Friday, July 19, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၇)

သစ်ထူးလွင်



Posted: 19 Jul 2013 05:04 AM PDT
ကားသုံးဆင့်တိုက်မှု ဖြစ်ပွားခဲ့စဉ် ကိုယ်ပိုင်ကားတစ်စီးထဲမှ လူတစ်ဦးဒဏ်ရာမရှိဘဲ သတိလစ်သေဆုံးခဲ့မှု တစ်ခု ဇူလိုင် ၁၇ ရက်က ကမာရွတ်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးထံမှ သတင်းရရှိ ပါသည်။ ယင်းဖြစ်ရပ်သည် ကမာရွတ်မြို့နယ်၊ ၁၀ ရပ်ကွက်၊ အင်းလျားလမ်း မီးပွိုင့်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၆၈ နှစ်အရွယ် ဦးမြင့်ထွေးဆိုသူ မောင်းနှင်လာသော ဆန်နီပစ်ကပ်ကားက လမ်းဘေးတွင် ရပ်ထားသော လင့်ခရုဇာကားကို တိုက်မိရာမှစတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲဌာန၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Jul 2013 05:00 AM PDT
မလေးရှားနိုင်ငံ အကျဉ်းထောင် များမှ ဖမ်းဆီးခံထားရသော တရားမဝင် မြန်မာနိုင်ငံ လုပ်သားများ ပြည်တော် ပြန်ခေါ်လာစဉ် အတူပါရှိခဲ့သူ ဦးခေါင်း ထိခိုက်ဒဏ်ရာနှင့် အမျိုးသားတစ်ဦး အတွက် အရေးပေါ် ဦးခေါင်းခွဲစိတ်ရန် မိသားစု ဆွေမျိုးများ၏ အဆက်အသွယ် လိုအပ်နေကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ် ဒေါက်တာအေးသွင်က The Voice သို့ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Jul 2013 04:56 AM PDT
မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့နယ် ထုံးကုန်းကျေးရွာတွင် ဇူလိုင်လ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီခန့်က အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦး ရေမန်းနှင့် အက်စစ် မှားသောက်မိ၍ သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 19 Jul 2013 03:39 AM PDT
၁၉-၇-၂၀၁၃ ရက်နေ့  တွင်ကျရောက်သော အာဇာနည်နေ့ အခမ်းအနားကို တောင်ကြီးမြို့ တွင် စည်းကား သိုက်မြိုက်စွာ ကျင်းပခဲ့ သည်။

ရှေးဦးစွာ တောင်ကြီးမြို့ နယ်၊ ခရိုင်နှင့်၊ ပြည်နယ်NLD  ရုံးများတွင် ၊ ကျဆုံးလေပြီးသော
အာဇာနည်များကို ရည်စူးပြီး အာရုံဆွမ်းကပ်လှူပြီး၊ ရေစက်ချ အမျှ အတန်းဝေခဲ့ ကြသည်။

ယင်းနောက် မြို့ နယ်၊NLD ရုံးမှ တိုင်းရင်းသား ပြည်သူလူထုများ၊ NLD ပါတီဝင်များ၊ ၈၈ မျိုးဆက်(ရှမ်းပြည်)၊ အဖွဲ့ ဝင်များသည်၊ စီတန်းလမ်းလျှောက်ချီတက်ပြီး မြို့ လယ်ရှိ ဗိုလ်ချုပ်ကြေးရုပ် ရှေ့တွင် လွမ်းသူ့ပန်းခွေများချခဲ့ ပြီး ၊ အာဇာနည်နေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ သည်။

ယင်းနောက်ကြံ့ ခိုင်ရေးပါတီမှ အာဇာနည်နေ့ အခမ်းအနားကိုသီးခြား ဗိုလ်ချုပ်ကြေးရုပ်တွင်ထပ်မံပြုလုပ်ခဲ့ သည်ဟု သိရှိရသည်။

