Sunday, July 14, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၄-၇)

သစ်ထူးလွင်


Posted: 14 Jul 2013 04:30 AM PDT
မန္တလေး ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင် ကုသနေသော တေးသံရှင် ဆိုတေးမှာ ယနေ့ညနေ ၄နာရီခွဲအထိ သတိရခြင်း မရှိသေးကြောင်း ၄င်းဆေးရုံမှ သိရသည်။ ယနေ့မနက် ၁၁နာရီခွဲခန့်က တေးသံရှင် အဆိုတော် ဆိုတေး တောင်သာမြို့သို့ ပွဲဆိုဖို့သွားစဉ် ကားဘီး ပေါက်ကာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသမီးမှာ သေဆုံးသွားကြောင်း သတင်းရရှိသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အဆိုတော်ဆိုတေး အားဆေးရုံသို့ခေါ်ဆောင်လာတာပါ - ဓါတ်ပုံ - Myanmar Celebrities
ဓါတ်ပုံ(Wyne SU's facebook မှ photo.-ဆိုတေးနောက်က ညီမလေး ဆုံးသွားပြီတဲ့ ခုဘဲအသိတယောက်ဖုန်းဆက်တယ် အဲ့ ညီမလေးတွက်ဝမ်းနဲပြီး အရမ်း စိတ်မကောင်းဖြစ်တယ်)

Posted: 14 Jul 2013 04:04 AM PDT
ကလေးမြို့၊ တပ်ဦး သီတာရပ်ကွက်ရှိ ကေတီဗွီတချို့အား အစိုးရ၀န်ထမ်း အမည်ခံများဖြင့် ဖွင့်လှစ်ထားကြောင်း အဆိုပါ ရပ်ကွက်ရှိ တာဝန်ရှိသူ တစ်ဦးမှ ပြောသည်။ လက်ရှိ ကျွန်တော်တို့ရပ်ကွက်မှာ ကေတီဗွီ သုံးခုရှိတယ် တစ်ခုက တီးတိန်က ဒုတပ်ရင်းမှူး အမည်နဲ့ ဖွင့်ထားတယ်။ တစ်ခုက ကလေးဝက စရဖ က လူတစ်ယောက် နာမည်နဲ့ ဖွင့်ထားတာ အခု သူ့မိန်းမက မန်နေဂျာ လုပ်နေတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Jul 2013 04:07 AM PDT
ဇူလိုင် (၁၄)

တေးသံရှင် ဆိုတေး လိုက်ပါလာတဲ့ မော်တော်ကားဟာ မိတ္ထီလာမြို့နယ် အတွင်း မိုင်တိုင် ၂၉၁ သုံးဖာလုံနဲ့ လေးဖာလုံကြားမှာ ယနေ့ နေ့လည် ၁၂နာရီခွဲက တိမ်းမှောက်ရာ အမျိုးသမီး တစ်ဦးသေဆုံးပြီး ဆိုတေး ပါဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးဟာ ဆိုတေးရဲ့ဇနီး မချောချော ဖြစ်ပြီး မိတ္ထီလာဆေးရုံရောက်ပြီးမှ သေဆုံးခဲ့တာဖြစ်ပါတယ်။ တေးသံရှင်ဆိုတေးဟာလည်း ခေါင်းကို ပြင်းထန်စွာထိခိုက်ဒဏ်ရာရခဲ့ပြီး ယခုအထိ သတိမရသေးဘူးလို့ ရန်ကုန်-မန္တလေး အမြန်လမ်း ရဲမှူးကြီးနေ၀င်းက ပြောပါတယ်။

ကားပေါ်မှာ လူလေးဦး လိုက်ပါလာပြီး ကျန်အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ ဒဏ်ရာရခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ သိရပါတယ်။ ဒဏ်ရာရသူတွေကို မိတ္ထီလာ ဆေးရုံကတဆင့် မန္တလေးဆေးရုံကြီးကို သယ်သူပို့ဆောင်ရာ ညနေ သုံးနာရီခွဲမှာ မန္တလေး ဆေးရုံကြီးကို ရောက်ရှိခဲ့ပါတယ်။

