရာ၊ နှုတ်ခမ်း ပေါက်ပြဲဒဏ်ရာ၊ ဝမ်းဗိုက်ပေါက်ပြဲ ဒဏ်ရာ၊ ယာလက်ပေါက်ပြဲ ဒဏ်ရာများ ရရှိ သေဆုံးသွားသဖြင့်  ခင်မောင်အေးအား ကန်ကြီးထောင့် ရဲစခန်းမှ ယာဉ် (ပ)၁၄/၁၃၊ ပြစ်မှုပုဒ်မ ၃ဝ၄(က)ဖြင့် အမှုဖွင့် ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း သိရသည်။
မြ၀တီ
Posted: 20 Jul 2013 04:58 AM PDT
နေပြည်တော် ဇူလိုင် ၁၉
ဇူလိုင် ၁၈ ရက် ည ၈ နာရီ ၁ဝ မိနစ်ခန့်တွင် တာချီလိတ်မှ မိုင်းတုံသို့ ထွက်ခွာလာသော ယာဉ်မောင်း အိုက်ချန် မောင်းနှင်သည့် ယာဉ်အမှတ်၊ ၄ဂ/-----(၄x၄) တိုက်ဂါး အဖြူရောင် ယာဉ်နှင့် စိုင်းအောင်ခမ်း မောင်းနှင်သည့် ယာဉ်အမှတ်၊ ၄ဂ/------ (၄x၄) ဗွီဂိုခဲရောင် တို့အား မသင်္ကာ၍ မိုင်းတုံ မြို့အဝင် စစ်ဆေးရေး ဂိတ်တွင် တာဝန် ရှိသူများမှ စစ်ဆေးခဲ့ရာ အိုက်ကျော်၊ အသက် ၂၅ နှစ်၊ ''ဝ'' လူမျိုး၊ တော်ကော့ရပ်ကွက်၊ တာချီလိတ်မြို့ နေသူနှင့် အတူ လိုက်ပါလာသည့် တရားမဝင် ဝင်ရောက်လာသော တရုတ်လူမျိုး ကိုးဦးအား စစ်ဆေး တွေ့ရှိရပြီး ၎င်းတို့အား မိုင်းတုံမြို့နယ် ရဲစခန်းသို့ အပ်နှံ၍ တရား ဥပဒေအရ အရေးယူ နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
မြ၀တီ
Posted: 20 Jul 2013 04:35 AM PDT
ပြီးခဲ့နှစ်ဇွန်လက စစ်တွေမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရတဲ့ ရခိုင်တိုင်းရင်းသား ဒုက္ခသည် မိသားစုပေါင်း ၆ဝဝ ကျော်ကို စစ်တွေမြို့ ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်း စက်မှုဇုန်ရပ်ကွက်မှာရှိတဲ့ လုံးချင်းနေအိမ်တွေမှာ ဇူလိုင်လ ၁၉ ရက်နေ့ကစတင်ပြီး ပြောင်းရွှေ့နေရာချပေးခဲ့ပါတယ်။
RFA Burmese
Posted: 20 Jul 2013 04:03 AM PDT
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
 ချမ်းမြသာစည် ရပ်ကွက် ရေနစ်မြုပ်မှု မြင်ကွင်း ဓါတ်ပုံများ
အုတ်တံတိုင်းများ ပြိုကျပြီး နေအိမ် ထဲ ရေများဝင်ခဲ့
Posted: 20 Jul 2013 03:05 AM PDT
စစ်တွေ ဆိုင်တစ်ဆိုင်မှ ရောင်းလိုက်သည် ဆိုသော ဘီအီးအဆီကို စပ်သည့်အရက်ကို သောက်သုံး ကြခြင်းကြောင့် ပေါက်တောမြို့နယ် ပိန္နဲချောင်းကျွန်းမှ သေဆုံးသွားသူ အရေ အတွက်မှာ ပြီးခဲ့သည့် သုံးရက်အတွင်း လေးဦးရှိသွားပြီ ဖြစ်ပြီး မူးဝေခြင်း နေထိုင်မကောင်းခြင်း ဖြစ်သူ ဆယ့်ငါးဦးခန့် ရှိနေဆဲဖြစ်ကာ ၄င်းတို့အနက် လေးဦးခန့် စစ်တွေပြည်သူ့ ဆေးရုံကြီးသို့ လာရောက်ပြသ ခဲ့ကြသည် ဟု ဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 20 Jul 2013 03:00 AM PDT
ရခိုင်ပြည်နယ် စစ်တွေမြို့ ဘောဒူဖ ဘင်္ဂါလီဒုက္ခသည် စခန်းတွင် ဆောက်လုပ်ထားသည့် ကယ်ဆယ်ရေး အဆောက်အအုံများကို သွားရောက်စစ်ဆေးသည့် စစ်တွေခရိုင် အင်ဂျင်နီယာမှူးနှင့်အဖွဲ့ တိုက်ခိုက်ခံခဲ့ရပြီး သုံးရက်ကြာအထိ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း စစ်တွေမြို့ အမှတ် (၁) ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူးက ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 20 Jul 2013 02:50 AM PDT
