Wednesday, December 30, 2015

အမျိုးသမီးလိင်လုပ်သားနှင့် HIV

Yangon Media Group
ချစ်မင်းထွန်း

အင်္ကျီအဝါရောင်နှင့် ထဘီအနီ၊ နက်အကျား ကို ဝတ်ဆင်ထားသော
အသက် ၄ဝ ဝန်းကျင်အရွယ် အမျိုးသမီး တစ်ဦးသည် ထိုင်ခုံလေးတစ်လုံးပေါ်တွင် ထိုင်လျက်ပြုံးနေသည်။ သူ၏အပြုံးသည် ဟန်ဆောင် အပြုံးမဟုတ်ဘဲ ပကတိအပြုံး သာဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူသည်ဟန် ဆောင်အပြုံးများနှင့် ဟန်ဆောင်စကားများကြားမှာ နှစ်အတော် အတန်ကြာ ဖြတ်သန်း လာခဲ့ခြင်းကြောင့် ဟန်ဆောင်မှုကို လိုလား နှစ်သက်ပုံမရပေ။

မည်သို့ပင်ဆိုစေကာမူ ထိုအမျိုးသမီး နှင့်ကျွန်တော် မျက်နှာချင်းဆိုင်ထိုင်လိုက်ချိန် မှအစပြု၍ သူ့နှုတ်ဖျားမှ စကားစတချို့ထွက် ကြလာခဲ့လေသည်။
''ကျွန်မအခု အမျိုးသမီးလိင်လုပ်သား တွေကို အသိပညာပေးစွမ်းရည်မြှင့်သင်တန်း တွေကို ပေးနေပါတယ်။ သူတို့ဟာ အသိ ပညာအရမ်းနည်းတယ်။ ဥပမာ ကွန်ဒုံးကို အသုံးမပြုရင် ဘယ်လိုရောဂါပိုးတွေဖြစ်လာ နိုင်တယ်။ သုံးရင်ဘယ်လိုကာကွယ်နိုင်တယ်ဆိုတဲ့ ပုံစံလေးတွေပေါ့''ဟု သူ(တော်ဝင်ခရေလူမှုကွန်ရက်)အဖွဲ့တွင် စူပါဗိုက်ဆာအဖြစ် တာဝန်ယူ လုပ်ကိုင်ဆောင်ရွက်နေသော မသက်(အမည်လွှဲ)က ပြောသည်။
တော်ဝင်ခရေ လူမှုကွန်ရက်အဖွဲ့သည် ၂ဝ၁၁ ခုနှစ်တွင် သူအပါအဝင် အဖွဲ့ဝင် ၃၁ ဦးဖြင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် သူတို့အဖွဲ့သည် အမျိုး သမီးလိင်လုပ်သားများအား အသိပညာပေး စွမ်းရည် မြှင့်သင်တန်းများကို ပေးအပ်နေပြီး HIV ပိုး မရှိအောင် နေထိုင်သင့်သော အသိပညာပေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် နေကြောင်း မသက်က သူတို့၏လုပ်ငန်းစဉ်
များကိုရှင်းပြနေသည်။
မသက်သည် တော်ဝင်ခရေလူမှုကွန်ရက် အဖွဲ့ထဲသို့မရောက်ခင် အချိန်အခါက မည်သည့် လုပ်ငန်းများကို လုပ်ကိုင်ဆောင် ရွက်ခဲ့သလဲဆိုသည်ကို မေးမြန်းကြည့်စဉ် မှာတော့ သူ၏ဖြစ်စဉ်ကို ပြန်ပြောင်းပြောပြရန်အတွက် ကြိုးစားနေစဉ်မှာပဲ မျက်ရည် များဝဲကျလာသည်။
ထိုအချိန်မှာပဲ မသက်က သူသည် အ သက် ၂ဝ ဝန်းကျင်လောက် က အမျိုးသမီး လိင် လုပ်သားအဖြစ် အသက်မွေးဝမ်းကျောင်းပြု ခဲ့ရကြောင်း ယင်းအချိန်ကဘဝတွင် နှိမ့်ချ ဆက်ဆံမှုများခံခဲ့ရသလို ခွဲခြားဆက်ဆံမှုများ လည်း ခံခဲ့ရကြောင်း မျက်ရည်များဝဲကာ ညာ ဘက်လက်ညှိုးနှင့် ဘယ်ဘက်လက်မတို့ တို့ ထိကာ သူ၏ဘဝနောက်ကြောင်းကို ပြန်ပြောင်း ပြောပြနေသည်။
