Wednesday, December 16, 2015

#‎ဘီးကျဲ‬

Zaw Min Latt



ပထမဆုံး အနေဖြင့် ဘီးကျဲဆိုသောအဓိပ္ပါယ် အား အရှင်ရှင်းပါမည် ......
ယောင်္ကျားလေး အိမ်ထောင်မရှိသူ လူလွတ် များအား အသက် ၃၀ မှစ၍ ဘီးကျဲ စားရင်းစတင်သွင်းနိုင်ပါသည် ။
ဘီးကျဲဖြစ်စေရန် ....
ငွေကြေး သို့မဟုတ် ရာထူး ပညာ တစ်ချက်ချက် ရှိရမည်ဖြစ်သည် ......


ရုပ်ရည် အဓိကမကျပေ
ဘီးကျဲတို့ယေဘူယျသွင်ပြင်လက္ခဏာများမှာ
အောက်ပါအတိုင်းဖြစ်သည် .
၁.၄င်းတို့၏ အဝတ်အစား
----------------------------
ခေတ်ပေါ် လူငယ်ဆယ်ကျော်သက်လေးများကဲ့သို့
ဘောင်းဘီပွပွ rapperအကျီများအား
မဝတ်ဆင်တတ်ပေ
ဂျင်းဘောင်းဘီအကျပ် . စတိုင်ဘောင်းဘီ
တစ်ခါတရံ ဘောင်းဘီဒူးဖုံး များနှင့်
တီရှပ် အမဲ အဖြူ ဗြောင်များ
ရှပ်အကျီအကွက်များဝတ်ဆင်တတ်သည် ..... ပွဲသွားပွဲလာများတွင် ပိုးပုဆိုးများ
နာမည်ကျော်brand အကျီ
လည်ကတုံးအဖြူ ရှပ်အဖြူလက်ရှည်များဝတ်ဆင်သည် နေကာမျက်မှန်အား
အချိန်ပြည့်နီးပါး တတ်ထားတတ်သည်
အကြောင်းမှာ ဆယ်ကျော်သက်စကီလေးများအား မျက်လုံးကျွတ်ကျမတတ်
မှန်ထဲက ခိုးကြည့်ရန်ဖြစ်သည် ....
ပိုက်ဆံအိတ်မှာလည်း
တစ်ဒေါင်နီးပါးရှိသော အိတ်ထဲတွင်
အောက်ထစ် ထသွားထလာပင်
၁ သိန်းကျော် ၂ သိန်း အနဲဆုံးထဲ့ထားလေ့ရှိသည်
၂. ၄င်းတို့၏ အနေအထိုင်အပြောအဆိုများ
----------------------------------------------
လူအများနှင့်စကားပြောရာတွင်
လွန်စွာ သိမ်မွေ့ညင်သာသည်
စကားလုံး အကြီးကြီးများပြောတတ်သည်
လုပ်ငန်း ရာထူး အကြီးကြီးများလုပ်ကိုင်သူများနှင့်
ငယ်ငယ်ထဲက ဂေါ်လီရိုက်ဖက်သဖွယ်
ပြောတတ်သည် ......
တစ်ဖက်သား အထူးသဖြင့် ....
ဆယ်ကျော်သက် စကီလေးများ အား
သူ့ကိုသူ ရင့်ကျက်ဟန် ကိုချင်းစာနာမှုရှိဟန်
သူ့အား အားကိုးချင်လာအောင်ပြောတတ်သည်
၃.စီးလေ့ရှိသော မော်တော်ယဉ်
----------------------------------
ပေါ့ပေါ့ပါးပါး ဆီစားသက်သာသော
ကားအသေးလေးများမစီးပေ .........
ဆီစားများသော ကိုထည်ကြီးမားသော
လန်ခရူဆာ ပါဂျဲရိုး အဲဖတ် ကဲ့သို့သော ကားများအား အထဲသို့မမြင်စေရန်
မှန်အနက်အပြည့်ကပ်ပီးစီးလေ့ရှိတတ်သည်