The Modern News Journal




Posted: 14 Jul 2013 02:40 AM PDT
မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းမြို့နယ် ရေဦးကျေးရွာအနီး တောရ ဘုန်းကြီးကျောင်း အနီးရှိ သမီးဝှက်တောင်တွင် နှလုံးရောဂါ ကုသရန် အခက်အခဲကြောင့် ဟုဆိုကာ ကိုရင်တစ်ပါး ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်းတွင် မိမိကိုယ်ကိုယ် မီးရှို့သတ်သေခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Jul 2013 01:59 AM PDT
လှေစီး ခိုလုံခွင့်တောင်သူ ၆၂ ယောက်ကို အင်ဒိုနီးရှား ကမ်းခြေစောင့် ရဲတပ်ဖွဲ့က လွန်ခဲ့သော သောကြာနေ့က ဖမ်းဆီးခဲ့ရာ အများစုမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရဟု သိရသည်။ ဖမ်းဆီးမိသူ ၆၂ ဦးထဲတွင် ၄၁ ဦးမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများ ဖြစ်ကြပြီး မြန်မာမှ ပါလာသူမှာ ၁၈ ယောက် ဖြစ်ကြောင်း၊ ထိုအထဲတွင် နီပေါနိုင်ငံသား ၃ ယောက်ပါဝင်ကြောင်း၊ ၎င်းတို့နှင့် အတူ အင်ဒိုနီးရှား သင်္ဘောသား (၂) ယောက်ကိုလည်း ဖမ်းဆီးခဲ့ကြောင်း အင်ဒို လူဝင်မူ ကြီးကြပ်ရေး အရာရှိများက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Jul 2013 01:55 AM PDT
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကနေ ကြော်ငြာချက်ထုတ် ဖျက်သိမ်းလိုက်တဲ့ နစက တပ်ဖွဲ့ ၀င် တချို့ဟာ နတ်မြစ်အတွင်း ငါးဖမ်းနေတဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂၁ ယောက်နဲ့ ငါးဖမ်းဘုတ် ၆ စီးကို  ပြန်ပေးဆွဲ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တယ်လို့ ဘင်္ဂလာဒေခ်ျ့ဘက်က စွပ်စွဲလိုက်ပါတယ်။ ခု ဖြစ်ရပ်ဟာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကနေ နစက ( နယ်စပ်ဒေသ လူဝင်မူ စစ်ဆေးရေး ကွပ်ကဲမူ ဌာနချုပ်) ကို ဖျက်သိမ်းကြောင်း ကျေညာတဲ့ ဇူလိုင်လ ၁၂ ရက် သောကြာနေ့ ညဥ့်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Jul 2013 01:32 AM PDT
ရန်ကုန်-ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိများ အပါအ၀င် ၀န်ထမ်း ၂၀ ကျော်ကို ရာထူးမှ ဖယ်ရှား လိုက်သည့်အပြင် နိုင်ငံ တော်သို့ ကျပ်သိန်းပေါင်း နှစ်သောင်းကျော် ပေးလျော် ရမည်ဟု သတင်းရရှိသည်။ “ဒီကိစ္စကို ဘဏ္ဍာ ခွန်ဝန်ကြီး ဌာနကို လွှဲပြောင်းပြီးပါပြီ”ဟု နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Jul 2013 01:48 AM PDT
ဇူလိုင်လ (၁၂) ရက်နေ့  ၂၀၁၃
ယနေ့ ကာလတွင် ဖြစ်ပေါ်နေသော အဂတိ လိုက်စားမှုများ အနက် ပြည်တွင်း အခွန်များ ဦးစီးဌာန၏ လာဘ်စားမှုများမှာ အဆိုးဆုံးနှင့် တိုင်းပြည်အတွက် အနစ်နာဆုံး ဖြစ်ကြောင်း ယခင်က တင်ပြခဲ့ ကြပြီး ဖြစ်သည်။

နှစ်စဉ် နှစ်တိုင်း ဘတ်ဂျက်ကာလ ရောက်သည်နှင့် မြို့ နယ်အခွန်ရုံး အသီးသီးမှ ဝန်ထမ်းများ သည် သက်ဆိုင်ရာ ရပ်ကွက်အတွင်းရှိ ဆိုင်များ၊ လုပ်ငန်းများကို ရုံးသို့ ဆင့်ခေါ်စာများ ပေးပို့ လေ့ရှိကြသည်။ သို့ သော် ဆိုင်တိုင်းကိုပေးပို့ သည်မဟုတ်ဘဲ သူတို့ ကိုလာဘ်ငွေ လစဉ်ကြေး၊ နှစ်စဉ်ကြေးပေး ထားသည့် ဆိုင်များကိုမူ ပေးပို့ ခြင်း မရှိကြောင်းကို ပြည်သူများ မသိကြရှာပေ။ လစဉ်ကြေး မပေးနိုင်သည့် ဆိုင်များသာ လျှင် ရုံးသို့ ပုံမှန် လာရစမြဲပင်။

