Wednesday, December 16, 2015

ဝက်သားကင်( အခေါက်ကင်/ အသားကင်)

Lae Cooking Diary

ဝက်သားကင် ဆိုပြီး ကင်တယ်လို့ မထင်နဲ့ နော် ။ တကယ်တော့ ကင်ထားတာမဟုတ်ပါဘူး ကြော်ထားတာပါ ။ ဒါပေမဲ့ ကျွန်မထင်တယ် ကင်ထားတာနဲ့ တပုံစံတည်းတူပါတယ် ။် အဲဒါကြောင့်လည်း ဝက်သားကင်လို့ ပြောလိုက်တာပါ ။ ဝက်သားကင်ဖို့ အတွက်ကို မီးဖို အခက်အခဲ ရှိလို့ ပါ ။ ဂက်(စ်)နဲ့ ချက်တာရယ် Oven မရှိတာရယ်က ကင်ချင်ပေမဲ့ ကင်လို့ မရပါဘူး ။ အကင်မီးဖိုရှိရင်တော့ ကင်လိုက်ရုံပါဘဲ ။
အခုနည်းကတော့ ဝက်သားအလွယ်ကင်နည်းလို လည်း ပြောလို့ ရပါတယ် ။ fri တို့ ရေ ကင်ကြည့်ပါနော် တကယ်ကောင်းပါတယ်။
ပါဝင်ပစ္စည်း
*******
ဝက်သားပေါင်သား (အဆီပါးပါး အခေါက်ပါးပါး) ---၆၀ကျပ်သား
ချင်း----လက်တဆစ်(ညက်အောင်ထောင်းပါ)
ရှာလကာရည်---(ထမင်းစားဇွန်း၂ ဇွန်း)
သကြား---(ထမင်းစားဇွန်း ၁ ဇွန်း)
ဆား---(လက်ဖက်ဇွန်း ၁ ဇွန်း)
တရုတ်မဆလာ---(အနည်းငယ်)
အနီရောင်စားဆေး---၁ စက်(အခု အသားကင်မှာ သုံးမထားပါ ဘူး )
ပြူလုပ်ပုံ
******
၁ ။ ဝက်သားကို သန့်စင်အောင်ဆေးပြီး အခေါက်ကို ဒါးနဲ့ နာနာခြစ်ပြီး( ဖြူဖွေးနေအောင်)လေးထောင့်ကျကျ အတုံးကြီးကြီး ၃တုံး လောက်လှီးပါ ။ အကင်မီးဖိုနဲ့ ကင်ရင်တော့ ၁တုံးထဲ နှင့်ရပါတယ် ။ ပေါင်သားရဲ့ ထိပ်ဖက်က အသား ၃ပုံ ၁ပုံ လောက်ကို လက်တစ်လုံးလောက်အထူနဲ့ အပြားကြီးကြီး ရသလောက်လှီးယူပါ။ အခေါက်အဆီနဲ့ တွဲရက်အသားက နှစ်ပုံလောက်ချန်ထားပါ။
၂ ။ ဆား သကြား ချင်း ရှာလကာရည် တရုတ်မဆလာနဲ့ နယ်ပြီး ၅ နာရီ လောက်နှပ်ထားပါ(သို့ ) ရေခဲသေတ္တာ ထဲမှာ တညသိပ်ထားလည်း ရပါတယ်။
၃ ။ Rice Cooker(သို့) ဒယ်အိုးထဲ ဝက်သားကို အခေါက်မြုပ် ရုံလေးရေထည့်ပြီး ရေ ခန်းအောင်ပြုပ်ပါ။ အသားတင်း သွား အောင်ပါ။
၎ ။ အသားတင်းသွားရင် အအေးခံပြီး ဝက်သားအခေါက်ရှိတဲ့ဖက်ကို အရောင်နီချင်ရင် အရောင် စားဆေး အနီတစ်စက် သုပ်လိမ်းပေးပါ ။ရေခြောက် အောင်သုတ်ပါ။ု အရှည်လိုက်စိပ်စိပ်မွှန်းပြီး ကန့်လန့် စိပ်စိပ်မွှန်း (သံဇကာကွက်လို) ပါ ။ အသားရှိတဲ့ဖက်ကို ရှည်ရှည် နှစ်ချက်လောက်မွှန်းပါ ။
၅ ။ဒီနေရာထိ ကင်မဲ့နည်းနဲ့ အဆင့်တူပါတယ် ။် Oven ရှိမယ် အကင်မီးဖိုရှိမယ်ဆိုရင် ကင်လိုက်ရုံပါဘဲ ။ အခုအဆင့်မှာ Oven မရှိတဲ့ အတွက် ကြော်ရတာပါ ကြော်တဲ့နေရာမှာ အခေါက်မြုပ်ရုံဘဲ ဆီထည့်ရပါတယ် ဒါမှ အကင်နဲ့တူမှာပါ ။
ဆီမကပ်တဲ့ဒယ်အိုးထဲ ဆီထည့်ပြီး (၁၀ ကျပ်သားလောက်) ဆီပူလာမှ အခေါက်ကို အောက်ဖက်မှာထားပက်လက်လှန်ပြီး ဒယ်အိုးဖုံးပိတ် မီးအရှိန်မြှင့် ပါ ။ အခေါက်က ဆီပေါက်ပြီး သံစုံတီးဝိုင်းလို အသံမျိုးစုံအောင်မြည်လာလိမ့်မယ်နော် ။ အဲဒိအခါ အဖုံးတော့မဖွင့်လိုက်ပါနဲ့ ဆီတွေ စင်ကုန်ပါလိမ့်မယ် ။ ၁၀ မိနစ်လောက်နေမှ မီးလျှော့ပြီး ဖွင့်ပါ ။ အခေါက်က နီပြီး ကျွတ်ရွပြီး အခေါက်ကင်သလိုမျိုး အခေါက်ကမွမွ လေးနဲ့ပွပွလေး ဖြစ်လာပါတယ် ။ ဆယ်ပြီးဆီစစ်ထားပါ ။
၆ ။ အသားကင်ပါမယ် ဆီဖင်ကပ် ချန်ထားပြီး ကျန်ဆီတွေ ခပ်ထားပါ ။ မီးအနေတော်နဲ့ အသားကင်ပါမယ် ။ တဖက်နီ လာရင် တဖက်လှန်ပေးပါ ။ နှစ်ဖက်နီလာရင်ရပါပြီ ။
၇ ။ အအေးခံ လိုသလို လှီးဖြတ် ကြိုက်နှစ်သက်ရာ အချဉ်ရည်နဲ့ တွဲဖက်စားသုံးနိုင်ပါတယ် ။
အကင်နဲ့ တူပါတယ်နော် မတူ တူအောင်လုပ်ထားတာပါ ။
ကျွန်မထင်ပါတယ် အကင်က အရှုံးပေးရလိမ့်မယ်လို့  tongue emoticon
fri တို့ ရေ လုပ်ဖြစ်အောင်လုပ်ကြည့်ပါနော် ။
သတိပေးပါရစေ----Share ကိုနှိပ်ပြီး မည်သူမဆို ခွင့်မတောင်းဘဲ လွတ်လပ်စွာ Share နိုင်ပါတယ်
မိမိ၏ Page အတွက် အသုံးချရန် ကူးယူဖေါ်ပြလိုပါက ကြိုတင်ပြီး ခွင့်တောင်းပါရှင် !!!်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...