Thursday, December 24, 2015

Dry lips နှုတ်ခမ်းခြောက်နေလို့ပါရှင့်

Tint Swe

၁။ နှုတ်ခမ်းအရေခွံတွေ ခြောက်ပြီးကွာကွာနေတာကိုလည်း ဘာဆေးများလိမ်းပေးရမလဲဆိုတာ ဆရာအားလပ်တဲ့အခါ ဖြေကြားပေးစေလိုပါတယ်။ နှုတ်ခမ်းနှစ်ခု အထိများတဲ့ နေရာတွေမှာ ကွာတာပါ၊ ၁ ပတ် ၁ ခါ လောက်ကို ကွာပါတယ်။
၂။ ဆရာ ကျွန်မနှုတ်ခမ်းက အဖတ်တွေလန်ပြီး အမြဲခြောက်နေပါတယ်။ သံလွင်ဆီတွေလိမ်းလဲမရဘူးဆရာ။ ကြည့်မကောင်းရူမကောင်းဖြစ်နေလို့ပါ။ ဘယ်လိုလုပ်သင့်ပါသလံ ဆရာ။


၃။ ဆရာ သမီးနာမည်က့၊ အသက် ၂၇။ သမီးနှုတ်ခမ်းက ခဏခဏခြောက်ပြီး နောက်နဲနဲကြာရင် ယားပြီး အဖုလေးတွေပေါက်လာပါတယ်။ ဘာလုပ်ရမလဲ ညွှန်ကြားပေးပါရှင်။
• ပါးစပ်နှုတ်ခမ်းခြောက်ရာကနေ Cracked and chapped lips နှုတ်ခမ်းတွေကွဲတတ်-အက်တတ်တယ်။ ကွာကျမယ်။ အနေရခက်မယ်။ ရောဂါဆိုးမဟုတ်ပါ။ ရာသီဥတုအေးရင် ပိုဖြစ်တယ်။ နေလောင်လို့လဲဖြစ်မယ်။ နှုတ်ခမ်း ကိုက်လေ့ရှိသူတွေမှာလဲ ပိုဖြစ်တတ်တယ်။ ပါးစပ်ကနေအသက်ရှူလို့လဲ ဖြစ်စေတယ်။
• အအေးမိတာ၊ အာဟာရချို့တဲ့တာ၊ (အလာဂျီ) ရတာ၊ ရေဓါတ်နည်းတာတွေကနေလဲ ဆက်ဖြစ်နိုင်တယ်။ ဘာလို့ ဖြစ်တာသိရင် အဲဒါကိုပြင်ပါ။
• ပါးစပ်နှုတ်ခမ်းအရေပြားပါးတယ်။ ချွေးထွက်စရာမရှိဘူး။ အကာအကွယ်ပေးတဲ့ အမွှေးလဲမပေါက်ဘူး။
• လက္ခဏာတွေကတော့ ခြောက်မယ်၊ နီရဲမယ်၊ နာမယ်၊ တင်းမယ်၊ ကြမ်းမယ်၊ သွေးထွက်မယ်၊ ကွာကျမယ်၊ အထိမခံနိုင်ဖြစ်မယ်။ ကွဲရာမှာ ပိုးဝင်လို့ အနာဖြစ်မယ်။ သွေးထွက်တဲ့နေရာရှိတိုင်း သွေးကနေ ကူးစက်တဲ့ ရောဂါတွေကို သတိထားပါ။ HIV နဲ့ (ဘီ) ပိုး၊ (စီ) ပိုးတွေပါတယ်။ မှိုပိုးလဲဝင်နိုင်တယ်။
• (အလာဂျီ) ရတာတွေထဲမှာ အလှအပသုံးပစ္စည်းတွေလဲပါတယ်။ ဆပ်ပြာကိုလဲ သတိပြုပါ။ သွားတိုက်ဆေး ကနေလား၊ နှုတ်ခမ်းနီကလားစဉ်းစားပါ။ ဆေးလိပ်သောက်တာလဲပါတယ်။
• ချို့တဲ့ရောဂါတွေထဲမှာ ဗီတာမင် အေ၊ ဘီ-၂၊ စီနည်းတာတွေနဲ့ Kawasaki disease, Macrocytosis, Sjogren's syndrome ရောဂါတွေ ပါတယ်။ အင်္ဂလိပ်လိုရေးတာတွေအတွက် မစိုးရိမ်ပါနဲ့။ ရှားတယ်။၊ စုံအောင်သာ ထည့်ရေးရတာပါ။
• Sunscreen လိမ်းပါ။ Petroleum jelly ကို မိနစ် ၂ဝ လောက်လိမ်းပေးပါ။ ဒိနောက်မှာ Moisturizing lip balm ခပ်ထူထူလိမ်းပါ။ Lip balm အမြဲလိုလိုလိမ်းထားပေးပါ။ Creamy lipsticks နှုတ်ခမ်နီအမျိုးအစားပိုသင့်တယ်။ Ordinary Vaseline ရိုးရိုး ဗက်ဆလင်းကောင်းပါတယ်။
• Chapstick သုံးပါ။ သတိထားဘို့က ဒီဟာက ချောဆီလိုသာလုပ်ပေးတယ်။ ရေဓါတ်များစေတာမဟုတ်ပါ။
• ရေစိုမွှေးပွလက်ကိုင်ပုဝါနဲ့ နှုပ်ခမ်းကို တို့တို့ပေးနေပါ။ လက်ကိုင်ပုးဝါသန့်သန့်လေးနဲ့ မကြာမကြာဖိပေးပါ။
• အုးန်းဆီလဲကောင်းပါတယ်။ ထောပတ်လဲလိမ်းနိုင်တယ်။ နွားနို့မလိုင်တင်ပေးနည်းလဲ သုံးတယ်။ သခွါးသီး လှီးထားတာကို ကပ်တာလဲ ကောင်းပါတယ်။ ဆေးသုံး Aloe vera gel ရှားစောင်းကိုလဲသုံးကြတယ်။
• တချို့က နွားနို့ထဲမှာ နှင်းဆီ ပွင့်ဖတ်လေးတွေ ကြာကြာစိမ်ထားပြီးမှ နှုတ်ခမ်းပေါ်တင်ကြတယ်။ သေးတယ်။ ပျားရည်၊ သံပုရာရည်၊ ကြက်ဆူဆီ၊ သံလွင်ဆီလဲသုံးတယ်။
• အစားအသောက် လုံလောက်မျှတပါစေ။ သင်္ဘောသီးသင့်တယ်။
• ဗီတာမင် (အေ)၊ (ဘီ) နဲ့ (စီ) လိုနေရင် သောက်ပါ။ တချို့ (ဇင့်) သွပ်ဓါတ်လိုနိုင်တယ်။ ဗီတာမင် (အီး) လဲ သောက်နိုင်တယ်။ အိုမီဂါ-သရီးသောက်နိုင်တယ်။ ရေပိုသောက်ပါ။ သွားတိုက်တံ နုတာသုံးပါ။
• နှုတ်ခမ်းကိုတဲ့အကျင့် ဖျောက်ပါ။ နှုတ်ခမ်းကို ပုဝါစ၊ လက်ကိုင်ပုဝါနဲ့ အကာကွယ်ပေးထားပါ။
ဒေါက်တာတင့်ဆွေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...