“၀ိနည်း-ကကြီးကခွေး”
Author: lubo601 |
4:49 PM |
No မှတ်ချက် |
လူတို့ ၏ဥပဒေတွင် ရာဇ၀တ်မှု၊ တရားမမှုဟူ၍ ရှိသကဲ့သို့  ၀ိနည်းဒေသနာတွင် ဂရုကနှင့်လဟုက ဟူသည့် အာပတ် သို့ မဟုတ် အပြစ် ၂ မျိုးရှိ၏။
“ပါရာဇိကလေးပါး”
ဂရုက သို့ မဟုတ်ကြီးလေးသော အာပတ်မှာ ပါရာဇိက အာပတ်ဖြစ်၏။ ပါရာဇိက ဟူသည်
ကျူးလွန်သည့်ခဏပင် ရဟန်းအဖြစ်မှချက်ချင်းလက်ငင်းလျှောကျစေသည့်
အကြီးဆုံးဝိနည်းသိက္ခာပုဒ် ဖြစ်၏။ ပါရာဇိက ကျပြီးသော သူသည် ဤဘ၀တွင်
ရဟန်းပြန်ဖြစ်ခွင့်မရှိပြီ။ ထန်းလည်ပြတ် အုန်းလည်ပြတ်တို့ ကဲ့သို
့ပင်ဖြစ်၏ဟု ဥပမာပေးလေ့ရှိ၏။ ဤအာပတ်ကို ဖြေရန်ကားအခြားနည်းမရှိ။
ရဟန်းအဖြစ်ကို စွန့် လွှတ်ရ၏။ ရဟန်းအဖြစ်ကို စွန့် လွှတ်၍ ရှင်သာမဏေ (သို
့မဟုတ်) ကိုရင်ကြီးဘ၀ဖြင့်နေခွင့်ရှိ၏။ သာမဏေဘ၀ဖြင့် လည်းကောင်း
လူဝတ်ကြောင်ဘ၀ဖြင့်လည်းကောင်း တရားဓမ္မ ကိုကျင့်သော် အရဟတ္တဖိုလ်တိုင်အောင်
ရရှိနိုင်သေး၏။ ရဟန္တာဖြစ်နိုင်ခွင့်ရှိ၏။ ပါရာဇိက သိက္ခာပုဒ်လေးပါးရှိ၍ ၎င်းတို
့မှာ-
၁။ လူသတ်မှု (Murder)
ရဟန်းတစ်ပါးသည် လူ၏
အသက်ကိုသတ်က (murder) “ပါရာဇိက” ကျ၏။ အခြားသော လူမဟုတ်သည့် အသက်သတ်ခြင်းကား
(killing) “လဟုက” အာပတ်သာသင့်၏…ဥပမာ “ပါစိတ်” အာပတ်။ ဤ
သိက္ခာပုဒ်ချိုးဖေါက်မှုမြောက်ရန်အတွက်မူ အင်္ဂါသုံးရပ်လိုအပ်၏။ ၁)
သေစေလိုသော စေတနာရှိခြင်း ၂) သေစေရန်အားထုတ်ခြင်း ၃) အားထုတ်သည့်အတိုင်း
သေစေလိုသူသေဆုံးခြင်း။ ဤတွင် မှတ်ရန်မှာ ရဟန်းတစ်ပါးသည် လူတစ်ဦးအား
သေစေလိုသဖြင့် ကြေးစားလူသတ်သမားငှား၍ သတ်ခိုင်းရာတွင် ၎င်းခိုင်းစေသည့်အတိုင်း
ကြေးစားလူသတ်သမားမှ မသတ်ဖြတ်၊ အခြားနည်းဖြင့် သတ်ဖြတ်၍ တရားခံသေဆုံးပါက
ပါရာဇိကမကျ။ ဥပမာ- ဒါးဖြင့်ခုတ်သတ်ခိုင်းသည်ကို သေနတ်ဖြင့် ပစ်သတ်သော် လူ
့ဥပဒေတွင်မူ လူသတ်မှုမြောက်သော်လည်း ၀ိနည်းတွင် ပါရာဇိက မကျ။ ဤသိက္ခာပုဒ်သည်
ရှင်ဝက္ကလိရဟန်းကို အကြောင်းပြု၍ ပညတ်တော်မူသည်။ (အမှတ်မှားနိုင်ပါသည်)
၂) ခိုးမှု (Theft)
လူတို့ ၏ ဥပဒေ၌ သာမန်ခိုးမှု (minor theft) သည် ၀ိနည်းတွင် ကြီးလေးသည့်
ဂရုက အာပတ်၊ ပါရာဇိက ဖြစ်၏။ အတိအကျဆိုရသော်…ရဟန်းတစ်ပါးသည် အခြားသူ၏