ရုံးတွင်သက်ဆိုင်ရာ နယ်မြေမှ စာရေးက ကျသင့်မည့် အခွန်နှုန်းများကို တွက်ပြသည့်အခါ မည်သူမှ မဆောင်နိုင်ကြ။ ဤတွင်စာရေးက ထုံးစံအတိုင်း အနည်းဆုံး အခွန်နှုန်းဖြင့် လုပ်ပေးမည်၊ သက်သာမည့် အခွန်ငွေ၏ ထက်ဝက်ကို သက်ဆိုင်ရာ အခွန်မှူးကို ကန်တော့ရမည်၊ သူကိုညှိပေးခ အဖြစ်၂၀ရာခိုင်နှုန်းပေးရမည် ဖြစ်ကြောင်း အပိုင်ပြောတော့သည်။ ထိုပြင်သက်သာ ရံပုံငွေအတွက် ဂျာနယ်၊ မဂ္ဂဇင်းများ၊ ရံပုံငွေပွဲလက်မှတ်များပါ ရောင်းသည့်အပြင် အကြောင်းအမျိုးမျိုးပြပြီး ဒဏ်ပါတပ်ရိုက်သေးသည်။ တိုင်းပြည်အတွက်လည်း နစ်နာ၊ ပြည်သူလည်း မသက်သာဘဲ၊ သူတို့ သာ စီးပွားဖြစ်တော့သည်။

အကယ်၍တောင်းသည့် လာဘ်ငွေ မပေးနိုင်လျှင် အရကောက်ခံမည် အခွန်ပိုမိုချပြီး ကြွေးတင် အောင်လုပ်မည် ဆိုင်ကိုချိပ်ပိတ်မည်၊ အခွန်မှူးကိုဝင်ပြောပြီး စည်းမျဉ်းများ ဥပဒေများကို တလွဲသုံးပြီး ဝိုင်း၍ ခြိမ်းခြောက် ကြမည်ဖြစ်သည်။ ထိုသူတို့ ကြောင့် အခွန်ကြွေးတင်ပြီး ဆိုင်ပိတ်ရသူတွေ၊ ဘဝပျက်ရသူ တွေများစွာ ရှိကြောင်း လေ့လာစုံစမ်း ကြည့်နိုင်ပါသည်။ တချို့ ဆိုလျှင် စီးပွားပျက်ခိုက်နှင့်ကြုံပြီး ထောင်ကျမည်စိုးရိမ်ကာ ကြွေးကြေအောင်လုပ်ပေးမည် ဟု ယုံကြည်မိ၍ လူပါပေးဆပ်လိုက်ရ လေတော့သည်။ ဘတ်ဂျက်ပိတ်သည့် ကာလရောက်သည့် အခါတွင်မူ အခွန် သွင်းထားသည့် လုပ်ငန်းများထဲမှ တချို့ တဝက်ကို လုပ်ငန်း အပိတ်ပြ၊ အရှုံးပြပြီး အိတ်ထဲထည့် ကြအုံးမည်ဖြစ်ရာ၊ ပြည်သူတွေ အခွန်သွင်းနေသည့်ကြားထဲမှ နိုင်ငံတော်အတွက် အခွန်အရနည်းနေ သည်မှာမထူးဆန်းတော့ပေ။


တိုင်းပြည်ကမွဲ၊ ပြည်သူကကြပ်တည်း၊ သူတို့ ကတိုက်နှင့်ကားနှင့်ပြီးတော့ မယားငယ် ကိုယ်စီနဲ့ 

လိင်အပျော်အပါး လိုက်စားသည့် နေရာတွင် ပြည်တွင်း အခွန်ဝန်ထမ်းများကို အခြားဌာနတွေမမှီနိုင်ပါ။ ယခင် ၁၉ ရုံး မဖျက်သေးခင် အချိန်ကဆိုလျှင် တနေ့ လျှင် သိန်းနှင့်ချီ ဝင်ငွေရခဲ့ကြသဖြင့် ရန်ကုန်မြို့ ရှိ တည်းခိုခန်း၊ အနှိပ်ခန်း၊ KTVဆိုင်မှန်သမျှ သူတို့ တွေချည်း ဖြစ်ခဲ့သည့်အပြင် ထိုဆိုင်များမှ မိန်းကလေးများကိုပါ အခွန်ဌာနဝန်ထမ်းများအဖြစ် သွင်းပေးခဲ့ကြ သည်အထိ ရင်းနှီးမှု ပိုခဲ့ကြသည်။ ထို့ အပြင်နယ်စပ်ဒေသများမှ ၁၉ လက်မှတ်လာလျှောက်သည့် မြန်မာစကား မကျွမ်းကျင်သည့် မလယ်မဝယ် တိုင်းရင်းသူ အမျိုးသမီးငယ်များကို ပွဲစားလုပ်ကူညီမည်အယုံ သွင်းပြီး ငွေယူသည့်အပြင် လူကိုပါအရယူကြသည်မှာတော့ ကြောက်မက်ဖွယ် ကောင်းလွန်း လှသည်။ ယခုအခါ ၁၉ ရုံးဖျက်လိုက်သော်လည်း မော်တော်ယာဉ်စီမံချက်ရုံးများ၊ တံဆိပ်ခေါင်း အရောင်းဌာနများ ကျန်ရှိနေသေးသဖြင့် ဝင်ငွေကောင်းနေကြဆဲပင်။

နေပြည်တော်ရုံး အမှတ်(၄၆)အခွန်ရုံးချုပ်တွင်တော့ ပြည်သူ့ဘဏ္ဍာငွေများ၊ မြို့ နယ်အခွန်ရုံး များမှ ဆက်ကြေးငွေများ ဖြင့် သိန်းပေါင်းများစွာ အကုန်အကျခံကာ ပွဲလမ်းသဘင်များ မကြာခဏ ကျင်းပလေ့ရှိကြောင်း ဌာနတိုင်းသိကြသည်။ ပျဉ်းမနားမြို့ ပေါ်ရှိ နာမည်ကြီး KTVဆိုင်မှ မိန်းကလေးများကိုခေါ်ကာ အရာရှိကြီးများနှင့် တွဲ၍သီချင်းဆိုကြသည်။ ဌာနတွင်းမှ ဝန်ထမ်း မိန်းမပျိုများကမူ မလုံမခြုံဝတ်စားကာ ကပြဖျော်ဖြေကြရ သည်။ ဝန်ထမ်းအမျိုးသားများကမူ အရာရှိများကို အရက်ငဲ့ပေးကြပြီး လူကြီးအလစ်တွင် အရက်ကောင်းစားများကို အလုအယက် ဝိုင်းသောက်ကြပြီး ဌာနတွင်းမှ မိန်းကလေးများကို အခွင့်အရေးယူကြ မူးယစ် ရမ်းကား ကြတော့သည်။

ပြီးခဲ့သော ဘဏ္ဍာနှစ် ပြည်တွင်းအခွန်နှစ်ပတ်လည်ပွဲတွင် လူရွှင်တော်ခင်လှိုင်-ဒိန်းဒေါင်နှင့် ခေမီကို အကအဖွဲ့ ကိုပင် ငှားရမ်းဖျော်‌ဖြေစေခဲ့ကြောင်း စုံစမ်းသိရှိနိုင်ပေသည်။ ထိုပွဲတွင် လူရွှင်တော်ဒိန်းဒေါင်မှာ အမူးလွန်နေသော အခွန်ဝန်ထမ်းများ၏ ရမ်းကားမှုကြောင့် ရီစရာပြက်လုံး ထုတ်ခွင့်မရခဲ့ဘဲ သူတို့ ခိုင်းသည့်အတိုင်း အကမယ် ခေမီကိုကဲ့သို့  ကွေးနေအောင် ကပြခဲ့ရရှာသည်မှာ ဌာနအတွက် အလွန်အရှက် ရစရာ ဖြစ်ခဲ့ရသည်။

