"ဖိုးသူတော် နဲ့ တောင်ဝှေး ပြဿနာ"
Zay Ya
ပြဿနာက - ဖိုးသူတော် မကူနိုင်ရင်၊ တောင်ဝှေး ကူအောင်တော့ လုပ်ရမှာ ဆိုတဲ့
ဘယ်သူ စပြောမိမှန်း မသိတဲ့ အရာက စတယ်။ အဲ့နောက်တော့ ဖိုးသူတော်နဲ့
တောင်ဝှေးကြား ကွန်ကလူးရှင်းတွေ ဆွဲဖြစ်တယ်။ ဟိုက်ပိုသစ်ဇစ်တွေ
လုပ်ဖြစ်တယ်။ ဖြစ်နိုင်ရင် စာတမ်း တောင် ရေးမိသွား ဖို့ ရှိတယ်။
တနေ့လည်ခင်းလုံး ခေါင်းချင်း အဆိုင်ကောင်းလိုက် ကြတာ သူတို့ နဲ့ ရောယောင်
ပြီး ကျွန်တော်ပါ နေ့လည်စာ လွတ်သွားမိတဲ့ အထိပဲ။
ဖိုးသူတော်
လဲရင် တောင်ဝှေး ကူနိုင်ရမယ် လို့ တစ်ယောက်က စခဲ့တာပဲ။ ဘယ်က ဘယ်လို
စဖြစ်ကြတယ်တော့ မပြောတတ်ဘူး။ တောင်ဝှေး က အရင် လဲခဲ့ရင် ဖိုးသူတော် က
တကယ်ကူမှာလား၊ ဖိုးသူတော် က အရင်လဲခဲ့ရင် တောင်ဝှေးကရော တကယ်ကူနိုင်ရဲ့လား။
တောင်ဝှေးက ဖိုးသူတော် ကို ကူဖို့ ရှိနေတာ မှန်ပြီ ထားတော့၊ ဖိုးသူတော်
ကရော တောင်ဝှေး လဲသွားခဲ့ရင် ကူကို ကူမှ ဖြစ်မှာလား။ စသဖြင့် အဲ့လို
တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ဆိုနေကြတာ။ ကျနော်ကတော့ ဘာရယ်
ဝင်မပြောဖြစ်ဘူး။ ကြည့်နေတာ သက်သက်ပဲ။ ဖိုးသူတော် နဲ့ တောင်ဝှေး ကိစ္စ ကို
ဒီလောက်ထိ စိတ်ဝင်စားလို့ မဟုတ်ဘူး။ ငြင်းနေကြတဲ့ ဒင်းတို့ နှစ်ယောက် ဘယ်သူ အရင် ဒေါသ ထွက်လာမလဲ အဲ့ဒါသာ သိချင်လို့။
ခဏနေတော့ သူတို့ ငြင်းနေ ခုန်နေရင်းက ခဏ ရပ်သွားတယ်။ မင်းကော ဘာမှ
ဝင်မပြောဘူးလား ဆိုတဲ့ မျက်နှာပေးတွေနဲ့ ကျနော့ဘက် လှည့်လာတယ်။ ဘိုဆန်ဆန်
ဝတ္ထုတွေထဲက အတိုင်း ဆိုရရင် ပုခုံးနှစ်ဘက် တွန့်ပြလိုက်တယ်။ အိုကေ
ဝင်ပြောကြည့်တာပေါ့ကွာ လို့ပေါ့။
"တကယ်တမ်းကွာ မင်းတို့
ဖြစ်နေတဲ့ ဒီပြဿနာ အစကို ပြန်သွားကြည့်မယ်။ မင်းတို့ ဆိုနေတဲ့ အကြောင်းက -
ဖိုးသူတော် လဲရင် တောင်ဝှေးကူမယ်၊ တောင်ဝှေးလဲရင် ဖိုးသူတော်မယ် (ဝါ)
ကူချင်မှ ကူနိုင်မယ်- အဲ့က စတယ်။ ဟုတ်တယ် မဟုတ်လား။
"အဲ့တော့ တိုတိုပဲ ဖြတ်ကြည့်မယ်။ အဓိက ဖြစ်စဉ်ဟာ - စဉ်းစားတဲ့ အစ မှာကိုက ရှင်းမှ ရမှရမယ့် ပုံလို့ ငါထင်တာပဲ။
"ဒီလို ပြောလို့ -- ဖိုးသူတော် တကယ် ရှိမရှိ၊ တောင်ဝှေး တကယ် ရှိမရှိ၊
ဖိုးသူတော်မှာ တောင်ဝှေးက တကယ် ပါလာမှာလား၊ ဖိုးသူတော်နဲ့ တောင်ဝှေး
အဖြစ်ဟာ တကယ် ရှိလား မရှိလား အဲ့လို စကားလက်ပေါက် လိုက်ကပ်နေဖို့တော့
မဟုတ်ဘူး။ မလိုတာတွေ ဖယ်ချ ပစ်ဖို့ပဲ။ ဖိုးသူတော် လဲရင် တောင်ဝှေးက