ရခိုင်ပြည်နယ် အတွင်း ကယ်ဆယ်ရေး စခန်းများ မှ ဘင်္ဂါလီဒုက္ခသည် မိသားစုများအား မိုးမကျမီ အမိုး အကာအောက် ရောက်ရှိစေရန် အတွက် ငွေကျပ် သန်းပေါင်း ၄၉၄၅ သန်း အကုန်အကျခံ ထားကြောင်း နိုင်ငံတော် သမ္မတက ဇူလိုင် ၁၅ ရက်နေ့တွင် ကျင်းပ သော ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာပေးပို့ ရာတွင် ပါရှိသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 20 Jul 2013 02:46 AM PDT
မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာ ခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်၊ မလှိုင် မြို့နယ်၊ ဝမ်းတွင်းမြို့နယ်နှင့် သာစည်မြို့နယ် များတွင် တည်ငြိမ် အေးချမ်းမှု ပျက်ပြားသည့် ပဋိပက္ခများ ဖြစ်ပေါ်မှုအား ဥပဒေကဲ့သို့ အာဏာတည်သော အရေးပေါ် အခြေအနေ ကြေညာသည့် အမိန့်အမှတ် (၁/၂ဝ၁၃) ကို (၂၂-၃-၂ဝ၁၃) ရက် တွင် ထုတ်ပြန် ကြေညာ၍ ထိန်းသိမ်း ခဲ့ပါသည် ကို ရုပ်သိမ်းလိုက်ကြောင်း နိုင်ငံ တော် သမ္မတရုံးမှ ယနေ့ ဇူလိုင်လ (၂၀)ရက်နေ့ တွင် ထုတ်ပြန်ကြေညာ လိုက်ပါသည်။  ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 19 Jul 2013 11:07 PM PDT
ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ကျဆုံးသွားသည့် အာဇာနည် ခေါင်းဆောင်များကို ရည်စူးပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ပြုလုပ်သည့် ဆွမ်းကျွေး တရားနာပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ခေါင်းဆောင်များက ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဓါတ်ပုံ နေခြည်
Posted: 19 Jul 2013 10:52 PM PDT
စတစ်ကော် လံဝတ်သော အချုပ်သားနှစ်ဦး ကို ရိုက်သူထောင်ဝန်ထမ်း ကို အကျဉ်းထောင်ဥပဒေဖြင့် အရေး ယူမည်ဖြစ်ကြောင်း အင်းစိန်ဗဟို အကျဉ်းထောင်မှ ထောင်မှူးကြီး ဦးကျော်ဌေး ကပြော သည်။ တော်ဝင်သစ် အချောထည် စက်ရုံမှ အလုပ်သမားကိုးဦးသည် ဇူလိုင် ၁ရရက်က ရွှေပြည်သာ တရားရုံး ရုံးချိန်းမှ အပြန်တွင် အင်းစိန်အကျဉ်းထောင် တံခါးမ ကြီး တာဝန်ကျဝန်ထမ်းအေးမင်း အောင်က သီဟကိုကိုနှင့်မောင် မောင်သက်တို့ ကို  ရိုက်နှက်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 19 Jul 2013 10:43 PM PDT