ရွှေစင်တမတ် ငွေငါးကျပ်ထိုက်သော ပစ္စည်းဥစ္စာကိုခိုးယူပါက ပါရာဇိက ကျ၏။
ဤတွင်လည်း အင်္ဂါသုံးပါးမှာ ၁) ယူလိုသော စိတ်ရှိခြင်း ၂)
အခြားသူ၏ပိုင်ဆိုင်မှုဟူ၍လည်း သိခြင်း ၃) ပိုင်ရှင်၏ ခွင့်ပြုချက်မရပဲ
ယူငင်ခြင်း။ ဥပမာ…သီတင်းသုံးဖေါ်ရဟန်း အချင်းချင်းတွင် အခြားရဟန်းတစ်ပါး၏
သပိတ်ကို ပိုင်ရှင်မသိပဲ ယူလိုသောစိတ်ဖြင့်ယူ၍ အသုံးပြုအံ့..။
ပိုင်ရှင်ရဟန်းနောင်မှသိ၍ မကျေနပ်၊ ခွင့်မပြုသော်…. ၎င်းသပိတ်သည် ရွှေစင်တစ်မတ်
ငွေငါးကျပ်ထိုက်တန်က… မူလတည်ရှိနေရာမှ သပိတ်သည်ရွေ့ 
သည်နှင့်တပြိုင်နက်.. ဤပါရာဇိက သိက္ခာပုဒ်ကျိုးတော့၏။ ဤသို့ ခိုးယူရာ၌
စာရင်းစစ်နည်းအစရှိသော အခြားသော ခိုးယူနည်းအမျိုးမျိုးတို့ ပါ အကျုံးဝင်၏။
ထို့ ကြောင့် ဤ သိက္ခာပုဒ်သည်များစွာ သိမ်မွေ့ သဖြင့် အမှတ်သတိမရှိသူအဖို
့အလွယ်တကူချိုးဖေါက်နိုင်သော ကာယကံရှင်ကိုယ်၌ပင်လျှင်
မသိလိုက်မသိဖာသာကျူးလွန်နိုင်သည့် အန္တရာယ်ကြီးလှသည့် သိက္ခာပုဒ်ဖြစ်၏။
ဤသိက္ခာပုဒ်သည် ကောသလမင်းပိုင်ဆိုင်သော သစ်လုံးများကို
ကျောင်းဆောက်ရန်အသုံးပြုသည့် တောကျောင်းရဟန်းတစ်ပါးကို အကြောင်းပြု၍
ပညတ်ရခြင်းဖြစ်၏။
၃) လိင်ဆက်ဆံမှု (Sexual Intercourse)
ရဟန်းတစ်ပါးသည် ၎င်း၏လိင်အင်္ဂါအား အပေါက်တစ်ခု (သို့ ) လမ်းကြောင်းတစ်ခု (မဂ်)
အတွင်းသို့ လှုံ့ ဆော်သော စေတနာဖြင့် ထိုးသွင်းသည်ဖြစ်၍
သာယာမှုကိုခံစားသော် နှမ်းစေ့တထောက်ပင်ဝင်ငြားအံ့၊ ပါရာဇိကကျ၏။ ဤ၌
အပေါက်ဟူသည် အားလုံးသော ကြွက်သားအပေါက်တို့ ကိုဆိုလို၏။
မျောက်မကိုမွေး၍မှီဝဲသော တောကျောင်းဘုန်းကြီး၊
လူသေမိန်းမအလောင်းကိုမှီဝဲသောရဟန်း စသည်တို့ ကြောင့် အဆုံးတွင် ပါးစပ်ပေါက်
(oral sex) ၊နားပေါက်၊ အနာပေါက်..တိရစ္ဆာန်အမ အစရှိသည့်..မည်သို့ သော
အပေါက်တို့ ကိုမဆို လိင်အင်္ဂါကို ထဲ့သွင်း၍ သာယာသည်နှင့်တပြိုင်နက် ပါရာဇိက
ကျသည်ဟုပညတ်ရ၏။ ခါးရိုးပျော့၍ မိမိ၏ လိင်အင်္ဂါကို ပင် မိမိပါးစပ်ဖြင့်
စုပ်ခြင်းသည်ပင်လျှင် ပါရာဇိက ကျ၏။ ဘိက္ခုနီ (ရဟန်းမိန်းမ) တို့ ၏
သိက္ခာပုဒ်သည် ပို၍ပင်ပြင်းထန်သေး၏။ ပေါင်တွင်းကြားကို လက်ဖ၀ါးဖြင့်