တကယ်ကူနိုင်မှာလား လို့လည်း မျှော်လင့်မေးခွန်းတွေ ထုတ်နေစရာ မလိုဘူး။
"လိုရင်းက -- ဖိုးသူတော် (ဒါမှမဟုတ်) တောင်ဝှေး - ဒီနှစ်ခု ထဲက တစ်ခုခု
ဟာ တကယ် 'လဲ' မှာလား၊ မ 'လဲ' ဘူးလား ဆိုတဲ့ အပေါ်ပဲ စဉ်းစားရမှာ။ သူတို့က
တကယ်ကြီး 'လဲ' သွားနိုင်တာလား။ လဲ ကို လဲမှ ဖြစ်မှာလား။
"ဆိုပါစို့ကွာ။ ဖိုးသူတော်ကလည်း ဘယ်တော့မှ မလဲ ဘူးတဲ့။ တောင်ဝှေးကလည်း
ဘယ်တော့မှ မလဲဘူးတဲ့ --- အဲ့လို ဆိုရင်ရော - ဖိုးသူတော်က တောင်ဝှေးကို
ကူဖို့၊ တောင်ဝှေးက ဖိုးသူတော်ကို ပြန်ကူဖို့ လိုနေသေးလို့လား - -"
ကျနော် ဒီလို ပြောပြီး နှစ်ပြန်ကြော် တစ်ဇွန်း နှစ်ဇွန်း
ကောက်ဝါးနေလိုက်တယ်။ သူတို့ ဘာသာ သူတို့ တွေးဖို့ အချိန်ပေးလိုက်တာရယ်။
သူတို့လည်း ခဏတော့ ခပ်တွေတွေ ငြိမ်သွားကြတယ်။ နောက် မကြာပါဘူး။ ဘီယာတစ်ဂျား
ထပ်မှာတယ်။ ဖိုးသူတော် က လဲမှာ။၊ တောင်ဝှေးက လဲမှာ။ အပြိုင်အဆိုင်
ဆက်ငြင်းနေကြတယ်။ စောနက - ဖိုးသူတော် တောင်ဝှေးကို ကူမယ်၊ တောင်ဝှေး
ဖိုးသူတော်ကို ကူမယ် ဆိုတဲ့ ပြဿနာဟာ နောက်ဘက် ခုနှစ်မိုင်လောက်မှာ
ကျန်ရစ်ခဲ့တော့တယ်။
.............................. .
"Once upon a time in Curiosity"
July 13th 2013
ပြဿနာက - ဖိုးသူတော် မကူနိုင်ရင်၊ တောင်ဝှေး ကူအောင်တော့ လုပ်ရမှာ ဆိုတဲ့ ဘယ်သူ စပြောမိမှန်း မသိတဲ့ အရာက စတယ်။ အဲ့နောက်တော့ ဖိုးသူတော်နဲ့ တောင်ဝှေးကြား ကွန်ကလူးရှင်းတွေ ဆွဲဖြစ်တယ်။ ဟိုက်ပိုသစ်ဇစ်တွေ လုပ်ဖြစ်တယ်။ ဖြစ်နိုင်ရင် စာတမ်း တောင် ရေးမိသွား ဖို့ ရှိတယ်။ တနေ့လည်ခင်းလုံး ခေါင်းချင်း အဆိုင်ကောင်းလိုက် ကြတာ သူတို့ နဲ့ ရောယောင် ပြီး ကျွန်တော်ပါ နေ့လည်စာ လွတ်သွားမိတဲ့ အထိပဲ။
ဖိုးသူတော် လဲရင် တောင်ဝှေး ကူနိုင်ရမယ် လို့ တစ်ယောက်က စခဲ့တာပဲ။ ဘယ်က ဘယ်လို စဖြစ်ကြတယ်တော့ မပြောတတ်ဘူး။ တောင်ဝှေး က အရင် လဲခဲ့ရင် ဖိုးသူတော် က တကယ်ကူမှာလား၊ ဖိုးသူတော် က အရင်လဲခဲ့ရင် တောင်ဝှေးကရော တကယ်ကူနိုင်ရဲ့လား။ တောင်ဝှေးက ဖိုးသူတော် ကို ကူဖို့ ရှိနေတာ မှန်ပြီ ထားတော့၊ ဖိုးသူတော် ကရော တောင်ဝှေး လဲသွားခဲ့ရင် ကူကို ကူမှ ဖြစ်မှာလား။ စသဖြင့် အဲ့လို တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ဆိုနေကြတာ။ ကျနော်ကတော့ ဘာရယ် ဝင်မပြောဖြစ်ဘူး။ ကြည့်နေတာ သက်သက်ပဲ။ ဖိုးသူတော် နဲ့ တောင်ဝှေး ကိစ္စ ကို ဒီလောက်ထိ စိတ်ဝင်စားလို့ မဟုတ်ဘူး။ ငြင်းနေကြတဲ့ ဒင်းတို့ နှစ်ယောက် ဘယ်သူ အရင် ဒေါသ ထွက်လာမလဲ အဲ့ဒါသာ သိချင်လို့။
