Friday, July 19, 2013

လျှို.၀ှက် လိပ်စာ


ရယူပိုင်ဆိုင်မှု သတို.သမီးကို
လက်ထပ်ပြီးစီးသည်နှင့်တပြိုင်နက်
ထိုသတို.သမီးဝယ်
စိုးရိမ်ပူပန်မှုသန္ဓေသား
တည်လေတော့သည်။

(၁)
မင်းလိုချင်နေတာ
အချစ်လား
အချစ်အကြောင်းရေးထားတဲ့ ကဗျာတစ်ပုဒ်လား
ငါ မစဉ်းစားတတ်တော့ပါကွယ်။

ရည်းစားဘ၀နဲ.အိမ်ထောင်သည်ဘဝ
သဘာဝခြင်းမတူတဲ့ အခြေအနေ
မင်းကိုလေ
ငါ မဖြေရှင်းခဲ့ပါဘူး။

သမီးရည်းစားဘ၀ဟာ
စိတ်ကူးထဲမှာ ပန်းပွင့်နန်းတော်ကြီးတည်ဆောက်ပေးတာ
အိမ်ထောင်သည်ဘ၀မှာတော့
အိမ်ရှေ.၀ရန်တာမှာ
လက်တွေမှာ မြေဆွေးအပေပေအတေတေနဲ.
နှ
ဆီ ပင်ပေါက်လေးပျိုးပေးတာဖြစ်တယ်။

င်း


သုံးရံ ခြံရံပေးချင်စိတ်လျော့မသွားပေမယ့်

ရွ

တကယ် လက်တွေ.ကျဖို.ကြိုးစားလာတဲ့အခါ
တည်ဆောက်ပေးနိုင်သောအချစ်ပမာဏဟာ
နှု
.ပြောနိုင်သောပမာဏထက်နည်းလာတာ
တ်
နဲ

သဘာဝတော့ကျလေတယ်
မင်းအတွက်……ဘ၀င်ကျစရာဖြစ်ကောင်းမှဖြစ်မယ်ပေါ့။ 

သမီးရည်းစားဘ၀မှာ ကတိတွေပေးနိုင်မှုကိုဦီးစားပေးတယ်
အိမ်ထောင်သည်ဘ၀မှာ ကတိတွေတည်နိုင်မှုကိုဦးစားပေးတယ်
အချစ်ကို လေထဲမှာဆောက်ပြဖို.ထက်
အချစ်ကို မင်းလက်ဖ၀ါးလေးထဲတိုက်ရိုက်ထည့်နိုင်ဖို.
ငါကြိုးစားနေချိန်မှာ
မင်း သံသယတွေကိုမျက်ဝန်းမှာမညိုပါစေနဲ.လားကွယ်။


(၂)
ယုံကြည်မှုကို
မင်းနှလုံးသားပေါ်မှာတည်ဆောက်ရတာ
ခက်လှချည်လားလို.မမြင်ပါဘူး
ဝင်သင့်ဝင်ထိုက်သောသံသယတွေကို 
်သင့်ဖြစ်ထိုက်သော အချစ်နဲ.ပေးဆပ်နေပါတယ်။

စ်

ငိုရင်းအိပ်သွားတဲ့မျက်နှာလေးကိုငေးပြီး
ငါ ၀ဲတက်လာဘူးတဲ့ မျက်ရည်စတွေက
်ပြောပြစရာမဟုတ်ဘူးလေ

န်ြေ
အတိတ်ဟာ ငါ့အသားထဲမှာအောင်းနေတာမျိုးဆိုရင်
ငါ့အသားကိုလှီးဖြတ်ထုတ်ပေးပါတယ်
အတိတ်ဟာ ငါ့လက်ဖျံထဲမှာဆိုရင်
ငါ့လက်ငါဖြတ်ထုတ်ြပစ်ပါတယ်
မင်းကျေနပ်ဖို. ငါအဲလိုလုပ်ပေးချင်လိုက်တာ။

အတိတ်ဟာဖြတ်ထုတ်လို.ရသောကိစ္စဆိုရင်
ငါလုပ်ပေးပြီးခဲ့တာကြပါပြီ
ပိုမိုလွယ်ကူသော ဖယ်ထုတ်မှုသဘော
မင်းမြင်တတ်အောင်ပြောပါရစေ။