ပွတ်သပ်၍သာယာသည်နှင့်တပြိုင်နက် ဤသိက္ခာပုဒ်ကျိုး၍ ပါရာဇိက ကျ၏။ ဤ၌
မှတ်ရန်မှာ ၁) လုံ့ လပြုသောစိတ် ၂) ဆက်ဆံရန်အားထုတ်ခြင်းနှင့် ၃) သာယာခြင်း
တို့ ဖြစ်၏။
အခါတပါး၌တောကျောင်းနေ ရဟန်းတစ်ပါးသည်
တရားအားထုတ်ရင်း အိပ်ပျော်သွားရာ ၎င်းကို ထင်းခွေမိန်းမ တစ်ယောက်မြင်တွေ့ ၍
အပေါ်မှ ခွလျှက်ဆက်ဆံ၏။ ရဟန်းလည်း နိုးလာသဖြင့် အဖြစ်အပျက်ကိုမြင်သော်
ကြောက်အားလန့် အားဖြင့် ထင်းခွေမိန်းကို ကန်ကျောက်၍ လူးလဲထ၏။ ထို့ နောက်
ဘုရားရှင်ထံသို့ သွား၍ ပါရာဇိက ကျမကျမေးသော် သာယာမှုရှိပါသလားဟု ဗုဒ္ဓမှ
ပြန်လည်စစ်ဆေးမေးမြန်း၏။ အိပ်ပျော်နေသဖြင့် မသိလိုက်ပါဟုဖြေသော်
ပါရာဇိကမကျဟု ပညတ်၏။ သည့်အတွက် တောကျောင်းနေရဟန်းတို့ နေ့ အခါ အိပ်စက်သော်
အခန်းတစ်ပါးကို ပိတ်၍ အိပ်ရန် သိက္ခာပုဒ်တစ်ခု ထပ်မံ၍ ပညတ်ရ၏။
၎) မုသာဝါဒ (lying)
မုသားပြောတိုင်း ပါရာဇိက မကျ၊ ပါရာဇိက ကျစေလောက်သော
လိမ်လည်ပြောဆိုခြင်းဟူသည် ဥုတ္တမပုရိသဓမ္မ ဟုခေါ်သည့်
ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တို့ ရရှိသည့် ဈန်၊ မဂ်၊ ဖိုလ်တရားတို့ နှင့်စပ်၍
မုသားပြောဆိုမှသာ ပါရာဇိကကျ၏။ အခြားသော မုသား ပြောဆိုခြင်းတို့ ကား
ပါစိတ်အာပတ်သာသင့်၏။ ဤတွင်မှတ်ရန်မှာ ၁) မိမိ၌တရားထူးတရားမြတ်တို
့မရှိသေးသည်ကိုမိမိကိုယ်တိုင်သိခြင်း ၂) ဤသို့ သိလျှက်ပင်အခြားသူအား
အမှားကိုယုံကြည်ရန်အားထုတ်ခြင်း ၃) ပြောဆိုသည့်အတိုင်း
အခြားသူမှယုံကြည်ခြင်း ။
ဤသိက္ခာပုဒ်သည်လည်း ဒုတိယသိက္ခာပုဒ်ကဲ့သို့ ပင်
များစွာသိမ်မွေ့ လှ၍ အလွယ်တကူချိုးဖောက်နိုင်သောသိက္ခာပုဒ်ဖြစ်၏။ အထူးသဖြင့်
တရားကျင့်သော ပုဂ္ဂိုလ်များ၊ ရိပ်သာဆရာတော်များ အထူးသတိပြုရသည့်
သိက္ခာပုဒ်ဖြစ်၏။ သဒ္ဓါလွန်ကဲသော တကာ၊တကာမများမှ မိမိအား
တရားထူးတစ်ခုရရှိပြီးသည့်အနေအထားဖြင့် ပြောဆိုကိုးကွယ်မှုများအား
သာယာမိသောခဏ၌ ဤသိက္ခာပုဒ်ချိုးပျက်နိုင်ခြေများလှ၏။ ဤသိက္ခာပုဒ်ရှိ
မုသားပြောဆိုခြင်းဟူရာတွင် နှုတ်ဖြင့်ပြောဆိုမှု (verbally) သာမက အခြားသော
ကိုယ်အမူအရာဖြင့်ဖေါ်ပြခြင်း၊ စာဖြင့်ရေးသားခြင်း၊ သတင်းထုတ်ပြန်ခြင်း