ခဏနေတော့ သူတို့ ငြင်းနေ ခုန်နေရင်းက ခဏ ရပ်သွားတယ်။ မင်းကော ဘာမှ ဝင်မပြောဘူးလား ဆိုတဲ့ မျက်နှာပေးတွေနဲ့ ကျနော့ဘက် လှည့်လာတယ်။ ဘိုဆန်ဆန် ဝတ္ထုတွေထဲက အတိုင်း ဆိုရရင် ပုခုံးနှစ်ဘက် တွန့်ပြလိုက်တယ်။ အိုကေ ဝင်ပြောကြည့်တာပေါ့ကွာ လို့ပေါ့။
"တကယ်တမ်းကွာ မင်းတို့ ဖြစ်နေတဲ့ ဒီပြဿနာ အစကို ပြန်သွားကြည့်မယ်။ မင်းတို့ ဆိုနေတဲ့ အကြောင်းက - ဖိုးသူတော် လဲရင် တောင်ဝှေးကူမယ်၊ တောင်ဝှေးလဲရင် ဖိုးသူတော်မယ် (ဝါ) ကူချင်မှ ကူနိုင်မယ်- အဲ့က စတယ်။ ဟုတ်တယ် မဟုတ်လား။
"အဲ့တော့ တိုတိုပဲ ဖြတ်ကြည့်မယ်။ အဓိက ဖြစ်စဉ်ဟာ - စဉ်းစားတဲ့ အစ မှာကိုက ရှင်းမှ ရမှရမယ့် ပုံလို့ ငါထင်တာပဲ။
"ဒီလို ပြောလို့ -- ဖိုးသူတော် တကယ် ရှိမရှိ၊ တောင်ဝှေး တကယ် ရှိမရှိ၊ ဖိုးသူတော်မှာ တောင်ဝှေးက တကယ် ပါလာမှာလား၊ ဖိုးသူတော်နဲ့ တောင်ဝှေး အဖြစ်ဟာ တကယ် ရှိလား မရှိလား အဲ့လို စကားလက်ပေါက် လိုက်ကပ်နေဖို့တော့ မဟုတ်ဘူး။ မလိုတာတွေ ဖယ်ချ ပစ်ဖို့ပဲ။ ဖိုးသူတော် လဲရင် တောင်ဝှေးက တကယ်ကူနိုင်မှာလား လို့လည်း မျှော်လင့်မေးခွန်းတွေ ထုတ်နေစရာ မလိုဘူး။
"လိုရင်းက -- ဖိုးသူတော် (ဒါမှမဟုတ်) တောင်ဝှေး - ဒီနှစ်ခု ထဲက တစ်ခုခု ဟာ တကယ် 'လဲ' မှာလား၊ မ 'လဲ' ဘူးလား ဆိုတဲ့ အပေါ်ပဲ စဉ်းစားရမှာ။ သူတို့က တကယ်ကြီး 'လဲ' သွားနိုင်တာလား။ လဲ ကို လဲမှ ဖြစ်မှာလား။
"ဆိုပါစို့ကွာ။ ဖိုးသူတော်ကလည်း ဘယ်တော့မှ မလဲ ဘူးတဲ့။ တောင်ဝှေးကလည်း ဘယ်တော့မှ မလဲဘူးတဲ့ --- အဲ့လို ဆိုရင်ရော - ဖိုးသူတော်က တောင်ဝှေးကို ကူဖို့၊ တောင်ဝှေးက ဖိုးသူတော်ကို ပြန်ကူဖို့ လိုနေသေးလို့လား - -"
ကျနော် ဒီလို ပြောပြီး နှစ်ပြန်ကြော် တစ်ဇွန်း နှစ်ဇွန်း ကောက်ဝါးနေလိုက်တယ်။ သူတို့ ဘာသာ သူတို့ တွေးဖို့ အချိန်ပေးလိုက်တာရယ်။ သူတို့လည်း ခဏတော့ ခပ်တွေတွေ ငြိမ်သွားကြတယ်။ နောက် မကြာပါဘူး။ ဘီယာတစ်ဂျား ထပ်မှာတယ်။ ဖိုးသူတော် က လဲမှာ။၊ တောင်ဝှေးက လဲမှာ။ အပြိုင်အဆိုင် ဆက်ငြင်းနေကြတယ်။ စောနက - ဖိုးသူတော် တောင်ဝှေးကို ကူမယ်၊ တောင်ဝှေး ဖိုးသူတော်ကို ကူမယ် ဆိုတဲ့ ပြဿနာဟာ နောက်ဘက် ခုနှစ်မိုင်လောက်မှာ ကျန်ရစ်ခဲ့တော့တယ်။
..............................
"Once upon a time in Curiosity"
July 13th 2013
I love his posts ,
ReplyDelete