၁၈.၇.၂၀၁၃ ရက်နေ့ (၂၁၀၀) အချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး ၊  မြန်အောင်မြို့နယ် ၊ ဇလုပ်ကြီးအုပ်စု ၊ ပိန်းအင်းကျေးရွာနေ ၊ ဒေါ်---- (၅၆) နှစ် သားဖြစ်သူ ကျော်မင်းထိုက် (၂၂) နှစ် ၊ တို့သည် တစ်ရွာတည်းနေ ကျော်နိုင်မှ ဒုတ်နှင့်ပစ်၍ ဒဏ်ရာ ရရှိသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးထံတွင် တိုင်ကြားပြီးနောက် အတူပြန်လာစဉ် ဦးသိန်းမြင့်၏ လယ်စောင့်တဲ အရောက် အရက်ပုလင်းကျန်ရစ်ခဲ့၍ လယ်စောင့်တဲအတွင်း သွားရောက်ယူမည်ဟု ပြော၍ မိခင်အား လယ်စောင့်တဲ့ အတွင်း ခေါ်သွားပြီးနောက် ကျော်မင်းထိုက်မှ ၄င်း၏ မိခင် ဒေါ်မစိန်အား သားမယားအဖြစ် အတင်းအဓမ္မ ပြုကျင့်မည်ပြုလုပ်စဉ် မိခင် ဒေါ်မစိန်မှ “ သားရယ် အမေလေ အဲသည်လို မလုပ်ရဘူး ” ဟု ပြောရာ ရုန်းရဲရုန်းကြည့် ရုန်းလျှင် ဓါးနှင့် ထိုးမည်ဟု ခြိမ်းခြောက် ပြောဆို၍ သားမယားအဖြစ် ပြုကျင့်ခဲ့သဖြင့် မြန်အောင်မြို့နယ် ၊ ရွှေကျင်ရဲစခန်းတွင် (ပ) ၃၁ / ၂၀၁၃ ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆  အရ အမှုဖွင့်ဆောင်ရွက် ထားကြောင်း သိရှိရပါသည်။
Myanmar News Now
Posted: 19 Jul 2013 10:31 PM PDT
ယနေ့  ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်း(၁)နာရီခွဲလောက်မှ စတင်ပြီး ရန်ကုန်မြို့ အောင်မင်္ဂလာကားဝန်း အတွင်းရှိ အနှိပ်ခန်းအမည်ဖြင့် ဖွင့်လှစ်ထားသော ပြည်တန်ဆာ အခန်းများသို့ ဒုရဲအုပ်ကျော်မင်းစိုးနှင့် တပ်သားသက်ပိုင်၊ တပ်သားမျိုးမင်းဦး တို့သည် တစ်ခန်းလျှင် ငွေ(၅၀၀၀၀)ကျပ်နူံးဖြင့် လိုက်လံတောင်းယူခဲ့ ကြောင်း သတင်းရရှိပါသည်။
ထိုအပြင် အဆိုပါ ဒုရဲအုပ်နှင့် အဖွဲ့ မှ နံနက်ပိုင်း(၅)နာရီခွဲလောက်တွင် အောင်မင်္ဂလာ ကားဝန်း ရှိ လိုင်းစင်မဲ့ ဆိုင်ကယ်(၇)စီးအား ဖမ်းဆီးကာ ရဲကင်းတွင် ခေါ်ဆောင်သွားပြီး တစ်စီးလျှင်(၃၀၀၀၀)ကျပ် ဒဏ်ငွေဆောင်ခိုင်းကာ ပြန်လွှတ်ခဲ့ ကြောင်းလည်း မျက်မြင်တွေ့ ရှိသူတွေ ပြောပြချက် အရ သိရပါသည်။
by Myanmar News Now
Posted: 19 Jul 2013 10:22 PM PDT
ရှမ်းပြည်နယ် တောင်ကြီးခရိုင်၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ရဲကင်းမှူး ရဲအုပ် ၀င်းထွန်း ၊ တပ်ကြပ်ကြီး မြင့်ထူးတို့သည် မူးယစ်ဆေးဝါးများကို ဖမ်းဆီးပြီး အရေးယူခြင်းမပြုဘဲ ငွေကြေးယူပြီး လွတ်ပေးလျှက်ရှိနေကြောင်း သတင်းရရှိပါသည်။
ရဲအုပ် ၀င်းထွန်းနှင့် တပ်ကြပ်ကြီး မြင့်ထူး တို့သည် ၁-၇-၂၀၁၃ ရက်နေ့ နံနက်ပိုင်းက တောင်ကြီးခရိုင်၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာ၊ ဇောတိက ရပ်ကွက်၊ အိမ်အမှတ် ဇ/၄၉ တွင် ဘိန်းမဲ (၃၀)ပိသာခန့်အား တွေ့ရှိပြီး အိမ်ရှင်ထံမှ ငွေကျပ် (၈၅)သိန်းကို အုပ်ချုပ်ရေးမှူး ဦးထွန်းတင်နှင့် ပေါင်းစပ်ညှိနှိုင်းကာ လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံများက Myanmar News Now ကိုပြောပါသည်။
ထို့ အပြင် တပ်ကြပ်ကြီး မြင့်ထူးသည် ကျေးရွာများရှိ လိုင်စင်မဲ့ကားများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ကာ (၁)စီး (၅၀၀၀၀ိ/-)ကောက်ခံရယူ နေကြောင်းလည်း ဒေသခံများက ပြောပြပါသည်။