အစရှိသည့် ဆက်သွယ်ပြောဆိုသည့်နည်းလမ်းအားလုံး (communications) ဖြင့်
မမှန်သည်ကို အမှန်ထင်အောင်လုပ်ခြင်းအားလုံးပါဝင်၏။ ဘုရားရှင်ကမူ
ဤသိက္ခာပုဒ်ကို ကျူးလွန်သူသည် သင်တုန်းဒါးထက်ထက်ဖြင့် လူအရာအထောင်ကို
လိုက်လံခုတ်ပိုင်းသတ်ဖြတ်နေသော လူသတ်သမားထက် ပို၍ပင်ကြောက်စရာကောင်းသည်ဟု
ပညတ်၏။
ခြုံ၍ကြည့်လျှင် ရဟန်းတို့ ၏ ပါရာဇိက လေးပါးသည် လူတို့ ၏
ငါးပါးသီလကိုအခြေခံထားသည်ကိုတွေ့ ရမည်ဖြစ်၏။ သို့ သော် လူ
့ငါးပါးသီလတွင်ပါဝင်သော အရက်သေစာသောက်စားခြင်းအမှုသည် ရဟန်းတို့ အတွက်
ပါစိတ်အာပတ်သာဖြစ်၏။ ပါရာဇိကမဟုတ်သည်ကို သတိပြုရမည်ဖြစ်၏။ မည်သို့ ဆိုစေ
“အရဟဓဇ “ ဟူသည့်မြင့်မြတ်သည့် သင်္ကန်းကို ၀တ်ရုံထားသော ရဟန်းတို့ အဖို
့ပါရာဇိကလေးပါးသာမက အခြားသော သံဃာဒိသ်၊ ပါစိတ်၊ ဒုကဋ္ဋ် အစရှိသည့် စုစုပေါင်း
၂၂ရ သွယ်သောသက္ခိာ ပုဒ်တို့ နှင့်တကွ သေခိယ ကျင့်ဝတ်များပါ
အားလုံးပြည့်စုံနိုင်သမျှပြည့်စုံအောင် ထိမ်းသိမ်းနိုင်ပါက
အကောင်းဆုံးဖြစ်၏။ သို့ မှသာ သီလစင်ကြယ်၍ (သီလ၀ိသုဒ္ဓိ) စိတ်တည်ကြည်ကာ
(သမာဓိဝိသုဒ္ဓိ)၊ တရားထူးတရားမြတ် ကို (ပညာဝိသုဒ္ဓိ) ရရှိနိုင်မည်ဖြစ်၏။
ကိုးကွယ်ဆည်းကပ်သူ တကာ၊တကာမတို့ အနေနှင့်လည်း အပ်ဖျားထိပ်တွင်
မုန်ညင်းစေ့တင်ထားရသကဲ့သို့ စောင့်ထိမ်းရသော အဖြစ်ကို ကိုယ်ချင်းစာနိုင်ဖို
့လို၏။ ပုထုဇဉ်ရဟန်းတို့ ၏ သေးငယ်သော အပစ်ကို ပုံကြီးချဲ့ ၍ ပါရာဇိက
ကျသယောင်ယောင် ပြောဆို၍ ငရဲ ယူနေမည့်အစား သာ့သနာ့မိခင်၊ ဖခင် စိတ်ထားဖြင့်
“မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊ဘေးရန်ဆီးကာ” နိုင်သည့် သဒ္ဓါတရား၊
ပညာအားတို့ ပြည့်ဝနေစေရန်လိုအပ်၏။ သို့ မဟုတ်လျှင်မိမိ၏ ကာယကံမှု၊
ဝစီကံမှုတို့ ဖြင့် “သံဃဘေဒက” ခေါ်သည့် သံဃာသင်းခွဲသည့်ဘေးကြီးကို
အလိုအလျောက်ရင်ဝင်ပိုက်မိနိုင်သည့်အဖြစ်ကို ရောက်နိုင်ပေ၏။ လူ
့လောကီနိုင်ငံရေးကိုအကြောင်းပြုကာ ပုဂ္ဂိုလ်ရေးအားဖြင့် (individually)
မကျေနပ်သည်ကို “သံဃာက မှိုင်းတိုက်နေသည်” အစရှိသည့် သံဃာတဖွဲ့ လုံး
(institutionally) ကိုစော်ကားသည့် စကားများအား သတိလက်လွတ်၍
အလွန်အကျွံပြောဆိုမိပါက ၀စီဘေဒ ထိတိုင်းရှနိုင်သည့် အဖြစ်ကို
