Saturday, July 13, 2013

စစ်တမ်းသစ်မှတစ်ဆင့် Android ဆန်းသစ်ဖန်တီးသူများ၏ အကြံဉာဏ်များ Google ရယူမည်

အောင်မင်းဘာသာပြန်သည်။

Android ဖန်တီးသူများက အရေးပါသည့် သဘောထားမှတ်ချက်များ ပေးခဲ့သောကြာင့် ယခုအချိန်တွင် ၎င်းတို့၏ အမြင်သဘောထားမှတ်ချက်များအား မိမိတို့၏ စစ်တမ်းတွင် ထည့်သွင်းသွားရန်အတွက် Google မှ စီစဉ်နေပြီဖြစ်သည်။
Android ဖန်တီးသူများက စဉ်းစားထားသော ပိုမိုအဆင့်မြင့်သည့် Android ဗားရှင်းများထုတ်လုပ်ရန် နည်းလမ်းများအား Google အနေဖြင့် သိရှိလိုသည့်အတွက် ယခုကဲ့သို့ အွန်လိုင်းစစ်တမ်းတစ်ခုကောက် ယူရန် ကြိုးပမ်းခြင်းဖြစ်သည်။

Android ဖန်တီးသူများဆက်ဆံရေးအသင်း၏ တာဝန်ရှိသူ Reto Meier က ဇူလိုင် ၉ ရက်တွင် Android Developers Blog တွင် ဖော်ပြထားချက်များအရ ၂၀၁၃ နှစ်လည်အတွက် Android ပြုလုပ်သူများ သဘောထား အကြံပေးချက်များထည့်သွင်းနိုင်မည့်စစ်တမ်းအား ဘာသာစကားတော်တော်များ များဖြင့် ရေးသားထားသည်။



“ပြီးခဲ့တဲ့နှစ်တုန်းက ၅၀၀၀ ၀န်းကျင်လောက်ရှိတဲ့ မင်းတို့က Android ဆန်းသစ်တီထွင်မှု အတွေ့အကြုံ တွေကို မျှဝေခဲ့ရုံသာမက စိန်ခေါ်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ မင်းတို့ရဲ့ဆောင်ရွက်မှုတွေက Android Studio, the new Google Play Publishing Console နဲ့ the Google Play ၀န်ဆောင်မှုတွေလို ထုတ် ကုန်မျိုးတွေကို ဦးစားပေးရွေးချယ်ဖို့လွှမ်းမိုးမှု ရှိခဲ့ပါတယ်”ဟု Meier ကရေးသားထားသည်။

“ကျွန်တော်တို့ Android ဆန်းသစ်ဖန်တီးသူများ ဆက်ဆံရေးအသင်းအနေနဲ့ Android app ဆန်းသစ် ဖန်တီးရေးမှာ အတွေ့အကြုံ အများကြီးရချင်ပါတယ်။ ဒါကြောင့် Android app တွေ ဆန်းသစ်တီထွင် ရေးတွေမှာပါတဲ့ အင်ဂျင်နီယာတွေ၊ ဒီဇိုင်နာတွေ၊ မန်နေဂျာတွေအပါအ၀င် အားလုံးကို မင်းတို့ ဘယ်လို တွေထင်သလဲဆိုတာကို နောက်ထပ်တစ်ကြိမ်လောက် ကျွန်တော်တို့သိအောင်ပြောပြပါလို့ တောင်းဆို လိုက်ပါတယ်”ဟုလည်း ၎င်းက ရေးသားထားသည်။

အဆိုပါစစ်တမ်းအား ဖြေဆိုသူများအနေဖြင့် ၁၅ မိနစ်မှ ၂၀ မိနစ်အထိ ကြာမြင့်မည်ဖြစ်ပြီး စာရေးသား ရာတွင် အသုံးပြုမည့် လိုအပ်သောကုတ်များ ထည့်သွင်းခြင်း၊ ဒီဇိုင်းဖန်တီးခြင်း၊ ထုတ်ကုန်စီမံခန့်ခွဲမှုများ နှင့် Google Play တို့နှင့် သက်ဆိုင်သည့်ကဏ္ဍလေးခု ပါဝင်သည်ဟု သိရသည်။

စစ်တမ်းဖြေဆိုသူများ၏ ရလဒ်အား “ကျွန်တော်တို့ရဲ့ ယူဆချက်များအား ဆန်းစစ်ရန်နှင့် သင်တို့ကြုံတွေ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများ၊ သင်တို့ရဲ့စေ့ဆော်ချက်များနဲ့ ဦးစားပေး အစီအစဉ်များအား နားလည်ခြင်း ဖြင့် ကျွန်တော်တို့မှ ပိုမိုကောင်းမွန်တဲ့စနစ်များနဲ့ ရင်းမြစ်များအား သင်တို့အတွက် ထုတ်ပေးနိုင်မှာဖြစ် ပါတယ်”ဟု စစ်တမ်းကောက်ယူမည့် ၀က်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

“သင်တို့အနေနဲ့ ပိုပြီးတော့ ယေဘုယျကျတဲ့ သဘောထားမှတ်ချက်များ ပေးလိုတယ်လို့ ယခင်စစ်တမ်း ကောက်ယူခဲ့စဉ်အချိန်က သင်တို့ဖော်ပြထားတဲ့အတွက် ယခုစစ်တမ်းကောက်ယူရာတွင် ယင်းကဲ့သို့ပြု လုပ်နိုင်ရန်အတွက် စစ်တမ်းအဆုံးတွင် အမည်ဖော်စရာမလိုဘဲ ရေးသားနိုင်ရန်အတွက် စီစဉ်ပေးထား ပါတယ်”ဟုလည်း အဆိုပါဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

Google အနေဖြင့် Android app များ ဆန်းသစ်တီထွင်နိုင်ရေးအား အထောက်အကူ ပြုနိုင်ရေးအတွက် ရည်ရွယ်ကာ လွန်ခဲ့သောကာလများအတွင်း အထောက်အကူပစ္စည်းများ နှင့် ၀န်ဆောင်မှုများအား ထုတ်လုပ်ခဲ့သည်။

Google ၏ ဘဏ္ဍာငွေအများစုမှာ ကြော်ငြာလုပ်ငန်းများမှ ရရှိခြင်းဖြစ်သည့်အတွက် ကြော်ငြာများအား Google အသုံးပြုသူများ အလွယ်တကူမြင်နိုင်စေရန်မှာ ကုမ္ပဏီအတွက် လွန်စွာအရေးကြီးသည်။
၂၀၁၂ခုနှစ်တွင် ဖန်တီးခဲ့သည့် Google Play မှာ Android ချစ်သူများအတွက် ၎င်းတို့နှစ်သက်သည့် App များ၊ သီချင်းများနှင့် eBooks များ ၀ယ်ယူရရှိစေရန် ၀န်ဆောင်မှုပေးရာတွင် များစွာအောင်မြင်ခဲ့သည်။
ယခင်ကာလများတွင် အဆိုပါဝန်ဆောင်မှုများအား အွန်လိုင်မှတစ်ဆင့် ၀ယ်ယူသူများအနေဖြင့် အွန်လိုင်းရှိ Android ဈေးကွက်များတွင် သီးသန့်ရှာဖွေမှုများ ပြုလုပ်ခဲ့ရသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...