by Myanmar News Now  
Posted: 19 Jul 2013 10:13 PM PDT
ပြီးခဲ့သည့်နှစ်လအတွင်း ရန်ကုန်-မန္တလေး   အမြန်လမ်းမပေါ်တွင် ယာဉ်မတော်တဆ ထိခိုက်မှု ၃၄မှု ဖြစ်ပွားခဲ့ပြီး   ဇူလိုင်လအတွင်း လေးမှုတိုးကာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းအမှုများတွင်   ဇွန်လ အတွင်း ယာဉ်အန္တရာယ်ဖြစ်မှု ၁၅မှုနှင့် သေဆုံးသူ ခုနစ်ဦး၊  ဒဏ်ရာရရှိသူ ၁၉ဦးတို့ဖြစ်ကြပြီး ဇူလိုင် ၁၇ရက် အထိ စာရင်းများအရ ယာဉ်အန္တ ရာယ်ဖြစ်မှု ၁၉မှုနှင့် သေဆုံးသူ ရှစ်ဦး၊ ဒဏ်ရာရရှိသူ ၅၂ဦး   တို့ဖြစ်ကြောင်း သိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 19 Jul 2013 10:07 PM PDT
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များတွင်   မှုခင်းဂျာနယ်မှ ထုတ်ပေးထားသော  မှုခင်းဂျာနယ် (သတင်း ထောက်) ကတ်ပြားများနှင့် တိုင်းဒေသကြီးအတွင်း  ခရိုင်လေးခရိုင်ရှိ ရဲတပ်ဖွဲ့မှူးရုံးများမှ  ထုတ်ပေးထားသော ပြေးလေး ပြေးကတ်ပြားများကို လူအများအပြား၏ လက်ဝယ်၌ တွေ့ရှိနေရပြီး   ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 19 Jul 2013 09:38 PM PDT
အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးထားသော်လည်း ယခုရက်ပိုင်း အတွင်း တပ်မတော်နှင့် တိုက်ပွဲအချို့ ပြန်လည် ဖြစ်ပွားခဲ့သော မွန်ပြည်သစ်ပါတီက တပ်မတော် အနေနှင့် ထပ်မံတိုက်ခိုက်ခြင်း မပြုရန် ပြည်ထောင်စု အစိုးရထံ ပြောကြားထားကြောင်း ယင်းပါတီ ဗဟိုကော်မတီဝင် ဦးနိုင်တလညီက ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
အရပ်သားအစိုးရ လက်ထက်တွင် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ပြန်လည်ရေးထိုးခဲ့
Posted: 19 Jul 2013 09:24 PM PDT
မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတွင် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဒီမိုကရေစီ ရည်မှန်းချက်ကို ဖြည့်ဆည်းရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြီး ကျေးဇူးဆပ်သင့်ကြောင်း ဇူလိုင်လ ၁၉ ရက် (အာဇာနည်) နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ထုတ်ပြန်ကြေညာသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 19 Jul 2013 09:05 PM PDT
နိုင်ငံကို တည်ငြိမ် အေးချမ်းအောင် ကူညီ ဆောင်ရွက် ပေးတာဟာ မြန်မာ့ လွတ်လပ်ရေး အတွက် ကြိုးပမ်းခဲ့တဲ့ အာဇာနည် ခေါင်းဆောင်တွေကို ကျေးဇူးဆပ်ရာ ရောက်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ကျရောက်တဲ့ အာဇာနည်နေ့မှာ လူငယ်တွေကို အဓိထားမှာ ကြားလိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 19 Jul 2013 09:01 PM PDT