အဆိုပါ ခွဲခြားဆက်ဆံမှုများကို ခံနေ ရသော်လည်း တစ်ဖက်တွင်စားဝတ်နေရေး အတွက် ငွေရှာရမည်ဆိုသည့် အသိတစ်ခု ကစိတ်ထဲ၌ သိမြင်လာခြင်းကြောင့် ဆက် လက်လုပ်ကိုင်ခဲ့ရကြောင်း၊ သို့သော် မမျှော် လင့်ဘဲ ယခုနေရာသို့ ရောက်ရှိလာခြင်းဖြစ် သည်ဟု သူက ပြောသည်။
ထိုအဖွဲ့အစည်းထဲသို့မရောက်ခင်အချိန် မှာ သူသည် သူငယ်ချင်းတစ်ယောက်၏အကူ အညီဖြင့် သွေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ ကြောင်း၊ ယင်းသွေးစစ်ဆေးမှုများပြုလုပ်ရာ မှာ သူ့အတွက် အရမ်းကို ထိတ်လန့်စရာဖြစ် ရပ်တစ်ခုကို ကြားလိုက်ရသည့်အချိန်တွင် စိုး ရိမ်ကြောက်ရွံ့မှုများ ဖြစ်ပွားခဲ့ရကြောင်း ဆို သည်။
''သူငယ်ချင်းတစ်ယောက်ရဲ့အကူအညီ နဲ့ သွေးစစ်ခဲ့တယ်။ ကျွန်မကတော့ မရှိ လောက်ဘူးလို့ပဲ ထင်ထားတာ။ ဒါပေမဲ့ သွေးစစ်ချက် အဖြေထွက်လာတဲ့အခါမှာ အရမ်းပဲခံစားခဲ့ရတယ်။ ဒီအခြေအနေကို ရောက်လာဖို့ သုံးလလောက် အချိန်ယူခဲ့ရ တယ်'' ဟု မသက်က သူ၏အတိတ်ကို ပြန် ပြောင်းပြောပြသည်။
မသက်၏ သွေးစစ်ချက်အဖြေမှာ သူ့ တွင်HIV ပိုးရှိနေကြောင်း ဆရာဝန်က ပြော ပြခဲ့သည်။ သို့သော် မသက်သည် လက်ရှိအ ချိန်မှာတော့ ARV ဆိုသော HIV တား ဆီးပေးသည့် ဆေးတစ်မျိုးအား သောက်နေ ခြင်းကြောင့် သာမန်လူအတိုင်း ကျန်းမာ သန်စွမ်းနေလျက်ရှိပြီး သူ လက်ရှိလုပ်ကိုင် နေသော အမျိုးသမီးလိင်လုပ်သားများကို လည်း အသိပညာပေးသင်တန်းများပေးအပ်
နိုင်သည့် အခြေအနေတစ်ရပ်က လက်တွေ့ သာဓကတစ်ခုပင် ဖြစ်သည်။
သို့သော် မသက်သည် HIV ပိုးရှိလာ ခြင်းနှင့်ပတ်သက်ပြီး မည်သည့်အကြောင်း ကြောင်းကြောင့် ရောဂါပိုးရှိလာသနည်းဆို တာကို သူကိုယ်တိုင်ပင် မသိခြင်းက ဝမ်း နည်းစရာကောင်း နေ သည်။
''ကျွန် မ သွေးစစ်တဲ့ အခါမှာ ရောဂါပိုးရှိ နေတာကို သိရတယ်။ ဒါပေမဲ့ ဘယ်သူ့ဆီကရောဂါ ပိုးရောက်လာလဲ ကျွန်မ မသိခဲ့ဘူး။ ကျွန်မဆီကပဲရှိတာလား၊ ဒါမှမဟုတ် တခြား သူဆီကလား မသိခဲ့ဘူး။ လိင်ဆက်ဆံရာမှာ ကွန်ဒုံးအသုံးပြုမှု အားနည်းခြင်းကြောင့်လား ကျွန်မ တွေးနေမိတယ်''ဟု အမျိုးသမီးလိင် လုပ်သားဘဝတွင် HIV ပိုးရှိခဲ့သူ မသက်က ပြောသည်။
အမျိုးသမီးလိင်လုပ်သားများသည် လိင်လုပ်သားများအဖြစ် လုပ်ကိုင်ရာတွင် ဥပဒေ ကြောင်းအရ ဖမ်းဆီးချုပ်နှောင်မှုများကို ခံ ရသလို ခွဲခြားဆက်ဆံမှုများကိုလည်း ခံနေရ ကြောင်း၊ ပြီးပါက ကျန်းမာရေးစောင့်ရှောက် မှု အကူအညီများလည်းရရှိခြင်းမရှိဘဲ အဘက် ဘက်က ဆုံးရှုံးနေရကြောင်း သူက ပြော သည်။
