သစ်ထူးလွင် သတင်းစုစည်းမှု (၁၂-၇)
သစ်ထူးလွင် |
|
- ရွှေတိဂုံတောင်ဘက်စောင်းတန်းတွင် မသင်္ကာသူအား ဖမ်းဆီး
- ကွန်ဒုံးအတွင်း မူးယစ်ဆေးပြားထောင်ချီ မန္တလေးဘူတာကြီး၌ ဖမ်းမိ
- ပြည်တွင်းအခွန်ဌာန၏ အဂတိလိုက်စားမှုနှင့် လူမှုရေး ဖောက်ပြန်မှုများ
- ဇူလိုင်လ (၁၂)ရက်နေ့ ထုတ် Focus Online ဂျာနယ် အမှတ် - ၄၉
- ဇူလိုင်လ (၁၄)ရက်နေ့ ထုတ် Euro Sports Journal အတွဲ ၄၊ အမှတ် ၆၄
- ဇူလိုင် (၁၃) ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းဂျာနယ်၊ အတွဲ(၂)၊ အမှတ်(၁၈)
- ကူမင်း ကျောက်ပြပွဲတက်ရောက်သည့် မြန်မာကုန်သည်များထံမှ မူးယစ်ဆေးဝါးဖမ်းမိ
- သဲကုန်းတွင် လယ်ဧက တစ်သောင်းကျော် ရေမြုပ်
- စီးပွားရေးတက္ကသိုလ်ကျောင်းသား သေဆုံးမှု ကျောင်းသားကိုးဦးကို ဖမ်းဆီး
- ငါးနှစ်အတွင်း နိုင်ငံသား (၉၉) ရာနှုန်း အလုပ်ခန့်မယ် လို့ တင်ဒါအောင် ကုမ္ပဏီတွေ ပြောဆို
- NLD လူငယ်ညီလာခံ ကျင်းပမည်
- ရခိုင်ရိုးမနှင့် ဆက်စပ် ဧရာဝတီတိုင်း မြို့နယ်များ ငှက်ဖျား ဖြစ်ပွားနှုန်းမြင့်
- မျိုးစောင့်ဥပဒေ ထောက်ခံသည့် လက်မှတ်များ ရန်ကုန်တွင်လည်း လိုက်လံကောက်ခံနေ
- တောင်ငူ-ရန်ကုန် စေတမန်ခရီးသည်တင်ယာဉ် တိမ်းမှောက်
- အရွယ်မတိုင်မီ မိန်းကလေးငယ် ကလေးမွေးဖွားနှုန်း ၁.၇ ရာနှုန်းရှိနေ
- ဗလီအားလုံး ပြန်ဖွင့်ခွင့်ရရေး တောင်းဆိုသွားမည်
- ရန်ကုန်ဆေးရုံကြီး ဝန်ထမ်း ကြိုးဆွဲချသေဆုံး
- ဆော်ဒီ တော်ဝင်မင်းသမီး လူကုန်ကူးမှုဖြင့် အမေရိကန်တွင် စွဲချက်တင်ခံရ
- မိတ္ထီလာ ပဋိပက္ခမှာ ၆၅ ယောက်ကို အပြစ် ချပြီး
- မူကြိုကျောင်းသူကို အဓမ္မပြုကျင့်ရန် ကြံစည်
- ပြည်ထောင်စု အဆင့်ဝန်ကြီးဌာန ၂၀ ကျော် အသုံးစရိတ်ပိုလျှံငွေ ကျပ်သန်းပေါင်း ခုနစ်သောင်းကျော် အချိန်မီပြန်မအပ်
- ဆိုင်ကယ်တိုက်၍ သက်တော် ၇၂ နှစ်ရှိ ဘုန်းတော်ကြီး ပျံလွန်
- မိတ္ထီလာနှစ်လုံးထီ လောင်းကစား ဖမ်းမိရာ အပိုင်နယ်ထိန်းရဲကိုပါ အရေးယူ
- လယ်မြေများ သိမ်းဆည်းထားမှု စစ်တပ်နှင့် အစိုးရကို လွှတ်တော်အမတ်များ ပြင်းပြင်းထန်ထန် ဝေဖန်
- သိမ်းဆည်းခံ လယ်မြေတွေ ပြန်ပေးဖို့ လွှတ်တော်အမတ်တွေ တိုက်တွန်း (ရုပ်/သံ)
Posted: 12 Jul 2013 06:35 AM PDT
ရန်ကုန်၊ ဇူလိုင် ၁၂