ယခုအခါတွင် ယခင်ကဲ့သို့  ငွေရှာရမလွယ်တော့သဖြင့် ဌာနတွင်းမှ အမျိုးသမီးငယ်များကို မျက်စောင်းထိုးလာကြပြီး၊ အလွယ်ကြံစည်လာကြသဖြင့် ဌာနတွင်း၌ လူမှုရေး ဖောက်ပြန်မှုများ အလွန်များပြားလာ သော်လည်း အရေးယူနိုင်ခြင်းမရှိပေ။ နေပြည်တော် ဓာတုဇယဘုရား အနီးရှိ ပြည်တွင်းအခွန်အပျိုဆောင်ဆိုလျှင် အခကြေးငွေဖြင့် ခေါ်နိုင်သည့် မိန်းကလေးတချို့ ရှိခြင်း၊ အချိန်အခါမရွေးယောကျာ်းလေး ဧည့်သည်မျိုးစုံ မကြာခဏ အဝင်အထွက်များခြင်း တို့ ကြောင့်  ဘေးပတ်ဝန်းကျင် အဆောင်များ အကြားတွင် အလွန်ရေပန်းစား နေကြောင်း စုံစမ်းသိရှိနိုင်သည်။

အခွန်ဌာနဆိုသည်မှာ အခြားနိုင်ငံများတွင် နိုင်ငံကိုအကျိုးအပြုဆုံးနှင့် ဂုဏ်သိက္ခာ အရှိဆုံး ဌာနဖြစ်လေ့ရှိသော်လည်း၊ မြန်မာနိုင်ငံတွင်တော့ ကိုယ်ပိုင် KTV ဆိုင်ကြီးကဲ့သို့  လုပ်ချင်တိုင်းလုပ်၊ ဖြစ်ချင်တိုင်းဖြစ်နေပေတော့သည်။

သို့ ဖြစ်ရာ နိုင်ငံတော်သမ္မတကြီးနှင့်တကွ သက်ဆိုင်ရာ တာဝန်ရှိသူ အပေါင်းတို့ သည် စံနမူနာ ပြ အနေဖြင့် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ၊ ထိရောက်သည့် အရေးယူမှုများကို အလျင်အမြန် ပြုလုပ်သင့်ပါကြောင်းနှင့် အခွန်ထမ်းပြည်သူများ အနေဖြင့်လည်း ပွင့်လင်းမြင်သာသည့် ဒီမိုကရေစီ ခေတ်ကာလဖြစ်သည့် အခွင့်အရေးကို အမိအရယူကာ (လက်ကိုင်ဖုန်းအစရှိ သည်တို့ ကိုအသုံးပြု၍ ဓာတ်ပုံရိုက်၊ အသံဖမ်း၊ အမည်မှတ်သားကာ)သက်သေ အထောက်အထားများနှင့်တကွ သက်ဆိုင်ရာ (LCC) အခွန်ဝန်ဆောင်မှုရုံးများ၊ ဂျာနယ်မဂ္ဂဇင်းတိုက်များ၊ အင်တာနက် Websideများ Facebook ကွန်ရက်များမှတဆင့် မိမိတို့ ၏ နစ်နာမှုများကို အများပြည်သူသိရှိအောင် မဖြစ်မနေ ဖော်ထုတ် တိုင်ကြားကြမှသာလျှင် အများပြည်သူများနှင့် နိုင်ငံတော်ဖွံဖြိုး တိုးတက်မှုအတွက်ပါ အကျိုးရှိမည်ဖြစ်ပါကြောင်း ရှေ့ မျက်နှာနောက်ထားကာ ဝမ်းနည်းစွာ ထုတ်ဖော်ဝန်ခံ တင်ပြအပ်ပါ သည်။

အငြိမ်းစား ဝန်ထမ်းဟောင်း (ပြည်တွင်းအခွန်များဦးစီးဌာန)

Myanmar News Now




Posted: 14 Jul 2013 01:13 AM PDT
ကချင်ပြည်နယ်   ဖားကန့်မြို့ ငှက်ပျောတော ရပ်ကွက်၊   မြို့မရပ် ကွက်၊ မရှီကထောင်ရပ်ကွက်၊ အေး မြသာယာ ရပ်ကွက်တို့တွင် ဇူလိုင် ၁ဝ ရက် နံနက် ၉ နာရီက ရေကြီးမှု ကြောင့်   သုံးဘီးဆိုင်ကယ်များနှင့် လှေများ အသုံးပြု၍   သွားလာခဲ့ရ သည်။ ဖားကန့်မြို့    ငှက်ပျောတော ရပ်ကွက်    ဖူဂျီ ဓာတ်ပုံဆိုင်ရှေ့မှ ကမ်းနားလမ်း ကြိုးတံတား ထိပ်ဝန်း ကျင်သည် နှစ်စဉ် ရေကြီးတိုင်း ရေ နစ်မြုပ်လေ့ရှိသည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဖားကန့်မြို့၌ မိုးသည်း ထန်စွာရွာ သွန်း၍ လှေများဖြင့် သွားလာနေရ