ဆိုင်ကယ်ဆိုလျှင်လည်း
ဆီစားများ သိန်း ၃၀ ခန့် အောက်ထစ်ပေးရသော တဝူးဝူး နှင့်မြည်သောဆိုင်ကယ်များအား စီးလေ့ရှိသည်
၎.သုံးလေ့ရှိသော မူးယစ်စေသည့်အရာများ
----------------------------------------------
အရက် ဆိုလျှင် အနဲဆုံး ၅သောင်းဝန်းကျင်ရှိ
အရက်များအား လူအများရှေ့တွင် ၂ ပက်လောက် လူမြင်ကောင်းအောင်သာ သောက်ပြလေ့ရှိသည် ဘီယာဆိုလျှင်လည်း ၄ ၅ ခွက်သာသောက်သည်
ကျန်သည့်ပုလင်းအား
ကားထဲ ထည့်ထားလေ့ရှိတတ်သည်
၎င်းတို့သည် လူအများရှေ့တွင်
ကြည့်ကောင်းအောင် အနဲငယ်သာ
သောက်လေ့ရှိသည်
စွဲစွဲမြဲမြဲ သုံးတတ်သည်ကတော့ .......
ဈေးကြီးပေးဝယ်ရသော
ခေတ်ပေါ် မူးယစ်ဆေသော ဆေးဝါးများ သုံးစွဲလေ့ရှိသည်
အနံ့လည်းမထွက်
လူအမြင်လည်းကောင်းသောကြောင့်ဟုထင်သည် တော်ယုံဘီယာဆိုင်လောက်တွင် ထိုင်လေ့မရှိပဲ
နိုက်ကလပ် ဘား စသော
ညလုံးပေါက် နေရာများသို့သာ သွားလေ့ရှိသည် လူမမြင်စေရန်လည်းပါသည်
၅. သုံးစွဲလေ့ရှိသော E accssories များ
-----------------------------------------------
ဖုန်းဆိုလျှင် အနည်းဆုံး ၃ လုံးလောက်ကိုင်သည်
IPhone လိုမျိုးတစ်ခု
၁၀ လက်မဝန်းကျင်ခန့်ရှိသော အပြာကြီးများ
ဈေးကြီးသော brand များသာကိုင်လေ့ရှိသည် လူအများရှေ့တွင် ထိုအပြားကြီးအား
အလုပ်အင်မတန်များသယောင် ပွတ်ပြမည်
သို့သော် သင်မသိသေးသည့်အချက်ကား
စကီလေးများအား တစ်ယောက် ဖုန်းနံပတ်တခုပေးပြီး ကီးပက် ဟန်းဆက် အတော်များများအား ကားထဲတွင် ဟိုချောင်ထိုး ဒီချောင်ထိုး ထားလေ့ရှိသည်
၆.ဘီးကျဲတို့၏ ရည်ရွယ်ချက်
-------------------------------
၎င်းတို့သည် ရည်းစားဟူ၍လည်း
သတ်သတ်မှတ်မှတ်မထားလိုပေ
ဒီစကီလေးနဲ့ခနတွဲ ခနနေ နောက်စကီလေးပြောင်း အတည်တကျ အိမ်ထောင်ပြုဖို့ရန်
တော်တော်ဝေးသေးသည်
မိဘများမှ အိမ်ထောင်ပြုရန်ပြောသော်လည်း
စိတ်မဝင်စားသလို ......
တစ်ကိုတည်းပဲ နေချင်သလိုပြန်ပြောမည်
အမှန်တွင်တော့ အိမ်ထောင်ပြုလိုက်လျှင်
မကဲရသောကြောင့်ဖြစ်သည် ......
သင်သိသော
အချက်များအားလည်းအကြံပေးစေလိုသည်
Credit to---- Han Maw Kaung

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...