၁၂.၇.၂၀၁၃ ရက်နေ့ ၀၇၄၅ အချိန် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်စောင်း တန်း အလယ်တွင် ဘုရားဖူးရန်ရောက်ရှိ လာသူ ကျော်ဦး၊ ဗမာ/ဗုဒ္ဓ၊ (ဘ)ဦးဌေးမြင့်၊ ၀မ်းတွင်းမြို့၊ မန္တလေးတိုင်း ဒေသကြီး နေသူသည် အဖြူရောင်ကြွပ်ကြွပ်အိတ် (၁)လုံးအားဆွဲ၍ တက်လာသည် ကို မသင်္ကာဘွယ်တွေ့ရသဖြင့် လုံခြုံရေးတာဝန်ကျတပ်ဖွဲ့ဝင်မှ ၎င်းယူဆောင်လာသည့် ကြွပ်ကြွပ်အိတ်အား ရှာဖွေရာ အတွင်းမှ ဓါတ်ခဲအကြီး(၃)လုံး၊ ၀ါယာကြိုး(၁)ချောင်း၊ မီး ပိတ်/ဖွင့်ပြုလုပ်သည့် ခလုတ်(၁)ခု၊ အရိုးအသွား ၇ လက်မခန့်ရှိ ဓါးဦးချွန်(၁)ချောင်း၊ ၈/၁၀ ဆိုဒ် ဂွ(၁)ချောင်း၊ ကိုရီးယားဝမ်ငွေ (၁၀၀၀)တန်(၁)ရွက်၊ ဗီယက်နမ်ဒေါင်ငွေ (၁၀၀၀၀)တန်(၁)ရွက်တို့အား စစ်ဆေးတွေ့ရှိရ သဖြင့် ဒဂုံမြို့နယ်ရဲတပ်ဖွဲမှ အရေးယူဆောင်ရွက်သွားရန် စီစဉ်ထားရှိကြောင်း သတင်းရရှိပါသည်။ Yangon Police |
||
Posted: 12 Jul 2013 06:31 AM PDT
မန္တလေးမြို့တော်
ဘူတာကြီး အမှတ် (၂) စင်္ကြံတွင် ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၆ နာရီ ၅၅ မိနစ်ခန့်က
တွဲထိုးထားသော မန္တလေး-မြစ်ကြီးနား အမှတ်(၅၅)အဆန် ရထား ရိုးရိုးတန်းတွဲ(၄)၊
ခုံအမှတ်(၃၈) တွင် စီးနင်းလိုက်ပါသည့် ခရီးသည်တစ်ဦးထံမှ ကွန်ဒုံးအတွင်း
ထည့် သယ်ဆောင်လာသော မူးယစ်ဆေးပြား ၂၂၈၀ ပြား ဖမ်းဆီးရမိ ခဲ့ကြောင်း
မန္တလေးမြို့ အမှတ်(၄)တပ်ခွဲ ရထားရဲစခန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 12 Jul 2013 06:23 AM PDT
ယနေ့ ကာလတွင် ဖြစ်ပေါ်နေသော အဂတိ လိုက်စားမှုများ အနက် ပြည်တွင်း အခွန်များ ဦးစီးဌာန၏ လာဘ်စားမှုများမှာ အဆိုးဆုံးနှင့် တိုင်းပြည်အတွက် အနစ်နာဆုံး ဖြစ်ကြောင်း ယခင်က တင်ပြခဲ့ ကြပြီး ဖြစ်သည်။ နှစ်စဉ် နှစ်တိုင်း ဘတ်ဂျက်ကာလ ရောက်သည်နှင့် မြို့ နယ်အခွန်ရုံး အသီးသီးမှ ဝန်ထမ်းများ သည် သက်ဆိုင်ရာ ရပ်ကွက်အတွင်းရှိ ဆိုင်များ၊ လုပ်ငန်းများကို ရုံးသို့ ဆင့်ခေါ်စာများ ပေးပို့ လေ့ရှိကြသည်။ သို့ သော် ဆိုင်တိုင်းကိုပေးပို့ သည်မဟုတ်ဘဲ သူတို့ ကိုလာဘ်ငွေ လစဉ်ကြေး၊ နှစ်စဉ်ကြေးပေး ထားသည့် ဆိုင်များကိုမူ ပေးပို့ ခြင်း မရှိကြောင်းကို ပြည်သူများ မသိကြရှာပေ။ လစဉ်ကြေး မပေးနိုင်သည့် ဆိုင်များသာ လျှင် ရုံးသို့ ပုံမှန် လာရစမြဲပင်။ ရုံးတွင်သက်ဆိုင်ရာ နယ်မြေမှ စာရေးက ကျသင့်မည့် အခွန်နှုန်းများကို တွက်ပြသည့်အခါ မည်သူမှ မဆောင်နိုင်ကြ။ ဤတွင်စာရေးက ထုံးစံအတိုင်း အနည်းဆုံး အခွန်နှုန်းဖြင့် လုပ်ပေးမည်၊ သက်သာမည့် အခွန်ငွေ၏ ထက်ဝက်ကို သက်ဆိုင်ရာ အခွန်မှူးကို ကန်တော့ရမည်၊ သူကိုညှိပေးခ အဖြစ်၂၀ရာခိုင်နှုန်းပေးရမည် ဖြစ်ကြောင်း အပိုင်ပြောတော့သည်။ ထိုပြင်သက်သာ ရံပုံငွေအတွက် ဂျာနယ်၊ မဂ္ဂဇင်းများ၊ ရံပုံငွေပွဲလက်မှတ်များပါ ရောင်းသည့်အပြင် အကြောင်းအမျိုးမျိုးပြပြီး ဒဏ်ပါတပ်ရိုက်သေးသည်။ တိုင်းပြည်အတွက်လည်း နစ်နာ၊ ပြည်သူလည်း မသက်သာဘဲ၊ သူတို့ သာ စီးပွားဖြစ်တော့သည်။ အကယ်၍တောင်းသည့် လာဘ်ငွေ မပေးနိုင်လျှင် အရကောက်ခံမည် အခွန်ပိုမိုချပြီး ကြွေးတင် အောင်လုပ်မည် ဆိုင်ကိုချိပ်ပိတ်မည်၊ အခွန်မှူးကိုဝင်ပြောပြီး စည်းမျဉ်းများ ဥပဒေများကို တလွဲသုံးပြီး ဝိုင်း၍ ခြိမ်းခြောက် ကြမည်ဖြစ်သည်။ ထိုသူတို့ ကြောင့် အခွန်ကြွေးတင်ပြီး ဆိုင်ပိတ်ရသူတွေ၊ ဘဝပျက်ရသူ တွေများစွာ ရှိကြောင်း လေ့လာစုံစမ်း ကြည့်နိုင်ပါသည်။ တချို့ ဆိုလျှင် စီးပွားပျက်ခိုက်နှင့်ကြုံပြီး ထောင်ကျမည်စိုးရိမ်ကာ ကြွေးကြေအောင်လုပ်ပေးမည် ဟု ယုံကြည်မိ၍ လူပါပေးဆပ်လိုက်ရ လေတော့သည်။ ဘတ်ဂျက်ပိတ်သည့် ကာလရောက်သည့် အခါတွင်မူ အခွန် သွင်းထားသည့် လုပ်ငန်းများထဲမှ တချို့ တဝက်ကို လုပ်ငန်း အပိတ်ပြ၊ အရှုံးပြပြီး အိတ်ထဲထည့် ကြအုံးမည်ဖြစ်ရာ၊ ပြည်သူတွေ အခွန်သွင်းနေသည့်ကြားထဲမှ နိုင်ငံတော်အတွက် အခွန်အရနည်းနေ သည်မှာမထူးဆန်းတော့ပေ။ တိုင်းပြည်ကမွဲ၊ ပြည်သူကကြပ်တည်း၊ သူတို့ ကတိုက်နှင့်ကားနှင့်ပြီးတော့ မယားငယ် ကိုယ်စီနဲ့  လိင်အပျော်အပါး လိုက်စားသည့် နေရာတွင် ပြည်တွင်း အခွန်ဝန်ထမ်းများကို အခြားဌာနတွေမမှီနိုင်ပါ။ ယခင် ၁၉ ရုံး မဖျက်သေးခင် အချိန်ကဆိုလျှင် တနေ့ လျှင် သိန်းနှင့်ချီ ဝင်ငွေရခဲ့ကြသဖြင့် ရန်ကုန်မြို့ ရှိ တည်းခိုခန်း၊ အနှိပ်ခန်း၊ KTVဆိုင်မှန်သမျှ သူတို့ တွေချည်း ဖြစ်ခဲ့သည့်အပြင် ထိုဆိုင်များမှ မိန်းကလေးများကိုပါ အခွန်ဌာနဝန်ထမ်းများအဖြစ် သွင်းပေးခဲ့ကြ သည်အထိ ရင်းနှီးမှု ပိုခဲ့ကြသည်။ ထို့ အပြင်နယ်စပ်ဒေသများမှ ၁၉ လက်မှတ်လာလျှောက်သည့် မြန်မာစကား မကျွမ်းကျင်သည့် မလယ်မဝယ် တိုင်းရင်းသူ အမျိုးသမီးငယ်များကို ပွဲစားလုပ်ကူညီမည်အယုံ သွင်းပြီး ငွေယူသည့်အပြင် လူကိုပါအရယူကြသည်မှာတော့ ကြောက်မက်ဖွယ် ကောင်းလွန်း လှသည်။ ယခုအခါ ၁၉ ရုံးဖျက်လိုက်သော်လည်း မော်တော်ယာဉ်စီမံချက်ရုံးများ၊ တံဆိပ်ခေါင်း အရောင်းဌာနများ ကျန်ရှိနေသေးသဖြင့် ဝင်ငွေကောင်းနေကြဆဲပင်။ နေပြည်တော်ရုံး အမှတ်(၄၆)အခွန်ရုံးချုပ်တွင်တော ပြီးခဲ့သော ဘဏ္ဍာနှစ် ပြည်တွင်းအခွန်နှစ်ပတ်လည်ပွဲတွ ယခုအခါတွင် ယခင်ကဲ့သို့  ငွေရှာရမလွယ်တော့သဖြင့် ဌာနတွင်းမှ အမျိုးသမီးငယ်များကို မျက်စောင်းထိုးလာကြပြီး၊ အလွယ်ကြံစည်လာကြသဖြင့် ဌာနတွင်း၌ လူမှုရေး ဖောက်ပြန်မှုများ အလွန်များပြားလာ သော်လည်း အရေးယူနိုင်ခြင်းမရှိပေ။ နေပြည်တော် ဓာတုဇယဘုရား အနီးရှိ ပြည်တွင်းအခွန်အပျိုဆောင်ဆိုလျှ အခွန်ဌာနဆိုသည်မှာ အခြားနိုင်ငံများတွင် နိုင်ငံကိုအကျိုးအပြုဆုံးနှင့် ဂုဏ်သိက္ခာ အရှိဆုံး ဌာနဖြစ်လေ့ရှိသော်လည်း၊ မြန်မာနိုင်ငံတွင်တော့ ကိုယ်ပိုင် KTV ဆိုင်ကြီးကဲ့သို့  လုပ်ချင်တိုင်းလုပ်၊ ဖြစ်ချင်တိုင်းဖြစ်နေပေတော့သည်။ သို့ ဖြစ်ရာ နိုင်ငံတော်သမ္မတကြီးနှင့်တကွ သက်ဆိုင်ရာ တာဝန်ရှိသူ အပေါင်းတို့ သည် စံနမူနာ ပြ အနေဖြင့် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ၊ ထိရောက်သည့် အရေးယူမှုများကို အလျင်အမြန် ပြုလုပ်သင့်ပါကြောင်းနှင့် အခွန်ထမ်းပြည်သူများ အနေဖြင့်လည်း ပွင့်လင်းမြင်သာသည့် ဒီမိုကရေစီ ခေတ်ကာလဖြစ်သည့် အခွင့်အရေးကို အမိအရယူကာ (လက်ကိုင်ဖုန်းအစရှိ သည်တို့ ကိုအသုံးပြု၍ ဓာတ်ပုံရိုက်၊ အသံဖမ်း၊ အမည်မှတ်သားကာ)သက်သေ အထောက်အထားများနှင့်တကွ သက်ဆိုင်ရာ (LCC) အခွန်ဝန်ဆောင်မှုရုံးများ၊ ဂျာနယ်မဂ္ဂဇင်းတိုက်များ၊ အင်တာနက် Websideများ Facebook ကွန်ရက်များမှတဆင့် မိမိတို့ ၏ နစ်နာမှုများကို အများပြည်သူသိရှိအောင် မဖြစ်မနေ ဖော်ထုတ် တိုင်ကြားကြမှသာလျှင် အများပြည်သူများနှင့် နိုင်ငံတော်ဖွံဖြိုး တိုးတက်မှုအတွက်ပါ အကျိုးရှိမည်ဖြစ်ပါကြောင်း ရှေ့ မျက်နှာနောက်ထားကာ ဝမ်းနည်းစွာ ထုတ်ဖော်ဝန်ခံ တင်ပြအပ်ပါ သည်။ အငြိမ်းစား ဝန်ထမ်းဟောင်း (ပြည်တွင်းအခွန်များဦးစီးဌာန) Myanmar News Now |
||
Posted: 12 Jul 2013 05:17 AM PDT
|
||
Posted: 12 Jul 2013 04:59 AM PDT
|
||
Posted: 12 Jul 2013 04:56 AM PDT
ဇူလိုင် (၁၃) ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းဂျာနယ်၊ အတွဲ(၂)၊ အမှတ်(၁၈)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 12 Jul 2013 03:10 AM PDT
ယူနန်ပြည်နယ်
ကူမင်းမြို့၌ ယခုလ ၁၀ ရက်နေ့က စတင်ကျင်းပသည့် ကျောက်မျက်ပြပွဲ သို့
ရွှေလီမြို့မှ မြန်မာ ကျောက်ကုန်သည် အများအပြား သွားရောက်ကြရာ
တရုတ်အာဏာပိုင်များက အဆိုပါ မြန်မာကုန်သည် တခိျု့ထံမှ မူးယစ် ဆေးဝါးများ
ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည် ။ ယခုလ ၁၀ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၉
ရက်တာ ကျင်းပမည့် အဆိုပါ ကျောက်မျက်ပြပွဲ တက်ရောက်ရန် မြန်မာကုန်
သည်များရွှေလီမြို့မှ ထွက်ခွာစဉ် လမ်းခရီး၌ ဖမ်းဆီးမှုများ ရှိခဲ့ကြောင်း
---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 12 Jul 2013 03:03 AM PDT
ပဲခူးတိုင်းဒေသကြီး
အနောက်ပိုင်း သဲကုန်းမြို့နယ်ရှိ အုတ်ဖို ကျေးရွာအုပ်စု၊ မင်းလှ ကျေးရွာ
အုပ်စုနှင့် ပေါက်ခြုံကြီး ကျေးရွာ အုပ်စုတို့ အတွင်းရှိ လယ်ဧက ၁၀,၀၀၀
ကျော် ရေနစ်မြုပ်မှုကြောင့် ပျိုးခင်းများ ပျက်စီး ဆုံးရှုံးရပြီး
လယ်သမားများ အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံ တောင်သူ များက The Voice
သို့ ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 12 Jul 2013 03:01 AM PDT
မုံရွာမြို့
မုံရွာ-ကျောက္ကာလမ်းမကြီးဘေး ရွှေမင်းသမီး အဆောင်ရှေ့တွင် စီးပွားရေး
တက္ကသိုလ် နောက် ဆုံးနှစ်ကျောင်းသား မောင်အောင်ဝိုင်းချစ်သူ
သေဆုံးခဲ့ရမှုတွင် ၎င်းအား ရိုက်နှက်သူများ နှင့်ပါဝင်သူ မုံရွာစီးပွားရေး
တက္ကသိုလ်မှ ကျောင်းသား ကိုးဦးကို အမှုဖြစ်ပွားပြီး နှစ်ပတ်အကြာတွင်
ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 12 Jul 2013 02:51 AM PDT
မြန်မာနိုင်ငံမှာ
အစိုးရက လုပ်ကိုင်ခွင့်ပြုလိုက်တဲ့ ဆက်သွယ်ရေးလုပ်ငန်း အကောင်အထည်ဖော်ပြီး
(၅)နှစ်ကျော်တဲ့အခါ မြန်မာနိုင်ငံသား (၉၉) ရာနှုန်အထိ အလုပ်ခန့်နိုင်အောင်
ကြိုးပမ်းသွားမယ်လို့ လုပ်ငန်းလိုင်စင်ရ ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခု က
ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ (၂၇) ရက်နေ့က ဆက်သွယ်ရေး အော်ပရေတာ
လုပ်ငန်းတင်ဒါ အောင်မြင်ခဲ့တဲ့၊ နော်ဝေ နိုင်ငံအခြေစိုက် Telenor နဲ့
ကာတာနိုင်ငံ အခြေစိုက် Ooredoo ကုမ္ပဏီတွေက၊ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 12 Jul 2013 02:47 AM PDT
အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြည်လုံးကျွတ် လူငယ်ညီလာခံ ကျင်းပပြီး၊
အဲဒီ ညီလာခံကနေ ပါတီ ခေါင်းဆောင်တွေ ရွေးချယ်မယ်လို့ သိရပါတယ်။ သက်ဆိုင်ရာ
ဒေသတွေအလိုက် လူငယ်ညီလာခံတွေ ကျင်းပဖို့ စတင်ဆောင်ရွက် နေပြီဖြစ်ပြီး၊
ပြည်လုံးကျွတ် လူငယ်ညီလာခံကို ပထမဆုံးအကြိမ်အဖြစ် လာမယ့် ဒီဇင်ဘာလအတွင်း
ကျင်းပမှာ ဖြစ်ကြောင်း သိရပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 12 Jul 2013 02:27 AM PDT
ဧရာဝတီတိုင်းဒေသကြီး
ရခိုင် ရိုးမနှင့် ဆက်စပ်နေသော မြို့နယ် ခုနစ်ခုတွင် ငှက်ဖျားရောဂါ
ဖြစ်ပွားမှု နှုန်း မြင့်မားကြောင်း တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန
ဌာနမှူး ဒေါက်တာ အောင်ကြည်ဆွေက ပြောကြားသည်။ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊
လေးမျက်နှာ၊ ရေကြည် ၊ ပုသိမ်နှင့် သာပေါင်း မြို့နယ်တို့တွင် ငှက်ဖျားရောဂါ
အဖြစ်များပြီး ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 12 Jul 2013 02:04 AM PDT
“မျိုးစောင့်ဥပဒေ”ဟု
လူသိများသည့် မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ထိမ်းမြား
ခြင်းဆိုင်ရာ အရေးပေါ်ဥပဒေကြမ်း” အား ထောက်ခံ လက်မှတ်ထိုးရန် လက်မှတ်
ကောက်ခံမှုများ ရန်ကုန်တိုင်းအတွင်း မြို့နယ်တချို့တွင် ရှိနေပြီဖြစ်သည်။
ရန်ကုန်မြို့ မြောက်ဥက္က လာပမြို့နယ် ၊ ( ၂ )ရပ်ကွက်တွင် ဇူလိုင်လ ၉ ရက်က
လက်မှတ်ထိုးရန် မဲဆွယ်သည့် အနေဖြင့် မျိုးချစ်စိတ် တက်ကြွစေသော
တေးသီချင်းများကို အသံချဲ့စက်ဖြင့် ရပ်ကွက်တွင်း လှည့်လည်ခဲ့ပြီး
နှိုးဆော်ခဲ့သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 12 Jul 2013 01:56 AM PDT
ယာဉ်မတော်တဆမှုများ
မကြာခဏ ဖြစ်ပွားသည့် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၄/၃
နှင့် ၁၄/၅ ကြားတွင် ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီခွဲခန့်က
တောင်ငူ-ရန်ကုန် ပြေးဆွဲ သည့် စေတမန် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု
ဖြစ်ပွားခဲ့ကြောင်း အမှတ် (၃) အမြန်လမ်းရဲစခန်း တာဝန်ရှိသူတစ်ဦးက The
Voice သို့ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 12 Jul 2013 01:53 AM PDT
မြန်မာနိုင်ငံတွင်
အသက် ၁၅ နှစ်မှ ၁၉ နှစ်အကြား မိန်းကလေးဦးရေ ၃ သန်းခန့် ရှိနေပြီး ၁,၀၀၀
လျှင် ၁၇ ဦးမှာ ကလေးမွေးဖွား ပေးခဲ့ရကြောင်း ဒု-သမ္မတ ဒေါက်တာ
စိုင်းမောက်ခမ်း က ပြောဆိုလိုက်သည်။ ဇူလိုင်လ ၁၁ ရက်နေ့က ကျင်းပသော
ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားတွင် ပြောဆိုလိုက်ခြင်း ဖြစ်ပြီး ၂၀၀၇
ခုနှစ်၊မွေးဖွားမှုနှင့် မျိုးဆက်ပွား ကျန်းမာရေး စစ်တမ်းအား ကိုးကား
ပြောဆိုသွားကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ရေးသားထားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 12 Jul 2013 01:39 AM PDT
မြန်မာနိုင်ငံအတွင်း
ပဋိပက္ခ အကြမ်းဖက်မှု တွေကြောင့် ပိတ်ခဲ့ရတဲ့ အစ္စလာမ် ဘာသာဝင်တွေရဲ့
ဝတ်ပြုရာ ဗလီတွေအားလုံးကို ပြန်လည်ဖွင့်လှစ်ခွင့်ရဖို့ ကြိုးစားသွားမယ်လို့
မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးရာ ကောင်စီအဖွဲ့ချုပ် အတွင်းရေးမှူး
ဦးဝဏ္ဏရွှေက ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 12 Jul 2013 01:34 AM PDT
ရန်ကုန်ပြည်သူ့
ဆေးရုံကြီး အစာအိမ် နှင့် အူလမ်းကြောင်းကု ဌာနမှ အထွေထွေ ဝန်ထမ်းအဖြစ်
တာဝန်ထမ်းဆောင်နေသည့် အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦး သည် ဇူလိုင်လ ၇
ရက်နေ့ ညနေပိုင်းက ဒလ မြို့နယ် ဝန်ထမ်းအိမ်ရာရှိ ၄င်းနေအိမ်တွင်
ကြိုးဆွဲချသေ ဆုံးခဲ့ကြောင်း သေဆုံးသူ၏ ဇနီးက The Voice သို့ ပြောကြားသည်။
---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 11 Jul 2013 09:51 PM PDT
ဆော်ဒီအာရေဗျ
တော်ဝင်မျိုးနွယ် မင်းသမီး တစ်ပါးသည် ယခုအခါ လူကုန်ကူးမှုဖြင့်
စွဲချက်တင်ခြင်း ခံထားရကြောင်း သိရှိရသည်။ အသက်(၄၂)နှစ်ရှိ မီရှာရဲလ်
အလေဘန်သည် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အာဗင်းရှိ သူမပိုင်
ကွန်ဒိုတွင် သူမ၏ စိတ်ဆန္ဒကို ဆန့်ကျင်သူများအား ကျွန်ဇာတ်သွင်းကာ
ဖိနှိပ်ခဲ့ကြောင်းလည်း စွပ်စွဲ ခံထားရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 11 Jul 2013 09:46 PM PDT
မိတ္ထီလာ
မြို့မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေ အတွင်း ပြစ်မှု ကျူးလွန်သူ ၂၃ ယောက်ကို
ဇူလိုင်လ ၁၀ ရက်နေ့က မိတ္ထီလာ ခရိုင်နဲ့ မြို့နယ် တရားရုံး တို့က ပြစ်ဒဏ်တွေ
ချမှတ်လိုက် ပါတယ်။ မွတ်ဆလင် စာသင်ကျောင်း တစ်ကျောင်းမှာ ကျောင်းသား
တွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုမှာ အပါအဝင် ဆူပူ သတ်ဖြတ်မှု တွေမှာ
ပါဝင် ခဲ့သူတွေကို ထောင်ဒဏ် ၂ နှစ်ကနေ ၁၅ နှစ် အထိ အသီးသီး ချမှတ်ခဲ့ တာ
ဖြစ် ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 11 Jul 2013 09:40 PM PDT
ရှမ်းပြည်နယ်
(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ရပ်ကွက် (၄) မြို့သစ်ရပ်တွင် ဇူလိုင်လ ၇
ရက်နေ့ ညနေပိုင်း အချိန်က အသက် လေးနှစ်အရွယ် မူကြို ကလေးငယ် တစ်ဦးကို
အဓမ္မပြုကျင့်ရန် ကြံစည်မှု ဖြစ်ပွားခဲ့ ကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ
သိရသည်။ ရန်ကုန်တိုင်း ဒေသကြီး ကော့မှူးမြို့နယ် မကျီးကန် ကျေးရွာမှ
ကျိုင်းတုံမြို့သို့ လာရောက်ကာ ဆောက်လုပ်ဆဲ တိုက်တွင် ညစောင့်အဖြစ်
လုပ်ကိုင်နေသူ ကျော်ဇင်လတ် (ခ) ပိစိ (၃၂) နှစ်သည် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 11 Jul 2013 09:32 PM PDT
ပြည်ထောင်စု
အဆင့်ဝန်ကြီးဌာန ၂၂ ခုနှင့် ဗဟိုအဖွဲ့ အစည်းငါးခုက သုံး၍ မကုန်သော
ပိုလျှံငွေ ကျပ်သန်းပေါင်း ခုနစ်သောင်းကျော်ကို အချိန်မီပြန်လည်
အပ်နှံခြင်း မရှိခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း
ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြသည်။ ဇူလိုင်လ ၁၁ ရက်နေ့က
ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်း ပူးပေါင်း
ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသူရိန်ဇော်က ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 11 Jul 2013 09:27 PM PDT
ပဲခူးတိုင်းဒေသကြီး
(အနောက်ပိုင်း) ပြည်မြို့တွင် ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၅ နာရီခန့်က
အရုဏ်ဆွမ်းခံ ပြန်လာသော သက်တော် ၇၂ ၀ါတော် ၃၅ ဝါရှိ ဘုန်းတော်ကြီး
တစ်ပါးကို ဆိုင်ကယ် တိုက်မိသဖြင့် ပြည်မြို့ ပြည်သူ့ဆေးရုံကြီးသို့
ပို့ဆောင် ကုသသော်လည်း နံနက် ၉ နာရီ ၃၀ မိနစ်ခန့် တွင်
ပျံလွန်တော်မူသွားခဲ့ကြောင်း ပြည်မြို့ အမှတ် (၂) မြို့မ ရဲစခန်းထံမှ
စုံစမ်း သိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 11 Jul 2013 09:02 PM PDT
မန္တလေးတိုင်း
ဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့ မြို့မ ရဲစခန်း(အမှတ်-၁)အပိုင်နယ်
အတွင်းမှာ (၈-၇-၂၀၁၃)နေ့နံနက် ၁၁နာရီမှာ ဖမ်းဆီးအရေး ယူမှုဖြစ်ခဲ့ပါတယ်။
အမှတ်-၁-ရဲစခန်း(မြို့မရဲစခန်း)
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 11 Jul 2013 08:47 PM PDT
ပုသိမ်မဲ
ဆန္ဒနယ်မှ အောက်လွှတ်တော် အမတ် ဦးဝင်းမြင့်က “နေရမဲ့၊ စားရမဲ့ တောင်သူ
လယ်သမားများ ရဲ့ဘ၀ကို ကိုယ်ချင်းစာ တရားထားပြီး တရားမျှတစွာ စိတ်ကောင်း
စေတနာမှန်ဖြင့် ဖြေရှင်းကြရန် အထူး အရေးကြီးပါတယ်”ဟုပြောသည်။
လယ်သမားများထံမှ စစ်တပ်နှင့် ကုမ္ပဏီများက မြေသိမ်းပြီး လယ်သမားများက လယ်ပြန်ထွန်သောအခါ မူလပိုင်ရှင်ဖြစ်သည့် လယ်သမားကို ပိုင်နက်ကျူးလွန်မှုဖြင့် မြေသိမ်းသူများက တရားစွဲမှုများရှိသဖြင့် “ဒါ ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဟာသပြက်လုံးတစ်ခု”ဟု ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒနယ်မှ အမတ် ဦးဖေသန်းက လွှတ်တော်တွင်ပြောခဲ့သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 11 Jul 2013 08:42 PM PDT
လယ်ယာမြေ
သိမ်းဆည်းခံထားရတာနဲ့ ပတ်သက်ပြီး အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးဖို့
စုံစမ်းရေးကော်မရှင်က ပြည်ထောင်စု လွှတ်တော်ကို တင်သွင်းခဲ့တဲ့
အစီရင်ခံစာကို အတည်ပြုဖို့အတွက် လွှတ်တော် ကိုယ်စားလှယ် ၄၅ ဦးက ပြည်ထောင်စု
လွှတ်တော်မှာ ဒီနေ့ တိုက်တွန်းဆွေးနွေးခဲ့ကြပါတယ်။ RFA သတင်းထောက်
မဇင်မာဝင်းက တင်ပြထားပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
0 comments:
Post a Comment