ထို့ကြောင့် အမျိုးသမီးလိင်လုပ်သား များအား အစိုးရအနေဖြင့် ဥပဒေကြောင်းအရ အကာအကွယ်ပေးစေလိုကြောင်းနှင့် ကျန်း မာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးစေလိုကြောင်း၊ ထို့အပြင် အမျိုးသမီးလိင် လုပ်သားများကို တရား ဝင် လုပ်ကိုင်ခွင့် ပြုပေးစေလို ကြောင်း မသက် က သူ၏ဆန္ဒကို ပြောပြ သည်။ ယင်းကဲ့သို့ အစိုးရတာဝန်ရှိသူများ အနေဖြင့် ဆောင်ရွက်ပေးမည်ဆိုပါက လိင် လုပ်သားများအကြား HIV ကာကွယ်စောင့် ရှောက်ရေးလုပ်ဆောင်ရာမှာ ထိရောက်နိုင် မည်ဖြစ်ကြောင်း မသက်က ပြောသည်။
သို့သော် ARV ဆေးသည် HIV ပိုးရှိ သူတိုင်း သောက်သုံးရန်မလိုဘဲ ပိုးကောင်ရေများခြင်းနည်းခြင်းအပေါ် မူတည်ပြီးမှသာ သောက်သုံးရမည်ဖြစ်ပြီး HIV ပိုးကောင်ရေ နည်းပါးသူများသည် ARV ဆးကို သောက်ရန်မလိုဘဲ ARV ကုထုံးဖြင့် ကုသခြင်းဖြင့် တားဆီးနိုင်ကြောင်း HIV ပိုးရှိသူများကို ဆေး ကုသပေးနေသော ဆရာဝန်များကပြောသည်။
မြန်မာ့လူ့ဘောင် အသိုင်းအဝိုင်းကြားရှိ တချို့သောပုဂ္ဂိုလ်များသည် HIV ပိုးရှိလာ ရခြင်းမှာ အမျိုးသမီးလိင်လုပ်သားများထံမှ ကူးစက်ခံလာရခြင်းဖြစ်သည်ဟု စွဲမှတ်မှုများ ရှိနေသေးပြီး နှစ်ဦးနှစ်ဖက်ကို နှိုင်းယှဉ်ခြင်းဖြင့် စဉ်းစားဆုံးဖြတ်လေ့မှာ အလွန်နည်းလှ သည်။
ထို့အတွက်ကြောင့်လည်း အမျိုးသမီး လိင်လုပ်သားများကြား HIV ကာကွယ်ကုသ နိုင်ရေး အသိပညာပေးဆောင်ရွက်မှုများပြု လုပ်ရာတွင် ပါဝင်မှုများအားနည်းနေကြခြင်း ဖြစ်ကြောင်း HIV ပိုးရှိသူများအား ကာကွယ် စောင့်ရှောက်ပေးနေသော ဖီးနစ်အဖွဲ့မှ ဦးခင်ဝင်းကပြောသည်။
ဦးခင်ဝင်းသည်လည်း HIV ပိုးရှိသူတစ် ဦးဖြစ်ပြီး သူ့တွင် HIV ပိုး ရှိလာရခြင်း၏ အဓိကအကြောင်းအရာမှာ မည်သည့်အရာ မှ ကူးစက်လာခြင်းဖြစ်သနည်းဆိုတာကို သူ ကိုယ်တိုင်လည်း သိရှိခြင်းမရှိဘဲ လက်ရှိအ ချိန်တွင် သူသည် ARV ဆေးကိုသောက်သုံး ပြီး သာမန်လူတစ်ယောက်အဖြစ် ရပ်တည် နေကာ HIV ပိုးမကူးစက်နိုင်ရန် နေထိုင်သင့် သည့် နည်းနာများကို အသိပညာပေးသင် တန်းများ ပေးအပ်သည့် လုပ်ဆောင်မှုများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း သူက ပြော သည်။