ရှောင်ကျဉ်နိုင်ရန် ရေးသားလိုက်ရပါကြောင်း…
“ပါရာဇိကလေးပါး”
ဂရုက သို့ မဟုတ်ကြီးလေးသော အာပတ်မှာ ပါရာဇိက အာပတ်ဖြစ်၏။ ပါရာဇိက ဟူသည် ကျူးလွန်သည့်ခဏပင် ရဟန်းအဖြစ်မှချက်ချင်းလက်ငင်းလျှောကျစေသည့် အကြီးဆုံးဝိနည်းသိက္ခာပုဒ် ဖြစ်၏။ ပါရာဇိက ကျပြီးသော သူသည် ဤဘ၀တွင် ရဟန်းပြန်ဖြစ်ခွင့်မရှိပြီ။ ထန်းလည်ပြတ် အုန်းလည်ပြတ်တို့ ကဲ့သို့ ပင်ဖြစ်၏ဟု ဥပမာပေးလေ့ရှိ၏။ ဤအာပတ်ကို ဖြေရန်ကားအခြားနည်းမရှိ။ ရဟန်းအဖြစ်ကို စွန့် လွှတ်ရ၏။ ရဟန်းအဖြစ်ကို စွန့် လွှတ်၍ ရှင်သာမဏေ (သို့ မဟုတ်) ကိုရင်ကြီးဘ၀ဖြင့်နေခွင့်ရှိ၏။ သာမဏေဘ၀ဖြင့် လည်းကောင်း လူဝတ်ကြောင်ဘ၀ဖြင့်လည်းကောင်း တရားဓမ္မ ကိုကျင့်သော် အရဟတ္တဖိုလ်တိုင်အောင် ရရှိနိုင်သေး၏။ ရဟန္တာဖြစ်နိုင်ခွင့်ရှိ၏။ ပါရာဇိက သိက္ခာပုဒ်လေးပါးရှိ၍ ၎င်းတို့ မှာ-
၁။ လူသတ်မှု (Murder)
ရဟန်းတစ်ပါးသည် လူ၏ အသက်ကိုသတ်က (murder) “ပါရာဇိက” ကျ၏။ အခြားသော လူမဟုတ်သည့် အသက်သတ်ခြင်းကား (killing) “လဟုက” အာပတ်သာသင့်၏…ဥပမာ “ပါစိတ်” အာပတ်။ ဤ သိက္ခာပုဒ်ချိုးဖေါက်မှုမြောက်ရန်အတွက်မူ အင်္ဂါသုံးရပ်လိုအပ်၏။ ၁) သေစေလိုသော စေတနာရှိခြင်း ၂) သေစေရန်အားထုတ်ခြင်း ၃) အားထုတ်သည့်အတိုင်း သေစေလိုသူသေဆုံးခြင်း။ ဤတွင် မှတ်ရန်မှာ ရဟန်းတစ်ပါးသည် လူတစ်ဦးအား သေစေလိုသဖြင့် ကြေးစားလူသတ်သမားငှား၍ သတ်ခိုင်းရာတွင် ၎င်းခိုင်းစေသည့်အတိုင်း ကြေးစားလူသတ်သမားမှ မသတ်ဖြတ်၊ အခြားနည်းဖြင့် သတ်ဖြတ်၍ တရားခံသေဆုံးပါက ပါရာဇိကမကျ။ ဥပမာ- ဒါးဖြင့်ခုတ်သတ်ခိုင်းသည်ကို သေနတ်ဖြင့် ပစ်သတ်သော် လူ့ ဥပဒေတွင်မူ လူသတ်မှုမြောက်သော်လည်း ၀ိနည်းတွင် ပါရာဇိက မကျ။ ဤသိက္ခာပုဒ်သည် ရှင်ဝက္ကလိရဟန်းကို အကြောင်းပြု၍ ပညတ်တော်မူသည်။ (အမှတ်မှားနိုင်ပါသည်)
၂) ခိုးမှု (Theft)