လေးကြီး(ရှမ်းပြည်)

တောင်ကြီးမြို့ အာဇာနည်နေ့ အခမ်းအနား photo: RFA/ Kyaw Myo Tun
Posted: 19 Jul 2013 03:23 AM PDT
၆၆နှစ်မြောက် အာဇာနည်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်ခေါင်းဆောင်များ အသက်စွန့်သွားပုံကို အဖွဲ့ချုပ်ရုံးခန်းတွင် မိန့်ခွန်းပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးခန်းတွင် ယနေ့နေ့လည် ၁နာရီ ခွဲခန့်တွင် ပြည်သူလူထုနှင့် ပါတီဝင်များကို မိနစ် ၂၀ခန့် မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


photo: RFA/ Kyaw Zaw Win


Posted: 19 Jul 2013 02:57 AM PDT
၂၀၁၃ခုနှစ် (၆၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဒီကနေ့မနက်မှာ ရန်ကုန်မြို့ရှိအာဇာနည်ဗိမာန်၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်၍ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်တွင် လွမ်းသူ့ပန်းခွေချခြင်း၊ အလေးပြုခြင်းနဲ့ မေတ္တာပို့ အမျှဝေခြင်းများ ဆောင်ရွက်သည်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Jul 2013 02:51 AM PDT
၁၇-၇-၂၀၁၃ ရက်နေ့ ၁၁၃၀ အချိန် တနင်္သာရီတိုင်း ဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိ မြို့နယ်ခွဲရှိ ““ပိုကောင်း””ဆီအုန်းကုမ္ပဏီ အလုပ်သမား လိုင်းခန်းနေ ဇင်မင်းမောင်(၂၄)နှစ်၏ ဇနီးဖြစ်သူ မအေးသိန်း(၂၆)နှစ်သည် ၎င်းပိုင်ဆိုင်ကယ်ဖြင့် ကုမ္ပဏီ အလုပ်သမားများ ဖြစ်သော မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုက္ခမော့ ကျေးရွာနေ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Jul 2013 02:47 AM PDT
ရွှေတောင်မြို့ ချည်မျှင်နှင့်အထည် စက်ရုံက သိမ်းဆည်းထားခဲ့သော မြေများအတွက် လျော်ကြေးနှင့် လက်ရှိ လစ်လပ်နေသော လယ်မြေများကို ပြန်လည် ရရှိလိုသော လယ်သမား ၁၀၀ ဝန်းကျင်ခန့်က ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၉ နာရီက အဆိုပါစက်ရုံရှေ့တွင် ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း ဆန္ဒထုတ်ဖော်ခဲ့သော လယ်သမားများထံမှ သိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Jul 2013 02:39 AM PDT
၆၆ နှစ်မြောက် အာဇာနည်နေ့ တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် မိန့် ခွန်းများ