ထို့အပြင် မသက်၏ ပြောပြချက်များ သည် ဟုတ်မှန်ကြောင်း၊ တရားဥပဒေအရ လည်း ဖိနှိပ်ခံနေရပြီး ခေါင်းဆိုသူများက လည်း လုပ်အားခများကို ခေါင်းပုံဖြတ်မှုများ ရှိနေကြောင်း၊ ထို့အပြင် လိင်လုပ်ငန်းကို တရားဝင် ခွင့်ပြုခြင်းဖြင့် ယင်းဖိနှိပ်မှုများကို ကာကွယ် နိုင်မည်ဖြစ်သကဲ့သို့ လိင်လုပ်သားများမှတစ် ဆင့် HIV ပိုးရှိလာမှုကို လျှော့ချနိုင်ရေးလုပ် ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာမှာလည်း ထိရောက်လာနိုင်ကြောင်း HIV ပိုးရှိသူများ အား ကျန်းမာရေးစောင့်ရှောက်မှုများပေး နေသော ဖီးနစ်အဖွဲ့မှ ကိုခင်ဝင်းကဆိုသည်။
''အမျိုးသမီးလိင်လုပ်သားတွေကို တရားဝင် လုပ်ကိုင်ခွင့်ပြုလိုက်မယ်ဆိုရင် HIV ပိုး ရှိလာမှုကို လျှော့ချနိုင်မယ်လို့ယုံကြည်တယ်။ ပြီးတော့ သူတို့အပေါ်မှာ ခေါင်းပုံဖြတ်နေ တာတွေကိုလည်း ကာကွယ်နိုင်မယ်။ ဘာလို့ လဲဆိုတော့ ဥပဒေအရ အကာအကွယ်ပေး ထားမယ်ဆိုတော့ ဘယ်သူမှ အပြစ်မလုပ်ရဲ တော့ဘူးလေ''ဟု ဖီးနစ်အဖွဲ့မှ ကိုခင်ဝင်းက ပြောသည်။
ထိုသို့ တရားဝင်ခွင့်ပြုရာတွင် အစိုးရ ဘက်မှ အမျိုးသမီးလိင်လုပ်သားအဖြစ် လုပ် ကိုင်မည်ဆိုသူများအား တစ်လ သို့မဟုတ် နှစ်လတစ်ကြိမ် သွေးစစ်ရမည်။ လိင်ဆက် ဆံရာတွင် ကွန်ဒုံးကို မဖြစ်မနေအသုံးပြုရ မည်။ လိင်ဆက်ဆံမည့် အမျိုးသားများကို လည်း လိင်ဆက်ဆံမည်ဆိုပါက သွေးစစ်ရ မည်။ HIV ပိုးရှိနေပါက မိမိတွင်ရှိနေသော ပိုးကောင်အရေပေါ်မူတည်ပြီး ART ကုထုံး ဖြင့် ကုသရမည် စသည့်အချက်များပါဝင်သော လိုက်နာရမည့်အချက်များကို ထည့်သွင်းကာ ဥပဒေတစ်ရပ်ရေးဆွဲ၍ အတည်ပြုခြင်းဖြင့် HIV ပိုးရှိလာနိုင်သည့် အခြေအနေများကို တားဆီးထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ဖီးနစ် မှ ကိုခင်ဝင်းကပြောသည်။
သို့သော် လက်ရှိမြန်မာနိုင်ငံ၏ တရား ဥပဒေသည် အမျိုးသမီးလိင်လုပ်သားများ အား ကာကွယ်ပေးခြင်းမရှိဘဲ ဖမ်းဆီးချုပ် နှောင်ခြင်းများ ပြုလုပ်နေခြင်းကြောင့် လိင် လုပ်သားများအကြာှးုံဠ ကာကွယ်ကုသ ခြင်းနှင့် စောင့်ရှောက်ခြင်းများပြုလုပ်ရာမှာ အဟန့်အတားများဖြစ်နေကြောင်း UNAIDS အဖွဲ့အစည်းမှ ပြောသ
ည်။
အဆိုပါ ကိစ္စရပ်များကြောင့် လိင်လုပ် သားများအကြား HIV ကာကွယ်ကုသရေး လုပ်ငန်းများလုပ်ကိုင်ရန် စိန်ခေါ်မှုများရှိနေ ကြောင်း UNAIDS မှ Mr.Marphy က ပြောပြသည်။