အရှိတရားဆိုတာက
အမြင်တရားပေါ်အခြေခံထားတာပါ
မင်းငါ့ကိုကြည့်၊ ငါရှိနေတယ်
မင်းငါ့ကိုမကြည့်ချိန်
ငါမရှိတော့ဘူးပေါ့
ရှိခြင်းမရှိခြင်းက ကိစ္စမရှိ
ကြည့်ခြင်းမကြည့်ခြင်းကသာ ကိစ္စရှိနေလိမ့်မယ်။

မင်းကြည့်နေသ၍
ငါ့အတိတ်ကရှိနေလိမ့်မယ်
ငါကတော့အတိတ်ကိုဘယ်တော့မှပြန်မလှန်ဘူး
နင်နဲ.ငါ ပြေလည်စွာရှေ.ဆက်ရန်
က်မှာချန်သင့်တာအားလုံးချန်ခဲ့မယ်။

နာ


ငါ့ရင်ထဲမှာ တစ်ယောက်ယောက်များရှိနေသေးတယ်ထင်နေတာလား
ငါဆိုတဲ့ယောကျားက
မချစ်ပဲယူတဲ့ခပ်ညံ့ညံ့ကောင်စားလို. စွပ်စွဲလိုက်သလိုပါပဲ
မင်းကိုချစ်ဖို.ချန်ထားတဲ့နှလုံးသား
မင်းခံစားမကြည့်ပဲ မစော်ကားနဲ.။

အိမ်အလုပ်တွေ မင်းကြုံးရုန်းလုပ်နေချိန်
တခြားသူတစ်ယောက်ကိုတမ်းတလောက်အောင် ငါမမိုက်မဲခဲ့ဘူး
ိုလို.အက်ကွဲလာတဲ့မင်းလက်သည်းလေးတွေထဲကို

စို

ငါ့မေတ္တာနဲ. လှပစေချင်ခဲ့တာ
ပန်းကန်တိုက်အ၀တ်လျော်လို. ကြမ်းလာတဲ့မင်းလက်ဖ၀ါးလေးတွေကို
ငါတန်ဖိုးကြီးကြီး တက်မက်နေခဲ့တာ
မင်းက မင်းမေတ္တာကို ပင်ပန်းစွာသက်သေပြနေချိန်
ငါက ငါ့မေတ္တာကို
မင်းမယုံကြည်တဲ့သစ္စာ တည်ခြင်းနဲ. ပြနိုင်ဖို.ကြိုးစားနေခဲ့တယ်။

(၃)
အချစ်ကို မင်းတောင်းချိန်
သစ္စာကိုငါပေးနေတော့
မင်းသံသယကပိုကြီးလာနိုင်တယ်
အချစ်ကိုပေးအပ်ချိန်မှာငါ့အမှားအယွင်းတွေနဲ.ဆိုတော့
သစ္စာကိုပေးချိန်မှာ မယူရဲတော့တာသဘာဝကျတယ်
ငါမပေးလို. မဖြစ်တဲ့အချိန်ဆိုတာကလည်းသဘာဝကျလေတယ်။

ရည်းစားဘ၀ ဆိုတာ ကတိတွေပေးချိန်ပါ
အိမ်ထောင်သည်ဘ၀က ကတိတွေတည်ချိန်ပါ
ရည်းစားဘ၀မှာ ကတိတွေအများကြီးပေးလည်းရတယ်
ကတိတွေမတည်လည်း ရလေတယ်
အိမ်ထောင်သည်ဘ၀မှာ ကတိတစ်လုံးမှမပေးလည်းရတယ်
ကတိတစ်လုံးတစ်လေမှ ပျက်လို.တော့မရဘူး။

ရည်းစားဘ၀က ကတိတွေမယုံကြည့်ရင် ဘ၀မတည်ဆောက်ရုံပဲ
အိမ်ထောင်သည်ကတိကိုမယုံကြည်ရင်တော့ ဘ၀ပါပျက်လေနိုင်တယ်
ယုံကြည်ထိုက်သူမဟုတ်တောင် ယုံကြည်မှုပေးရမယ့် အခြေအနေပါလေ။

ဘ၀ကို အတူတူဆောက်ခဲ့ပြီးပြီပဲ
မင်းကလှေလှော်ချိန်မှာ ငါကပဲ့ထိန်းလို.
ငါက မြေတူးချိန်မှာ မင်းက အပင်ပျိုးလို.
ငါတို.ရိုးသားစွာ ရဲရင့်ကြမယ်လေ။