တရုတ် နိုင်ငံမှာ ဘဏ်တွေ ကနေ ငွေထုတ် ချေးတဲ့ အခါ အတိုးနှုန်း သတ်မှတ် ချက်ကို အစိုးရက ထိန်းချုပ် ထားရာ ကနေ အခုတော့ အဲဒီလို ချုပ်ကိုင် တော့မှာ မဟုတ်ဘူးလို့ တရုတ် အစိုးရက ကြေညာလိုက် ပါတယ်။ ဒါဟာ တရုတ် ဘဏ္ဍာရေး စနစ်ကို လွတ်လွတ် လပ်လပ် လုပ်ခွင့် ပေးဖို့ အတွက် အရေးကြီးတဲ့ ခြေလှမ်း တရပ်လို့ အကဲခတ် တွေက ဖေါ်ပြ ပြောဆို ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဘဏ်တိုးနှုန်း သတ်မှတ်ချက် တရုတ် အစိုးရက ဝင်စွက်ဖက် တော့မှာ မဟုတ်ပါ
Posted: 19 Jul 2013 08:55 PM PDT
ဆယ်စုနှစ် ၂ ခုကျော်ကြာ တင်းမာမှုတွေ ရှိခဲ့ပြီးတဲ့နောက် ပုံမှန်ပြန်ဖြစ်လာနေတဲ့ ဆက်ဆံရေးကို တိုးတက် ခိုင်မာစေဖို့နဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့် လုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ရောက် လာခဲ့တဲ့  သမ္မတဦးသိန်းစိန်ရဲ့ ဥရောပခရီးစဉ်ဟာ အောင်မြင်တယ်လို့ သမ္မတနဲ့အတူ ဒီခရီးစဉ်မှာ လိုက်ပါလာတဲ့ သမ္မတပြောခွင့်ရ ဦးရဲထွဋ်က ပြင်သစ်နိုင်ငံကနေ ပြန်လည် မထွက်ခွာခင်မှာပဲ ပြောကြားခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ပြင်သစ်သမ္မတ ဖရန်ဆွာအော်လန်း(ယာ) နဲ့ သမ္မတဦးသိန်းစိန် (ဝဲ)
Posted: 19 Jul 2013 08:48 PM PDT
ရှားပါး လိပ်တွေကို မှောင်ခို သယ်ယူမှုနဲ့ ခရီးသည်နှစ်ဦးကို အိန္ဒိယက ဖမ်းဆီးထားတယ်လို့ အိန္ဒိယ လေဆိပ် အကောက်ခွန်အရာရှိတွေက ပြောပါတယ်။ အနောက်ဘင်္ဂလား ပြည်နယ်၊ ကာလက္ကတားမြို့ နိုင်ငံတကာ လေဆိပ်ကို ရောက်လာတဲ့ ခရီးသည် နှစ်ဦးနဲ့အတူ သေတ္တာပုံးတွေထဲမှာ ထည့်ပြီး သည်လာတဲ့ ရှားပါးလိပ် ၁ သောင်းကျော်ကို အာဏာပိုင်တွေက ကြာသပတေးနေ့က ရှာဖွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
အိန္ဒိယရှားပါး ပင်လယ်လိပ်
Posted: 19 Jul 2013 08:44 PM PDT
မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ဗြိတိန်နိုင်ငံ ခရီးစဉ်အတွင်း ဒီနှစ်ကုန်မှာ နိုင်ငံရေး အကျဉ်းသား အားလုံးလွှတ်ပေးမယ်လို့ ပြောကြားခဲ့တာကို ကြိုဆိုပေမယ့် တခိျု့ကို အခုအချိန်အထိ နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ဖို့ ငြင်းဆို နေတာတွေ ရှိနေတဲ့အတွက် စိုးရိမ်တယ်လို့ AHRC အာရှ လူ့အခွင့်အရေးကော်မရှင်က မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
နိုင်ငံရေး အကျဉ်းသား အဖြစ် သတ်မှတ် မခံရသူတွေရှိနေ
Posted: 19 Jul 2013 08:37 PM PDT
ပြီးခဲ့နှစ် ဇွန်လက စစ်တွေမြို့နယ် အတွင်းမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရတဲ့ ရခိုင်တိုင်းရင်းသားဒုက္ခသည် မိသားစုပေါင်း ၆ဝဝ ကျော်ကို စစ်တွေမြို့ ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်း စက်မှုဇုန်ရပ်ကွက်မှာရှိတဲ့ လုံးချင်းနေအိမ်တွေမှာ ဒီကနေ့ မနက်ပိုင်းက စတင်ပြီး ပြောင်းရွှေ့နေရာချပေး ခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...