၆၆ နှစ်မြောက် အာဇာနည်နေ့တွင်ပြောကြားသည့် မိန့် ခွန်း ၁



၆၆ နှစ်မြောက် အာဇာနည်နေ့တွင်ပြောကြားသည့် မိန့်ခွန်း ၂

by D-Wave
Posted: 19 Jul 2013 02:29 AM PDT
တရုတ်နိုင်ငံဟာ တနေ့ကျရင် အမေရိကန် ပြည်ထောင်စုကို ကျော်တက်ပြီး ကမ္ဘာ့ထိပ်တန်း အင်အားကြီးနိုင်ငံ ဖြစ်လာလိမ့်မယ်လို့ ကမ္ဘာက ပိုမို ယုံကြည်လာ နေတဲ့ အကြောင်း Pew သုတေသနဌာနက ကောက်ယူတဲ့ စစ်တမ်း သစ်တခုက ဆိုပါတယ်။ နိုင်ငံပေါင်း ၃၉ နိုင်ငံမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေရဲ့ တ၀က်ကျော်က အမေရိကန် ပြည်ထောင်စုကို ကမ္ဘာ့ စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံအဖြစ် အသိအမှတ်ပြုထား တုန်း ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 19 Jul 2013 02:26 AM PDT
မန္တလေးမြို့၏ အဓိက လမ်းမကြီးများရှိ ပလက်ဖောင်းများပေါ်တွင် ကျူးကျော်၍ ပစ္စည်းများ ထားရှိခြင်း၊ ဆိုင်ခန်း ဖွင့်လှစ်ခြင်းများကို မိမိ အစီအစဉ်နှင့် ဖျက်သိမ်းရန် လုပ်ငန်းရှင်များထံ အကြောင်းကြားစာ ပေးပို့ ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန် ဌာနခွဲမှူး ဦးမောင်မောင်မြင့်က ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 19 Jul 2013 02:13 AM PDT
ဒီကနေ့ ကျရောက်သော အာဇာနည်နေ့၌ ထားဝယ်မြို့ အာဇာနည်လမ်းပေါ်ရှိ ဗိုလ်ချုပ်ကြေးရုပ် အရှေ့၌ ၁၀း၃၀ နာရီခန့်တွင် NLD အဖွဲ့ဝင်များ၊ ၈၈မျိုးဆက် ကျောင်းသားများ။ ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များ၊ ထားလယ်သမားများ ကွန်ရက်အဖွဲ့ဝင်များ၊ ထားဝယ်လူ့အခွင့်အရေး စောင့်ကြည့်မှု ကွန်ရက်အဖွဲ့ဝင်များ။ CSOအဖွဲ့ဝင်များနှင့် ပြည်သူလူထု(၁၀၀) ခန့် တက်ရောက် အလေးပြုကြပြီး (၁၀း၃၇)နာရီခန့်တွင် တစ်မီနှစ်ခန့် ငြိမ်သက်စွာ ရပ်ကာ ဂါရ၀ပြုကြသည်။

သည့်နောက်ထားဝယ်ဆေးရုံကြီး အောက်စီဂျင်စက် ဖြစ်မြောက်ရေး အတွက် ထားဝယ်လူ့အခွင့်အရေးစောင့်ကြည့်
မှု ကွန်ရက်နှင့် လယ်သမားများ ကွန်ရက်တို့က အာဇာနည်ကြီးများအား ရည်စူးကာအလှူငွေ(၉၀၀၀၀၀)ကျပ် ကိုသွားရောက် လှူဒါန်းခဲ့ကြသည်။

ထားဝယ်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂနှင့် ၈၈မျိုးဆက် ကျောင်းသားများသည် ပခုက္ကူကျောင်းရှိ သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ ဘကကျောင်းသားများအတွက် ထောက်ပံ့လှူဒါန်ခြင်း
ထားဝယ်ကြယ်စင်လင်း လူငယ်တစ်စုမှလည်း ရွှေဂူကျောင်းဆရာတော်အား ၀ါဆိုသင်္ကန်း ကပ်လှူခြင်းနှင့်ဆွမ်းကြွေးခြင်း
များကို ကျင်းပကြသည်။(၁၀း၃၇)နာရီတွင် phone ringtone ဖြင့် ဥသြဆွဲခြင်းကိုလည်းပြုလုပ်ခဲ့ကြသည်။

by Myanmar News Now




Posted: 19 Jul 2013 02:05 AM PDT
ကျွန်ုပ်တို့ မြန်မာ တစ်မျိုးသားလုံး၏ ၀မ်းနည်းဖွယ်ကောင်းသည့် (၆၆)နှစ်မြောက် အာဇာနည်နေ့ 
(၁၉-ဇူလိုင်)တွင် ပြန်လည်ပြုလုပ်သင့်သော တစ်နိုင်ငံလုံး အနှံ ဥသြဆွဲ ဂုဏ်ပြုခြင်း အခမ်းအနား
ကို လက်ရှ အရပ်သား အစိုးရမှ ပြုလုပ်ရန် ပျက်ကွက်ခဲ့ပါသည်။