Posted: 14 Jul 2013 01:14 AM PDT
ဟိုင်းကြီးကျွန်း မြို့နယ်ခွဲမှ မဲခရဲ-ဟိုင်းကြီး ရေယာဉ် ပြေးဆွဲခွင့် သတ်မှတ် နှုန်း မြင့်မားနေ၍ ဒေသခံ စက်လှေ ပိုင် ရှင်တို့ အခက်အခဲ ကြုံတွေ့နေရသည် ဟု သိရသည်။ ပုသိမ်ခရိုင်  ငပုတောမြို့နယ် ဟိုင်းကြီးကျွန်း မြို့နယ်ခွဲ မဲခရဲ ကနုက မာကျေးရွာ အုပ်စုမှ ကနုကမာ-မဲခရဲ၊  ဟိုင်းကြီး-မဲခရဲ   ရေယာဉ်လိုင်းကို ၂ဝ၁၃ ခုနှစ် ရေယာဉ် ပြေးဆွဲခွင့်လိုင် စင်ရရှိ ထားသူများထံ ပြေးဆွဲ ခွင့်စာ ရင်းသွင်းလိုင်စင်ကြေး ကောက်ခံငွေ များပြားနေသည့် အတွက် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Jul 2013 12:52 AM PDT
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင်   မြို့နေလူအများ  စိတ်ဝင်တစား စောင့်ကြည့်နေသည့် နန်းဟေဝန် ပန်းခြံ လူသတ်တရားခံကို   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ဇူလိုင် ၁ဝ ရက်တွင်   ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇူလိုင် ၄ ရက် နံနက် ၁ဝ နာရီခွဲခန့်တွင် အမျိုးသမီးအလောင်း တစ်လောင်းကို  တွေ့မြင်သည့် လူတစ်ဦးက ရဲစခန်းသို့ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားရာ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး တို့၏ အနီးကပ်လမ်းညွှန်မှုဖြင့် အမှုစစ်အဖွဲ့ ဖွဲ့စည်း ကာ ဖော်ထုတ်ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။ လူသတ်မှု ကျူးလွန်သူ  မစန္ဒာဝင်း၏ ထွက်ဆိုချက်အရ   ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 14 Jul 2013 12:34 AM PDT
မြစ်ကြီးနားမြို့မှ ဆွမ်ပရာဘွမ်မြို့နယ် အင်ထန်းဇွပ် ကျေးရွာ ထိတိုင်အောင် ဧရာဝတီမြစ်မှ တစ်ဆင့် မလိခမြစ်ကြောင်း အတိုင်း ပြေးဆွဲလျက်ရှိသော စက်လှေများကို လမ်းခရီး မြစ်ကြောင်းတစ်လျှောက်ရှိ တပ်မတော်နှင့် ရဲတပ်သားများက ဂိတ်ကြေးငွေ ကောက်ခံသဖြင့် စက်လှေလုပ်ငန်း ပိုင်ရှင်များ အခက်အခဲများ ကြုံတွေ့နေကြရကြောင်း လဖစက်လှေဂိတ် (မြစ်ဖျားဧရာ ရေယာဉ်အသင်း) က The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 13 Jul 2013 09:06 PM PDT
မြန်မာနိုင်ငံတွင် မကြာခဏ ဖြစ်ပွားနေသော လူမျိုးရေး ဘာသာရေး အခြေခံသည့် အကြမ်းဖက်မှုများသည် လူတစ်စု၏ မဆင်မခြင်လုပ်ရပ် များကြောင့် နိုင်ငံတွင်း ပြဿနာမှသည် ဒေသတွင်းပြဿနာဖြစ်အောင် ပုံဖော်ခြင်း ခံနေရသဖြင့် ဘာသာပေါင်းစုံမှ ခေါင်းဆောင်ကြီးများ တိုင်းပြည်ဂုဏ်သိက္ခာ မကျဆင်းအောင် ကာကွယ်ပေးကြဖို့ မြန်မာသမ္မတ ဦးသိန်းစိန်က ဇူလိုင် ၁၃ရက်နေ့၌ ရန်ကုန်မြို့တွင် ပြောဆိုခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ - မြန်မာ့အလင်း