လူတို့ ၏ ဥပဒေ၌ သာမန်ခိုးမှု (minor theft) သည် ၀ိနည်းတွင် ကြီးလေးသည့် ဂရုက အာပတ်၊ ပါရာဇိက ဖြစ်၏။ အတိအကျဆိုရသော်…ရဟန်းတစ်ပါးသည် အခြားသူ၏ ရွှေစင်တမတ် ငွေငါးကျပ်ထိုက်သော ပစ္စည်းဥစ္စာကိုခိုးယူပါက ပါရာဇိက ကျ၏။ ဤတွင်လည်း အင်္ဂါသုံးပါးမှာ ၁) ယူလိုသော စိတ်ရှိခြင်း ၂) အခြားသူ၏ပိုင်ဆိုင်မှုဟူ၍လည်း သိခြင်း ၃) ပိုင်ရှင်၏ ခွင့်ပြုချက်မရပဲ ယူငင်ခြင်း။ ဥပမာ…သီတင်းသုံးဖေါ်ရဟန်း အချင်းချင်းတွင် အခြားရဟန်းတစ်ပါး၏ သပိတ်ကို ပိုင်ရှင်မသိပဲ ယူလိုသောစိတ်ဖြင့်ယူ၍ အသုံးပြုအံ့..။ ပိုင်ရှင်ရဟန်းနောင်မှသိ၍ မကျေနပ်၊ ခွင့်မပြုသော်…. ၎င်းသပိတ်သည် ရွှေစင်တစ်မတ် ငွေငါးကျပ်ထိုက်တန်က… မူလတည်ရှိနေရာမှ သပိတ်သည်ရွေ့  သည်နှင့်တပြိုင်နက်.. ဤပါရာဇိက သိက္ခာပုဒ်ကျိုးတော့၏။ ဤသို့ ခိုးယူရာ၌ စာရင်းစစ်နည်းအစရှိသော အခြားသော ခိုးယူနည်းအမျိုးမျိုးတို့ ပါ အကျုံးဝင်၏။ ထို့ ကြောင့် ဤ သိက္ခာပုဒ်သည်များစွာ သိမ်မွေ့ သဖြင့် အမှတ်သတိမရှိသူအဖို့ အလွယ်တကူချိုးဖေါက်နိုင်သော ကာယကံရှင်ကိုယ်၌ပင်လျှင် မသိလိုက်မသိဖာသာကျူးလွန်နိုင်သည့် အန္တရာယ်ကြီးလှသည့် သိက္ခာပုဒ်ဖြစ်၏။ ဤသိက္ခာပုဒ်သည် ကောသလမင်းပိုင်ဆိုင်သော သစ်လုံးများကို ကျောင်းဆောက်ရန်အသုံးပြုသည့် တောကျောင်းရဟန်းတစ်ပါးကို အကြောင်းပြု၍ ပညတ်ရခြင်းဖြစ်၏။
၃) လိင်ဆက်ဆံမှု (Sexual Intercourse)
ရဟန်းတစ်ပါးသည် ၎င်း၏လိင်အင်္ဂါအား အပေါက်တစ်ခု (သို့ ) လမ်းကြောင်းတစ်ခု (မဂ်) အတွင်းသို့ လှုံ့ ဆော်သော စေတနာဖြင့် ထိုးသွင်းသည်ဖြစ်၍ သာယာမှုကိုခံစားသော် နှမ်းစေ့တထောက်ပင်ဝင်ငြားအံ့၊ ပါရာဇိကကျ၏။ ဤ၌ အပေါက်ဟူသည် အားလုံးသော ကြွက်သားအပေါက်တို့ ကိုဆိုလို၏။ မျောက်မကိုမွေး၍မှီဝဲသော တောကျောင်းဘုန်းကြီး၊ လူသေမိန်းမအလောင်းကိုမှီဝဲသောရဟန်း စသည်တို့ ကြောင့် အဆုံးတွင် ပါးစပ်ပေါက် (oral sex) ၊နားပေါက်၊ အနာပေါက်..တိရစ္ဆာန်အမ အစရှိသည့်..မည်သို့ သော အပေါက်တို့ ကိုမဆို လိင်အင်္ဂါကို ထဲ့သွင်း၍ သာယာသည်နှင့်တပြိုင်နက် ပါရာဇိက ကျသည်ဟုပညတ်ရ၏။ ခါးရိုးပျော့၍ မိမိ၏ လိင်အင်္ဂါကို ပင် မိမိပါးစပ်ဖြင့် စုပ်ခြင်းသည်ပင်လျှင် ပါရာဇိက ကျ၏။ ဘိက္ခုနီ (ရဟန်းမိန်းမ) တို့ ၏ သိက္ခာပုဒ်သည် ပို၍ပင်ပြင်းထန်သေး၏။ ပေါင်တွင်းကြားကို လက်ဖ၀ါးဖြင့် ပွတ်သပ်၍သာယာသည်နှင့်တပြိုင်နက် ဤသိက္ခာပုဒ်ကျိုး၍ ပါရာဇိက ကျ၏။ ဤ၌ မှတ်ရန်မှာ ၁) လုံ့ လပြုသောစိတ် ၂) ဆက်ဆံရန်အားထုတ်ခြင်းနှင့် ၃) သာယာခြင်း တို့ ဖြစ်၏။