Posted: 19 Jul 2013 01:52 AM PDT
ကော့သောင်း ၊ဇူလိုင် ၁၉ ရက် ၊၂၀၁၃ ခုနှစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  မှ (၆၆)နှစ်မြောက်အာဇာနည်နေ့အထိမ်း
အမှတ် လွမ်းသူပန်းခွေချ အလေးပြု အခမ်းအနား ကို ဇူလိုင် (၁၉) ရက် နေ့ နံနက် (၉) နာရီက  ကော့သောင်းမြို့၊ဗိုလ်ချုပ် မြင်းစီးရုပ်တု ရှေ့တွင် ပြုလုပ်ကျင်းပသည်။

အခမ်းအနားတွင်  ကော့သောင်းမြို့ အမျိုးသားဒီမိုကရေစီချုပ် မှ အဖွဲ့အင်အား (၂၀၀) ဦးခန့်သည်  ကော့သောင်းမြို့ ၊ပုလဲလမ်း အမျိုးသားဒီမိုကရေစီချုပ်ရုံးေ
ရှ့ စုရပ် မှ ဗိုလ်ချုပ်လမ်း ဆုံ ရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တု ရှိရာသို့ စီတန်း လမ်းရှောက် လာကြပြီး နံနက် (၉) နာရီအချိန်တွင် ၊(၆၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် လွမ်းသူပန်းခွေချ  အလေးပြုခြင်း အစီအစဉ်ကိုပြုလုပ်သည်။

အဆိုပါ အခမ်းအနား အစီအစဉ်တွင် ရှေးဦးစွာ  ကော့သောင်းမြို့ ၊အမျိုးသားဒီမိုကရေစီအဖွဲချုပ်
မှ အဖွဲ့ဝင်များ သည်  နိုင်ငံတော်အလံ အား အလေးပြုကြသည်။ ဆက်လက်၍ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား  အလေးပြုကြပြီး ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် (၁)မီနစ် ငြိမ်သက်စွာ ဂါရ၀ပြုကြ ပြီး  လွမ်းသူပန်းခွေချ ကာ အစီအစဉ်ကိုနံနက် (၉း၂၀ )နာရီတွင်ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။

ကျော်စိုး

by Myanmar News Now

ကော့သောင်းမြို့ အာဇာနည်နေ့အခမ်းအနား မြင်ကွင်း - ဓါတ်ပုံ




Posted: 19 Jul 2013 01:44 AM PDT
၁၉.၇.၂၀၁၃တွင် ကျရောက်သည့် (၆၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို
မြ၀တီမြို့တွင် စည်ကားသိုက်မြို့က်စွာ ကျင်းပပြုလုပ်ခဲ့ ပါသည်။

အဆိုပါအခမ်းအနားသို့ လွှတ်တော် ကိုယ်စားလှယ်များ၊ ကျဆုံးသွားသော အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဆွေမျိုး မြေးမြစ်များ၊ မြို့နယ်စည်ပင်သာယာရေး အကျိုးဆောင်အဖွဲ့ မြို့မိ/မြို့ဖများ၊ စေတနာနာရေး ကူညီမှုအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဒေသခံ လုပ်ငန်းရှင်များ၊ ပါတီဝင်များ၊ အဖွဲ့အစည်း ၊အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ၊ ရပ်ကွက်သူ/သားများ၊
စုံညီစွာ တက်ရောက်ကျပြီး အခမ်းအနား အစီအစဉ်ကို မြ၀တီမြို့နယ်စာပေနှင့် စာနယ်ဇင်း ကောင်စီဥက္ကဌဦးသက်ဦးနိုင်မှ ဖတ်ကြား ပေးခဲ့ပါသည်။