Posted: 13 Jul 2013 08:49 PM PDT
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနှစ်ကုန်ပိုင်းမှာ သြစတေးလျား နိုင်ငံကို အလည်အပတ်သွားရောက်မယ်လို့ ဇူလိုင်လ ၁၃ ရက်နေ့ သြစတေးလျှက လာတဲ့သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ ဆစ်ဒနီမြိ့မှာ လာမယ့် ဒီဇင်ဘာလဆန်း ကျင်းပမယ့် ကုလသမဂ္ဂ အေအိုင်ဒီအက်စ် ညီလာခံကို တက်ရောက်ပြီးနောက် မယ်လ်ဘုန်း အပါအဝင် တခြားမြို့တစ်ချို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်လည်ပတ်မယ်လို့ သိရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Jul 2013 08:31 PM PDT
ဇူလိုင် (၁၄) ရက်နေ့ မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Jul 2013 08:30 PM PDT
ဇူလိုင်လ (၁၁)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်းဂျာနယ် အမှတ် - ၈၇၈

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 13 Jul 2013 08:29 PM PDT
ဇူလိုင်လ (၁၀)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပဂျာနယ် အမှတ် - ၄၄၄

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Jul 2013 07:41 PM PDT
ဧရာဝတီတိုင်း ဒေသကြီး၊ အင်္ဂပူမြို့နယ်၊ နွားခြံအုပ်စု၊ တောင်နီကွင်း ကျေးရွာမှာရှိတဲ့ တိုင်းဗဟို ၅ လေ့ကျင့်ရေး သင်တန်းကျောင်းက သိမ်းယူထားတဲ့ လယ်မြေတွေမှာ ထွန်ယက်စိုက်ပျိုး လို့ဆိုပြီး လယ်သမား ၃ ဦးကို အာဏာပိုင်တွေက ဒီကနေ့ ထပ်မံတရားစွဲ လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့ကစပြီး ၁၉ ရက်နေ့အထိ ထွန်ယက်ခဲ့လို့ဆိုပြီး လယ်သမား ၂၂ ဦးကို ဇူလိုင်လ ၁ဝ ရက်နေ့က ပုဒ်မ ၄၄၇၊ ကျူးကျော်ဝင်ရောက်မှုနဲ့ ပထမဆုံးအကြိမ် အင်္ဂပူမြို့နယ်တရားရုံးမှာ တရားစွဲခဲ့ပါတယ်။ အခုနောက်ထပ် ၃ ဦးကို ထပ်မ တရားစွဲတာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 13 Jul 2013 07:38 PM PDT
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်က လယ်သမား အတော်များများ ပိုင်တဲ့ လယ်ယာမြေဧက ၅ဝဝဝ ကျော်မှာ ပဲခူးမြို့အခြေစိုက် အမှတ် ၁ ခဲယမ်းမီးကျောက်တပ် (CAD) နဲ့ ပဲခူးအခြေစိုက် လေတပ်က စစ်တပ်အတွက် အဆောက်အဦးတွေ ဆောက်လုပ်ဖို့ဆိုပြီး ဒီကနေ့ ခြံစည်းရိုးတွေ လာခတ်သွားတယ်လို့ သိရပါတယ်။ အထက်က အမိန့်နဲ့ဆိုပြီး အခုလို ခြံစည်းရိုးတွေ လာခတ်တာလို့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Jul 2013 07:32 PM PDT
ဧရာဝတီတိုင်း မအူပင်မြို့နယ်အတွင်း မလက်တိုကျေးရွာ အုပ်စုမှာ လယ်သမားတွေနဲ့ အော်ချက် ကုမ္ပဏီကြား အငြင်းပွားဖြစ်ခဲ့တဲ့ လယ်မြေထဲက ဧက ၁၅ဝကျော်ကို အစိုးရက လယ်သမားတွေဆီ ပြန်လွှဲပေး ခဲ့မယ့် လယ်ပြန်မရတဲ့ အပြင် တရားစွဲဆို ခံနေရတယ်လို့ ဇူလိုင် ၁၃ရက်နေ့မှာ ပြောဆို လိုက်ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 13 Jul 2013 07:09 PM PDT
ဗြိတိသျှ ကိုလိုနီခေတ်က တည်းက ပြဌာန်းထားတဲ့ ဧည့်စာရင်း ဥပဒေကို အခုထိ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတာဟာ နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာကို ထိပါးနေတယ်လို့ ၈၈မျိုးဆက် ကျောင်းသား များ အဖွဲ့က ဝေဖန်လိုက်ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 13 Jul 2013 06:59 PM PDT