အခါတပါး၌တောကျောင်းနေ ရဟန်းတစ်ပါးသည် တရားအားထုတ်ရင်း အိပ်ပျော်သွားရာ ၎င်းကို ထင်းခွေမိန်းမ တစ်ယောက်မြင်တွေ့ ၍ အပေါ်မှ ခွလျှက်ဆက်ဆံ၏။ ရဟန်းလည်း နိုးလာသဖြင့် အဖြစ်အပျက်ကိုမြင်သော် ကြောက်အားလန့် အားဖြင့် ထင်းခွေမိန်းကို ကန်ကျောက်၍ လူးလဲထ၏။ ထို့ နောက် ဘုရားရှင်ထံသို့ သွား၍ ပါရာဇိက ကျမကျမေးသော် သာယာမှုရှိပါသလားဟု ဗုဒ္ဓမှ ပြန်လည်စစ်ဆေးမေးမြန်း၏။ အိပ်ပျော်နေသဖြင့် မသိလိုက်ပါဟုဖြေသော် ပါရာဇိကမကျဟု ပညတ်၏။ သည့်အတွက် တောကျောင်းနေရဟန်းတို့ နေ့ အခါ အိပ်စက်သော် အခန်းတစ်ပါးကို ပိတ်၍ အိပ်ရန် သိက္ခာပုဒ်တစ်ခု ထပ်မံ၍ ပညတ်ရ၏။
၎) မုသာဝါဒ (lying)
မုသားပြောတိုင်း ပါရာဇိက မကျ၊ ပါရာဇိက ကျစေလောက်သော လိမ်လည်ပြောဆိုခြင်းဟူသည် ဥုတ္တမပုရိသဓမ္မ ဟုခေါ်သည့် ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တို့ ရရှိသည့် ဈန်၊ မဂ်၊ ဖိုလ်တရားတို့ နှင့်စပ်၍ မုသားပြောဆိုမှသာ ပါရာဇိကကျ၏။ အခြားသော မုသား ပြောဆိုခြင်းတို့ ကား ပါစိတ်အာပတ်သာသင့်၏။ ဤတွင်မှတ်ရန်မှာ ၁) မိမိ၌တရားထူးတရားမြတ်တို့ မရှိသေးသည်ကိုမိမိကိုယ်တိုင်သိခြင်း ၂) ဤသို့ သိလျှက်ပင်အခြားသူအား အမှားကိုယုံကြည်ရန်အားထုတ်ခြင်း ၃) ပြောဆိုသည့်အတိုင်း အခြားသူမှယုံကြည်ခြင်း ။
ဤသိက္ခာပုဒ်သည်လည်း ဒုတိယသိက္ခာပုဒ်ကဲ့သို့ ပင် များစွာသိမ်မွေ့ လှ၍ အလွယ်တကူချိုးဖောက်နိုင်သောသိက္ခာပုဒ်ဖြစ်၏။ အထူးသဖြင့် တရားကျင့်သော ပုဂ္ဂိုလ်များ၊ ရိပ်သာဆရာတော်များ အထူးသတိပြုရသည့် သိက္ခာပုဒ်ဖြစ်၏။ သဒ္ဓါလွန်ကဲသော တကာ၊တကာမများမှ မိမိအား တရားထူးတစ်ခုရရှိပြီးသည့်အနေအထားဖြင့် ပြောဆိုကိုးကွယ်မှုများအား သာယာမိသောခဏ၌ ဤသိက္ခာပုဒ်ချိုးပျက်နိုင်ခြေများလှ၏။ ဤသိက္ခာပုဒ်ရှိ မုသားပြောဆိုခြင်းဟူရာတွင် နှုတ်ဖြင့်ပြောဆိုမှု (verbally) သာမက အခြားသော ကိုယ်အမူအရာဖြင့်ဖေါ်ပြခြင်း၊ စာဖြင့်ရေးသားခြင်း၊ သတင်းထုတ်ပြန်ခြင်း အစရှိသည့် ဆက်သွယ်ပြောဆိုသည့်နည်းလမ်းအားလုံး (communications) ဖြင့် မမှန်သည်ကို အမှန်ထင်အောင်လုပ်ခြင်းအားလုံးပါဝင်၏။ ဘုရားရှင်ကမူ ဤသိက္ခာပုဒ်ကို ကျူးလွန်သူသည် သင်တုန်းဒါးထက်ထက်ဖြင့် လူအရာအထောင်ကို လိုက်လံခုတ်ပိုင်းသတ်ဖြတ်နေသော လူသတ်သမားထက် ပို၍ပင်ကြောက်စရာကောင်းသည်ဟု ပညတ်၏။