ထို့နောက် နံနက်(၁၀း၃၇)နာရီအချိန်တွင် အခမ်းအနား အစီအစဉ်အလိုက် တက်ရောက်လာသူများမှ
အစီအစဉ်တကျ လွမ်းသူ့ပန်းခွေချ အလေးပြု ကျပြီးနောက် မြ၀တီမြို့ဘုရားကြီးကျောင်းတို
က်တွင်
ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ရည်စူး၍ သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်ကာ အခမ်းအနားကို အောင်မြင်စွာဖြင့် ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ မြ၀တီမြို့တွင်ရှိသော ကရင့်အမျိုးသား ခေါင်းဆောင် မန်းဘခိုင်၏ မြေးဖြစ်သူလည်း တက်ရောက်ခဲ့ ပါသည်။

အနှစ်(၂၀)ကျော် ကျင်းပခွင့်မရှိဘဲ ရပ်ထားခဲ့ရာမှ ပြန်လည်ကျင်းပပြုလုပ်ခွင့် ရရှိခဲ့တဲ့ အတွက် မြ၀တီမြို့သူ/သားများရဲ့ ရင်ထဲမှာ ဗိုလ်ချုပ်ကျဆုံးလို့ ၀မ်းနည်း ပူဆွေးရသလို အာဇာနည်နေ့ ပြန်လည်ကျင်းပခွင့်ပေးခဲ့တဲ့ အတွက်လည်း ၀မ်းသာပျော်ရွှင် နေကြကြောင်းတွေ့ရှိခဲ့ရပါသည်။

မြတ်ကို(ဒေါနမြေ)

by Myanmar News Now

 မြ၀တီမြို့ အာဇာနည်နေ့ အခမ်းအနား မြင်ကွင်း - ဓါတ်ပုံ




Posted: 19 Jul 2013 01:28 AM PDT
မြိတ်မြို့ ဇူလိုင်လ ၁၉ ရက်နေ့  အာဇာနည်နေ့ အခမ်းအနားအား နှစ်စဉ် အခမ်းအနားပြုလုပ်နေကြ   ခေတ်အဆက်ဆက်မှ အသက်သွေးပေးလှူသွားခဲ့သော အာဇာနည်များကို ဂုဏ်ပြုစိုက်ထူထားသည့် အာဇာနည် ကျောက်တိုင်တွင် လွမ်းသူပန်းခွေချ အလေးပြုခွင့် မရသဖြင့် ဗိုလ်ချုပ်ကြေးရုပ်တွင် အာဇာနည်နေ့အခမ်းအနားအား အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

အာဇာနည်နေ့ အခမ်းအနားချီတက်အလေးပြုမည့် အလံကိုင်အဖွဲ့ အတွင်းသို့ လူတစ်ဦး အတင်းပြေးဝင်လာပြီး နိင်ငံတော်အလံအား ဆုတ်ဖြဲရန် ကြိုးစားခဲ့ရာ အနည်းအကျဉ်း ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ရပါသည်။
ထိုသူအား ဘေးပါတ်ဝန်းကျင်ရှိ လုံခြုံရေးအဖွဲ့မှ အနီးရှိ တာဝန်ကျ ရဲများထံ အပ်နှံခဲ့ပါသည်။

အာဇာနည်နေ့အခမ်းအနားအား ဌာနဆိုင်ရာများ လုံးဝ တက်ရောက်ခြင်း မရှိပဲ ၊ မြိတ်မြို့နယ် NLD၊ မြိတ်ခရိုင် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၊ မြိတ်တက္ကသိုလ်များ ကျောင်းသားသမဂ္ဂ နှင့် အောင်မင်္ဂလာရပ်ကွက် ပြည်သူကိုယ်စားပြု လွမ်းသူပန်းခွေချ ချီတက်အလေးပြုခဲ့ရာတွင် ပြည်သူများအပါအဝင် စုစုပေါင်း လူထုအင်အား ၆၀၀ ကျော်ခန့် တပ်ဆင်ကြလျက် တက်ရောက် အလေးပြုခဲ့ပါသည်။