မတရားမှုမပါဝင်သော ကိုယ်ချင်းစာစိတ်ကို
္တာလို.ခေါ်ရမယ်

တ္တာ
မတရားမှုမပါဝင်သော မေတ္တာတရားကို
ကရုဏာလို.ခေါ်ရမယ်
ငါ့ကရုဏာတရား မင်းအပေါ်ထားခဲ့တာ
္တာအပြည့်နဲ.ဆိုတာရော သိပါလေစ။

တ္တာ

္တာဆိုတာ အမဓာတ်ဖြစ်တယ်

တ္တာ
ကရုဏာဆိုတာ အဖိုဓာတ်ဖြစ်တယ်
္တာက တောင်းခံရယူတတ်ပြီး

တ္တာ
ကရုဏာက ပေးဆပ်စွန်.ကြဲတတ်တယ်
ျာတာက

ချာ
္တာနဲ.ကရုဏာဆိုတာ 

တ္တာ
အခုအချိန်မှာ အကြောင်းတရားမျှသာဖြစ်တော့တယ်။

ရည်းစားဘ၀မှာ
လယ်ယာမြေကောင်းအောင်ပြုပြင်သလို
ာကိုတည်ဆောက်ခဲ့ကြတယ်

တ္တာ
အိမ်ထောင်သည်ဖြစ်လာတော့
အဲဒီ လယ်ယာမြေမှာ ဘ၀ပျိုးပင်လေးမျိုးအောင်ဖို.
ငါတို.ကရုဏာတွေ ရွာကျရအောင်လားကွယ်။

(၄)
'မေတ္တာကို တည်ဆောက်လို.
ာက်ရမယ့် ခရီးမြေ

လျာ
နှ
ယာက်သား ဖ၀ါးညီ

စ်ေ
ချချီရုံနဲ. မပြီးပေ' 

ဆူးကမပေါက်ရင်တောင်
ဖိနပ်မှာ ကိုယ့်ဘာသာညှောင့်မထောင်လေနဲ့ကွယ်
တို့နှစ်ယောက်လျောက်ရလေဦးမယ်
အပွင့်ကျဲနေသေးတဲ့ ပျိုးပင်လေးတွေရေလောင်းလို့
ယိုင်နဲ့နေတဲ့အိမ်အိုလေးကို ကျားကန်လို့
စိတ်တွေမှာ ခွန်အားထည့်ထားလေ။

ဇနီးမယား…….လို့
နာမည်တပ်လိုက်တာနဲ့
ကိုယ့်ကို သူပိုင်ဆိုင်ကြောင်း
သူဟာကိုယ့်ဘ၀ဖြစ်ကြောင်း
ကိုယ့်ရင်ထဲမှာ ကြေညာခဲ့ပါတယ်
မင်းဟာ
ချစ်သူလည်းမဟုတ်ဘူး
ညီမလေးလည်းမဟုတ်ဘူး
ဇနီး….
ဇနီးပါပဲကွယ်။

္တာမပါပဲ

တ္တာ
ချစ်သူရည်းစားဘ၀တွေ 
ထူထောင်ချင် ထူထောင်လို့ရမယ်
္တာမပါပဲ

တ္တာ
အိမ်ထောင်သည်ဘ၀ထူထောင်လို့မရဘူး
ထူထောင်လို့ရသည်ထား
မအောင်မြင်နိုင်ပါဘူုးလေ။

တို့နှစ်ယောက်ဟာ
တစ်နပ်စာဟင်းတစ်ခွက်က တစ်ဝက်ကို
ငါ့ညစာ မင်းချန်ထားဘူးတယ်
မင်းမစားမှာစိုးလို့ ငါမ၀သေးတဲ့ထမင်းကို
ဝပြီလို့လိမ်ခဲ့တယ်
ဆင်းရဲမှုမှာ မပျော်ပေမယ့်
အိမ်ထောင်သည်ဘ၀မှာ ပျော်ခဲ့ကြတယ်
ဒါအောင်မြင်တယ်မပြောရင်
မင်းဘယ်လိုနာမည်တတ်မှာလဲကွယ်။

ခုချိန်မှာ
တို့တတွေ အတ္တကြီးကြတာဟာ
ကိုယ့်အတွက်မဟုတ်တော့ဘူး
မင်းလိုချင်တာ ငါဖြည့်ဖို့
ငါကငွေရှာတယ်
ငါလိုအပ်တာ ဖြည့်ဆည်းချင်လို့
မင်းက ငွေစုတယ်
ငါ့အတွက် နင်ရွက်ပြီး
မင်းအတွက် ငါထမ်းခဲ့တယ်
အိမ်ထောင်သည်ဘ၀ဆိုတာ ဒါပါပဲလေ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...