လိင်လုပ်သားများအကြား HIV ကာကွယ်နိုင်ရေး လုပ်ငန်းများလုပ်ကိုင်ရန် အဟန့်အတားဖြစ်နေသော စိန် ခေါ်မှုများမှာ မြန်မာနိုင်ငံရှိ ပြစ်ဒဏ်ပေးရန်ရည်ရွယ်သော ဥပဒေဘောင်သည် လိင်လုပ်သားများအတွက် လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုနှင့် ကုသခြင်းများကိုပျက်ပြားစေ ပြီး HIV လျော့ကျနိုင်ရန် အကြီးမားဆုံးအခက်အခဲဖြစ်နေ ကြောင်း၊ အရှက်သိက္ခာများကျဆင်းစေမှုနှင့် ခွဲခြားဆက် ဆံမှုများသည် လိင်လုပ်သားများအတွက် HIV မှ မိမိကိုယ် ကိုယ် ကာကွယ်ရန် ထိခိုက်စေကြောင်း၊ လိင်လုပ်သားများ အကြား HIV ကာကွယ်ကုသခြင်းနှင့် စောင့်ရှောက်ခြင်းများ မှာ ဥပဒေဆောင်ရွက်ချက်များနှင့် ရဲဖမ်းဆီးခြင်းစီမံကိန်းများ ကြောင့် အဟန့်အတားဖြစ်နေကြောင်း၊ ပြည်ထဲရေးဝန်ကြီး ဌာနမှ ၂ဝဝဝ ပြည့်နှစ်က ထုတ်ပြန်ခဲ့သော အုပ်ချုပ်မှုဥပဒေ ရှိသော်လည်း ကွန်ဒုံးများကို ယခုအထိ လိင်မှုကိစ္စ၏ သက် သေအနေဖြင့် ထင်မြင်သုံးစွဲနေကြကြောင်း၊ လိင်လုပ်သား များသည် သင့်တော်သော ဥပဒေဆိုင်ရာဝန်ဆောင်မှုများကို အသုံးပြုခွင့်မရှိကြကြောင်း စသည့်အချက်များက လိင်လုပ် သားများအကြာှးုံဠ ကာကွယ်ကုသခြင်း လုပ်ငန်းများ အတွက် အဟန့်အတားများဖြစ်နေကြောင်း UNAIDS နှင့် UNFPA တို့က မှတ်ချက်ချပြောကြားသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ အမျိုးသမီးလိင် လုပ်သားများကို အကာအကွယ်ပေးခြင်းမရှိဘဲ ၁၉၄၉ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေကို အသုံးပြု၍ ဖမ်းဆီးချုပ် နှောင်ခြင်းနှင့် နှိမ့်ချဆက်ဆံမှုများသာ ပြုလုပ်နေကြောင်း တော်ဝင်ခရေလူမှုကွန်ရက်တွင် မရောက်ရှိခဲ့ခင် အမျိုးသမီး လိင်လုပ်သားအဖြစ်လုပ်ကိုင်ခဲ့ဖူးသူ မသက်က သူ၏ အတွေ့ အကြုံကို ပြန်လည်ပြောပြသည်။
အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်ပြီး မည်သို့ပင်ဆိုစေ ကာမူ လိင်လုပ်သားများသည် အခြားသောနိုင်ငံသားများ ကဲ့သို့ ဥပဒေ၏စောင့်ရှောက်မှုကိုခံယူနိုင်ရန် အခွင့်အရေး ရှိကြောင်း၊ လိင်လုပ်သားများသည် အခြားသော နိုင်ငံသား များကဲ့သို့ ကျန်းမာရေးဝန်ဆောင်မှုများ ခံယူနိုင်ရန် အခွင့် အရေးရှိကြောင်း၊ ကျန်းမာရေးထောက်ပံ့သူများကလည်း လိင်လုပ်သားများ ကျန်းမာရေးခံယူမှုအပေါ်တွင် အရှက် သိက္ခာမကျဆင်းစေရဘဲ အခြားသော နိုင်ငံသားများကဲ့သို့ ဆက်ဆံရမည်၊ လိင်လုပ်သားများသည် အကြမ်းဖက်မှု၊ ကြောက်လန့်မှု၊ ထောင်ချခံရမှု၊ အရှက်ရစေမှုနှင့် ခွဲခြား ဆက်ဆံမှုတို့မရှိစေဘဲ ကျန်းမာရေးနှင့် အခြားသောဝန် ဆောင်မှုများကို သုံးစွဲနိုင်သင့်ကြောင်း၊ ရဲများနှင့် တရားဥပဒေ ဆိုင်ရာ အကြီးအကဲများသည် သင့်တော်သော ဥပဒေမူဝါဒ နှင့် ကျင့်ထုံးများကို ပြန်လည်ဖွဲ့စည်းရာတွင် ကျန်းမာရေးအဖွဲ့ အစည်းများအပါအဝင် လိင်လုပ်သားများ၊ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်သင့်သည်ဟု UNAIDS နှင့် UNFPA အဖွဲ့အစည်းတို့က အကြံပြုတိုက်တွန်းသည်။
ထိုကြောင့် လူ့သဘောသဘာဝအရ ထင်မြင်ချက် ယူဆချက်များ အမျိုးမျိုးရှိနေမည်မှာ အမှန်ပင်ဖြစ်သည်။
သို့သော် မည်သည့်လူပုဂ္ဂိုလ်တွင် HIV ပိုးရှိပါစေ အားလုံးကပူးပေါင်းဆောင်ရွက်ခြင်းဖြင့် HIV ပိုး ကူးစက် မှုများကို တားဆီးနိုင်မည်ဖြစ်သလှိုံဠ ပိုးရှိသူများက လည်း ART ကုထုံးဖြင့် ဆေးကုသမှုခံယူကာ သာမန်လူ ပုဂ္ဂိုလ်တစ်ယောက်အဖြစ် ပြန်လည်နေထိုင်နိုင်ရန်ကြိုးစား သင့်ကြောင်း UNAIDS မှ Mr.Marphy က အကြံပြုသည်။
HIV ပိုး ကူးစက်ပြန့်ပွားနိုင်သော နည်းလမ်းများမှာ ရောဂါပိုးရှိသူ၏သွေး(သို့)သုက်သွေး(သို့) အမျိုးသမီးအင်္ဂါ မှ ထွက်သော အရည်များသည် အခြားပုဂ္ဂိုလ်တစ်ဦး၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားခြင်းဖြင့် ကူးစက်နိုင်ပါ သည်။ ထိုရောဂါသည် လိင်ဆက်ဆံရာမှ အများဆုံးကူးစက် နိုင်ပြီး အမျိုးသားအချင်းချင်း၊ အမျိုးသမီးနှင့် ယောက်ျားတို့ စသည့် လိင်ဆက်ဆံမှုများပြုလုပ်ရာမှာ ကွန်ဒုံးကို အသုံး မပြုပါက ကူးစက်နိုင်ပါသည်။
ထို့အပြင် ဆေးထိုးခြင်းဖြင့်လည်း ကူးစက်နိုင်သည် မည်သို့ကူးစက်နိုင်သလဲဆိုပါက ဆေးထိုးအပ်၊ ဆေးထိုးပိုက် တစ်ခုတည်းဖြင့် လူအများခွဲဝေဆေးထိုးခြင်းနှင့် သွေးသွင်း ကုသမှုများ ပြုလုပ်ရာမှလည်း ယင်းရောဂါပိုးကို ကူးစက် စေနိုင်သည်။
ယင်းနောက် မိခင်၏နို့ရည်မှတစ်ဆင့်လည်း မွေး ကင်းစကလေးငယ်များကို ကူးစက်နိုင်ပါသည်။ ထိုကြောင့် ခုခံအားကျဆင်းမှုရောဂါပိုး(HIV)ကို ကာကွယ်ကုသနိုင် ရန်အတွက် အားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်မှသာလျှင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အ တွက် မြန်မာ့လူ့ဘောင်အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များအနေ ဖြင့် ကူးစက်နိုင်သည့် အခြေအနေအရပ်ရပ်မှ ကာကွယ် နိုင်ရန်အတွက် ရှောင်သင့်သည်ကို ရှောင်ရှားနိုင်ကြရန် မီးမောင်းထိုးတင်ပြလိုက်ရပါသည်။ ။
(Yangon Times Journal, 11-49)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...