ကိုတုတ်

by Myanmar News Now

မြိတ်မြို့ အာဇာနည်နေ့ အခမ်းအနား  မြင်ကွင်း ဓါတ်ပုံများ






Posted: 18 Jul 2013 09:45 PM PDT
အင်းစိန်ထောင်အတွင်းရှိ အချုပ်သား နှစ်ဦးကို ထောင်ဝန်ထမ်းများက ရိုက်နှက်သည်ဟုစွပ်စွဲကာ အင်းစိန်ထောင်ဦးစီးနှင့် အချုပ်ခန်းသူကြီးတို့ကို အချုပ်သားတို့၏ ရှေ့နေက ဇူလိုင်လ ၁၈ ရက်တွင် အမှုဖွင့် တိုင်ကြားလိုက်သည်။ အချုပ်သားနှစ်ဦးသည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက တော်ဝင်သစ် စက်ရုံတွင်ဆန္ဒပြရာမှ အင်းစိန်ထောင်တွင် အချုပ်ကျနေခြင်းဖြစ်သည်။ ထိုသူတို့ကို ထောင်ဝန်ထမ်းက ရိုက်နှက်ခြင်းဖြစ်သည်ဟု ရှေ့နေ ကိုသူရိန်ထွန်းက ဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jul 2013 09:41 PM PDT
ကျောက်ဖြူမြို့နယ် လိပ်ခမော် ကျေးရွာအုပ်စု ရွာသစ်ကျေးရွာ၌ ဇူလိုင် ၉ ရက်တွင် ဖခင်ဖြစ်သူက မိမိ၏ရင်သွေးသားငယ် ခြောက်လခန့် အရွယ်အား လက်သီးဖြင့်ထိုးကာ လက်ဝါးဖြင့် ရိုက်သဖြင့်  သေဆုံး သွားခဲ့သည့်ဖြစ်စဉ် တစ်ခုဖြစ်ပွား ခဲ့သည်။ အခင်းဖြစ်ရပ်သို့ စခန်းမှူး ရဲအုပ်စိုးကျော်နှင့် တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ ကလေးမိခင် မအောင်စံထွေးက---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jul 2013 09:33 PM PDT
မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်ကစပြီး သက်ကြီးရွယ်အို ဦးရေက အလုပ်လုပ်တဲ့အရွယ်ဦးရေထက်ပိုများ လာ တော့မှာမို့ လက်ရှိစီးပွားရေး နဲ့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေကို အရှိန်မြှင့်ဆောင်ရွက်ဖို့လိုပြီလို့ OECD ခေါ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ အစီရင်ခံစာက ဆိုပါတယ်။ လက်ရှိ လူဦးရေ (၅၉ )သန်းဝန်းကျင်ရှိတဲ့ မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်ကျရင် အသက် (၁၀) ကနေ (၆၄) နှစ်ကြား လူဦးရေဟာ ကျဆင်းသွားမယ်လို့ ကုလသမဂ္ဂ စာရင်းဇယားတစ်ခုက ဖော်ပြပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 18 Jul 2013 09:27 PM PDT
ဧရာဝတီတိုင်း ဒေသကြီး ၊ ကျောင်းကုန်းမြို့ ၊အမှတ်(၂)ရပ်ကွက် ၊ အမျိုးသားဒီမိုကရေစီ ရုံးတွင်နံနက်(၈း၀၀) အချိန်မှစ၍ အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် အလေးပြုခြင်း အခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ကျင်းပ လျှက်ရှိပါသည်။

အခမ်းအနားသို့ လူဦးရေ (၂၀၀)ခန့်တက်ရောက်ခဲ့ပြီး ဒေါက်တာသောင်းထွန်းမှ အမှာစကားပြောကြား ခဲ့ပါသည်။

အခမ်းအနားကို နံနက်(၈း၀၀) အချိန်စတင်ခဲ့ပြီး နံနက်(၁၀း၃၀)ထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါသည်။

by Myanmar News Now

ကျောင်းကုန်းမြို့ အာဇာနည်နေ့ အခမ်းအနား


Posted: 18 Jul 2013 09:14 PM PDT
မုံရွာမြို့မှ ကလေး-တမူးသို့ ပြေးဆွဲနေသော ရွှေမြန်မာ လူစီးမှန်လုံယာဉ်ပေါ်တွင် ကျွန်းသစ်ခွဲသားများနှင့် အိန္ဒိယ ကုန်ပစ္စည်းများ အကောက်ခွန်မဲ့ သယ်ဆောင်လာမှုကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးမိခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ “ကားပေါ်မှာ ကျွန်းသစ်ခွဲသားတွေ ပါတဲ့အတွက် ဖမ်းဆီးလိုက်တာပါ။ အိန္ဒိယနိုင်ငံက ထုတ်တဲ့မုန့်မျိုးစုံနဲ့ အနံ့ဆီလို့ဆိုရမယ့် ပုလင်းတွေကိုလည်း အကောက်ခွန်မဲ့ တင်လာတဲ့အတွက် အကောက်ခွန် အရာရှိတွေကို ခေါ်ပြီးစစ်ဆေးနေပါတယ်” ဟု ဖမ်းဆီးရမိသည့် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 18 Jul 2013 09:10 PM PDT
ပဲခူးတိုင်း (အနောက်ပိုင်းဒေသကြီး)၊ ပြည်မြို့တွင် ဇူလိုင်၁၉ ရက်နေ့၌ ကျရောက်မည့် အာဇာနည်နေ့တွင် မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်၌ ပန်းခွေချသူကို သက်ဆိုင်ရာ ဥပဒေအရ အရေးယူမည် ဖြစ်ပြီး အခမ်းအနားအတွက် အများပြည်သူလူထု စီတန်းလှည့်လည်မှု့ကို ခွင့်ပြုမည် မဟုတ်ကြောင်း ပြည်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအံ့မော်က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jul 2013 08:58 PM PDT

၆၆နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အာဇာနည်ဗိမာန်မြင်ကွင်း

၆၆နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အာဇာနည်ဗိမာန်မြင်ကွင်း (၂)
၆၆နှစ်မြောက် အာဇာနည်နေ့အခမ်းအနားမှာတွေ့ရတဲ့ အာဇာနည်ခေါင်းဆောင်ကြီး မိုင်းပွန်စော်ဘွာစပ်စံထွန်း မိသားစု
၆၆နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာတွေ့ရတဲ့ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိသားစု

၆၆နှစ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ တွေ့ရတဲ့ ကရင်အာဇာနည် ခေါင်းဆောင်ကြီး မန်းဘခိုင် မိသားစု

၆၆နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အာဇာနည်ဗိမာန်မြင်ကွင်း (၃)
၆၆နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အာဇာနည်ဗိမာန်မြင်ကွင်း (၄)

၆၆နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ဒု-သမ္မတ စိုင်းမောက်ခမ်း တက်ရောက် လွမ်းသူပန်းခွေချ။
၆၆နှစ်မြောက် အာဇာနည်နေ့အခမ်းအနားက အာဇာနည်ခေါင်းဆောင်ကြီး သခင်မြမိသားစု။
၆၆နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အာဇာနည်ဗိမာန်မှာ ဒေါ်အောင်ဆန်းစုကြည် လွမ်းသူပန်းခွေချ ဂုဏ်ပြုစဉ်။

၆၆နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အာဇာနည်ဗိမာန်မြင်ကွင်း (၅)

Posted: 18 Jul 2013 08:40 PM PDT
ဇူလိုင်လ (၁၉)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 18 Jul 2013 08:38 PM PDT
ဇူလိုင်လ (၁၉)ရက်နေ့ ထုတ် မဇ္ဈိမ နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...