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အိုးဖိုထောင် ကျေးရွာအုပ်စုက တောင်သူ ၃ဝ ကျော်ပိုင်ဆိုင်တဲ့ လယ်ဧက ၄ဝ ကျော်မှာ စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်ရုံး ဆောက်လုပ်ဖို့ အတွက်ဆိုပြီး မုံရွာမြို့နယ် ရဲစခန်းနဲ့ မြို့နယ်အုပ်ချုပ် ရေးမှူးတွေ ပါဝင်တဲ့ လူအင်အား ၁ဝဝ ကျော်လောက်က မနေ့က မြေတူးစက်တွေနဲ့တူး၊ လမ်းတွေ ဖောက်လုပ်ပြီး အုတ်တံတိုင်းတွေ ခတ်သွားတယ်လို့ တောင်သူတွေက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 13 Jul 2013 06:56 PM PDT
မလေရှားနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံ သားများ စုပေါင်းပြီး နိင်ငံရေး လူမူရေး ကွန်ရက်တစ်ခု ဒီကနေ့မှာ ဖွဲ့စည်း နိုင်ခဲ့ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ပြောပါတယ်။ မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့ကို ဒီကနေ့ မွန်းလွဲပိုင်းက ရောက်ရှိလာတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ စမ်းချောင်း ကိုကိုကြီးတို့နဲ့ နာရေးကူညီမူ အသင်း ရန်ကုန်က ဒေါ်သန်းမြင့်အောင်တို့ဟာ မလေးရှား နိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများ၊ မြန်မာလူမှုရေးနဲ့ နိုင်ငံရေးအဖွဲ့တွေနဲ့ ဒီကနေ့ ညနေပိုင်းမှာပဲ တွေ့ဆုံ ဆွေးနွေခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 13 Jul 2013 06:53 PM PDT
မွတ်ဆလင် ညီနောင်အဖွဲ့က စွပ်စွဲခံရသူ တွေကို စစ်ဆေး မေးမြန်းဖို့ အတွက် တိုင်တန်းမှု တွေကို စုံစမ်း နေပြီလို့ အမှုလိုက် ရှေ့နေရုံးက ပြောပါတယ်။ သမ္မတဟောင်း မော်စီနဲ့ အတူ FJP ပါတီနိုင်ငံရေး အကြီးတန်း အဖွဲ့ဝင် မိုဟာမက် ဘာဒီယာနဲ့ အက်ဆန် အဲလ်အီရိန် တို့လည်း အတိုင်ခံရသူ တွေထဲမှာ ပါဝင် ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ တုန်းက ကိုင်ရိုရှိ စစ်တန်းလျား ရှေ့မှာ အကြမ်းဖက် တိုက်ခိုက်အောင် လှုံ့ဆော်မှုနဲ့ ဘာဒီယာနဲ့ အခြား ခေါင်းဆောင်တွေကို ဖမ်းဝရမ်း ထုတ်ပြီးသား ဖြစ်ပါတယ်။ အဲဒီ အကြမ်းဖက်မှု အတွင်း လူပေါင်း ၅ဝ ကျော် သေဆုံး ခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အီဂျစ်နိုင်ငံမှာ မော်စီကိုသမ္မတ ပြန်ခန့်ဖို့တောင်းဆို

Posted: 13 Jul 2013 06:49 PM PDT
မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ ဗြိတိန် ခရီးစဉ် အတွင်း လူ့အခွင့်အရေး ကိစ္စတွေ နဲ့ စပ်လျဉ်း ပြီး မြန်မာ သမ္မတကို ဖိအားပေး တိုက်တွန်း သွားဖို့ လူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်း နှိုးဆော် ခဲ့ပါတယ်။ မြန်မာ ပြည်က မွတ်ဆလင် တွေ အပေါ် ရက်စက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ ကျူးလွန် ခဲ့တာ တွေကို အရေးယူ ဆောင်ရွက်ဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ နိုင်ငံတကာ စံချိန်မီ ဥပဒေ တွေ ပြဌာန်း ပေးဖို့ Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့က တောင်းဆို ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ချိုးဖောက်မှုတွေ ဖော်ထုတ် အရေးယူဖို့ HRW တိုက်တွန်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...