ခြုံ၍ကြည့်လျှင် ရဟန်းတို့ ၏ ပါရာဇိက လေးပါးသည် လူတို့ ၏ ငါးပါးသီလကိုအခြေခံထားသည်ကိုတွေ့ ရမည်ဖြစ်၏။ သို့ သော် လူ့ ငါးပါးသီလတွင်ပါဝင်သော အရက်သေစာသောက်စားခြင်းအမှုသည် ရဟန်းတို့ အတွက် ပါစိတ်အာပတ်သာဖြစ်၏။ ပါရာဇိကမဟုတ်သည်ကို သတိပြုရမည်ဖြစ်၏။ မည်သို့ ဆိုစေ “အရဟဓဇ “ ဟူသည့်မြင့်မြတ်သည့် သင်္ကန်းကို ၀တ်ရုံထားသော ရဟန်းတို့ အဖို့ ပါရာဇိကလေးပါးသာမက အခြားသော သံဃာဒိသ်၊ ပါစိတ်၊ ဒုကဋ္ဋ် အစရှိသည့် စုစုပေါင်း ၂၂ရ သွယ်သောသက္ခိာ ပုဒ်တို့ နှင့်တကွ သေခိယ ကျင့်ဝတ်များပါ အားလုံးပြည့်စုံနိုင်သမျှပြည့်စုံအောင် ထိမ်းသိမ်းနိုင်ပါက အကောင်းဆုံးဖြစ်၏။ သို့ မှသာ သီလစင်ကြယ်၍ (သီလ၀ိသုဒ္ဓိ) စိတ်တည်ကြည်ကာ (သမာဓိဝိသုဒ္ဓိ)၊ တရားထူးတရားမြတ် ကို (ပညာဝိသုဒ္ဓိ) ရရှိနိုင်မည်ဖြစ်၏။
ကိုးကွယ်ဆည်းကပ်သူ တကာ၊တကာမတို့ အနေနှင့်လည်း အပ်ဖျားထိပ်တွင် မုန်ညင်းစေ့တင်ထားရသကဲ့သို့ စောင့်ထိမ်းရသော အဖြစ်ကို ကိုယ်ချင်းစာနိုင်ဖို့ လို၏။ ပုထုဇဉ်ရဟန်းတို့ ၏ သေးငယ်သော အပစ်ကို ပုံကြီးချဲ့ ၍ ပါရာဇိက ကျသယောင်ယောင် ပြောဆို၍ ငရဲ ယူနေမည့်အစား သာ့သနာ့မိခင်၊ ဖခင် စိတ်ထားဖြင့် “မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊ဘေးရန်ဆီးကာ” နိုင်သည့် သဒ္ဓါတရား၊ ပညာအားတို့ ပြည့်ဝနေစေရန်လိုအပ်၏။ သို့ မဟုတ်လျှင်မိမိ၏ ကာယကံမှု၊ ၀စီကံမှုတို့ ဖြင့် “သံဃဘေဒက” ခေါ်သည့် သံဃာသင်းခွဲသည့်ဘေးကြီးကို အလိုအလျောက်ရင်ဝင်ပိုက်မိနိုင်သည့်အဖြစ်ကို ရောက်နိုင်ပေ၏။ လူ့ လောကီနိုင်ငံရေးကိုအကြောင်းပြုကာ ပုဂ္ဂိုလ်ရေးအားဖြင့် (individually) မကျေနပ်သည်ကို “သံဃာက မှိုင်းတိုက်နေသည်” အစရှိသည့် သံဃာတဖွဲ့ လုံး (institutionally) ကိုစော်ကားသည့် စကားများအား သတိလက်လွတ်၍ အလွန်အကျွံပြောဆိုမိပါက ၀စီဘေဒ ထိတိုင်းရှနိုင်သည့် အဖြစ်ကို ရှောင်ကျဉ်နိုင်ရန် ရေးသားလိုက်ရပါကြောင်း…
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment