Friday, July 12, 2013

ဝါကျတစ်ခု၏ လေးနက်မှုကို ပေါ်လွင်စေသော အထူးပုံစံများ (Adding Emphasis )

အင်္ဂလိပ်စာအရေးအသားမှာ သင် အလေးအနက်ထားချင်တဲ့ အကြောင်းအရာကို ပေါ်လွင်အောင် ရေးသား တဲ့အခါမှာ အသုံးပြုနိုင်မဲ့ အထူးပုံစံအချို့ကို ဖော်ပြလိုက်ပါတယ်။ ဒီပုံစံတွေကို သုံးပြီးတော့ သင့်ရဲ့ ထင်မြင် ချက်တွေ (opinions)၊ သဘောကွဲလွဲမှုတွေ (disagreements)၊ ပြင်းပြတဲ့အကြံပြုချက်တွေ (strong suggestions)၊ စိတ်အနှောက်အယှက်ဖြစ်မှုတွေ (annoyances)၊ အစရှိတဲ့ စိတ်ခံစားချက်တွေကို အသားပေးပြီး ဖော်ပြနိုင်ပါလိမ့်မယ်။

Use of the passive (အပြုခံပြကြိယာပုံစံကို အသုံးပြုခြင်း)
လူတစ်ယောက်(သို့) အရာတစ်ခုက လုပ်ဆောင်ချက်တစ်ခုခုကို လုပ်လိုက်တယ်ဆိုတာထက် လုပ်ဆောင်ချက်တစ်ခုခုက ထိုလူတစ်ယောက် (သို့) အရာတစ်ခုအပေါ် ဘယ်လို အကျိုးသက်ရောက် သွားတယ်ဆိုတာကို အသားပေးဖော်ပြလိုတဲ့အခါ passive voice ကို အသုံးပြုပါတယ်။
ဒီလို passive voice ကို အသုံးပြုပြီး ရေးတဲ့အခါမှာ ၀ါကျရဲ့အစပိုင်းကို အသားပေးထားလေ့ရှိပါတယ်။

ဥပမာ- Reports are expected by the end of the week. (ဒီတစ်ပတ်ရဲ့အဆုံးမှာ အစီရင်ခံစာတွေရဖို့ မျှော်လင့်ပါတယ်။)

ဒီဥပမာမှာဆိုရင် ကျောင်းသားတွေဆီက ဘာကို မျှော်လင့်နေတယ်ဆိုတာကို အာရုံပြုစေချင်တာ ဖြစ်ပါတယ်။

Inversion (ပြောင်းပြန်လှန်ခြင်း)
ပြောင်းပြန်လှန်ခြင်းဆိုတာကတော့ စကားလုံးတွေရဲ့ နဂိုအစီအစဉ်ကို ပြောင်းပြန်လှန်ပစ်ခြင်းပဲ ဖြစ်ပါတယ်။

ဥပမာ - I did say -------did I say, I had arrived ----had I arrived

ဒီလိုစကားလုံးအစီအစဉ်ကို ပြောင်းပြန်လှန်ပြီး အသုံးပြုတဲ့အခါ ၀ိဘတ်စကားစုများ (Prepositional phrases) ဒါမှမဟုတ် တခြားစကားစုများကို ၀ါကျ၏ အရှေ့ဆုံး၌ ထည့်ပြီး ထိုစကားစုများရဲ့ နောက်က စကားလုံးတွေကိုမှ ပြောင်းပြန်လှန်ပြီး ရေးရပါမည်။

ထည့်သုံးနိုင်သည့် စကားစုများမှာ at no time, suddenly, into, little, seldom, never စသည်တို့ဖြစ်ပါတယ်။

ဥပမာ
  • At no time did I say you couldn’t come. (ဘယ်တုန်းကမှ ခင်ဗျားကို မလာရဘူးလို့ မပြောခဲ့ပါ ဘူး။)
  • Hardly had I arrived when he started complaining. (ကျွန်တော်ရောက်တယ် ဆိုရုံပဲရှိ သေးတယ်၊ သူက စတင်ညည်းညူတော့တာပါပဲ။)
  • Little did I understand what was happening. (ဘာတွေဖြစ်နေတယ်ဆိုတာကို ကျွန်တော် နည်းနည်းလေးမှ နားမလည်နိုင်ပါဘူး။)
  • Seldom have I felt so alone. (ဒီလောက်အထိ အထီးကျန်မှုကို ကျွန်တော် မခံစားဘူး သလောက်ပါပဲ။)
ဒီဝါကျတွေမှာ စကားလုံးတွေရဲ့ အစီအစဉ်ဟာ အကူကြိယာ (auxiliary verb) + ကတ္တား (subject) + အဓိကကြိယာ (main verb) ပုံစံဖြစ်တာကို သတိပြုပါ။

Expressing annoyance (စိတ်အနှောက်အယှက်ဖြစ်မှုကို ဖော်ပြခြင်း)
တစ်စုံတစ်ယောက်ရဲ့ အပြုအမူကြောင့် ကိုယ့်စိတ်မှာ အနှောက်အယှက်ဖြစ်တာကို အလေး ထားဖော်ပြလိုတဲ့အခါ ပြု/ဖြစ်ဆဲပြကြိယာရဲ့ပုံစံ (V-ing form)ကို အသုံးပြုနိုင်ပါသည်။ အဲဒီလို အသုံးပြုတဲ့အခါမှာ V-ing ပုံစံ၏ ရှေ့တွင် “အမြဲတမ်း”လို့ အဓိပ္ပါယ်ရှိတဲ့ always, forever အစရှိသော ကြိယာဝိသေသနများ(adverbs) ကို တွဲသုံးရပါတယ်။ ဒီလိုအသုံးပြုတာဟာ ခြွင်းချက်ပါ။ ဘာ့ကြောင့်လဲဆိုတော့ တိကျတဲ့ အချိန်တစ်ချိန်ချိန်မှာ လုပ်ဆောင်ချက် တစ်ခုခု ဟာ ဆက်လက်ဖြစ်နေတာကို ဖော်ပြတာ မဟုတ်ဘဲနဲ့ အမြဲတမ်းလိုလိုပုံမှန် လုပ်နေကျ လုပ်ဆောင်ချက်ကို ဖော်ပြတဲ့အတွက်ပဲ ဖြစ်ပါတယ်။

ဥပမာ
  • Martha is always getting into trouble. (မာသာတစ်ယောက်ဟာ အမြဲတမ်းပဲ ပြသနာဖြစ်နေတာပဲ)။
  • Peter is forever asking tricky questions. (ပီတာတစ်ယောက်ကတော့ အမြဲပဲ၊ ကတ်သီးကတ်သတ် မေးခွန်းတွေပဲ မေးနေတာပဲ။)
  • George was always being reprimanded by his teachers. (ဂျော့(ဂျ)ဟာ သူ့ရဲ့ဆရာတွေရဲ့ ပြောဆိုဆုံးမခြင်းကို အမြဲပဲ ခံခဲ့ရတာ။

ဒီဝါကျပုံစံမျိုးမှာတော့ အများအားဖြင့် ပစ္စုပ္ပန်ဖြစ်ဆဲကာလ (present continuous tense) ဒါမှ မဟုတ် အတိတ်ဖြစ်ဆဲကာလ (past continuous tense)ကို အသုံးပြုလေ့ရှိတာကို သတိထားပါ။

ဥပမာ
  • He is always doing------------ (-------------ကို သူအမြဲတမ်းပဲ လုပ်လေ့ရှိတယ်)
  • They were always doing …… (……ကို သူတို့အမြဲတမ်းပဲ လုပ်လေ့ရှိခဲ့တယ်။)

Cleft sentences: It (It ဖြင့် စပြီး ၄င်းနောက်၌ ၀ါကျကဏ္ဍ (clause) ပါသော ၀ါကျ)

It is (သို့) It was ဖြင့် အစပျိုးထားသော ၀ါကျများသည် အများအားဖြင့် တိကျတဲ့ ကတ္တား (subject) သို့မဟုတ် ကံ (object) ကို အသားပေးရာတွင် အသုံးပြုပါတယ်။ It ဖြင့် အစပျိုးထားတဲ့ clause နောက်က ဆက်သွယ်နာမ်စား (relative pronoun) လိုက်လေ့ရှိပါတယ်။

ဥပမာ
  • It was I who received the promotion. (ရာထူးတိုးသွားတာကတော့ ကျွန်တော်ပါပဲ။)
  • It is the awful weather that drives him crazy. (သူ့ကို စိတ်တိုအောင်လုပ်နေတာ ကတော့ ဒီဆိုးရွားတဲ့ ရာသီဥတုပါပဲ။)

Cleft sentences: What (What နှင့် အစပျိုးပြီး နောက်က ဖြစ်ခြင်းပြကြိယာ (verb to be) လိုက်သော ၀ါကျများ)

What ဖြင့် အစပျိုးသော ၀ါကျများကိုလည်း တိကျတဲ့ ကတ္တား (subject) သို့မဟုတ် ကံ (object)ကို အသားပေးလိုသောအခါတွင် အသုံးပြုပါတယ်။ What နှင့် အစပျိုးထားသော clause ကို ကတ္တားအဖြစ် အသုံးပြုထားတဲ့အတွက် ၄င်းနောက်ကဖြစ်ခြင်းပြကြိယာ (verb to be)လိုက်ရပါတယ်။

ဥပမာ
  • What we need is a good long shower. (ကျွန်တော်တို့လိုအပ်တာကတော့ ရေကို ဇိမ်ခံချိုးဖို့ပါပဲ။)
  • What he thinks isn’t necessarily true. (သူဘာထင်သလဲဆိုတာကတော့ သေချာပေါက် မှန်ချင်မှ မှန်လိမ့်မယ်။)

Exceptional use of Do or Did (Do နှင့် Did ကို ခြွင်းချက်အနေဖြင့် အသုံးပြုခြင်း။)

အကူကြိယာများ(auxiliary verbs)ဖြစ်သော do နှင့် did တို့ကို အတည်ပြုဝါကျများ (positive sentences)တွင် အသုံးမပြုတာကိုသိပြီး ဖြစ်ပါလိမ့်မယ်။

ဥပမာ- “သူ စတိုးဆိုင်ကို သွားခဲ့တယ်” - လို့ပြောချင်ရင် -
“He went to the store.” လို့သာ ပြောလေ့ရှိပြီး “He did go to the store.”လို့ ပြောလေ့မရှိပါ။ ဒါပေမဲ့လည်း ပြင်းပြတဲ့ ခံစားချက်ကို အလေးထားဖော်ပြလိုတဲ့အခါ ခြွင်းချက်အနေနဲ့ အဲဒီ do နဲ့ did ကို ကြိယာ၏ အခြေခံပုံ (basic form) နဲ့တွဲသုံးကြပါတယ်။

ဥပမာ
  • No, that’s not true. John did speak to Mary. (ဟင့်အင်း၊ အဲဒါ မမှန်ဘူး၊ ဂျွန်က မေရီကို စကားပြောကို ပြောခဲ့တယ်။)
  • I do believe that you should think twice about this situation. (ဒီအခြေအနေဲ့ပတ်သက်ပြီး ခင်ဗျား သေသေချာချာ စဉ်းစားသင့်တယ်လို့ ကျွန်တော် ထင်ကို ထင်တယ်ဗျာ။)

ဒီပုံစံကို တစ်စုံတစ်ယောက်က ယုံကြည်တဲ့အကြောင်းအရာကို ဆန့်ကျင်ပြီးပြော လိုတဲ့အခါမှာ အသုံးပြုကြောင်းကို သတိပြုပါ။
esl.about.com မှ Kenneth Beare ၏ Adding Emphasis in English - Special Forms သင်ခန်းစာကိုမှီငြမ်းပါသည်။

Read more: ၀ါကျတစ်ခု၏ လေးနက်မှုကို ပေါ်လွင်စေသော အထူးပုံစံများ (Adding Emphasis ) - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A907995&xgs=1&xg_source=msg_share_topic#ixzz2YsZws2Xt

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...